• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၂

by မောင်မောင်စိုး
18 July 2017
in ဆောင်းပါး
A A
ယခုအချိန်ထိ နိုင်ငံသားအဖြစ် အသိမှတ်ပြုနိုင်သူ ၂၀၀၀ ခန့်သာ ရှိသေးသည် / Reuters

ယခုအချိန်ထိ နိုင်ငံသားအဖြစ် အသိမှတ်ပြုနိုင်သူ ၂၀၀၀ ခန့်သာ ရှိသေးသည် / Reuters

9.9k
VIEWS
Share on FacebookShare on Twitter

အထူးသဖြင့်၂၀၁၂ မှစ၍ ဘင်္ဂါလီများကို လုံခြုံရေးအရ နယ်မြေကန့်သတ်၍ သွားလာခွင့်ပြုခြင်းနှင့် IDP စခန်းများတွင် ထားခြင်းသည် ၅ နှစ်ခန့် ရှိသွားပေပြီ။

ဤပြဿနာသည် ဖြေရှင်းရန် လိုအပ်သည့် ပြဿနာဆိုသည်မှာ ငြင်းပယ်ရန် မရှိပေ။ မည်သို့ ဖြေရှင်းကြမည်နည်း ဆိုသည်ကသာ အရေးကြီးပေသည်။

ထို့အပြင် လက်ရှိအနေအထားသည် ၅ နှစ်တိုင်ခဲ့ပြီ ဖြစ်ရာ ပို၍ လျင်မြန်စွာဖြေရှင်းရန် လိုအပ်နေသည်။ အချိန်ကြာမြင့်လေ ပို၍ ဖြေရှင်းရ ခက်ခဲသည့် အခြေအနေနှင့် ကြုံမည် ဖြစ်သကဲ့သို့ အချိန်မရွေး ထပ်မံပေါက်ကွဲနိုင်သည် ဆိုသည်ကို သတိပြု ကြရန် လိုအပ်ပါသည်။

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီပြဿနာကို ဖြေရှင်းရာတွင် အခြေခံဖြေရှင်းရမည့် ပြဿနာမှာ တရားဥပဒေနှင့်အညီ နိုင်ငံသား ဖြစ်မှု ကို အရင်ဆုံးကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။

နိုင်ငံသားဖြစ်မှု

နိုင်ငံတနိုင်ငံ၏ နိုင်ငံသားဖြစ်မှုသည် အဆိုပါနိုင်ငံ၏ တရားဥပဒေနှင့်အညီ ဖြစ်သည်။ ဤအချက်ကို ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး ရှေ့တန်းရောက်သည်ဆိုသော နိုင်ငံများရော၊ အခြားနိုင်ငံများရော အတူတူဖြစ်သည်။

နိုင်ငံတနိုင်ငံ၏ နိုင်ငံသားဖြစ်မှုအတွက် လိုအပ်သော အထောက်အထားပြသမှုနှင့် လိုအပ်သည့် အစစ်ဆေးခံမှု မဖြစ်မနေ လိုအပ်သည်။

လက်ရှိ မြန်မာပြည် တိုင်းရင်းသားများဖြစ်ကြသည့် ရခိုင်ဖြစ်စေ၊ ကရင်ဖြစ်စေ၊ ရှမ်းဖြစ်စေ၊ ကချင်ဖြစ်စေ၊ ဗမာဖြစ်စေ နိုင်ငံသား သက်သေခံလက်မှတ် အတွက် လိုအပ်သည့်အထောက်အထား စာရွက်စာတမ်းများ အစစ်ဆေးခံရန် လိုအပ်ပေသည်။ မည်သူမဆိုလည်း အဆိုပါအထောက်အထားများကို တင်ပြ လျှောက်ထားရသည်သာ ဖြစ်သည်။

ယခု ဘင်္ဂါလီပြဿနာကို ကြည့်လျှင် နိုင်ငံသားစိစစ်မှု မလုပ်ဟူ၍ အစိုးရဘက်က ငြင်းပယ်ထားသည် မဟုတ်ပေ။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်စဉ်ကာလကတည်းက ဘင်္ဂါလီများဘက်က ပူးပေါင်းဆောင်ရွက်ရန် အားနည်းခဲ့သည်။

ထို့အပြင် နိုင်ငံသား လျှောက်ထားမှုအား အစိုးရဘက်က လမ်းဖွင့်ပေးထားခဲ့သည်။ သို့သော် မြို့နယ်တိုင်း၌ လာရောက် လျှောက်ထားသူ နည်းပါးခဲ့သည်။ အများစုကြီးက လာရောက် လျှောက်ထားခြင်း မပြုကြချေ။

ဤသို့ လျှောက်ထားခြင်း မပြုသည်မှာ ပြည့်စုံသော အထောက်အထား မရှိသူက အများစုဖြစ်နေ၍ ဖြစ်သည်ဟု သုံးသပ်ရသည်။

ယခုအချိန်ထိ နိုင်ငံသားအဖြစ် အသိမှတ်ပြုနိုင်သူ ၂၀၀၀ ခန့်သာ ရှိသေးသည်။

သို့သော် ဤသို့သော အခြေအနေတွင် UN အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများက အစိုးရ၏ တရားဥပဒေနှင့်အညီ နိုင်ငံသား လျှောက်ထားခွင့် ပြုထားခြင်းအား အလေးထား အသိမှတ်ပြုခြင်း၊ အဆိုပါအချက်ဘက်မှ ရပ်ခံခြင်း မတွေ့ရပေ။

အဘယ်ကြောင့် ဤအချက်ကို တရားဥပဒေနှင့်အညီ ပြဿနာဖြေရှင်းနိုင်ရန် လိုအပ်ချက်အဖြစ် UN နှင့် နိုင်ငံတကာ အဖွဲ့ အစည်း များက အသိအမှတ်ပြု တွန်းအားမပေးသနည်း။ မည်သည့်နိုင်ငံတွင်ရော အထောက်အထား မရှိသူများအား နိုင်ငံသားပေးသည်ကို တွေ့ဖူးပါသလား။

လက်ရှိအချိန်တွင် နိုင်ငံသားဖြစ်မှုအတွက် အထောက်အထား မရှိသော်လည်း မဖြစ်မနေလိုအပ်ချက်အဖြစ် စဉ်းစား လျှင် မည်သည့်အဆင့်အတန်းထား၍ မည်သို့ ဖြေရှင်းမည်၊ မည်သို့ ထည့်သွင်းစဉ်းစားမည်နည်း ဆိုသည်ကို မှန်ကန်စွာ သုံးသပ်ရန်လိုသည်။ သို့သော် ထိုအခြေခံဖြေရှင်းမှု အတွက် ဦးစားပေး စဉ်းစားမှုကို ဘေးဖယ်ထားပြီး ရခိုင်ရှိ ဘင်္ဂါလီများသည် ဘေးအန္တရယ် ကျရောက် နေသည်၊ ထိုသူတို့ အတွက် အကာကွယ်ပေးရန် လိုသည်။ ထိုသူတို့၏ လုံခြုံမှုအတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်လိုသည်။

ထိုမျှသာမက ထိုသူတို့အတွက် အန္တရာယ်ကင်းဇုန် တခု သတ်မှတ်ပေးရန် လိုသည်ဟု ပြောဆိုချဉ်းကပ်ကာ ရခိုင်ရှိ ဘင်္ဂါလီ ပြဿနာကို ဒုတိယ ကိုဆိုဗို ကဲ့သို့ ကြည့်မြင်သုံးသပ် ဖြေရှင်းလာခြင်းမျိုးသည် မြေပြင် အခြေအနေမှန်များနှင့် ကင်းကွာ သကဲ့သို့ ပြဿနာဖြေရှင်းပုံအား လမ်းလွဲရန် ကြိုးစား အားထုတ်နေခြင်းဖြစ်သည်ဟု သုံးသပ်ရသည်။ မည်သူတွေ အန္တရယ် ရှိနေသနည်း ဆိုသည်ကို ဘက်ပေါင်းစုံမှ သုံးသပ်ကြည့်ရန် လိုအပ်ပါသည်။

အန္တရာယ်ကင်းဇုန်

အန္တရာယ်ကင်းဇုန် (Safety Zone) ဟူ၍ ပြောဆိုနေကြ၍ မည်သူတွေအန္တရာယ်ကင်းရန် အမှန်တကယ် လိုအပ်နေသည် ကို မြေပြင်ပကတိ လက်တွေ့ အခြေအနေများအရ သုံးသပ်ကြည့်ကြရန် လိုသည်။

ဦးစွာအားဖြင့် ရခိုင်ရှိ ဘင်္ဂါလီ အစ္စလမ် ဘာသာဝင် အများစု နေထိုင်သော မောင်တောခရိုင်၏ မြေပြင်ပကတိ လက်တွေ့ အခြေအနေကို သုံးသပ်ကြည့်ရန် လိုအပ်သည်။

ဤပြဿနာသည် ရှောင်လွှဲ၍မရသော ပြဿနာဖြစ်သည် မှန်သော်လည်း လမ်းလွှဲ၍ ဖြေရှင်းရမည့် ပြဿနာလည်း မဟုတ် ပေ။

မောင်တောခရိုင်

မြန်မာပြည်၏ အနောက်ဘက်တံခါးဟု ဆိုသော မောင်တောခရိုင်သည် ရခိုင်ပြည်နယ်၏ အနောက်မြောက်ဘက်၌ တည်ရှိ သည်။

မူလက မြို့နယ်အဆင့်သာ ရှိသော မောင်တောအား ယခုအခါ ခရိုင်အဆင့်အဖြစ် ပြောင်းလဲ ဖွဲ့စည်းထားသည်။ မောင်တော ခရိုင် အတွင်း မောင်တော မြို့နယ်အပြင် ဘူးသီးတောင် မြို့နယ်နှင့် မောင်တော၏ အနောက်မြောက် ၃၈ မိုင် ခန့် အကွာ ဘင်္ဂလားဒေ့ရှ်နယ်အနီး တောင်ပြိုလက်ဝဲ မြို့နယ်ခွဲတို့ ပါရှိသည်။ တောင်ပြို လက်ဝဲ မြို့နယ်ခွဲသည် မောင်တော မြို့နယ်ထဲမှ ထပ်မံခွဲထုတ်ခြင်း ဖြစ်သည်။

မောင်တော၏ မြောက်ဘက် မိုင် ၃၀ ကျော် အကွာတွင် ခမောက်ဆိပ်နှင့် မောင်တော၏ တောင်ဘက် မိုင်၂၀ ကျော် အကွာရှိ မြင်းလွှတ်တို့အား မြို့သစ်များအဖြစ် တည်ဆောက်ရန် လျာထားထားပါသည်။

မောင်တော မြို့နယ်

မောင်တော မြို့နယ်၏ အရှေ့ဘက်၌ မယူ(မေယု) တောင်တန်း ရှိသည်။ မောင်တောဒေသ အနောက်ဘက် အထက်ပိုင်း တွင် နတ်မြစ်သည် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အား ပိုင်းခြားထားသည်။ အောက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော် ဖြစ်သည်။

မယူတောင်တန်းမှ စီးဆင်းလာသည့် မောင်တောချောင်း၊ ကြိမ်ချောင်း၊ ပြူးမချောင်း စသည့် ချောင်းပေါင်း၂၀ကျော်သည် နတ်မြစ်နှင့် ဘင်္ဂလားပင်လယ်အော် အတွင်းသို့ စီးဝင်ရာ မယူတောင်တန်းနှင့် နတ်မြစ်ကြား နတ်မြစ်ဝှမ်းဟု ဆိုရမည့် ကျယ်ပြန့်၍ ပြန့်ပြူးသော လွင်ပြင်သည် မောင်တော မြို့နယ် ဖြစ်ပေသည်။

ဘင်္ဂလားပင်လယ်အော် အတွင်းသို့ မယူမြစ် စီးဆင်းဝင်ရောက်ရာ အလယ်သံကျော် (မောင်တော တောင်ဘက် ၁၂ မိုင်ခန့် အကွာ) အထက်ဘက်နတ်မြစ်နှင့် မယူတောင်တန်းကြားတွင် ပို၍ကျယ်ပြန့်သော နတ်မြစ်ဝှမ်းရှိပြီး အောက်ဘက် ဘင်္ဂလား ပင်လယ်အော်နှင့် မယူတောင်တန်း အဆုံးသတ်ရာ အငူမော်ကြားတွင် မြေပြန့်သည် တဖြည်းဖြည်း ကျဉ်းမြောင်း သွားပေ ရာ မောင်တော မြို့နယ်၏ မြောက်ပိုင်းတွင် လယ်ယာ စိုက်ပျိုးရေး လုပ်ကိုင်နိုင်သော လယ်မြေ များပြားပြီး တောင်ပိုင်း တွင် တဖြည်းဖြည်း နည်းသွားသည်ဟု ဆိုရမည်။

လက်ရှိ ခရိုင်ဖွဲ့စည်းပုံအရ အငူမော်မှ မြောက်ဘက်၁၂ မိုင်ခန့် အကွာတွင်ရှိသည့် (မယူ တောင်တန်း အနောက်ဘက်ခြမ်း) သဝန်ချောင်း အထိကို ရသေ့တောင် မြို့နယ်အတွင်း ထည့်ထားရာ မောင်တော မြို့နယ်အနေဖြင့် သဝန်ချောင်းမှ မယူမြစ် စီးဝင်ရာအထိ ဘင်္ဂလားပင်လယ်အော်နှင့် ခန့်မှန်းခြေ ၂၄ မိုင်ခန့် ထိစပ်နေပြီး နတ်မြစ်ကြောင်းနှင့် ဘင်္ဂလားပင်လယ် အော် သို့ စီးဝင်သည့်နေရာမှ မြောက်ဘက် တောင်ပြို လက်ဝဲ အထိ မိုင် ၆၀ ကျော် ထိစပ်နေသည်ဟု ဆိုရမည်။

သို့ဖြစ်ရာ မောင်တော မြို့နယ်အတွင်း အသက်မွေးဝမ်းကျောင်း လုပ်ငန်းအတွက် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်နိုင်ရန် နတ်မြစ်ဝှမ်းတွင် လယ်ဧကပေါင်း ၇၃၆၆၀ ခန့်ရှိနေပြီး ရေလုပ်ငန်းဖြင့် အသက်မွေးရန် နတ်မြစ်နှင့် ဘင်္ဂလားပင်လယ်အော် တို့နှင့် ထိစပ်မှု စုစုပေါင်း ၈၅ မိုင်ခန့် ရှိသည့် ရေပြင်ရှိနေသည်ဟု ဆိုရပါမည်။

ဤရေပြင်သည် မူလသဘာဝ စီးပွားရေး အပြင် ယနေ့ ခေတ်သစ်တွင် ဘင်္ဂလားဒေ့ရှ် အိန္ဒိယနိုင်ငံတို့ နှင့် မှောင်ခို စီးပွား ကူးသန်းခြင်း အပါအဝင် ရေကြောင်း ကူးသန်းရောင်းဝယ်ရေး အတွက်လည်း လွန်စွာ အသုံးဝင်ပေသည်။

ဘူးသီးတောင် မြို့နယ်

မောင်တော ခရိုင်အတွင်း နောက်တမြို့နယ်မှာ ဘူးသီးတောင် မြို့နယ်ဖြစ်သည်။ ဘူးသီးတောင် မြို့နယ်သည် အနောက် ဘက် မယူတောင်တန်း အရှေ့ဘက် စိုင်းတင် တောင်တန်းကြား မြောက်ဘက် ထိုတောင်တန်းနှစ်ခု ဆုံရာ မယူမြစ် အထက်ပိုင်း ကုလားပန်းဇင်း ချောင်းနှင့် စိုင်းတင်ချောင်းရိုး တလျှောက် ဆိုရလျှင် မယူမြစ်ဝှမ်း အထက်ပိုင်းဖြစ်သည်။

မြို့နယ် အထက်ပိုင်းတွင် တောတောင် ထူထပ်သော်လည်း မြို့နယ်၏ အောက်ဘက်ပိုင်းတွင် မြေပြန့်လွင်ပြင်များ ရှိသည်။ ဘူးသီတောင် မြို့နယ်အတွင်း အဓိက မြို့နယ်၏ တောင်ဘက်ပိုင်း၌ စိုက်ပျိုးနိုင်သော လယ်မြေဥယျဉ်မြေ စုစုပေါင်း ဧက ၇၈၀၀၀ ခန့် ရှိသည်။

မြောက်ပိုင်း စိုင်းတင် တောင်ကြော တလျှောက် ထူထပ်သော ဝါးတောကြီးများ ရှိသည်။ ရေလုပ်ငန်းနှင့် ဆက်စပ်မွေးမြူ ရေး လုပ်ငန်းတို့ အတွက် မယူမြစ်၊ ကုလားပန်ဇင်း ချောင်းနှင့် စိုင်းတင်ချောင်းတို့ ရှိပါသည်။

မောင်တောခရိုင် လူမှုစီးပွားအခြေခံ

ရှည်ကြာလှသော သမိုင်းနှင့် မတူသော ချဉ်းကပ်မှုများအရ မောင်တောဒေသ ဖြစ်ထွန်းလာမှုနှင့် ပတ်သက်ပြီး ဤနေရာ တွင် ဖော်ပြသုံးသပ်ခြင်း မပြုလိုသေးပါ။ လက်ရှိ ဖြစ်တည်နေသော ပကတိ မြေပြင် အချက်အလက်များ ပေါ်၌သာ ဦးစားပေး သုံးသပ် သွားလိုပါသည်။

လက်ရှိ မောင်တော မြို့နယ်အတွင်း မြို့နယ်ခွဲ ၁ ခု မြို့သစ် ၂ မြို့နှင့် ကျေးရွာပေါင်း ၃၆၄ ရွာရှိသည်ဟု ဆိုပါသည်။ မောင်တောဒေသတွင် နေထိုင်ကြသည့် လူမျိုးများမှာ အငြင်းပွားမှုမရှိဘဲ ဒေသခံ တိုင်းရင်းသားအဖြစ် အသိမှတ်ပြုခြင်း ခံထားရသည့် ရခိုင်၊ ဒိုင်းနက်၊ မြို တို့ အများစုနေထိုင်ကြပြီး ခမီး၊ မရာမာကြီး နှင့် ကမန် တို့မှာ အနည်းငယ်သာ ရှိသည်ဟု ဆိုသည်။ ထိုသူတို့ အားလုံးမှာ နိုင်ငံသားကတ် ပိုင်ဆိုင်ခွင့် ရကြသူများ ဖြစ်သည်။

ထို့အပြင် မောင်တောဒေသတွင် ဟိန္ဒူတချို့ နေထိုင်ကြပြီး နိုင်ငံသားကတ် ကိုင်ဆောင်ခွင့် ရကြသည်။ ထိုလူဦးရေမှာ ၂၀၁၆ ခု စက်တင်ဘာ စာရင်းအရ ၃၀၀၀၀ ခန့်ရှိသည်ဟု ဆိုပါသည်။

တကယ်တမ်း များပြားသည့် လူဦးရေမှာ ထိုနိုင်ငံသားကတ် ကိုင်ဆောင်ခွင့်ရသည့် အငြင်းပွားဖွယ်မရှိသော ဒေသခံ တိုင်းရင်းသားများ ဖြစ်ကြသည့် ရခိုင်၊ မြို၊ ဒိုင်းနက်၊ သက် တို့မဟုတ်ပေ။

၎င်းတို့အား ရိုဟင်ဂျာ ဟူ၍ သတ်မှတ်ပေးရန် တောင်းဆိုနေသည့် ဘင်္ဂါလီမွတ်စလင်များ ဖြစ်ကြသည်။ ထိုဘင်္ဂါလီများ အား၂၀၁၀ မတိုင်ခင် White card ထုတ်ပေးစဉ် ကာလက မောင်တော ဒေသတွင် သုံးသိန်းခန့် ထုတ်ပေးခဲ့ပြီး ယခု အချိန် တွင် ထပ်မံ စာရင်းကောက်ယူမှုများ အရ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအထိ မောင်တော မြို့နယ် တောင်ပြိုလက်ဝဲ မြို့နယ် ခမောက်ဆိပ် မြို့သစ် မြင်းလွှတ် မြို့သစ် တို့၌ ဘင်္ဂါလီ လူဦးရေ ၄၉၀၀၀၀ ခန့်ရှိသည်ဟု ဆိုသည်။ ဒေသခံတချို့ကတော့ ထို့ထက် ပိုနိုင်သည်ဟု ယူဆကြပါသည်။

လက်ရှိ မောင်တော မြို့နယ် အတွင်း ကျေးရွာပေါင်း ၃၆၄ ရွာ ရှိသည့်အနက် ဘင်္ဂါလီ သီးသန့်နေထိုင်သည့် ကျေးရွာ၂၇၂ ရွာ ရှိပြီး တိုင်းရင်းသား (ရခိုင်၊ မြို၊ ဒိုင်းနက်၊ သက်၊ ခမီ) ကျေးရွာ ၈၅ ရွာသာရှိ၍ တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ရောနေ သည့် ရွာ ၇ ရွာခန့် ရှိပါသည်။

ထို့အပြင် တိုင်းရင်းသားများ နေထိုင်သည့် ရွာများအနက် အိမ်ခြေ ၁၀၀ မှ ၂၀၀ ခန့်ထိ ရှိသည့်ရွာ ၄ ရွာခန့်သာရှိပြီး အများ စု မှာ အိမ်ခြေ ၂၀ မှ ၄၀ ခန့်သာ ရှိသည့် ရွာငယ်များ ဖြစ်ကြသည်။ ဘင်္ဂါလီရွာ အများစုကတော့ အိမ်ခြေ ရာချီရှိကြပြီး အိမ်ခြေ ထောင်ဂဏန်း အထိရှိသည့် ရွာကြီးများလည်း မနည်းလှပေ။

လက်ရှိအချိန် မောင်တောမြို့နယ်အတွင်း ရခိုင်တိုင်းရင်းသား ကျေးရွာ၈၅ ရွာ ရှိနေသည် ဆိုခြင်းမှာလည်း၂၀၀၀ ပြည့်နှစ် ကာလပိုင်း နတလ ဝန်ကြီးဌာနမှ နတလ ကျေးရွာဟူ၍ ဝန်ကြီးဌာန ပံ့ပိုးမှုဖြင့် တည်ဆောက်ပေးသော ကျေးရွာက၂၀ ကျော် ၃၀ နီးပါးပါဝင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နေထိုင်ကြသော ရခိုင်မျိုးနွယ်စုဝင်များ ဘင်္ဂလီများနှင့် လူမျိုးရေး
ပဋိပက္ခဖြစ်ပွားပြီး ရွာများ မီးရှို့ခံရပြီးနောက် ထွက်ပြေးလာကြသူများအား ရခိုင်ပြည်နယ်အတွင်း လက်ခံ၍ နေရာချပေး ထား သော ရွာတချို့လည်း ပါဝင်သည်။

ထို့အပြင် လယ်ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ပြောရလျှင် အများစုသည် ဘင်္ဂါလီတို့၏ လက်တွင်း၌ ရှိသည်ဟု ဆိုနိုင်သည်။ မောင်တော၏ မြောက်ဘက် ကြိမ်ချောင်း ဆိုသည့်ရွာတွင် ဘင်္ဂါလီအိမ်ခြေ ၁၀၀၀ ခန့်ရှိပြီး ရခိုင်တိုင်းရင်းသား အိမ်ခြေ ၄၀ ခန့်ရှိသည်။

ထိုရခိုင်တိုင်းရင်းသား အိမ်ခြေ ၄၀ ခန့်တွင် လယ်ပိုင်ဆိုင်သူ တဦးမှမရှိပေ။ ထို့အတူ ငါးခူရ ရွာအနီးရှိ အိမ်ခြေ ၉၆ အိမ်ခန့် ရှိသော လောင်ဒုံ ရွာတွင် လယ်ပိုင်ဆိုင်သူ အိမ်ထောင်စု ၂ စုသာ ရှိသည်။

တအိမ်က၂၅ ဧက ပိုင်ဆိုင်၍ တအိမ်က ၁၀ ဧက ပိုင်ဆိုင်သည်။ ကျန် ၉၄ အိမ် ထောင်စုမှာ လယ်မြေ ပိုင်ဆိုင်ခြင်း မရှိပါ။ အလားတူ ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်က တည်သော နတလရွာများမှာလည်း လယ်ဧက ပိုင်ဆိုင်မှု အလွန်နည်းသည်။

မောင်တောချောင်း တဖက်ကမ်း အောင်ဗလ ရခိုင်တိုင်းရင်းသား ရွာ၌ လယ်မြေပိုင်ဆိုင်သူ တဦးမှမရှိပါ။ သို့ဖြစ်ရာ မောင်တော မြို့နယ်တွင်းရှိ လယ်ဧက ၇၀၀၀၀ ကျော်၏ ၁ ရာခိုင်နှုန်းမျှ လောက်သာ ရခိုင်တိုင်းရင်းသား တို့၏ လက်တွင်း ၌ ရှိမည်ဟု ခန့်မှန်းရသည်။

ထို့အပြင် မောင်တော မြို့နယ်အတွင်းရှိ နတ်မြစ်ကမ်းတလျှောက်နှင့်ဘင်္ဂလား ပင်လယ်အော် ကမ်းခြေ တလျှောက်တွင် လည်း ကိုးတန်ကောက် အလယ်သံကျော်စသည့် ဘင်္ဂါလီရွာကြီးများသာ ရှိပြီး ရေလုပ်ငန်းနှင့် ပတ်သက်၍လည်း ဘင်္ဂါလီ တို့က စိုးမိုးထားသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ မောင်တော မြို့နယ်အတွင်းရှိ ရခိုင်တိုင်းရင်းသား အများစု ကျပန်း လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်း ပြုနေ ကြပါသည်။

ဘူးသီးတောင် မြို့နယ်အတွင်း၌ ၂၀၁၆ ဒီဇင်ဘာလ စာရင်းအရ ရခိုင်တိုင်းရင်းသား ၄၅၀၀၀ ခန့်ရှိပြီး ဘင်္ဂါလီ လူဦးရေ ၂၅၀၀၀၀ ကျော်ရှိသည်။ ရခိုင်တိုင်းရင်းသား ကျေးရွာ ၁၅၉ ရွာ ဘင်္ဂါလီကျေးရွာ ၁၇၅ ရွာ နှင့် ရောနှောနေသည့် ကျေးရွာ ၅ ရွာ ရှိသည်။ လယ်မြေပိုင်ဆိုင်မှုအရ ရခိုင် တိုင်းရင်းသား အိမ်ထောင်စု ၄၉၄၀ ပိုင်ဆိုင်သည့် လယ်မြေ ၂၀၉၁၃ ဧက ရှိပြီး ဘင်္ဂါလီအိမ် ထောင်စု ၂၁၄၃၃ ပိုင်ဆိုင်သည် လယ်မြေ ၅၇၁၉၂ ဧကရှိသည်ဟု ဆိုပါသည်။

RelatedPosts

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
6
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
1.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
824

သို့ဖြစ်ရာ မောင်တော မြို့နယ်ထက် စာလျှင် ဘူးသီးတောင် မြို့နယ်အတွင်း၌ တိုင်းရင်းသားတို့၏ လက်ထဲတွင် လယ်မြေ အတန်အသင့် ရှိသေးသည်ဟု ဆိုနိုင်ပါသည်။

ထို့ကြောင့် မောင်တောခရိုင် တခုလုံးတွင် ချုပ်၍ဆိုရလျှင် ရခိုင် ၄၄၅၆၉ ဦး၊ ခမီး ၇၅၇၂ ဦး၊ ဒိုင်းနက် ၈၄၈၇ ဦး၊ မြို ၈၂၁၃ ဦး၊ သက်၂၀၁၀ ဦး၊ မရမာ ၃၃၃ ဦး၊ ဗမာ၂၄၆၄ ဦး၊ ကရင်၂၀ ဦး၊ ချင်း ၁၄၁ ဦး၊ ဟိန္ဒူ ၅၁၇၀ ဦး၊ အခြား ၂၇၆ ဦး၊ ဘင်္ဂါလီ မွတ်စလင် ၇၅၅၃၇၁ ဦး ရှိသည်ကို တွေ့ရသည်။ ခရိုင်တခုလုံးအရ ဆိုလျှင် ရခိုင်တိုင်းရင်းသား လူဦးရေထက် ဘင်္ဂါလီ လူဦးရေက ဆယ်ဆခန့် များသည်ကို တွေ့ရပါသည်။

သို့ဖြစ်ရာ မောင်တောခရိုင်အတွင်း လယ်ယာမြေ အများစုကို ဘင်္ဂါလီတို့က ပိုင်ဆိုင်လုပ်ကိုင်နေသကဲ့သို့ ရေလုပ်ငန်းနှင့် ပတ်သက်သည့် အချက်အခြာ ကျသည့် နေရာများကိုလည်း ဘင်္ဂါလီတို့၏ ထိမ်းချုပ်၍ လုပ်ကိုင်နေသည်ကို တွေ့ရပါသည်။

လူဦးရေနှင့် လယ်မြေပိုင်ဆိုင်မှု အချိုးအစား အတန်အသင့်ရှိသော ဘူးသီးတောင်ထက် မောင်တော မြို့နယ်တွင် ဘင်္ဂါလီ တို့၏ လွှမ်းမိုးမှုကို ပိုတွေ့ရသည်။ မောင်တောမြို့ ဈေးကြီးတွင် ရခိုင်တိုင်းရင်းသား အထည်ဆိုင် ၃ဆိုင်ခန့်သာ ရှိသည်။ မောင်တော မြို့နယ် ကြိမ်ချောင်း ဈေးတွင် ရခိုင်တိုင်းရင်းသား ဈေးသည် တယောက်မှမရှိပါ။

ဘာသာရေးအရ ဆိုလျှင်လည်း မောင်တော ခရိုင်အတွင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၂၂၂ ကျောင်း ရဟန်းအပါး ၃၃၀ သာမဏေ ၁၅၅ ပါးသီလရှင် ၁၇ ပါး ရှိသည်။ မွတ်စလင် မော်လဝီဆရာ ၁၃၁၈ ယောက် ဗလီ၁၃၂၀ အာရဗီကျောင်း ၁၁၅၈ ကျောင်း ရှိသည်။ ဟိန္ဒူဘုရားကျောင်း ၁၇ ကျောင်း ခရစ်ယန်ဘုရားကျောင်း ၇ ကျောင်း ရှိသည်။

အပိုင်း ၃ ကို ဆက်လက်ဖတ်ရှုပါ။

(မောင်မောင်စိုးသည် ဖယ်ဒရယ်၊ တိုင်းရင်းသားနှင့် နယ်စပ်ရေးရာများကို အထူးပြုလေ့လာနေသော ရန်ကုန်အခြေစိုက် သုတေသီတဦး ဖြစ်သည်)

ဆက်စပ်ဖတ်ရှုရန် – ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး အနီးကပ် အပိုင်း – ၁ 

Your Thoughts …
Tags: ဘင်္ဂါလီ
မောင်မောင်စိုး

မောင်မောင်စိုး

Contributor

Similar Picks:

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများနှင့် “ရာဇာကာများ”

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများနှင့် “ရာဇာကာများ”

by ဧရာဝတီ
29 July 2024
2.9k

ဆန္ဒပြပွဲများအတွင်း ဝန်ကြီးချုပ် ရှိတ် ဟာစီနာသုံးစွဲသည့် စကားတလုံးဖြစ်ပြီး ထိုစကားလုံးကြောင့် ဆန္ဒပြသူများထံမှ ဒေါသတကြီး တုံ့ပြန်မှုဖြစ်စေသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်  /  ဧရာဝတီ

ဘင်္ဂါလီ၊ ရိုဟင်ဂျာ အမည်နာမ ပြဿနာနှင့် AA ပြောတဲ့ရပ်တည်ချက်

by နန်းလွင်နှင်းပွင့်
11 December 2019
152.9k

ကျနော့် စိတ်ထဲက စေတနာအမှန်နဲ့ လူသားစိတ်ကို အခြေခံပြီး ပြောတာပါ။ သူတို့ကို နယ်စပ် စခန်းတွေမှာ ပိတ်လှောင်ထားပြီး စာနာတယ် ဆိုပြီး ထမင်းကျွေးထားတယ်။ ဘယ်မှ ပေးမသွားဘူး။ အလုပ် အကိုင်လည်း လုပ်ခွင့်မရှိဘူးဆို သူ့ရဲ့ဒုက္ခက ပိုကြီးပါတယ်။...

၂၀၁၆ ခုနှစ် အင်ဒိုနီးရှားရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြနေသူတဦး / Reuters

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၆

by မောင်မောင်စိုး
25 July 2017
5.3k

ပြဿနာသည် နိုင်ငံတကာက အာရုံစိုက်သည့် ပြဿနာလည်း ဖြစ်လာခဲ့သည်။ ကြာမြင့်စွာပစ်ထားခဲ့၍ ရောဂါရင့်မှ ကုသရသည့် အခြေအနေမျိုးလည်း ဖြစ်နေပေတော့သည်။

နယ်ခြားစည်းရိုးနားတွင် ကင်းစောင့်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ / ဧရာဝတီ

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၅

by မောင်မောင်စိုး
22 July 2017
14.4k

၁၉၄၂ ခု ရခိုင်ဘင်္ဂါလီ အရေးအခင်း မူဂျာဟစ်ဒင် ပုန်ကန်မှုနှင့် အလယ်သံကျော် ညီလာခံတို့သည် ရခိုင်ဘင်္ဂါလီ ပြဿနာ ဖြေရှင်းရေး စဉ်းစားရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ ဖြစ်သည်။

၂၀၁၅ ခုနှစ် တပ်မတော် ရေ က မြန်မာ့ပင်လယ်ပြင်ထဲတွင် တွေ့ရှိသော သင်္ဘောပေါ်ပါ ရွှေ့ပြောင်းသွားလာသူ ဘင်္ဂါလီများအား တွေ့ရစဉ် / Reuters

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၄

by မောင်မောင်စိုး
21 July 2017
20.8k

ရိုဟင်ဂျာ ဆိုသော အသုံးအနှုန်းသည် လွတ်လပ်ရေးခေတ် နောက်ပိုင်းမှ ပေါ်လာသော အသုံးအနှုန်းဟု ဆိုရပါမည်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာရေးကို ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုရေးနှင့် ချိတ်ဆက်ထားခြင်းက ပြဿနာကို ဖြေရှင်းရန် ပိုခက်သွားစေသည် / Reuters 

၂၀၁၇ – ၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ အပိုင်း-၁

by မောင်မောင်စိုး
26 July 2019
14.1k

ပြဿနာ ဖြေရှင်းရေး လိုအပ်နေသည့် အခြေခံမှာ ဒေသခံ ရခိုင်လူထု၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ခံမှု ရရှိရေးဖြစ်သည်။

Next Post
သင်ဟာ Facebook အသုံးပြုသူ ၄ မျိုးထဲက ဘယ်လိုလူမျိုးလဲ

သင်ဟာ Facebook အသုံးပြုသူ ၄ မျိုးထဲက ဘယ်လိုလူမျိုးလဲ

ဒီးဒုတ် ဦးဘချို နှင့် ဗိုလ်ချုပ် အောင်ဆန်း

ဗိုလ်ချုပ် ဆန္ဒ နှင့် ဆရာ့ဝါသနာ

No Result
View All Result

Recommended

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

1 day ago
846

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved