• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး အနီးကပ် အပိုင်း – ၁

by မောင်မောင်စိုး
17 July 2017
in ဆောင်းပါး
A A
၂၀၁၄ ခုနှစ် စစ်တွေအနီးရှိ ဒုက္ခသည်စခန်းတခုတွင် တွေ့ရသော သားအမိ / Reuters

၂၀၁၄ ခုနှစ် စစ်တွေအနီးရှိ ဒုက္ခသည်စခန်းတခုတွင် တွေ့ရသော သားအမိ / Reuters

11.4k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ်အရေးကို ကိုင်တွယ် ဖြေရှင်းမည်ဆိုပါက ဘင်္ဂါလီအရေးကို ဖယ်ထုတ်စဉ်းစား၍ မရနိုင်ပေ။

ဘင်္ဂါလီ ပြဿနာ နှင့် ပတ်သက်၍ နိုင်ငံတကာ၏ ပါဝင်ပတ်သက်မှု ဖိအားပေးမှုတို့ကလည်း ယနေ့အချိန်တွင် သောသော ညံနေသည်ဟု ဆိုရပါမည်။

နိုင်ငံတကာရပ်ဝန်းကတော့ လူ့အခွင့်အရေးဆိုသည့် အမြင်ဘက်က ရပ်တည်၍ ကြည့်ရှုသည်။ သို့သော် ဤသို့ ကြည့်ရှု ခြင်းသည် လုံလောက်မှုမရှိပေ။

တကယ်တမ်းအားဖြင့် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးသည် လူ့အခွင့်အရေးပြဿနာ သက်သက်မဟုတ်ဘဲ သမိုင်းဆိုင်ရာ ပြဿနာလည်း ဖြစ်သည်ဆိုမှသာ ပြည့်စုံခြင်း ရှိပေလိမ့်မည်။

သို့မှသာ ပြဿနာကို မှန်ကန်စွာ ဖြေရှင်းနိုင်ပေလိမ့်မည်။ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီမွတ်စလင်များ၏ ပြဿနာကို သုံးသပ် ဖြေရှင်းမည်ဆိုပါက သမိုင်းကြောင်းအား ထည့်သွင်းစဉ်းစား အဖြေရှာမှသာ မှန်ကန်ပေလိမ့်မည်။

သို့သော် လက်ရှိ ရခိုင်ပြည်နယ် ဘင်္ဂါလီအရေးကို ပြောဆိုကြလျှင် မျက်မှောက်ခေတ်ကာလ အခြေအနေကိုသာ ကြည့်မြင် သုံးသပ်၍ လူ့အခွင့်အရေး ရှုထောင့်မှ ရှေ့တန်းတင် ပြောဆိုကြသည်။

ထို့အပြင် မျက်မှောက်ခေတ် အခြေအနေကို သုံးသပ်လျှင်လည်း အခြေအနေအားလုံးကို လည်းကောင်း၊ ဘက်ပေါင်းစုံကို လည်းကောင်း ထည့်သွင်းစဉ်းစား သုံးသပ်ရန်လိုအပ်သည်။ ဆိုရလျှင်တဖက်ကို အမှောင်ချ၍ တဖက်ကိုသာ ဇောင်းပေး ပြောဆို သုံးသပ်ပါက အခြေအနေမှန်အား သုံးသပ်နိုင်မည် မဟုတ်ပေ။

သို့ဖြစ်ရာ ဤပြဿနာသည် ရခိုင်ပြည်နယ်၌ နှစ်ပေါင်း ရှည်ကြာစွာ အမြစ်တွယ်နေသည့် ပြဿနာတရပ် ဖြစ်ပေရာ သမိုင်း ဆိုင်ရာ ပြဿနာတရပ် အဖြစ်လည်း ကြည့်မြင်ရန် လိုအပ်သလို ဘက်ပေါင်းစုံက ကြည့်မြင်ရန်လည်း လိုအပ်ပေသည်။

ရခိုင်ပြည်နယ်တွင်း လက်ရှိ ဘင်္ဂါလီမွတ်စလင်များ ပျံ့နှံ့နေထိုင်မှု၊ လက်ရှိ ရခိုင်ပြည်နယ်၌ ဘင်္ဂါလီ အစ္စလမ် ဘာသာဝင် အများဆုံး ရှိနေသည့် မြို့နယ်များမှာ၂၀၁၄ ခုနှစ် စာရင်းများအရ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ မောင်တော မြို့နယ် ၄၅၀၀၀၀ ကျော်
၂။ ဘူးသီးတောင် မြို့နယ်၂၅၀၀၀၀ ခန့်
၃။ စစ်တွေ မြို့နယ် ၁၅၀၀၀၀ ခန့်
၄။ သံတွဲ မြို့နယ် ၈၀၀၀၀ ခန့်တို့ဖြစ်ပြီး ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ကျောက် ဖြူ၊ ရမ်းဗြဲ မြို့နယ်များတွင်လည်း အနည်းငယ်ဆီ ပျံ့နှံ့နေထိုင်ကြသည်။

၂၀၁၄ ခုနှစ် အနီးစပ်ဆုံး စာရင်းများအရ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ လူဦးရေ ၁၀ သိန်းမှ ၁၁ သိန်း ထိရှိနိုင်မည်ဟု ခန့်မှန်း ရပါသည်။

လူဦးရေ အချိုးအစားအရ ဘင်္ဂါလီ နေထိုင်မှု မြင့်မားသည့် မြို့နယ် ၃ ခုမှာ မောင်တော မြို့နယ် ၉၄ ရာခိုင်နှုန်းခန့် ဘူးသီး တောင် မြို့နယ် ၈၄ ရာခိုင်နှုန်းခန့် နှင့် စစ်တွေ မြို့နယ်တွင် ၅၀ ရာခိုင်နှုန်းခန့် ရှိသည်ဟု ခန့်မှန်းရသည်။

ထို ၃ မြို့နယ်တွင် မောင်တော နှင့် ဘူးသီးတောင် မြို့နယ်များတွင် မြို့ပေါ်အထိပါ ဘင်္ဂါလီ လူဦးရေ များပြားပြီး စစ်တွေ၌ မြို့ပေါ်ထက် ကျေးရွာများတွင် ပို၍များပြားပါသည်။

သို့သော်အထက်ပါကိန်းဂဏန်းများမှာ၂၀၁၄ခုနှစ်စာရင်းများကိုအခြေပြုဖေါ်ပြထားခြင်းဖြစ်ပြီးယခုအချိန်တွင်ယခုထက်ပို၍များပြားနိုင်သည်ဟုဆိုကြသည်။ရခိုင်ပြည်နယ်လူဦးရေ၃သန်းကျော်ခန့်တွင်ဘင်္ဂါလီလူဦးရေ၁သန်းကျော်ခန့်ရှိနေသည်မှာမျက်မှောက်အခြေအနေဖြစ်ပြီးမျက်ကွယ်ပြု၍မရသည့်အခြေအနေလည်းဖြစ်သည်။

မှန်တမ်းမကျသည့် အခြေအနေ

RelatedPosts

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
6
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
1.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
825

ယနေ့တွင် နိုင်ငံတကာ၌ မြန်မာပြည်နှင့် ပတ်သက်လျှင် ဘင်္ဂါလီအရေးသည် ရှေ့တန်းရောက်သည့် ပြဿနာဖြစ်သည်။ အများ စိတ်ဝင်စားသည့် ပြဿနာလည်း ဖြစ်သည်။

တချို့က နိုင်ငံတကာ မီဒီယာများကို အသုံးချနိုင်၍ ရှေ့တန်းရောက်သည်ဟု ဆိုသည်။ တချို့က ငွေကြေး ပံ့ပိုးမှုအား ကြောင့် ရှေ့တန်းရောက်သည် ဟု ဆိုသည်။

ထိုအကြောင်းအချက်များလည်း ပါဝင်နိုင်သော်လည်း တကယ်တမ်း နိုင်ငံတကာ မျက်နှာစာပေါ် ရောက်နေသည်မှာ ၎င်းတို့ ကြည့်မြင်မှုအရ မှန်တမ်းမကျသည့် အခြေအနေများ၊ ဘဝင်မကျစရာ အခြေအနေများကြောင့်ဟု ဆိုရပါမည်။

နိုင်ငံတကာက ရှုမြင်သည့် မှန်တမ်းမကျသည်ဟု ယူဆသည့်အခြေအနေများမှာ အောက်ပါတို့ ဖြစ်ပုံရပါသည်။

ပထမအချက်မှာ၂၀၁၂ ခုနှစ်က ဖြစ်ပွားသော ရခိုင်-ဘင်္ဂါလီ အရေးအခင်းတွင် ဒုက္ခသည်စခန်း (IDP camp) များသို့ ရောက်ရှိ နေသော ဘင်္ဂါလီများအား ပြန်လည် နေရာချထားပေးနိုင်ခြင်း မရှိသည့်ပြဿနာ ဖြစ်သည်။

၂၀၁၂ မှ လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်ရှိ IDP စခန်းများမှာ –
၁။ စစ်တွေ မြို့နယ် စခန်း ၁၂ ခု ၊ လူဦးရေ ၉၀၀၀၀ ခန့်
၂။ ရသေ့တောင် မြို့နယ် ၂ ခု ၊ လူဦးရေ ၃၀၀၀ ခန့်
၃။ ပေါက်တော မြို့နယ် ၄ ခု ၊ လူဦးရေ ၁၀၀၀၀ ကျော်
၄။ ကျောက်တော် မြို့နယ် ၁ ခု ၊ လူဦးရေ ၅၀၀ ခန့်
၅။ မြေပုံ မြို့နယ် ၁ ခု ၊ လူဦးရေ ၃၀၀၀ ခန့်
၆။ ကျောက်ဖြူ မြို့နယ် ၁ ခု ၊ လူဦးရေ ၁၂၀၀ ခန့်
၇။ ရမ်းဗြဲ မြို့နယ် ၁ ခု ၊ လူဦးရေ ၃၀ ခန့် ဖြစ်ကြပြီး စုစုပေါင်း IDP စခန်း၂၂ ခုနှင့် ဒုက္ခသည်ဦးရေ ၁ သိန်းကျော်ရှိသည်။ အားလုံး ဘင်္ဂါလီစခန်းများ ဖြစ်သည်။

အခင်းဖြစ်ပွားပြီး ၅ နှစ်ကြာသည်အထိ ရခိုင်ဒုက္ခသည်စခန်း ပြဿနာသာ ဖြေရှင်းနိုင်ပြီး ဘင်္ဂါလီဒုက္ခသည်စခန်း ပြဿနာ မဖြေရှင်းနိုင်ခြင်းသည် နိုင်ငံတကာအဖို့ ဘဝင်မကျသည့် ပြဿနာတရပ် ဖြစ်နေပေသည်။ ဤနေရာတွင် ရခိုင်ဒုက္ခသည် ပြဿနာကိုသာ လျင်မြန်စွာဖြေရှင်းနိုင်ခြင်းမှာ လူမျိုးအရ ဘက်လိုက်သောကြောင့် မဟုတ်ပေ။

ရခိုင်ဒုက္ခသည်များမှာ နိုင်ငံသားဖြစ်မှုပြဿနာ မရှိခြင်းကြောင့် ဖြစ်သည်။

ဒုတိယအချက်မှာ ထို ၁၀ သိန်း ကျော် ရှိသည့် ဘင်္ဂါလီများ၏ နိုင်ငံသားဖြစ်မှု ပြဿနာဖြစ်သည်။ ၂၀၁၀ ခုနှစ် ရွေးကောက် ပွဲ အမီ ထုတ်ပေးထားသော ခါတော်မှီ White card များ ပြန်လည်သိမ်းယူပြီးနောက် ထိုဘင်္ဂါလီများတွင် နိုင်ငံသားကတ် မရှိပါ။

ထို့အတွက်ကြောင့် မောင်တော၊ ဘူသီးတောင် အစရှိသည့်မြို့နယ်များမှ ဘင်္ဂါလီများသည် ၎င်းတို့ မြို့နယ်အတွင်းမှ အပ အခြား မြန်မာပြည်တွင်းနယ်များသို့ နယ်ကျော် သွားလာခွင့်မရှိပါ။

စစ်တွေမြို့နယ် အတွင်းတွင် စစ်တွေမြို့ အနောက်မြောက်ဘက် ဘုမေ၊ သဲချောင်း တလျှောက်တွင်ရှိသော ဘင်္ဂါလီရွာများ နှင့် IDP စခန်းများမှ လူဦးရေ သိန်းနှင့်ချီသော ဘင်္ဂါလီများသည် စစ်တွေမြို့တွင်းသို့ လာခွင့်မရှိပါ။ ထို့အပြင် စစ်တွေမြို့ တွင်း မင်းဘာကြီး လမ်းမပေါ်ရှိ ဘင်္ဂါလီများ နေထိုင်ရာ အောင်မင်္ဂလာ ရပ်ကွက်မှ ဘင်္ဂါလီများသည် မြို့ထဲ ထွက်ခွင့် မရှိပါ။

ရဲကင်းများဖြင့် စောင့်ကြပ် တားဆီးထားပါသည်။ သွားလာရန် လိုအပ်မှုရှိပါက ရဲ အစောင့်အရှောက်ဖြင့် သွားခွင့်ပြုသည်ဟု ဆိုသည်။

ဘူးသီးတောင်၊ မောင်တောမှအပ စစ်တွေပါမကျန် ဘင်္ဂါလီရှိသည့် မြို့နယ်များတွင် ရှိကြသည့် ဘင်္ဂါလီများသည် သက်ဆိုင် ရာ မြို့ပေါ်သို့ သွားလာခွင့် ပိတ်ပင်ထားပါသည်။ ထို့အပြင် ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီအများစုကြီးမှာ မှတ်ပုံတင် မရှိကြ သဖြင့် ထိုသူများသည် အမ်းမြို့ သို့မဟုတ် တောင်ကုတ် တောင်ကြားမှ ပြည်မသို့ ဝင်ရောက်ရန် ကြိုးစားပါက ခိုးဝင် ဘင်္ဂါလီ အဖြစ် သတ်မှတ်၍ အစိုးရ တာဝန်ရှိသူများက ဖမ်းဆီးပါသည်။

ဤအခြေအနေသည် ၂၀၁၂ အရေးအခင်းမှ စတင်ဖြစ်ပွားခဲ့ပြီး ၅ နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ဤသို့သော အခြေအနေများအောက်တွင် ရခိုင်တွင်ရှိနေသော ဘင်္ဂါလီများသည် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသည်။ လူမျိုးတုန်း အန္တရယ်နှင့် ကြုံနေရသည်ဟူသော ကြည့်မြင်ပုံသည် နိုင်ငံတကာတွင် လွှမ်းမိုးနေသည်။

ထိုသို့ ကြည့်မြင်ယူဆချက်များကြောင့် IDP စခန်း၂၂ ခုရှိ ဘင်္ဂါလီ ဒုက္ခသည် ၁ သိန်းကျော်ကိုသာမက ရခိုင်ပြည်နယ်ရှိ ကျန် ဘင်္ဂါလီ အားလုံးကိုပါ လူ့အခွင့်အရေး ချိုးဖောက်ခံနေရသူများ အဖြစ် သတ်မှတ်ကာ ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အဖွဲ့အအစည်းများက ကူညီထောက်ပံ့မှုများ ပြုနေခဲ့ကြသည်။

ရခိုင်ပြည်နယ်ရှိ UN နှင့် NGO အဖွဲ့အစည်းများ

တကယ်တမ်းအားဖြင့် ဆိုလျှင် ရခိုင်ပြည်နယ်ရှိ UN နှင့် နိုင်ငံတကာ NGO အဖွဲ့အစည်းများသည် ၂၀၁၂ နောက်ပိုင်းတွင် ဘင်္ဂါလီများကို ကူညီပံ့ပိုးကြသည် မဟုတ်ပေ။ ၂၀၁၂ အရေးအခင်းမတိုင်ခင် ကတည်းက အကြောင်း အမျိုးမျိုးဖြင့် ရခိုင် ပြည်နယ်တွင်း ရောက်ရှိနေကြသော UN နှင့် NGO အဖွဲ့အစည်း များသည် ရခိုင်များထက် ဘင်္ဂါလီများကို ကူညီကြသည်ဟု ရခိုင်လူထုက ယူဆကြသည်။

ထို့ကြောင့်လည်း ၂၀၁၂ အရေးအခင်းကာလက ဘင်္ဂါလီများကို တဖက်သတ် ကူညီသည်ဟု ရခိုင်လူထု ယူဆခံရသည့် နိုင်ငံတကာ ကူညီရေး အဖွဲ့အစည်းများ တိုက်ခိုက်ခံခဲ့ရပေသည်။

၂၀၁၂ ခုနှစ် အရေးအခင်း နောက်ပိုင်း IDP စခန်းများ ပေါ်ပေါက်လာသည့်ပြင် ဘင်္ဂါလီများ၏ နိုင်ငံသားပြဿနာလည်း ထိပ် တက်လာ၍ ထိုအခြေအနေအောက်တွင် နိုင်ငံတကာ၏ ဝေဖန်မှု မြင့်တက်လာပြီး UN နှင့်နိုင်ငံတကာ NGO အကူ အညီ များ ရခိုင်ရှိ ဘင်္ဂါလီများထံ စီးဝင်ခဲ့တော့သည်။

လက်ရှိ ရခိုင်၌ တွေ့ရသော UN နှင့် NGO တို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

စစ်တွေအခြေစိုက် UN အဖွဲ့အစည်းများမှာ –
၁။ FAO – Food Agriculture Organization
၂။ International Organization of Migration
၃။ UNRC – Office of United Nations Resident Coordinator
၄။ UNICEF – United Nations Children Funds
၅။ UNDSS – United Nations Department of Safety and Security
၆။ UNDP – United Nations Development Programme
၇။ UNHCR – United Nations High Commissioner for Refugee
၈။ UNOPS – United Nations Office for Project Service
၉။ UNOCHA – United Nations Office for the Coordination of Humanitarian Affairs
၁၀။ UNPF – United Nations Population Fund
၁၁။ WFP – World Food Programme
၁၂။ WHO – World Health Organization နှင့်
၁၃။ ICRC – International Committee of the Red Cross တို့အပါအဝင် UN အဖွဲ့အစည်း ၁၂ ခု နိုင်ငံတကာ ကြက်ခြေနီ ၁ ခု စုစုပေါင်း ၁၃ ခု ရှိပါသည်။ အမေရိကန် အခြေစိုက် UN ရုံး အသေးလေးတခု ရခိုင်ပြည်နယ် စစ်တွေ၌ တွေ့မြင်ရသည်ဟု ဆိုရပါမည်။

စစ်တွေ အခြေစိုက် နိုင်ငံတကာ NGO အဖွဲ့အစည်းများမှာ –
၁။ ACTED
၂။ ACF – Action Contre La Faim
၃။ BAJ – Bridge Asia Japan
၄။ CDN – Consotium Dutch NGO’s
၄။ CARE – Care Myanmar International
၅။ DRC – Danish Refugee Council
၆။ HD – Humantarian Dialouge Centre
၇။ IRC – International Rescue Committee
၈။ LWF – Lutheran World Foundation
၉။ MA – UK
၁၀။ MM – Mercy Malaysia
၁၁။ MSF – Medicines Sans Frontioner , Holland
၁၂။ NRC – Norwegian Refugee Council
၁၃။ Oxfam
၁၄။ Plan – Plan International
၁၅။ Relief International
၁၆။ SCI – Save the Children International
၁၇။ SI – Solidarities International စသည်ဖြင့် စုစုပေါင်း ၁၇ ခု ရှိပါသည်။

မောင်တောတွင် လာရောက် ရုံးဖွင့်ထားသော UN နှင့် နိုင်ငံတကာ NGO အဖွဲ့များမှာ –
၁။ UNHCR
၂။ WFP
၃။ UNICEF
၄။ ACF
၅။ BAJ
၆။ CARE
၇။ CSFI
၈။ ICRC
၉။ MSF
၁၀။ Malteser စသည့် အဖွဲ့ ၁၀ ဖွဲ့ဖြစ်ပြီး ဝန်ထမ်းအင်အား နိုင်ငံခြားသား ၂၅ ဦး၊ ဒေသခံ ၁၀၃၄ ဦး၊ စုစုပေါင်း ဝန်ထမ်း အင်အား ၁၀၅၉ ဦးဖြင့် လည်ပတ်နေပါသည်။

ဘူးသီးတောင်တွင် လာရောက် ရုံးဖွင့်ထားသော နိုင်ငံတကာ NGO များမှာ –
၁။ MHDO
၂။ CARE
၃။ ACF
၄။ Malteser
၅။ CDN အဖွဲ့ ၅ ဖွဲ့ ဖြစ်ပြီး ဝန်ထမ်းအင်အား နိုင်ငံခြားသား ၇ ဦး၊ ဒေသခံ ၃၁၂ ဦး၊ စုစုပေါင်း ဝန်ထမ်းအင်အား ၃၁၉ ဦးဖြင့် လည်ပတ်နေပါသည်။

ဘူးသီးတောင်၊ မောင်တောတွင် လာရောက်ရုံးဖွင့် လုပ်ကိုင်နေသည့် နိုင်ငံတကာ NGO တချို့မှာ စစ်တွေတွင် ရုံးဖွင့် လုပ်ကိုင် ကြသော်လည်း တချို့အဖွဲ့များ ဖြစ်သည့် CSFI ၊ Malteser ၊ MHDO အဖွဲ့များမှာ စစ်တွေတွင် ရုံးဖွင့်လှစ်ခြင်း မရှိဘဲ မောင်တောနှင့် ဘူးသီးတောင် တို့တွင် တိုက်ရိုက် ရုံးလာဖွင့်ထားသည်ကို တွေ့ရသည်။

၂၀၁၂ အရေးအခင်းကာလ စစ်တွေအခြေစိုက် နိုင်ငံတကာ NGO တချို့ တိုက်ခိုက်ခံရပြီးနောက် စစ်တွေ၌ ရုံးခန်းမဖွင့် တော့ဘဲ မောင်တောနှင့် ဘူးသီးတောင်တွင် တိုက်ရိုက်လာရောက် ရုံးခန်းဖွင့် လုပ်ကိုင်ကြသည်ဟု ဆိုသည်။ အထက်ပါ စာရင်းများသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းမှ စာရင်းများ ဖြစ်ပါသည်။

အဆိုပါ စစ်တွေ၊ မောင်တော၊ ဘူးသီးတောင် အခြေစိုက် UN နှင့် နိုင်ငံတကာ NGO အဖွဲ့ အားလုံးသည် လက်ရှိအချိန်တွင် ဘင်္ဂါလီ လူမျိုးအား အဓိက ကူညီ ထောက်ပံ့ပေးနေသည့် အဖွဲ့များဖြစ်သည်။ သူတို့ကူညီသည်မှာ IDP စခန်းမှ သူများသာ မက ကျန်ဘင်္ဂါလီအားလုံးကိုပါ ကူညီပေးနေသည်ကို တွေ့ရသည်။

အစာရိက္ခာ ဆေးဝါး အဝတ်အစားမှစ၍ ထောက်ပံ့ပေးမှုများစွာ ဆောင်ရွက်ကြသည်။ WFP ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် နှင့်ပင် တနှစ်လျှင် ဆန် တန်ချိန် ၆၀၀၀ မှ ၁၀၀၀၀ ကြားကို ၂၀၁၂ ခုနှစ်မှစ၍ ဘင်္ဂါလီများအား ဖြန့်ဖြူး ထောက်ပံ့သည်ကို တွေ့ရှိရသည်။

သို့ဖြစ်ရာ ရခိုင်ပြည်နယ်တွင်းရှိ ၂၀၁၂ မှ အစပြုသည့် ဘင်္ဂါလီဒုက္ခသည် ၁သိန်းကျော်အား UN နှင့် နိုင်ငံတကာ NGO များ ၏ ကူညီမှု အလေးထားမှုများသည် ၂၀၁၁ မှ အစပြုသည့် ကချင်ပြည်နယ်တွင် ရှိသော စစ်ဘေးဒုက္ခသည် ၁ သိန်း ကျော် နှင့် ပတ်သက်၍ ကူညီ အလေးထားမှုနှင့် နှိုင်းယှဉ်လျှင် လွန်စွာ ကွာခြားသည်ကို တွေ့ရသည်။

ထို့ကြောင့် ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီ ဒုက္ခသည်များအား UN နှင့် နိုင်ငံတကာ NGO များ၏ ကူညီမှုသည် သာမန် ဒုက္ခသည် ကူညီမှုထက် ပိုသော အဓိပ္ပာယ်ဆောင်နေသည်ဟု ဆိုရပါမည်။

ဒုတိယပိုင်းကို ဆက်လက်ဖတ်ရှုပါ။

(မောင်မောင်စိုးသည် ဖယ်ဒရယ်၊ တိုင်းရင်းသားနှင့် နယ်စပ်ရေးရာများကို အထူးပြုလေ့လာနေသော ရန်ကုန်အခြေစိုက် သုတေသီတဦး ဖြစ်သည်)

Your Thoughts …
Tags: ဘင်္ဂါလီ
မောင်မောင်စိုး

မောင်မောင်စိုး

Contributor

Similar Picks:

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများနှင့် “ရာဇာကာများ”

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများနှင့် “ရာဇာကာများ”

by ဧရာဝတီ
29 July 2024
2.9k

ဆန္ဒပြပွဲများအတွင်း ဝန်ကြီးချုပ် ရှိတ် ဟာစီနာသုံးစွဲသည့် စကားတလုံးဖြစ်ပြီး ထိုစကားလုံးကြောင့် ဆန္ဒပြသူများထံမှ ဒေါသတကြီး တုံ့ပြန်မှုဖြစ်စေသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်  /  ဧရာဝတီ

ဘင်္ဂါလီ၊ ရိုဟင်ဂျာ အမည်နာမ ပြဿနာနှင့် AA ပြောတဲ့ရပ်တည်ချက်

by နန်းလွင်နှင်းပွင့်
11 December 2019
152.9k

ကျနော့် စိတ်ထဲက စေတနာအမှန်နဲ့ လူသားစိတ်ကို အခြေခံပြီး ပြောတာပါ။ သူတို့ကို နယ်စပ် စခန်းတွေမှာ ပိတ်လှောင်ထားပြီး စာနာတယ် ဆိုပြီး ထမင်းကျွေးထားတယ်။ ဘယ်မှ ပေးမသွားဘူး။ အလုပ် အကိုင်လည်း လုပ်ခွင့်မရှိဘူးဆို သူ့ရဲ့ဒုက္ခက ပိုကြီးပါတယ်။...

၂၀၁၆ ခုနှစ် အင်ဒိုနီးရှားရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြနေသူတဦး / Reuters

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၆

by မောင်မောင်စိုး
25 July 2017
5.3k

ပြဿနာသည် နိုင်ငံတကာက အာရုံစိုက်သည့် ပြဿနာလည်း ဖြစ်လာခဲ့သည်။ ကြာမြင့်စွာပစ်ထားခဲ့၍ ရောဂါရင့်မှ ကုသရသည့် အခြေအနေမျိုးလည်း ဖြစ်နေပေတော့သည်။

နယ်ခြားစည်းရိုးနားတွင် ကင်းစောင့်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ / ဧရာဝတီ

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၅

by မောင်မောင်စိုး
22 July 2017
14.4k

၁၉၄၂ ခု ရခိုင်ဘင်္ဂါလီ အရေးအခင်း မူဂျာဟစ်ဒင် ပုန်ကန်မှုနှင့် အလယ်သံကျော် ညီလာခံတို့သည် ရခိုင်ဘင်္ဂါလီ ပြဿနာ ဖြေရှင်းရေး စဉ်းစားရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ ဖြစ်သည်။

၂၀၁၅ ခုနှစ် တပ်မတော် ရေ က မြန်မာ့ပင်လယ်ပြင်ထဲတွင် တွေ့ရှိသော သင်္ဘောပေါ်ပါ ရွှေ့ပြောင်းသွားလာသူ ဘင်္ဂါလီများအား တွေ့ရစဉ် / Reuters

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၄

by မောင်မောင်စိုး
21 July 2017
20.8k

ရိုဟင်ဂျာ ဆိုသော အသုံးအနှုန်းသည် လွတ်လပ်ရေးခေတ် နောက်ပိုင်းမှ ပေါ်လာသော အသုံးအနှုန်းဟု ဆိုရပါမည်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာရေးကို ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုရေးနှင့် ချိတ်ဆက်ထားခြင်းက ပြဿနာကို ဖြေရှင်းရန် ပိုခက်သွားစေသည် / Reuters 

၂၀၁၇ – ၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ အပိုင်း-၁

by မောင်မောင်စိုး
26 July 2019
14.1k

ပြဿနာ ဖြေရှင်းရေး လိုအပ်နေသည့် အခြေခံမှာ ဒေသခံ ရခိုင်လူထု၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ခံမှု ရရှိရေးဖြစ်သည်။

Next Post
ဆွဲထား၊ နောက်ကားရှင်းတယ်

ဆွဲထား၊ နောက်ကားရှင်းတယ်

၆၆(ဃ)နဲ့ ဆက်စပ်ပတ်သက်ပြီး အမှုတွေကို လေ့လာကြည့်မယ်ဆိုရင် အားလုံးနီးပါး ဒစ်ဂျစ်တယ် သက်သေခံချက်အရ မပြည့်စုံ မမှန်ကန်ဘူးလို့ လေ့လာတွေ့ရှိရပါတယ်။

ဒစ်ဂျစ်တယ်သက်သေခံနှင့် ၆၆(ဃ) ပြဿနာ

No Result
View All Result

Recommended

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

1 day ago
848

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved