• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၃

by မောင်မောင်စိုး
20 July 2017
in ဆောင်းပါး
A A
၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း မောင်တောမြို့နယ်မှ ထွက်ပြေးလာသော ရခိုင်အမျိုးသမီးတဦးနှင့် ကလေးငယ်အား စစ်တွေမြို့ ဘုန်းကြီးကျောင်း တကျောင်းတွင် မြင်တွေ့ရစဉ် / Reuters

၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း မောင်တောမြို့နယ်မှ ထွက်ပြေးလာသော ရခိုင်အမျိုးသမီးတဦးနှင့် ကလေးငယ်အား စစ်တွေမြို့ ဘုန်းကြီးကျောင်း တကျောင်းတွင် မြင်တွေ့ရစဉ် / Reuters

7.6k
VIEWS
Share on FacebookShare on Twitter

နိုင်ငံသားကတ် မရှိ၍ ခရီးသွားခွင့် ကန့်သတ်ခံထားရသော ဘင်္ဂါလီများသည် မြန်မာပြည်တွင်း နယ်ကျော်ခွင့် မရှိသော်လည်း နတ်မြစ်ရိုးတလျှောက် နယ်စပ်ကို လက်ချင်းယှက် မပိတ်နိုင်သည့်အလျောက် ဘင်္ဂလားဒေ့ရှ် ဘက်သို့ ဖြတ်သန်း သွားလာကြသည်။

ထိုထက်မက ဘင်္ဂလားပင်လယ်အော် ကမ်းခြေရှိ အလယ်သံကျော် အစရှိသည့် ဘင်္ဂါလီရွာများမှ ဘင်္ဂလားဒေ့ရှ်သို့ စက်လှေ အသွားအလာ ပုံမှန်ရှိသည်ဟု ဒေသခံများက ဆိုပါသည်။ ဤသို့သော အခြေအနေတွင် ဘင်္ဂလားဒေ့ရှ်နှင့် တိုက်ရိုက်ကုန်သွယ်မှု ပြုနိုင်ကြသည်။

ထို့အပြင် ရန်ကုန်ရှိ ဘူးသီးတောင်၊ မောင်တော အဆက်အနွယ် ဘင်္ဂါလီများနှင့် ချိတ်ဆက်၍ ကုန်သွယ်မှု ပြုလုပ်ကြသည် ကို တွေ့ရသည်။ ခရီးသွားလာခွင့် ရှိသည့် နိုင်ငံသား ရခိုင်တိုင်းရင်းသားများ၏ လက်ဝေခံ အဖြစ် မှီခိုနေရသည် မဟုတ် သကဲ့သို့ ကုန်ရောင်း ကုန်ဝယ်တွင်လည်း ရခိုင်များ၏ လက်ဝေခံအဆင့်တွင် မရှိပါ။

ထို့အပြင် အစိုးရအုပ်ချုပ်ရေးပိုင်းက ပြဿနာဖြစ်ပွားမည်ကို ရှောင်ရှားသည့်အနေဖြင့် အုပ်ချုပ်ရေး စည်းမျဉ်းစည်းကမ်း အတိုင်း ဘင်္ဂါလီရွာများကို ထိထိရောက်ရောက် ကိုင်တွယ်ခြင်းမရှိပေ။ သို့ ဖြစ်ရာ ခွင့်ပြုချက်မရသော်လည်း ဗလီများ ဆောက်နေသည်သာ ဖြစ်သည်။ အုပ်ချုပ်ရေးပိုင်းက မှတ်တမ်းတင်နိုင်သည် မှာ တရားမဝင် ဗလီဟူ၍သာ ဖြစ်သည်။ မောင်တောခရိုင်အတွင်းရှိ ဗလီအလုံး တထောင်ကျော်မှာ အစိုးရမှတ်တမ်းအရ တရားမဝင် ဗလီများ ဖြစ်ကြသည်။

မောင်တောခရိုင် အတွင်း နေရာအတော်များများရှိ ဘင်္ဂလီရွာများ၌ အိမ်များ တိုးချဲ့ ဆောက်နေသည်ကို တွေ့ရသည်။ အိမ်အတော်များများသည် လယ်မြေအတွင်း ဝင်ရောက် ဆောက်လုပ်ထားသည်ကို တွေ့ရသည်။ ရွာမြေမဟုတ်သည့် နေရာသစ်များတွင် ဘင်္ဂါလီအိမ်များ တိုးချဲ့ ဆောက်လုပ်လျက် ရှိသည်ကို တွေ့ရသည်။ သို့သော် အုပ်ချုပ်ရေးပိုင်းက ကိုင်တွယ် အရေးယူနိုင်ခြင်း မရှိပေ။ နောက်နှစ်အချို့ ကြာလျှင် ဘင်္ဂါလီရွာသစ်များ ဖြစ်လာနိုင်သည်။

ထို့အပြင် နိုင်ငံသားကတ် မရှိ၍ သွားလာခွင့် ပိတ်ပင်ခံထားရသော ဘင်္ဂါလီများအား ဒုက္ခသည်အဖြစ် သတ်မှတ်၍ လည်း ကောင်း၊ ဆင်းရဲမွဲတေမှု ခေါင်းစဉ်ဖြင့် လည်းကောင်း UN နှင့် နိုင်ငံတကာ NGO များက အကူအညီ အထောက်အပံ့များ ပေးအပ်သည်။

မောင်တောခရိုင် အတွင်း UN နှင့် နိုင်ငံတကာ NGO ရုံး ၁၅ ရုံး ရှိသည်။ ထိုရုံးအားလုံးသည် ဘင်္ဂါလီများသာ ကူညီသည့် ရုံးများဖြစ်သည်။ တကယ်တော့ မောင်တောခရိုင်အတွင်း ဘင်္ဂါလီ IDP စခန်းတခုမှ မရှိပေ။ သို့သော်လည်း အဆိုပါ မောင်တောခရိုင် အတွင်းရှိ ဘင်္ဂါလီများအား ရိက္ခာဆေးဝါးအပြင် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး ကဏ္ဏများနှင့် ပတ်သက်သည့် အကူ့အညီများ ကျေးရွာချင်းဆက် လမ်း ဖောက်လုပ်ခြင်းများ စသည့်အကူအညီများ ပေးလျက် ရှိသည်။

ထို UN နှင့် နိုင်ငံတကာ NGO များ၏ ကူညီသည့်ပမာဏကို မသိရသော်လည်း ဒေါ်လာသန်းအချို့ ရှိမည်ဟု ခန့်မှန်း ရပါ သည်။

သို့သော် ရခိုင် တိုင်းရင်းသားများကား UN နှင့် နိုင်ငံတကာ NGO များ၏ အကူအအညီများ မရကြဟု ဆိုပါသည်။ ၂၀၁၂ အရေးအခင်း ကာလက မောင်တောခရိုင် အတွင်း မီးရှို့ ဖျက်ဆီးခံရသည်မှာ ရခိုင်တိုင်းရင်းသားရွာများနှင့် ဘုန်းကြီး ကျောင်းများ ဖြစ်သည်။

မောင်တောအနီးရှိ ဝေသာလီ၊ ရွှေရင်အေး၊ ဗောဓိကုန်း၊ ခရေမြိုင်၊ ကင်းချောင်း၊ ရွှေဗဟို၊ သရေကုန်းပေါ်၊ ကိုင်းကြီး၊ မောရ ဝတီ၊ ဥဒေါင်း စသည့် ရွာ ၁၀ ရွာခန့် မီးရှို့ဖျက်ဆီး ခံခဲ့ရသည်။ သို့သော် ထိုရွာများသို့ UN နှင့် နိုင်ငံတကာ NGO များ၏ အကူအညီ အနည်းငယ်သာ ရခဲ့ပြီး အဓိက အစိုးရ အုပ်ချုပ်ရေးပိုင်းကသာ ကူညီပေးခဲ့သည်။ ၂၀၁၂ ခုနှစ် အရေးအခင်းအတွင်း အဖျက်ဆီးခံရသော ဘင်္ဂါလီရွာ မရှိပါ။

မောင်တောဒေသတွင်း တကယ်တမ်း တိုက်ခိုက် ဖျက်ဆီးခံရသူများလည်းဖြစ်၊ လူနည်းစုလည်း ဖြစ်နေသော ရခိုင်တိုင်းရင်း သားများသည် လက်တွေ့စီးပွားရေး ဘဝတွင်လည်း အကြပ်အတည်း ကြီးသည်။ လယ်ယာပိုင်ဆိုင်မှု နည်းပါးပြီး ကြုံရာ ကျပမ်းဖြင့် ရုန်းကန် အသက်ရှင်နေရသည်။

ထို့အပြင် ၂၀၁၂ အရေးအခင်းကာလ တိုက်ခိုက်ခံရပြီးနောက် ပို၍ခက်ခဲလာကြသည်။ မောင်တော ဒေသတွင်း၌ နတ်မြစ် နှင့် ပင်လယ် ကမ်းခြေ တလျှောက်တွင် ဘင်္ဂါလီရွာများက စိုးမိုးထားရာ အသက်မွေးဝမ်းကျောင်း အတွက် မဆိုထားနှင့် ဟင်းစားအတွက် ငါးရှာဖားရှာပင် သွားရန် ခက်ခဲလာသကဲ့သို့ မယူတောင်တန်းအတွင်း တယောက်ချင်း နှစ်ယောက်ချင်း သွားလာ၍ ထင်းခုတ်ဝါးခုတ်ပြုရန် စိုးရိမ်စိတ်များ ရှိနေကြသည်။

ထို့ကြောင့် စိုင်းတင်တောင်တန်း မြောက်ဘက်ခြမ်းရှိ ထူထဲလှသော ဝါးတောကြီးမှ အရေအတွက် သိန်းချီသည့် ဝါး ထုတ် လုပ်မှုကို ဘင်္ဂါလီတို့ လုပ်ကိုင်နေကြသည်။

အထူးသဖြင့်၂၀၁၂ အရေးအခင်းအပြီး ရခိုင် တိုင်းရင်းသားထဲမှ တယောက်စ နှစ်ယောက်စ တောတောင်နှင့် မြစ်ချောင်း များသို့ သွားရောက် လုပ်ကိုင်ရင်း လက်သည်မပေါ်သော လူသတ်မှုများ ကြုံရသဖြင့် ပို၍ စိုးရိမ်စိတ်ရှိလာကြ ခြင်း ဖြစ် သည်။

ထို့အပြင် တချို့ ရခိုင် တိုင်းရင်းသားပိုင် လယ်များသည် ဘင်္ဂါလီတို့ လုပ်ကိုင်နေသည့် လယ်ယာမြေ အများအပြား ကြား တွင် ရှိရာ စိုးရိမ်မှုနှင့် သွားရောက် မလုပ်ရဲကြသည်ကို တွေ့ရသည်။ လုံခြုံရေး တာဝန်ရှိသူများကလည်း တောတောင် မြစ်ချောင်း လယ်ကွင်းများအထိ လုံခြုံရေး ယူပေးနိုင်ခြင်းမရှိပေ။

တချိန်တည်းတွင် မောင်တော မြို့နယ်ထဲရှိ ရခိုင်တိုင်းရင်းသား အများစုမှာ ကျပမ်းလုပ်ကိုင် စားသောက်ရပြီး နွမ်းပါးသူများ ဖြစ်သဖြင့် ကလေးငယ်များ ပညာရေးကို အားမပေးနိုင်။ ကျောင်းထားရန် အခက်အခဲရှိသည်။

မောင်တော မြို့နယ် မြောက်ပိုင်း တောင်ပြို လက်ဝဲ အနီး နံ့သာတောင် ပရဟိတ ကျောင်းတွင် ရခိုင်တိုင်းရင်းသား ကျောင်းသား လူငယ် ၄၀၀ ခန့်ကို တာဝန်ယူ၍ ပညာသင်ကြား ပေးနေသည်ကို တွေ့ရသည်။

ဘင်္ဂါလီ ကလေးငယ်များအတွက် UN နှင့် နိုင်ငံတကာ NGO များက စာအုပ်စာတမ်း ကျောင်းဝတ်စုံများမှအစ အကူအညီ ရရှိသည်။ ရခိုင်တိုင်းရင်းသား ကလေးငယ်များကတော့ ပရဟိတ အကူအညီ အနည်းငယ်မျှဖြင့်သာ ရုန်းကန်နေရသည်။

ဘင်္ဂါလီများသည် မောင်တောခရိုင်အတွင်း လူများစုဖြစ်နေသည်။ အိမ်ခြေထောင်နှင့် ချီသည့် ဘင်္ဂါလီရွာကြီးများသည် အိမ်ခြေ ဆယ်ဂဏန်း၊ ရာဂဏန်းသာ ရှိသည့် တိုင်းရင်းသားရွာများ၏ ပတ်လည်တွင် ရှိသည်။

ရခိုင် တိုင်းရင်းသားရွာများတွင် အစိုးရအုပ်ချုပ်ရေး အာဏာ သက်ရောက်သည်။ လယ်ထဲတွင် အိမ်ဆောက်လျှင် အရေးယူ ခံရမည်။ ရခိုင်ရိုးရာ စာပေယဉ်ကျေးမှု ဟောပြောခွင့်လုပ်မည် ဆိုလျှင် ခွင့်ပြုမိန့် တင်ရမည်။

သို့သော် ဘင်္ဂါလီရွာများတွင်မူ အစိုးရအုပ်ချုပ်မှု အာဏာသည် အပြည့်အဝ မသက်ရောက်ပေ။ လယ်ကွင်းထဲ အိမ်ဆောက် လျှင်လည်း အရေးယူခြင်းမရှိ။ နေရာအသစ်များတွင် အိုးအိမ်တည်လျှင်လည်း တားမြစ်ခံရခြင်းမရှိ။ ဗလီဆောက်လုပ်မှု တရားမဝင်ဟု ဆိုသော်လည်း ဗလီအလုံး ၁၀၀၀ ကျော်နှင့် ဝတ်ပြုခွင့်များရသည်။

ဘင်္ဂါလီရွာများအတွင်း ပြုလုပ်နေသော အစည်းအဝေးပွဲလမ်းများအား အုပ်ချုပ်ရေးပိုင်းက တားဆီးမှု မရှိသလောက် ဖြစ် သည်။ သို့ဖြစ်ရာ မောင်တောဒေသတွင်း၌ ဘင်္ဂါလီတို့သည် လွတ်လပ်သည့် အနေအထားကို ရနေသည်ဟု ဆိုနိုင်သည်။

အထူးသဖြင့်၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်း ဘင်္ဂါလီ မွတ်စလင် လက်နက်ကိုင် အဖွဲ့အစည်းတခု၏ အစိုးရတပ်ဖွဲ့ တပ်စခန်းများ ကို တိုက်ခိုက်မှု ဖြစ်ပွားလာပြီးနောက် မောင်တောခရိုင်တွင်း ရခိုင်တိုင်းရင်းသားတို့နှင့် အခြားဘာသာဝင်များကြား စိုးရိမ်မှု များပိုလာသည်။

၂၀၁၆ ခုနှစ် တိုက်ခိုက်မှုအပြီး အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်ရှိရာ ကျီးကန်းပြင် မြောက်ဘက် ကြိမ်ချောင်း ရွာရှိ ခမီးလူမျိုးများ ဝတ်ပြုရာ ခရစ်ယာန် ဘုရားကျောင်းအား ပြန်လည်ဖွင့်လှစ်ခြင်း မပြုနိုင်သေး။ မောင်တော တောင်ပိုင်း အစွန် ဘင်္ဂလားပင်လယ် ကမ်းခြေရှိ ကျောက်ပန္ဒူ ဟိန္ဒူဘုရားကျောင်းမှာလည်း ခြိမ်းခြောက် ခံရပြီး အစောင့် တယောက် သာ ထားပြီး ကျန်ဟိန္ဒူများ ပြောင်းရွှေ့ ပြေးကုန်ကြသည်။ နှစ်စဉ် ကျင်းပသော ဟိန္ဒူဘုရားပွဲလည်း မကျင်းပနိုင်ခဲ့သည်ကို တွေ့ရသည်။

မည်သို့ ကြည့်မြင်ကြမည်နည်း

ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီပြဿနာကို ကြည့်မြင်ကြရာတွင် နိုင်ငံတကာရှိ အချို့သူများသည် ၂၀၁၂ အရေးအခင်း ကာလ အတွင်း တိုက်ခိုက်ခံရသော ရခိုင်တောင်ပိုင်းရှိ ဘင်္ဂါလီအရေးကို ရှေ့တန်း တင်ကြည့်မြင်ကြပုံရသည်။

ရခိုင်မြောက်ပိုင်းရှိ ရခိုင်တိုင်းရင်းသားများ တိုက်ခိုက်ခံရမှုကို ထိန်ချန် ထားလေ့ရှိသည်။

ထို့အပြင် ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီလူဦးရေ အများစုကြီး ဖြစ်သည့် ၇၅ ရာခိုင်နှုန်းသည် မောင်တောခရိုင်အတွင်း တွင်ရှိ သည်။ ရခိုင် တောင်ပိုင်းတွင်၂၅ ရာခိုင်နှုန်း ခန့်သာ ရှိသည်။

သို့ဖြစ်ရာ ဘင်္ဂါလီအများစု နေထိုင်ရာ မောင်တောခရိုင်အတွင်း လယ်မြေအများစုနှင့် စိုက်ပျိုးရေးလုပ်ငန်းသည် ဘင်္ဂါလီတို့ လက်တွင်း၌ ရှိသည်။ နတ်မြစ်တလျှောက်နှင့် ဘင်္ဂလားပင်လယ်အော် တလျှောက် ရေလုပ်ငန်းကိုလည်း ဘင်္ဂါလီတို့ စိုးမိုး ထားသည်။

ဘူးသီးတောင် အရှေ့မြောက် တောင်တန်းများပေါ်မှ နှစ်စဉ် သိန်း ဆယ်ချီ၍ ထုတ်လုပ်သော ဝါးထုတ် လုပ်ငန်းကိုလည်း ဘင်္ဂါလီတို့ လုပ်ကိုင်နေသည်ကို တွေ့မြင်နိုင်သည်။ သူတို့တွင် နိုင်ငံသားကတ် မရှိ၍ သွားလာခွင့် မရှိသော်လည်း ဘင်္ဂလား ဒေ့ရှ်နှင့် သော်လည်းကောင်း၊ ရန်ကုန်နှင့်တိုက်ရိုက် အဆက်အသွယ်နှင့် ကူးသန်းရောင်းဝယ်မှု ရှိသည်။

UN နှင့် နိုင်ငံတကာ NGO များ၏ ပံ့ပိုးမှုအဖြစ် ရိက္ခာ ဆေးဝါးမှအစ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စိုက်ပျိုးရေး လမ်းပန်း ဆက်သွယ်ရေး မှအစ ကဏ္ဍပေါင်းစုံမှ ရရှိထားသည်။

ထို့အပြင် အစိုးရအုပ်ချုပ်ရေးအာဏာသည် ဘင်္ဂါလီရွာများတွင် သက်ရောက်ခြင်း လွန်စွာ အားနည်းသည်။ ပြဿနာ မဖြစ် အောင် လွှတ်ထားသည်က များသည်ဟုဆိုနိုင်သည်။

ဘင်္ဂါလီများသည် လူဦးရေများသဖြင့် လယ်ထဲကိုင်းထဲ သွားလျှင် ဖြစ်စေ၊ တောတောင်တွင်း သွားလျင်ဖြစ်စေ၊ မြစ်ထဲ ပင်လယ်ထဲ သွားလျှင်ဖြစ်စေ လူအင်အား တောင့်တင်း၍ မည်သည့် စိုးရိမ်စိတ်မှ မရှိကြ။

ထို့အပြင် လူမျိုးရေး အရေးအခင်းဖြစ်လျှင်လည်း မောင်တောခရိုင်အတွင်း လူအများစုဖြစ်သော ဘင်္ဂါလီရွာများ ပျက်စီးမှု မရှိ၊ ပျက်စီးမည့်အရေး စိုးရိမ်စရာ မလိုအပ်ခဲ့ပေ။

လူနည်းစုဖြစ်နေသော ရခိုင်တိုင်းရင်းသားများကား အထက်ပါအချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ လယ်မြေအနည်းစု သာ လက်ထဲတွင်ရှိသည်။ မောင်တော မြို့နယ်အတွင်း နတ်မြစ်နှင့် ဘင်္ဂလားပင်လယ်အော် ရေလုပ်ငန်းကိုလည်း ဝင်ရောက် လုပ်ကိုင်နိုင်ခြင်း မရှိပေ။

အလားတူပင် ဘူးသီးတောင် အရှေ့မြောက်ရှိ တောင်တန်းများရှိ ဝါးထုတ်လုပ်ငန်းကိုလည်း လုပ်ကိုင်နိုင်ခြင်း မရှိပေ။ နိုင်ငံသားကတ် ရှိ၍ ကူးသန်း သွားလာနိုင်သည် ဆိုသော်လည်း ၂၀၁၂ နောက်ပိုင်း ဘင်္ဂါလီများက ရခိုင်တိုင်းရင်းသားများ နှင့် မဖြစ်မနေကိစ္စ တချို့မှလွဲ၍ အရောင်းအဝယ် မလုပ်ကြတော့သဖြင့် ရောင်းဝယ်မှု ကြီးကြီးမားမား လုပ်မရပေ။

RelatedPosts

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
6
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
1.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
825

ထို့အပြင် ရခိုင်တိုင်းရင်းသားတို့သည် ဘဏ္ဍာ အင်အားတောင့်တင်းသည့် UN နှင့် နိုင်ငံတကာ NGO တို့မှ အကူမရကြ။ နံ့သာတောင် ပရဟိတ စာသင်ကျောင်းကဲ့သို့ အလှူရှင်နှင့် ပရဟိတသမားတို့၏ အကူအညီ အနည်းအပါးသာ ရှိသည်။

မောင်တောတွင် ဂျပန်ရောက် ရခိုင်များ၏ အလှူငွေများဖြင့် မတည်ထားသည့် ARG ခေါ် ရက္ခိုင်မျိုးစောင့်အဖွဲ့ ဆိုသည့် အဖွဲ့ငယ် တဖွဲ့ရှိသည်။ ရခိုင် တိုင်းရင်းသားများ၏ စိုက်ပျိုးရေး လုပ်ငန်းများကို ကူညီနေသည်။

သို့သော် ဘဏ္ဍာ အင်အား တောင့်လှသည် မဟုတ်သည့်ပြင် အစိုးရပိုင်းက မျိုးစောင့်ဟူသော အမည်ကြောင့် ဘာသာရေး ပဋိပက္ခ ရှောင်ရှားရန် လိုသည်ဟူသော ကြည့်မြင်ချက်ကြောင့် အုပ်ချုပ်ရေးပိုင်း၏ အကူအညီမရပေ။ ရခိုင်တိုင်းရင်းသား ကျေးရွာများတွင် အစိုးရအုပ်ချုပ်ရေး အာဏာ အပြည့်အဝ ထိရောက်သည်။ ထို့အတူ လူမျိုးရေး အဓိကရုဏ်း ဖြစ်ပွားပါက အသက်အိုးအိမ်များ ဆုံးရှုံးမှု အန္တရာယ်အတွက် စိုးရိမ်မှု ရှိကြသည်။ ကြုံလည်း ကြုံဖူးခဲ့ကြသည်။

သို့ဖြစ်ရာ ရခိုင်တောင်ပိုင်းရှိ ဘင်္ဂါလီလူနည်းစုများ အတွက် ကြည့်မြင် စဉ်းစားသင့်သည့်နည်းတူ ရခိုင်မြောက်ပိုင်း မောင်တော ခရိုင်အတွင်းရှိ ရခိုင်တိုင်းရင်းသား လူနည်းစု ဖြစ်နေသူများ၏ ပြဿနာကို ထည့်သွင်းစဉ်းစားရန် လိုသည်။

ထို့အပြင် မောင်တောခရိုင်အတွင်းရှိ ရခိုင်တိုင်းရင်းသားများသည် အထက်ပါ အခြေအနေများအပြင် ၂၀၁၆ နှစ်ကုန်ပိုင်းက စ၍ မူဂျာဟစ်ဒင် ဆိုသူများ၏ တိုက်ခိုက်မှု အန္တရာယ်များကိုလည်း ကြုံနေရသည်။

သို့ဖြစ်ရာ ဘင်္ဂါလီများအတွက် အန္တရာယ်ကင်းဇုန် လိုအပ်သည်ဟု စဉ်းစားခြင်းသည် ပြဿနာကို ဖြစ်ပွားနေသော ဘက် နှစ်ခု စလုံးကို ထည့်သွင်းမစဉ်းစားဘဲ တဖက်တည်းကို ကြည့်၍ စဉ်းစားခြင်းဖြစ်သည်။ ထိုတဖက်တည်းတွင်ပင် အများ စုကြီး အခြေအနေကို မကြည့်ဘဲ အနည်းစုကိုကြည့်၍ ပြောဆိုနေခြင်းဖြစ်သည်။

ဤသို့ ပြောဆို ချဉ်းကပ်ပုံမျိုးသည် ပြဿနာကို ဖြေရှင်းနိုင်မည် မဟုတ်ပါ။ တကယ်တမ်း တွေ့မြင်ရသည်မှာ စိုးရိမ်ပူပန်မှု သည် တဖက်တည်းတွင် ရှိနေသည် မဟုတ်ပါ။ နှစ်ဖက်စလုံးတွင် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို မှန်မှန်ကန်ကန် ထည့် သွင်း စဉ်းစားရန် လိုအပ်ပါသည်။

ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းမည်ဆိုလျှင် အခြေခံအားဖြင့် တရားဥပဒေနှင့်အညီ နိုင်ငံသားဖြစ်မှု ပြဿနာကို ကိုင်တွယ် ဖြေရှင်းရန်သာ ဖြစ်ပေသည်။ ဤပြဿနာကို ရှောင်လွှဲပြီး သို့မဟုတ် ချန်ထားပြီး ပြဿနာကို ဖြေရှင်းရန် ကြိုးစားမှုများသည် ပြဿနာကို ပြေလည်ရန် ခက်ခဲသည်။ နိုင်ငံသားဖြစ်မှုနှင့်အတူ နိုင်ငံ၏ တရားဥပဒေ အုပ်ချုပ်ရေး စည်းမျဉ်းစည်းကမ်း အောက်တွင် ရှိရေးသည် အရေးကြီးဆုံး ပြဿနာဖြစ်သည်။

ဤသည်မှာ အများပြောဆိုကြသည့် နိုင်ငံတော် အချုပ်အခြာ အာဏာ ဆိုသည်အတွက် အရေးပါသည့် အချက်လည်း ဖြစ်သည်။

အပိုင်း ၄ ကို ဆက်လက်ဖတ်ရှုပါ။

(မောင်မောင်စိုးသည် ဖယ်ဒရယ်၊ တိုင်းရင်းသားနှင့် နယ်စပ်ရေးရာများကို အထူးပြုလေ့လာနေသော ရန်ကုန်အခြေစိုက် သုတေသီတဦး ဖြစ်သည်)

 ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး အနီးကပ် အပိုင်း – ၁

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၂

Your Thoughts …
Tags: ဘင်္ဂါလီ
မောင်မောင်စိုး

မောင်မောင်စိုး

Contributor

Similar Picks:

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများနှင့် “ရာဇာကာများ”

ဘင်္ဂလားဒေ့ရှ် ဆန္ဒပြပွဲများနှင့် “ရာဇာကာများ”

by ဧရာဝတီ
29 July 2024
2.9k

ဆန္ဒပြပွဲများအတွင်း ဝန်ကြီးချုပ် ရှိတ် ဟာစီနာသုံးစွဲသည့် စကားတလုံးဖြစ်ပြီး ထိုစကားလုံးကြောင့် ဆန္ဒပြသူများထံမှ ဒေါသတကြီး တုံ့ပြန်မှုဖြစ်စေသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်  /  ဧရာဝတီ

ဘင်္ဂါလီ၊ ရိုဟင်ဂျာ အမည်နာမ ပြဿနာနှင့် AA ပြောတဲ့ရပ်တည်ချက်

by နန်းလွင်နှင်းပွင့်
11 December 2019
152.9k

ကျနော့် စိတ်ထဲက စေတနာအမှန်နဲ့ လူသားစိတ်ကို အခြေခံပြီး ပြောတာပါ။ သူတို့ကို နယ်စပ် စခန်းတွေမှာ ပိတ်လှောင်ထားပြီး စာနာတယ် ဆိုပြီး ထမင်းကျွေးထားတယ်။ ဘယ်မှ ပေးမသွားဘူး။ အလုပ် အကိုင်လည်း လုပ်ခွင့်မရှိဘူးဆို သူ့ရဲ့ဒုက္ခက ပိုကြီးပါတယ်။...

၂၀၁၆ ခုနှစ် အင်ဒိုနီးရှားရှိ မြန်မာသံရုံးရှေ့ ဆန္ဒပြနေသူတဦး / Reuters

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၆

by မောင်မောင်စိုး
25 July 2017
5.3k

ပြဿနာသည် နိုင်ငံတကာက အာရုံစိုက်သည့် ပြဿနာလည်း ဖြစ်လာခဲ့သည်။ ကြာမြင့်စွာပစ်ထားခဲ့၍ ရောဂါရင့်မှ ကုသရသည့် အခြေအနေမျိုးလည်း ဖြစ်နေပေတော့သည်။

နယ်ခြားစည်းရိုးနားတွင် ကင်းစောင့်နေသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ / ဧရာဝတီ

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၅

by မောင်မောင်စိုး
22 July 2017
14.4k

၁၉၄၂ ခု ရခိုင်ဘင်္ဂါလီ အရေးအခင်း မူဂျာဟစ်ဒင် ပုန်ကန်မှုနှင့် အလယ်သံကျော် ညီလာခံတို့သည် ရခိုင်ဘင်္ဂါလီ ပြဿနာ ဖြေရှင်းရေး စဉ်းစားရာတွင် ထည့်သွင်းစဉ်းစားရမည့် အချက်များ ဖြစ်သည်။

၂၀၁၅ ခုနှစ် တပ်မတော် ရေ က မြန်မာ့ပင်လယ်ပြင်ထဲတွင် တွေ့ရှိသော သင်္ဘောပေါ်ပါ ရွှေ့ပြောင်းသွားလာသူ ဘင်္ဂါလီများအား တွေ့ရစဉ် / Reuters

ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေး အနီးကပ် အပိုင်း – ၄

by မောင်မောင်စိုး
21 July 2017
20.8k

ရိုဟင်ဂျာ ဆိုသော အသုံးအနှုန်းသည် လွတ်လပ်ရေးခေတ် နောက်ပိုင်းမှ ပေါ်လာသော အသုံးအနှုန်းဟု ဆိုရပါမည်။

ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာရေးကို ရိုဟင်ဂျာအဖြစ် အသိအမှတ်ပြုရေးနှင့် ချိတ်ဆက်ထားခြင်းက ပြဿနာကို ဖြေရှင်းရန် ပိုခက်သွားစေသည် / Reuters 

၂၀၁၇ – ၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခများ အပိုင်း-၁

by မောင်မောင်စိုး
26 July 2019
14.1k

ပြဿနာ ဖြေရှင်းရေး လိုအပ်နေသည့် အခြေခံမှာ ဒေသခံ ရခိုင်လူထု၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ခံမှု ရရှိရေးဖြစ်သည်။

Next Post
ဖမ်းဆီးခံ သတင်းသမားများ လွတ်မြောက်ရေး ရန်ကုန်တွင် တောင်းဆိုဆန္ဒပြကြစဉ် / မျိုးမင်းစိုး / ဧရာဝတီ

ပုဒ်မ ၁၇(၁) နှင့် မီဒီယာသမားများ

မွန်ပြည်သစ်ပါတီ ညှိနှိုင်းရေး ကော်မီတီမှ ၂၀၁၇ ခုနှစ် မတ်လ၌ မွန်အမျိုးသား ပါတီနှင့် တွေ့ဆုံနေစဉ်  / ဝဏ္ဏမာန်

မွန်ပါတီ ၂ ခုပေါင်းစည်းရေး အလွတ်သဘောညှိနှိုင်းရန် ကိုယ်စားလှယ်များ ရွေးချယ်

No Result
View All Result

Recommended

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

1 day ago
848

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved