• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၅

by မောင်မောင်စိုး
22 July 2017
in ဆောင်းပါး
A A
နယ်ခြားစည်းရိုးနားတွင် ကင်းစောင့်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ / ဧရာဝတီ

နယ်ခြားစည်းရိုးနားတွင် ကင်းစောင့်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ / ဧရာဝတီ

14.4k
VIEWS
Share on FacebookShare on Twitter

၁၉၄၂ ခုနှစ် ရခိုင်ဘင်္ဂါလီ အရေးအခင်း ဂျိမ်းစ် ဘက်စ်တာ အစီရင်ခံစာ ထွက်လာသော်လည်း ဒုတိယကမ္ဘာစစ် ဖြစ်လာ၍ အကောင်အထည် ဖော်နိုင်ခြင်း မပြုနိုင်သည့်ပြင် အင်္ဂလိပ်တို့သည် ဂျပန်နှင့်ပေါင်း၍ ၎င်းတို့အား တော်လှန်ကြသည့် မြန်မာ ပြည်မှ ဒေသခံ တိုင်းရင်းသားများကို လုံးဝ အယုံအကြည် မရှိတော့ပေ။

ထို့ကြောင့် ရခိုင်မှ အင်္ဂလိပ်များ ဆုတ်ခွာသောအခါ နောက်ချန်အဖြစ် စစ်တကောင်း မွတ်စလင် တပ်ဖွဲ့များအား လက်နက် ထုတ်ပေးခဲ့သည်။ (စစ်တကောင်း တပ်ဖွဲ့ဝင်များအား ရခိုင်တို့က ရာဇပုတ် တပ်ဖွဲ့ဝင်များဟု ခေါ်ကြသည်)။

ထိုစစ်တကောင်း တပ်ဖွဲ့ဝင်များ အားကိုး အားထားပြုရာသည် ရခိုင်သို့ ဝင်ရောက်နေသည့် စစ်တကောင်းမွတ်စလင်များ ဖြစ်ခဲ့ကြပြီး အင်္ဂလိပ်တို့ကလည်း ၎င်းတို့အား အမာခံ သတင်းပေးများအဖြစ် မွေးမြူထားခဲ့သည်။

ဤသို့ စစ်တကောင်းသားများအား ဒုတိယ ကမ္ဘာစစ် အတွင်း အင်္ဂလိပ် အကျိုးစီးပွားပေါ် မျှော်ကိုး၍ လက်နက်တပ်ဆင် ပေးခဲ့ခြင်း လက်ရုံးထားခဲ့ခြင်းသည် ၁၉၄၂ ရခိုင်ဘင်္ဂါလီ အရေးအခင်း အတွက် ရေခံမြေခံ ပျိုးပေးခဲ့ခြင်းဖြစ်သည်ဟု သမိုင်း ပညာရှင်များက သုံးသပ်ကြပါသည်။

နောက်ပိုင်းတွင် ဘင်္ဂါလီတို့က ရခိုင်ဒေသ၌ မွတ်စလင်ပြည်နယ် တောင်းဆိုလာခြင်းသည် ဒုတိယကမ္ဘာစစ် အတွင်းက ဘင်္ဂါလီတို့ သစ္စာရှိမှုအတွက် အင်္ဂလိပ်တို့ ပေးခဲ့သည့် ကတိကဝတ်ဟု ဆိုခဲ့သည်။ သို့ဖြစ်ရာ အင်္ဂလိပ်နယ်ချဲ့တို့၏ ဒဏ်ကို ယနေ့တိုင် ခံနေရဆဲဟု ဆိုရပါမည်။

၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ် အတွင်း ဂျပန်တို့ စစ်တွေအား အကြီးအကျယ် ဗုံးကြဲပြီးနောက် ရခိုင်၌ မှန်တမ်းကျသည့် အုပ်ချုပ်ရေး ပျက်သုဉ်းချိန်တွင် မြို့နယ် အသီးသီး၌ မင်းမဲ့စရိုက်များနှင့်အတူ ရခိုင်ဘင်္ဂါလီ အရေးအခင်း ဖြစ်ပွားခဲ့သည်။

၁၉၄၂ အရေးအခင်းသည် မြေပုံမြို့နယ် ရက်ချောင်း ရွာသူကြီး ရခိုင်လူမျိုး ညီအစ်ကိုနှစ်ဦးအား ရက်ချောင်းရှိ ဘင်္ဂါလီ များ က သတ်ဖြတ်ခဲ့ရာ သိန်းကျော်အောင်ကျော်ယတို့ ဦးဆောင်သည့် ရခိုင်များက ရက်ချောင်း ဘင်္ဂါလီရွာကို ပြန်လည် မီးရှို့ လိုက်ရာမှ ရခိုင်ဘင်္ဂါလီ အဓိကရုဏ်းသည် ရခိုင်ပြည်နယ်အနှံ့ ပျံ့နှံ့သွားခဲ့သည်။

မြေပုံ မြို့နယ်မှစ၍ ပေါက်တော၊ မင်းပြား၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော် စသည့် မြို့နယ်များတွင် အဓိကရုဏ်းများ ဆက်တိုက်ဖြစ်သည်။

အင်္ဂလိပ်အဆုတ် ဂျပန်အဝင် အုပ်ချုပ်ရေး ပျက်ပြားကာ နယ်အလိုက် အာဏာရှင်အငယ်လေးများ တဗိုလ်တမင်း အုပ်ချုပ် နေကြရာ အခြေအနေကို ထိန်းသိမ်းရန် ခက်ခဲနေသည်။

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်များနှင့် ရခိုင်သို့ ဝင်ရောက်လာပြီ ဖြစ်သည့် ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA) တို့ ပူးပေါင်းကာ အခြေအနေကို ထိန်းသိမ်းရန် ကြိုးစားသော်လည်း မလွယ်ကူခဲ့ပေ။

စစ်တွေ၊ ပေါက်တော၊ မြောက်ဦး ဘက်မှ ထွက်ပြေးသွားသော ဘင်္ဂါလီများသည် ဘူးသီးတောင်၊ မောင်တော ဘက်သို့ ရောက်သွားသောအခါ လူများစု အနေအထားပြန်ရသွားပြီး မောင်တော၊ ဘူးသီးတောင် နယ်ထဲမှ ရခိုင်တိုင်းရင်းသား ရွာများကို ပြန်လည်မီးရှို့ ဖျက်ဆီးခဲ့ကြပြန်သည်။

နှစ်ဖက်လူမျိုးရေး မည်မျှတင်းမာ ခက်ထန်၍ ပြင်းထန်ခဲ့သည်နှင့် ပတ်သက်၍ ထိုစဉ်က ရခိုင်နိုင်ငံရေးသမား တဦး ဖြစ်သူ ဘုံပေါက်သာကျော်နှင့် ဗြီတိသျှ စစ်ထောက်လှမ်းရေး တာဝန်ယူခဲ့သူ အန်ထိုနီ အိုင်ဝင် (Antony Irwin) တို့၏ မှတ်တမ်း များ အရ ကုလား၂၀၀ ကို တယောက်တည်း သတ်ခဲ့သည်၊ ကုလား ၃၀၀ ကို တယောက်တည်း သတ်ခဲ့သည်ဟု ဂုဏ်ယူ ဝံ့ကြွားနေသော ရခိုင်တချို့တွေ့ရသကဲ့သို့ ရခိုင်၂၀၀ ကို တယောက်တည်း သတ်ခဲ့သည် ရခိုင် ၃၀၀ ကို တယောက်တည်း သတ်ခဲ့သည်ဟု ဂုဏ်ယူဝံ့ကြွားနေသည့် ဘင်္ဂါလီမွတ်စလင်များကိုလည်း တွေ့ရသည်ဟု ဆိုပါသည်။

မြောက်ဦး၊ မြေပုံ စသည့် မြို့နယ်များတွင် ဘင်္ဂါလီရွာ တချို့ ဖျက်ဆီး မီးရှို့ ခံခဲ့ရသော်လည်း တကယ်တမ်း အထိနာခဲ့သည် မှာ ဘူးသီတောင်၊ မောင်တော မြို့နယ်များထဲမှ ရခိုင်တိုင်းရင်းသား ကျေးရွာများ ဖြစ်သည်။

ဘူးသီးတောင် မြို့နယ်အတွင်း ရခိုင်တိုင်းရင်းသား ကျေးရွာ၂၁၇ ရွာ ပြာကျခဲ့သည်။ မောင်တော မြို့နယ်တွင်းရှိ ရခိုင် တိုင်းရင်းသား ကျေးရွာ ၁၂၉ ရွာလုံး မီးရှို့ ဖျက်ဆီး ခံလိုက်ရသည်။ ထိုအရေးအခင်း ကာလအတွင်း လူနှစ်သောင်း အထက် သေဆုံးသည်ဟု ခန့်မှန်းရပါသည်။

ဒုတိယကမ္ဘာစစ်အပြီး ပျက်စီးသွားသော ရွာများတွင် ပြန်လည်နေရာချသောအခါ ဘင်္ဂါလီရွာအများစုမှာ ပြန်လည်အခြေချ နေထိုင်နိုင်ခဲ့ကြသည်။ ဥပမာ မြောက်ဦး မြို့နယ်တွင်း ဖျက်ဆီးခံလိုက်ရသော ဘင်္ဂါလီရွာ ၁၆ ရွာလုံးတွင် ဘင်္ဂါလီများ ပြန်လည် အခြေချ နေထိုင်နိုင်ခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အပြီး ပြန်လည် ဝင်ရောက်လာသော အင်္ဂလိပ်အုပ်ချုပ်ရေး ကလည်း အကာအကွယ် ပေးပုံရသည်။

မောင်တော မြို့နယ်အတွင်း၌ ပျက်စီးသွားသော ရခိုင်တိုင်းရင်းသား ကျေးရွာ ၁၂၉ ရွာအနက် ရွာပေါင်း ၉၈ ရွာမှာ ပြန်လည် ထူထောင်နိုင်ခြင်း မရှိတော့ပါ။ ဘူးသီးတောင် မြို့နယ်အတွင်း၌လည်း ပျက်စီးသွားသော ရခိုင်တိုင်းရင်းသား ကျေးရွာ ၂၁၇ ရွာအနက် ၁၁၆ ရွာ ပြန်လည်ထူထောင်ခြင်း မပြုနိုင်တော့ပါ။

ထိုသို့ မပြုနိုင်သည့်အပြင် ပြန်လည်မထူထောင်နိုင်သော ရခိုင်တိုင်းရင်းသား ကျေးရွာများတွင် ဘင်္ဂလီတို့ ဝင်ရောက် အခြေစိုက် နေထိုင်ကြရာ ဘူးသီးတောင် မြို့နယ်အတွင်းတွင် ယခင် ရခိုင်တိုင်းရင်းသား ကျေးရွာ ၆၁ ရွာ၌ ဘင်္ဂါလီတို့ ဝင်ရောက် အခြေချ နေထိုင်ခဲ့ကြသည်ဟု ရခိုင်သမိုင်းဆရာကြီး မောင်ဘသိန်း ပြုစုရေးသား ထားပါသည်။

သို့ဖြစ်ရာ မောင်တော၊ ဘူးသီးတောင်ဒေသရှိ ရခိုင်တိုင်းရင်းသားများမှာ ၁၉၄၂ ခု အဓိကရုဏ်းအတွင်း အသက်ဆုံးရှုံးခြင်း၊ ရွာများဆုံးရှုံးခြင်း အပြင် လယ်ယာမြေများပါ ဆုံးရှုံးခဲ့ရသည်။ ထိုသူတို့၏ အဆက်အနွယ်များသည် ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်၊ စစ်တွေ မှသည် ရမ်းဗြဲကျွန်းအထိ ရွှေ့ပြောင်း နေထိုင်ခဲ့ကြသည်။

သို့ဖြစ်ရာ ၁၉၄၂ ခုနှစ် အရေးအခင်းတွင် နှစ်ဖက်သေကြေဆုံးရှုံးခဲ့ကြ ပျက်စီးခဲ့ကြသော်လည်း အင်္ဂလိပ်ပြန်ဝင်လာပြီး နောက် ဘင်္ဂါလီအများစု အင်္ဂလိပ်တို့၏ တရားဝင် အသုံးအနှုန်းအရ စစ်တကောင်းမွတ်စလင်များသည် ဖျက်ဆီးခံရသော ၎င်းတို့ ကျေးရွာများတွင် အများစုပြန်လည် အခြေချနေထိုင်နိုင်ကြသော်လည်း မောင်တော၊ ဘူးသီးတောင် မြို့နယ်များတွင် ရခိုင်တိုင်းရင်းသားရွာ အများအပြား ပြန်လည်နေထိုင်နိုင်ခြင်း မရှိပါ။

ထို့ကြောင့် အသက်ရှင် ကျန်ရစ်သူတို့၏ အဆက်အနွယ် ရခိုင်တိုင်းရင်းသားများ၏ ရင်တွင်း၌ ၎င်းတို့ရွာများ လယ်မြေများ ဆုံးရှုံးသည့် ပုဂ္ဂလိကဆုံးရှုံးမှုထက်ပို၍ ၎င်းတို့လူမျိုးများ နေထိုင်ပိုင်ဆိုင်ခဲ့ရာ ရေမြေတောတောင်များ ဆုံးရှုံးခဲ့ရသည်။ ၎င်းတို့၏ အချုပ်အခြာအာဏာများ ဆုံးရှုံး လက်လွှတ်ခဲ့ရသည်ဟူသည့် ခံယူချက်များ ရှိ၍နေပေတော့သည်။

သို့ဖြစ်ရာ ရခိုင်ပြည်နယ်ရှိ ရခိုင်ဘင်္ဂါလီ ပြဿနာကို ကြည့်မြင်ရာတွင် ၁၉၄၂ ခုနှစ် ရခိုင်ဘင်္ဂါလီ အရေးအခင်းနှင့် ရခိုင် တိုင်းရင်းသားတို့၏ စိတ်ခံစားချက်ကို ထည့်သွင်း တွက်ချက်ရန် မုချလိုအပ်ပေလိမ့်မည်။

ဘင်္ဂါလီမွတ်စလင်တို့၏ ပုန်ကန်ထကြွမှုများ

၁၉၄၂ ခုနှစ် ရခိုင်ဘင်္ဂါလီ အရေးအခင်းနှင့်အတူ ဘင်္ဂါလီတို့၏ ပုန်ကန် ထကြွမှုများ အစပြုခဲ့သည်ဟု ဆိုရပါမည်။ ၁၉၄၂ ခုနှစ် နှစ်ဆန်း ဘူးသီးတောင်ကို BIA တပ်များ သိမ်းပိုက်နိုင်ခဲ့သော်လည်း မောင်တောအား ၁၉၄၂ ခုနှစ်အောက်တိုဘာ ခန့်မှ ဂျပန်တို့ ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့သည်။

သို့ဖြစ်ရာ အင်္ဂလိပ်အဆုတ် ဂျပန်တပ်များမဝင်မီ ရခိုင်ဘင်္ဂါလီ အရေးအခင်းအတွင်း ရခိုင်ကျေးရွာ အားလုံး ဖျက်ဆီးခံရ ပြီးချိန် ကာလတိုအတွင်း မောင်တောတွင်ဘင်္ဂါလီများသည် အုံမော်များ ဦးဆောင်သည့် ငြိမ်းချမ်းရေး ကော်မတီ ဖွဲ့စည်း၍ မောင်တော မြို့နယ် အုပ်ချုပ်ရေးကို ချုပ်ကိုင်ခဲ့သည်။

ဤကော်မတီသည် မောင်တောမြောက်ပိုင်းကို တာဝန်ခံအုပ်ချုပ်ခဲ့ပြီး မောင်တောတောင်ပိုင်းအား အီးဒီအက်စ်မာရတန် ခေါင်းဆောင်သော အဖွဲ့က အုပ်ချုပ်ခဲ့သည်။ ၎င်းအဖွဲ့များသည် တရားစီရင်ရေးနှင့် လက်နက်ကိုင် တပ်ဖွဲ့ပါ ထူထောင် ထားခဲ့သည်။

၁၉၄၂ ခုနှစ် အောက်တိုဘာလ ဂျပန်များ ဝင်ရောက်လာသောအခါ ထိုအဖွဲ့ကို ဖျက်သိမ်းခဲ့သည်။ သို့သော် ထိုအဖွဲ့သည် ဂျာမေယာတူအူလေမာ ဟူသော ဘာသာရေး အသင်းအဖွဲ့ ပုံစံနှင့် ဆက်လက် ရပ်တည်ခဲ့သည်။

သို့သော် တချို့မှတ်တမ်းများအရ အဆိုပါ ဘာသာရေးအသင်းအား ၁၉၃၆ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့သည်ဟု ဆို သည်။

ထိုအဖွဲ့အစည်းများ၏ နိုင်ငံရေးလှုပ်ရှားမှုသည် နတ်မြစ်ဝှမ်း မယူတောင်တန်းနှင့် ကုလားပန်ဇင်းမြစ်ဝှမ်း မောင်တော၊ ဘူးသီးတောင် ဒေသအား မွတ်စလင်ပြည်နယ် ဖွဲ့စည်းရေးသို့ ဦးတည်ခဲ့သည်။

စစ်ကြိုခေတ် အိန္ဒိယနိုင်ငံ လွတ်လပ်ရေး လှုပ်ရှားမှုနှင့် ပါကစ္စတန်ဟူ၍ မွတ်စလင်နိုင်ငံ ထူထောင်ရေး လှုပ်ရှားမှုရှိနေရာ အစောပိုင်းကာလ၌ မောင်တော၊ ဘူးသီးတောင်ဒေသအား အရှေ့ပါကစ္စတန် (ယခု ဘင်္ဂလားဒေ့ရှ်) တွင် ပေါင်းထည့်ရန် ကြိုးစားခဲ့သည်။

သို့သော် ဗိုလ်ချူပ်အောင်ဆန်းနှင့် ပါကစ္စတန် ထူထောင်သူ အလီဂျင်းနားတို့ တွေ့ဆုံပြီး မောင်တောဒေသအား မြန်မာပြည် ပိုင်နက်အဖြစ် အသိအမှတ်ပြုခဲ့ရာ အဆိုပါ ကြိုးစားချက် ပျက်ပြယ်သွားခဲ့သည်။

RelatedPosts

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
95
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
1.7k

ထိုအခါ မြန်မာပြည်တွင်း၌ မွတ်စလင်ပြည်နယ်ရရှိရေး နိုင်ငံရေးလှုပ်ရှားမှုနှင့်အတူ မူဂျာဟစ်ဒင် (ဂျီဟတ် ဘာသာရေး စစ်ပွဲ ဆင်နွှဲသူများ) ပုန်ကန်ထကြွမှုများ မောင်တော၊ ဘူးသီးတောင် ဒေသတွင် ဆက်လက်ဖြစ်ပေါ်လာခဲ့သည်။

ထို့အပြင် မွတ်စလင်ပြည်နယ် ထူထောင်ရေးသည် စစ်အတွင်း ဗြိတိသျှတို့ ပေးသော ကတိကဝတ်ဟုလည်း ဘင်္ဂါလီများက ဆိုကြသည်။

၁၉၄၂ ခုနှစ် အရေးအခင်းအပြီး ဂျမေရာတူအူလေမာ အဖွဲ့သည် မောင်တောဒေသ၌ အူရဒူနှင့် အာရဗီ စာသင်သည့် အာရဗီစာသင်ကျောင်း ၁၃ ကျောင်းဖွင့်လှစ်ခဲ့သည်။ ထိုကျောင်းများသည် မွတ်စလင်ပြည်နယ် ထူထောင်ရေး အတွက် နိုင်ငံရေး အထောက်အပံ့ဖြစ်ခဲ့သည်။ ထိုမှသည် မွတ်စလင်ပြည်နယ်ထူထောင်ရေး ကြွေးကြော်သံဖြင့် ၁၉၄၇ ခုနှစ် မေလ တွင် ဇဖေါရ်ကဝါလ် ခေါင်းဆောင်သည့် အင်အား၂၇၀၀ ခန့်ရှိသည့် မူဂျာဟစ် လက်နက်ကိုင် ပုန်ကန်မှု ပေါ်ပေါက်ခဲ့ပြီး ဘူးသီးတောင် မြို့နယ်အတွင်း အခြေစိုက်ခဲ့သည်။ မူဂျာဟစ် ပေါ်လာပြီး မကြာမီ မောင်တော မြို့နယ် အလယ်သံကျော် တွင် အခြေစိုက်သည့် ဂျမေရာတူအူလေမာ အဖွဲ့ အတွင်းရေးမှူး ဒူဒူမျာနှင့် လက်နက်ကိုင် အင်အား ၃၀၀ ခန့်သည် မူဂျာဟစ်နှင့် ပူးပေါင်းခဲ့သည်။

ထို့အတူ မောင်တော အလယ်ပိုင်းတွင် အဘူဟူဆောင်း ခေါင်းဆောင်သည့် မူဂျာဟစ် အဖွဲ့၊ မောင်တောတောင်ပိုင်းတွင် ကာဆင်း ခေါင်းဆောင်သော မူဂျာဟစ် ပါတီတို့ အလျှိုအလျှို ပေါ်လာသည်။ အင်အားလည်း တောင့်တင်းလာကြသည်။

၁၉၄၈ ခုနှစ်မှစ၍ မောင်တော၊ ဘူးသီးတောင် မြို့များကို အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြသည်။ ထို့အတူ အဖွဲ့ကွဲများ အချင်း ချင်းလည်း တိုက်ခိုက်ကြသည်။ မူဂျာဟစ်တို့၏ တိုက်ခိုက်မှုကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များ အတွင်းမှ ရခိုင်တိုင်းရင်းသား ကျေးရွာ အများအပြား ပျက်စီးခဲ့သည်။

မူဂျာဟစ်တို့၏ အဓိက တောင်းဆိုချက်များမှာ ကုလားတန်မြစ်နှင့် နတ်မြစ်ကြား မွတ်စလင်ပြည်နယ် ထူထောင်ပေးရန်၊ ၎င်းတို့အား တိုင်းရင်းသား အဖြစ် အသိအမှတ်ပြုပေးရန်၊ မူဂျာဟစ်တို့အား တရားဝင် အသိအမှှတ်ပြုရန်၊ အူရဒူစာအား ၎င်းတို့၏ တရားဝင်စာအဖြစ် သင်ကြားပေးရန် စသည်တို့ ပါဝင်သည်။

ပြည်ထောင်စု အစိုးရသည် လွတ်လပ်ရေးအပြီး ပြည်တွင်းပုန်ကန်မှုများနှင့် ရင်ဆိုင်နေရသဖြင့် အစောပိုင်းကာလက ကောင်းစွာ စစ်မဆင်နိုင်ဘဲ ၁၉၅၄ ခုနှစ် နိုဝင်ဘာတွင်မှ မူဂျာဟစ်များ အား ထိထိရောက်ရောက် စစ်ဆင်နိုင်ပြီး မူဂျာဟစ် အဓိကခေါင်းဆောင်များ ကျဆုံးခါ အဓိကစခန်းများကို သိမ်းယူနိုင်ခဲ့သည်။

ထို့နောက် မူဂျာဟစ်များ အင်အားလျော့ကျပြီး နယ်စပ်တွင် အဖွဲ့ငယ်များအဖြစ် လှုပ်ရှားသည့်အဆင့်သို့ ရောက်သွားခဲ့ သည်။ ဆက်လက်ပြုလုပ်သော စစ်ဆင်ရေးများကြောင့် ၁၉၆၁ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ မောင်တောတောင်ပိုင်းတွင် မူဂျာဟစ်၂၉၀ လက်နက်ချပြီး မူဂျာဟစ်လှုပ်ရှားမှု အရှိန်လျော့သွား ခဲ့တော့သည်။

ဤမူဂျာဟစ် လှုပ်ရှားမှု အဆုံးသတ်ခြင်းသည် သန့်ရှင်း အစိုးရ၏ မေယုနယ်ခြားခရိုင် ယာယီဖွဲ့စည်းပေးခြင်းနှင့် ဆက်စပ်ဖွယ် ရှိသည်ဟု အကဲခတ်များက ဆိုကြသည်။ သို့သော် ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်း အာဏာသိမ်းပြီးနောက် မေယုခရိုင်ဆိုသည် လည်း ပျောက်ကွယ်သွားခဲ့တော့သည်။

၁၉၄၂ ခုနှစ် အရေးအခင်းနှင့် ထိုမူဂျာဟစ် လှုပ်ရှားမှုအပြီးတွင် မောင်တော၊ ဘူးသီးတောင် မြို့နယ်များအတွင်း ရခိုင် တိုင်းရင်းသား လူဦးရေ သိသိသာသာ လျော့ကျသွားပြီး ဘင်္ဂါလီမွတ်စလင် အရေအတွက် သိသိသာသာမြင့်တက်ခဲ့တော့ သည်။

မောင်တော မြို့နယ်အတွင်း ရခိုင်တိုင်းရင်းသားကျေးရွာ ၉၈ ရွာ ပြန်လည် မထူထောင်နိုင်ခဲ့သော်လည်း ဘင်္ဂါလီရွာများ ကတော့ ရွာသစ်များပါ တိုးလာသည်။ မူလက ရွာ ၁၄၀ သာ ရှိသော မောင်တော မြို့နယ်အတွင်း ဘင်္ဂါလီရွာ ယခုအခါ ၂၇၂ ရွာအထိ ဖြစ်လာသည်။

ဘူးသီးတောင် မြို့နယ်အတွင်း ၁၉၄၂ မတိုင်မီက ရခိုင်တိုင်းရင်းသား ကျေးရွာ ၃၉၂ ရွာ၊ ဘင်္ဂါလီ ၄၂ ရွာသာ ရှိရာမှ ဖျက် ဆီး ခံရသည့် ရခိုင်တိုင်းရင်းသား ကျေးရွာများအနက်မှ ၁၁၆ ရွာမှာ ပြန်လည်ထူထောင်နိုင်ခြင်း မရှိတော့ပေ။

ယခင် ရခိုင်တိုင်းရင်းသား ကျေးရွာ ၆၁ ရွာတွင် ဘင်္ဂါလီတို့ ဝင်ရောက် အခြေစိုက်နေထိုင်သည့်ပြင် ဘင်္ဂါလီရွာသစ် ၄၇ ရွာ ထပ်တိုးခဲ့သည်။ (၂၀၀၀ ခုနှစ်) ယခု၂၀၁၆ နှစ်ကုန်တွင် ဘင်္ဂါလီရွာ ၁၇၅ ရွာ အထိ ရှိလာခဲ့သည်။ ကျန်ရှိသော ရခိုင် ရွာ များမှာလည်း ထွက်ပြေးကြသဖြင့် အိမ်ခြေ ၃၀၀ အထက်ရှိသော ရွာကြီးများမှ အိမ် ၄၀ ၊ ၅၀ သာ ရှိသော ရွာလေးများ ဖြစ်သွားခဲ့သည်။

အထက်ပါ မူဂျာဟစ် လှုပ်ရှားမှုများ အားကောင်းစဉ်က မောင်တော မြို့နယ် အလယ်သံကျော်တွင် အနယ်အနယ် အရပ်ရပ် မှ ဘင်္ဂါလီမွတ်စလင်များပါဝင်သည့် ညီလာခံတရပ်အား ၁၉၅၁ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့ပြီး ၎င်းတို့၏ နိုင်ငံရေး တောင်းဆို ချက်များကို ပြည်ထောင်စု အစိုးရ ခေါင်းဆောင်များထံသို့ အိတ်ဖွင့်ပေးစာပေးပို့ခဲ့သည်။

အဆိုပါ ဘင်္ဂါလီမွတ်စလင်များ၏ တောင်းဆိုချက်များတွင် ၎င်းတို့ကို ၎င်းတို့ ရခိုင်မွတ်စလင် (Arakani Muslims) ဟု သုံးစွဲ ထားပြီး မွတ်စလင်များအား ရခိုင်များနှင့် တန်းတူအခွင့် အရေးပေးရန်၊ ရခိုင်ပြည်နယ် မြောက်ပိုင်းအား မွတ်စလင်ပြည်နယ် ဖွဲ့စည်းခွင့် ပေးရန်၊ ပြည်ထောင်စု အစိုးရအဖွဲ့တွင် မွတ်စလင်ဝန်ကြီး ခန့်အပ်ပေးရန်၊ ရခိုင်တိုင်း၏ ကိစ္စအဝဝတွင် ရခိုင်နှင့် မွတ်စလင် ၅၀ ရာခိုင်နှုန်းစီ ဝေစုခွဲဝေသည့်စနစ် ကျင့်သုံးရန်၊ မွတ်စလင် မူလတန်း အလယ်တန်း ကျောင်းများတွင် ဘာသာ အားလုံးအား အူရဒူဘာသာဖြင့် သင်ကြားရန်၊ မွတ်စလင်များအား ၎င်းတို့ဆန္ဒ မပါဘဲ အခြားဘာသာ သင်ကြား ခြင်း မပြုရန် စသည့်အချက်များ ပါဝင်သည်ကို တွေ့ရသည်။

အဆိုပါ အလယ်သံကျော် ညီလာခံ ထုတ်ပြန်ချက်တွင် မွတ်စလင်ပြည်နယ် ထူထောင်ရေးအား ထင်ရှားစွာ တွေ့မြင်ရပြီး မွတ်စလင်တို့အား တိုင်းရင်းသားအဖြစ် အသိမှတ်ပြုပေးရန် တောင်းဆိုထားသည်ကို တွေ့ရသည်။

သို့သော် ၁၉၅၁ ခုနှစ် ဇွန်လတွင် ကျင်းပသည့် ဘင်္ဂါလီမွတ်စလင် တို့၏ အလယ်သံကျော် ညီလာခံအထိ ရိုဟင်ဂျာ ဆိုသည် ကို သုံးစွဲခြင်း မရှိသေးဘဲ ရခိုင်မွတ်စလင် ဟူ၍သာ သုံးစွဲသည်ကို တွေ့ရှိရပေးသည်။

သို့ဖြစ်ရာ ၁၉၄၂ ခု ရခိုင်ဘင်္ဂါလီ အရေးအခင်း မူဂျာဟစ်ဒင် ပုန်ကန်မှုနှင့် အလယ်သံကျော် ညီလာခံတို့သည် ရခိုင်ဘင်္ဂါလီ ပြဿနာ ဖြေရှင်းရေး စဉ်းစားရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ ဖြစ်သည်။

အပိုင်း ၆ ကို ဆက်လက်ဖတ်ရှုပါ။

(မောင်မောင်စိုးသည် ဖယ်ဒရယ်၊ တိုင်းရင်းသားနှင့် နယ်စပ်ရေးရာများကို အထူးပြုလေ့လာနေသော ရန်ကုန်အခြေစိုက် သုတေသီတဦး ဖြစ်သည်)

ဆက်စပ်ဖတ်ရှုရန် – ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး အနီးကပ် အပိုင်း – ၁ 

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၂

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၃

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၄

Your Thoughts …
Tags: ဘင်္ဂါလီ
မောင်မောင်စိုး

မောင်မောင်စိုး

Contributor

Similar Picks:

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများနှင့် “ရာဇာကာများ”

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများနှင့် “ရာဇာကာများ”

by ဧရာဝတီ
29 July 2024
2.9k

ဆန္ဒပြပွဲများအတွင်း ဝန်ကြီးချုပ် ရှိတ် ဟာစီနာသုံးစွဲသည့် စကားတလုံးဖြစ်ပြီး ထိုစကားလုံးကြောင့် ဆန္ဒပြသူများထံမှ ဒေါသတကြီး တုံ့ပြန်မှုဖြစ်စေသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်  /  ဧရာဝတီ

ဘင်္ဂါလီ၊ ရိုဟင်ဂျာ အမည်နာမ ပြဿနာနှင့် AA ပြောတဲ့ရပ်တည်ချက်

by နန်းလွင်နှင်းပွင့်
11 December 2019
152.9k

ကျနော့် စိတ်ထဲက စေတနာအမှန်နဲ့ လူသားစိတ်ကို အခြေခံပြီး ပြောတာပါ။ သူတို့ကို နယ်စပ် စခန်းတွေမှာ ပိတ်လှောင်ထားပြီး စာနာတယ် ဆိုပြီး ထမင်းကျွေးထားတယ်။ ဘယ်မှ ပေးမသွားဘူး။ အလုပ် အကိုင်လည်း လုပ်ခွင့်မရှိဘူးဆို သူ့ရဲ့ဒုက္ခက ပိုကြီးပါတယ်။...

၂၀၁၆ ခုနှစ် အင်ဒိုနီးရှားရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြနေသူတဦး / Reuters

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၆

by မောင်မောင်စိုး
25 July 2017
5.3k

ပြဿနာသည် နိုင်ငံတကာက အာရုံစိုက်သည့် ပြဿနာလည်း ဖြစ်လာခဲ့သည်။ ကြာမြင့်စွာပစ်ထားခဲ့၍ ရောဂါရင့်မှ ကုသရသည့် အခြေအနေမျိုးလည်း ဖြစ်နေပေတော့သည်။

၂၀၁၅ ခုနှစ် တပ်မတော် ရေ က မြန်မာ့ပင်လယ်ပြင်ထဲတွင် တွေ့ရှိသော သင်္ဘောပေါ်ပါ ရွှေ့ပြောင်းသွားလာသူ ဘင်္ဂါလီများအား တွေ့ရစဉ် / Reuters

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၄

by မောင်မောင်စိုး
21 July 2017
20.8k

ရိုဟင်ဂျာ ဆိုသော အသုံးအနှုန်းသည် လွတ်လပ်ရေးခေတ် နောက်ပိုင်းမှ ပေါ်လာသော အသုံးအနှုန်းဟု ဆိုရပါမည်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာရေးကို ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုရေးနှင့် ချိတ်ဆက်ထားခြင်းက ပြဿနာကို ဖြေရှင်းရန် ပိုခက်သွားစေသည် / Reuters 

၂၀၁၇ – ၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ အပိုင်း-၁

by မောင်မောင်စိုး
26 July 2019
14.1k

ပြဿနာ ဖြေရှင်းရေး လိုအပ်နေသည့် အခြေခံမှာ ဒေသခံ ရခိုင်လူထု၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ခံမှု ရရှိရေးဖြစ်သည်။

၂၀၁၄ ခုနှစ် စစ်တွေအနီးရှိ ဒုက္ခသည်စခန်းတခုတွင် တွေ့ရသော သားအမိ / Reuters

ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး အနီးကပ် အပိုင်း – ၁

by မောင်မောင်စိုး
17 July 2017
11.4k

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးသည် လူ့အခွင့်အရေးပြဿနာ သက်သက်မဟုတ်ဘဲ သမိုင်းဆိုင်ရာ ပြဿနာလည်း ဖြစ်သည်ဆိုမှသာ ပြည့်စုံခြင်း ရှိပေလိမ့်မည်။

Next Post
RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် / ကျော်ခ / ဧရာဝတီ

၂၀၁၇ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ် ဖြစ်ရန်မလွယ်တော့ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

Fortune မဂ္ဂဇင်းမှ တနှစ်တာ ကမ္ဘာ့ဝင်ငွေ အများဆုံးကုမ္ပဏီများ စာရင်းထုတ်ပြန်

Fortune မဂ္ဂဇင်းမှ တနှစ်တာ ကမ္ဘာ့ဝင်ငွေ အများဆုံးကုမ္ပဏီများ စာရင်းထုတ်ပြန်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved