• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

၂၀၁၇ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ် ဖြစ်ရန်မလွယ်တော့ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

by ကျော်ခ
22 July 2017
in သတင်း
A A
RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် / ကျော်ခ / ဧရာဝတီ

RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် / ကျော်ခ / ဧရာဝတီ

8.5k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေး နှစ် ဖြစ်ရန် မျှော်မှန်းထားကြသော်လည်း လက်ရှိ အခြေအနေအရ ဖြစ်လာရန် မလွယ်ကူတော့ကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

ရှမ်းနိုင်ငံရေး ပါတီများ၊ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များ စုပေါင်း ဖွဲ့စည်းထားသည့် ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) အစည်းအဝေး တားမြစ်ခံရမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇူလိုင် ၂၁ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ယင်းသို့ ပြောဆိုသွားခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်က “လွန်ခဲ့တဲ့အနေအထားအတိုင်း၊ အဲဒီအနေအထားအတိုင်းသာ ဆက်လက် သွားနေမယ် ဆိုရင်တော့ လုံးဝ မဖြစ်နိုင်ပါဘူး” ဟု ဧရာဝတီက မေးမြန်းမှုအပေါ် ပြောဆိုသွားသည်။

ငြိမ်းချမ်းရေးနှစ် ဖြစ်ရန်အတွက် “နံပါတ်တစ်အနေနဲ့ကတော့ သဘောထားကြီးကြဖို့ လိုပါတယ်၊ ကျနော်တို့ ခေါင်းဆောင် တွေ အနေနဲ့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကြဖို့ လိုပါတယ်။ ကျနော်တို့ NCA အပေါ်ရော၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် လက်မှတ်ရေးထိုး ထားတဲ့ သဘောတူညီချက်တွေအပေါ်မှာ အားလုံး သဘောထား တူညီကြဖို့ လိုပါ တယ်။ အခု အဲဒီအချက် သုံးချက် လုံးဝ မရှိပါဘူး” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုသည်။

၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် မျှော်မှန်းထားကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ယခုနှစ် နှစ်သစ်ကူး မိန့်ခွန်း တွင် ထည့်သွင်းပြောဆိုခဲ့သလို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးဖွင့်ပွဲ မိန့်ခွန်းတွင် အလားတူ ပြောဆိုခဲ့သည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
148
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
32
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
66

သို့သော်လည်း လက်ရှိ သမ္မတ ဦးထင်ကျော် အစိုးရလက်ထက် ဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ရှေ့မတိုး၊ နောက်မဆုတ် လိပ်ခဲတည်းလည်း အခြေအနေများနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် တပ်မတော်က တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းကို လိုက်နာခြင်းမရှိဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

RCSS အနေဖြင့် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးပြီးနောက် ၎င်းတို့ တပ်ဖွဲ့များနှင့် တပ်မတော်ကြား တိုက်ပွဲများ ဖြစ်ပွား ခဲ့ပြီး ထိုတိုက်ပွဲများ ဖြစ်ပွားမှုနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် ရှမ်းပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (JMC-s) မှတဆင့် အဆင့်ဆင့် တင်ပြခဲ့သော်လည်း တခုမှ တိတိကျကျ ရှင်းလင်းနိုင်ခြင်း မရှိခဲ့ဟုလည်း ဆိုသည်။

ထို့အတူ မကြာသေးခင်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရှမ်းနိုင်ငံရေး ပါတီများ၊ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များနှင့် ရှမ်း လူထု အခြေပြု အဖွဲ့အစည်းများ စုပေါင်း ဖွဲ့စည်းထားသည့် ရှမ်းပြည် ညီညွတ်ရေး ကော်မတီ (CSSU) အစည်းအဝေးပြုလုပ်ရန် စီစဉ် ထားမှုကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ စစ်သံမှူးက ထိုင်းအစိုးရ တာဝန်ရှိသူများထံ စာပို့၍ အကြောင်းကြား ဟန့်တား ခဲ့သဖြင့် CSSU အစည်းအဝေး ဖျက်လိုက်ရသည်ဟု ဆိုသည်။

ယင်းသို့ ဟန့်တားမှုနှင့်ပတ်သက်ပြီး RCSS က ဒေါ်အောင်ဆန်းစုကြည် ဥက္ကဌ အဖြစ်ဦးဆောင်သော အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံး တာဝန်ရှိသူများထံ ဆက်သွယ် မေးမြန်းသော်လည်း အစိုးရအနေဖြင့် CSSU အစည်းအဝေးကို ဟန့်တားခြင်းမရှိဟု ပြန်ပြောကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ထံ ယခုလ အတွင်း စာပို့ အကြောင်းကြားသွားမည်ဟု ဆိုသည်။

RCSS/SSA အဖွဲ့သည် အစိုးရနှင့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေး သဘောတူ စာချုပ် (NCA) ကို အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့် အတူ လက်မှတ် ရေးထိုး ခဲ့သည့် အဖွဲ့ဖြစ်သည်။

Your Thoughts …
Tags: ငြိမ်းချမ်းရေး
ကျော်ခ

ကျော်ခ

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

တရုတ် ဘာဖြစ်ချင်နေသလဲ

တရုတ် ဘာဖြစ်ချင်နေသလဲ

by သက်ထားမောင်
26 July 2024
19.4k

NUG, PDF အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများသည် အနောက်နှင့်နီးစပ်၍ တရုတ်ဆန့်ကျင်လိမ့်မည်ဟု ယူဆပါက မှားယွင်းပေလိမ့်မည်။ မြန်မာပြည်ရှိ တရုတ်ဆန့်ကျင်ရေး အဓိကအင်အားစုမှာ မြန်မာစစ်တပ်သာ ဖြစ်သည်

ကရင့်တော်လှန်ရေးကို စောမူတူးစေးဖိုး ကျောခိုင်းသွားပြီ

ကရင့်တော်လှန်ရေးကို စောမူတူးစေးဖိုး ကျောခိုင်းသွားပြီ

by ခင်မမ
6 October 2023
9.5k

အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်နှင့် မိမိသဘောထား ကွဲလွဲမှုရှိစေကာမူ အဖွဲ့အစည်းဝင်များသည် အဖွဲ့အစည်း ကြံ့ခိုင်တောင့်တင်းရေးအတွက် နာခံရမည်ဖြစ်၏။

စစ်ကောင်စီက လူစားထိုးသော်လည်း ငြိမ်းချမ်းရေး မျှော်လင့်ချက်နည်း

စစ်ကောင်စီက လူစားထိုးသော်လည်း ငြိမ်းချမ်းရေး မျှော်လင့်ချက်နည်း

by ဧရာဝတီ
8 February 2024
8.7k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ငြိမ်းချမ်းရေးစကား ပြောနေသော်လည်း စစ်ကောင်စီသည် နိုင်ငံဘဏ္ဍာငွေ အများအပြားကို စစ်စရိတ်အတွက် သုံးနေသည်။

ခရီးကြမ်းနှင်လာခဲ့သော မြောက်ပိုင်းညီနောင်သုံးဖွဲ့

ခရီးကြမ်းနှင်လာခဲ့သော မြောက်ပိုင်းညီနောင်သုံးဖွဲ့

by ကိုဦး
10 November 2023
8.6k

တောင့်တင်းသော လက်နက်ကိုင်တပ် မရှိလျှင် မြန်မာစစ်တပ်က မောက်မာစွာ ဆက်ဆံသည်ကို နာနာကျည်းကျည်း ခံစားပြီးနောက် ပေါ်ပေါက်လာသည့် စစ်ရေးမဟာမိတ်အဖွဲ့ ဖြစ်၏။

ပြိုကျပြီး အထိနာနေသည့် စစ်တပ်ကို ကုစားချိန် မပေးရန် လိုသည်

ပြိုကျပြီး အထိနာနေသည့် စစ်တပ်ကို ကုစားချိန် မပေးရန် လိုသည်

by မိုးစက်ငြိမ်းချမ်း
9 January 2024
8.5k

စစ်တပ်အား ရင်ဆိုင်ရာတွင် စနစ်တကျ လေ့ကျင့်စုဖွဲ့ထားပြီး လက်နက်ခဲယမ်း တပ်ဆင်ထားနိုင်ပါက ပြိုကွဲအောင် တိုက်နိုင်သည်။

Next Post
Fortune မဂ္ဂဇင်းမှ တနှစ်တာ ကမ္ဘာ့ဝင်ငွေ အများဆုံးကုမ္ပဏီများ စာရင်းထုတ်ပြန်

Fortune မဂ္ဂဇင်းမှ တနှစ်တာ ကမ္ဘာ့ဝင်ငွေ အများဆုံးကုမ္ပဏီများ စာရင်းထုတ်ပြန်

ဒီဇိုင်း-ကျော်မျိုးထိုက်/ဧရာဝတီ

Porsche 911ဟာ မော်ဒယ်ခွဲထုတ်လုပ်မှု ၂၂မျိုး ရှိတယ်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved