• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သူမတို့နှင့် ၈၈ အရေးတော်ပုံ

by ဧရာဝတီ
8 August 2017
in ဆောင်းပါး
A A
သူမတို့နှင့် ၈၈ အရေးတော်ပုံ
24.7k
VIEWS
Share on FacebookShare on Twitter

၁၉၆၂ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံကြုံတွေ့ခဲ့ရသော လူမှုနှင့်နိုင်ငံရေး အုံကြွမှုများအားလုံးအနက် ၁၉၈၈ လူထုအုံကြွမှု အ ရေးအခင်းသည် ခေတ်သစ် မြန်မာနိုင်ငံသမိုင်းတွင် အထင်ရှားဆုံးဖြစ်သည်ဟု အများက မြင်ကြသည်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ရက်နေ့တွင် အထွတ်အထိပ် ရောက်သွားသည့် ၆ လတာ ကာလအတွင်း မြန်မာတနိုင်ငံလုံးမှ ပြည် သူများသည် ၎င်းတို့ကို ၂၆ နှစ်ကြာ ဖိနှိပ်ခဲ့သော စစ်အာဏာရှင်စနစ်ကို အာခံရန် လမ်းမများပေါ်သို့ တက်လာကြသည်။

သွေးထွက်သံယိုများသော စစ်အာဏာသိမ်းမှုဖြင့် အဆုံးသတ်ခဲ့သော်လည်း လူငယ်များသည် ရရာနည်းလမ်းဖြင့် စစ်အစိုး ရကို အာခံပြီး အကျဉ်းထောင်များ၊ အဝေးတိုင်းပြည်များနှင့် နယ်စပ်ဒေသများတွင် ၈၈ ဒီမိုကရေစီလိုလားသော လှုပ်ရှားမှု စိတ်ဓာတ်ကို ဆက်လက်ရှင်သန်အောင် ထိန်းသိမ်းခဲ့ကြသည်။ ၎င်းတို့၏ အားထုတ်မှု၊ စွမ်းအားနှင့် စိတ်ပိုင်းဖြတ်မှုများ သည် ယနေ့ခေတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်သည့် အရပ်သားအစိုးရအတွက် လမ်းခင်းပေးခြင်း ဖြစ် သည်ဟု ယုံကြည်ကြသည်။

ထိုလူထုအုံကြွမှုအရေးအခင်း ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် နိုင်ငံ့ကောင်းကျိုးအတွက် အသက်ကို စတေးရဲခဲ့သူများနှင့် ၎င်းတို့၏ ရဲဘော်ရဲဘက်နိုင်ငံသားများကို မိမိတို့အနေဖြင့် ဂုဏ်ပြုအပ်ပေသည်။

ဧရာဝတီသတင်းဌာနသည် ဒီမိုကရေစီလှုပ်ရှားမှု၏တပ်ဦးတွင် အမျိုးသားများနှင့် ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်ခဲ့သူ အ များ အပြားကို ကိုယ်စားပြုနိုင်ရန် ၁၉၈၈ ဖြစ်ရပ်များက လှုံ့ဆော်ပေးခဲ့သော သို့မဟုတ် ပါဝင်တိုက်ပွဲဝင်ခဲ့သော အမျိုးသမီး ၇ ဦးတို့၏ ဘဝရုပ်ပုံလွှာများကို ဖော်ပြလိုက်သည်။

ထိုအမျိုးသမီးအများစုသည် ကဏ္ဍအသီးသီးတွင် နိုင်ငံရေးအရ တက်ကြွနေဆဲဖြစ်ပြီး တရားမမျှတမှုများကို ဆက်လက် တိုက်ပွဲဝင်နေကြသူများရှိသလို၊ လိုအပ်သော ပြည်သူလူထုအကျိုးကို ဆောင်ရွက်နေသူများလည်းရှိပြီး ၂၉ နှစ်ကြာ သမိုင်း အမွေကို ဖြည့်ဆည်းနေကြသည်။

၈၈ရဲ့အာဇာနည် မဝင်းမော်ဦး

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့လယ်ရှိ ကန့်ကွက် ဆန္ဒသူများကို မြန်မာစစ်တပ် စစ်သားများက သိမ်းကျုံးပစ်ခတ်သောအခါ မဝင်းမော်ဦးသည် ဆန္ဒပြစစ်ကြောင်း၏ တပ်ဦးတွင် ရှိနေသည်။ သေနတ်ဒဏ်ရာများ ရရှိထားသော်လည်း ထိုစဉ်က အထက်တန်းကျောင်းသူအရွယ်သာ ရှိသေးသော မဝင်းမော်ဦးသည် သူမကိုင်ထားသော ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံကို မြေကြီးပေါ်သို့ လဲကျသွားချိန်အထိ မလွှတ်ပဲကိုင်ထားသည်ဟု မျက်မြင်များအဆိုအရ သိရသည်။ ထိုနောက် အရေးပေါ်ကုသမှုရရန်အတွက် သွေးစက်စက်နစ်နေသော သူ၏ ခန္ဓာကိုယ်ကို ဆရာဝန်နှစ်ဦးက လာရောက်သယ်ဆောင်သွားခဲ့သည့်ပုံသည် သမိုင်းဝင် ဓါတ်ပုံဖြစ်လာခဲ့သည်။ ထိုပုံကို နိုင်ငံခြားသတင်းထောက်တဦးရိုက်ကူးခဲ့ခြင်းဖြစ်ပြီး၊ ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ထုတ် နယူးဒ်ဝိခိမဂ္ဂဇင်း အာရှစာစောင်တွင် ဖေါ်ပြခံခဲ့ရသည်။ အသက် ၁၆ နှစ်အရွယ် မဝင်းမော်ဦးသည် သူ့အသက် စတေးခဲ့ရသည့် ရက်စက်ကြမ်းကြုတ်သောဖြိုခွဲနှိမ်နင်းမှုကို ထင်ဟပ်ဖော်ပြသည့် သင်္ကေတဖြစ်လာသည်။

အသက်ကိုစတေးခဲ့သည့်အပြင် မဝင်းမော်ဦး၏နောက်ဆုံးစကားများသည် ၁၉၈၈ အရေးတော်ပုံတွင် တိုက်ပွဲဝင်ခဲ့သူများ၏ ဦးမညွတ်သော စါတ်ဓါတ်ကိုလည်း ထင်ဟပ်နေသည်။ မြန်မာနိုင်ငံ၏ ရှေးရိုးစဉ်လာ ယုံကြည် လက်ခံထားသော အစဉ်အလာတရပ်မှာ သေဆုံးသူတဦးဦးဝိညာဉ်သည် ကျန်ရစ်သူမိသားစုက သူ့ကိုရည်ရွယ်ပြုလုပ်သည့် ကောင်းမှုများကို အမျှပေးဝေခံရခြင်းမရှိပါက မလွှတ်မြောက်နိုင်ဟူသော အယူအဆ ဖြစ်သည်။ ဖခင်ဖြစ်သူထံ သူမနောက်ဆုံးတောင်းဆိုခဲ့သော အချက်မှာ တိုင်းပြည်တွင် ဒီမိုကရေစီ မရမခြင်း သူ့အတွက် အမျှပေးဝေခြင်းမပြုရန်ပင် ဖြစ်သည်။

နောက် ၂၈ နှစ်အကြာ ၂၀၁၆ ခုနှစ် မေလ တွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီမိုကရေစီနည်းကျရွေးချယ်ခံရသောအစိုးရအဖြစ် အာဏာရလာပြီးနောက် မဝင်းမော်ဦး၏မိသားစု က သူမအတွက် ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာနှင့်အညီ အမျှပေးဝေခဲ့ပြီး သူမဝိညာဉ်ကို လွှတ်မြောက်စေခဲ့သည်။ စောစီးစွာ ကြေလွင့်ခဲ့ရသူတဦးဖြစ်သော်လည်း၊ လွန်ခဲ့သည့် ၂၉ နှစ်က ကျောင်းသားလူငယ်များ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး လမ်းမများပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ချိန်တွင် ကျည်ဆံများအကြား အသက်ပေးခဲ့ရသည့် အခြားကျောင်းသားလူငယ်များနှင့် အတူ သူမကို သတိတယ ရှိနေမည် ဖြစ်သည်။

(ကျော်ဖြိုးသာ ရေးသားသည်)

ပြည်သူ့ကိုယ်စားလှယ် ဒေါ်သန္တာ

အာဏာရှင်အစိုးရကို လမ်းမပေါ်ထွက် ကန့်ကွက် ဆန္ဒပြခဲ့ပြီး ၂၉ နှစ်အကြာတွင် မသန္တာသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးအဖြစ် လွှတ်တော်တွင်းတွင် ဥပဒေသစ်များပြဌာန်းခြင်းနှင့် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲတွင် ပါဝင်ဆောင်ရွက်ခြင်းတို့ကိုလုပ်ဆောင်နေသည်။

ရှစ်လေးလုံးအရေးတော်ပုံကာလတွင် သူသည် ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှ ဆန္ဒပြပွဲများကို ဦးဆောင်ခဲ့သည့် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်အာဏာသိမ်းမှုအပြီး ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်မှုကြောင့် သူ့ကိုဖမ်းဆီးရန် ဝရမ်းထုတ်ခဲ့သည်။ မသန္တာသည် အိမ်မှထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ကာလအတန်ကြာအထိ ပုန်းအောင်းနေခဲ့ရသည်။ ထို့နောက် သူမသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်ဖြစ်လာသည်။

ဒီမိုကရေစီအရေးလှုပ်ရှားမှုဖြင့်ပင် ၂၀၀၇ ခုနှစ်တွင် အဖမ်းခံခဲ့ရသည်။ စစ်ကြောရေးတွင် ညှဉ်းပမ်းနှိက်စက်ခံရပြီးနောက် အင်းစိန်ထောင်တွင် ၆ နှစ်အကျဉ်းချခံခဲ့ရသည်။

လူ့အခွင့်အရေးကိစ္စများတွင် ကာလကြာစွာတက်ကြွလှုပ်ရှားခဲ့သူတဦးဖြစ်သူ ဒေါ်သန္တာသည် အကျဉ်းထောင်မှလွတ်မြောက်ပြီးနောက်ပိုင်း ဒီမိုကရေစီနှင့် အမျိုးသမီးငြိမ်းချမ်းရေးကွန်ရက်ကို နိုင်ငံရေးအကျဉ်းသူဟောင်းများနှင့်အတူ ပူးတွဲတည်ထောင်ခဲ့ပြီး တရားမျှတမှုနှင့် အမျိုးသမီးအခွင့်အရေးများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ မြေယာသိမ်းယူမှုများကိုလည်းဆန့်ကျင်ခဲ့သည်။

လွန်ခဲ့သော ၃ နှစ်က ဒေါ်သန္တာသည် သူ၏ခင်ပွန်းဖြစ်သူ ကိုအောင်ကျော်နိုင်ကို ဆုံးရှုံးခဲ့သည်။ ကိုအောင်ကျော်နိုင်သည် ကိုပါကြီးအမည်ဖြင့်စာရေးပြီး တခါက ဒေါ်အောင်ဆန်းစုကြည်၏ သက်တော်စောင့်လည်းလုပ်ခဲ့ဖူးသည်။ မြန်မာ့တပ်မတော်ကစုံစမ်းစစ်ဆေးစဉ်အတွင်း ကိုပါကြီးသေဆုံးသည်ဟူသောသတင်းကိုကြားရချိန်တွင် မသန္တာသည် ကုလသမဂ္ဂက သူ၏ဆောင်ရွက်ချက်များအတွက်ပေးသောဆုကိုလက်ခံရန် ဘန်ကောက်သို့ရောက်ရှိနေခဲ့သည်။

သူ၏ခင်ပွန်းသေဆုံးမှုတွင် စစ်သားနှစ်ဦးကို တရားစွဲခဲ့ပြီး နောင်တွင်စစ်ခုံရုံးကပြန်လွှတ်ပေးခဲ့သော်လည်း ဒေါ်သန္တာ၏ တရားမျှတမှုအတွက် ဆက်တိုက်တောင်းဆိုမှုများကြောင့် တပ်မတော်က ကိုပါကြီးကို ထိန်းသိမ်းထားစဉ်အတွင်း သေနတ်ဖြင့် ပစ်ခဲ့ကြောင်းကြေညာခဲ့ရသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အသက် ၄၈ နှစ်အရွယ်ရှိ မသန္တာသည် ဇာတိဖြစ်သည့် ဧရာဝတီတိုင်းအိမ်မဲမြို့နယ်မှ ရွေးကောက်ခံကိုယ်စားလှယ်တဦး ဖြစ်လာပြီး ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဝင်တဦးလည်းဖြစ်လာသည်။

“ကျမတို့ဟာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အများကြီးရင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့် အမှန်တရား မရရှိခဲ့ဘူး။ နောင်မျိုးဆက်တွေ ကျမတို့လို မခံစားရအောင် ကာကွယ်နိုင်မယ်ဆိုရင် ဒါကအောင်မြင်မှုတခုပဲ” ဟုသူပြောသည်။

(စမ်းယမင်းအောင် ရေးသားသည်)

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
80
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
363
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.5k

နှင်းပန်းအိမ် (သို့) နောက်တန်းမှ မရှိမဖြစ်လိုအပ်သူ

နှင်းပန်းအိမ် ကဲ့သို့သော လူများထံမှ စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုမပါဘဲ စစ်အစိုးရအောက် မြန်မာနိုင်ငံအကျဉ်းထောင်များတွင် ရှင်သန်ရန်မှာ တွေး၍မရအောင်ပင်ခက်ခဲလှသည်။

ထောင်သွင်းအကျဉ်းချခံထားရသော မိမိချစ်ခင်သူများကို စောင့်ရှောက်နိုင်ရန်ရုန်းကန်ခဲ့ရသော အခြားသော နိုင်ငံရေးအကျဉ်းသား မိသားစုဝင်ပေါင်းများစွာကဲ့သို့ပင် နှင်းပန်းအိမ်သည် ခင်ပွန်းသည် ကိုနေဦးကို ကာလကြာရှည်စွာ ထောက်ပံ့ခဲ့သည်။ ကိုနေဦးသည် ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုတွင် ပါဝင်သောကြောင့် ထောင် ၈ နှစ်ကျခံခဲ့ရသည်။

နှင်းပန်းအိမ်၏ ထိုကဏ္ဍသည် သူမ အသက် သုံးနှစ်အရွယ် ၁၉၆၉ ခုနှစ် ကဖခင်ဖြစ်သူကို ပထမဆုံး ထောင်ဝင်စာ သွားရောက်တွေ့ဆုံရစဉ်မှာပင် စတင်ခဲ့သည်။ ဖခင်သည် သတင်းသမားနှင့် ငြိမ်းချမ်းရေးလှုပ်ရှားသူတဦးဖြစ်ပြီး ၁၉၆၆ ခုနှစ်ကဗိုလ်ချုပ်နေဝင်း၏ဖမ်းဆီးမှုကိုခံရသည်။ ထိုစဉ်က ဖခင်ဖြစ်သူကိုထောင်ဝင်စာသွားရောက်တွေ့ဆုံခြင်းသည် ဘဝတလျှောက်လုံး အကြိမ်ရာချီသည့် ထောင်ဝင်စာတွေ့ဆုံခြင်းများ၏ နိဒါန်းပင်ဖြစ်သည်။

ခင်ပွန်းဖြစ်သူ ထောင်သွင်းအကျဉ်းချထားခံရသည့် ဝေးကွာလှသော ကလေးဒေသမှ ထောင်ကို နှင်းပန်းအိမ်သည် ၁၉၈၈ ခုနှစ်မှ ၂၀၀၅ ခုနှစ်အတွင်း အကြိမ်ပေါင်း ၂၀၀ ကျော်သွားရောက်ခဲ့သည်။ ထိုခရီးသည် ရှည်လျှားလှသလို ခက်လည်းခက်ခဲသော်လည်း ထောင်ဝင်စာတွေ့ချိန်မှာ ၁၅ မိနစ်သာရသည်။ နှင်းပန်းအိမ်သည် ထောင်ဝင်စာတွေ့ရန် ၅ နှစ်အရွယ်သားငယ်နှင့်အတူ ရန်ကုန်မှ မန္တလေးအထိ ရထားဖြင့် မိုင် ၄၀၀ ကျော်သွားရသည်။ ထိုမှ ဘတ်စ်ကားဖြင့် ကလေးတောနက်နက်ကိုဖြတ်ကာ နောက်ထပ် မိုင် ၁၆၀ သွားရသည်။ လမ်းတွင် ရေစီးသန်သော ချင်းတွင်းမြစ်ကိုလည်းလှေဖြင့်ကူးလိုက်ရသေးသည်။

ဆိုးရွားပြီးလက်ခံနိုင်ဖွယ်မရှိသော အခြေအနေတွင် ဖမ်းဆီးခံထားရသော ခင်ပွန်းသည်ကိုတွေ့ပြီးနောက် နှင်းပန်းအိမ်သည် ခင်ပွန်းဖြစ်သူနှင့်အခြားနိုင်ငံရေးအကျဉ်းသားများကို ၂ ပါတ်တကြိမ် ထောင်ဝင်စာပုံမှန်တွေ့ပြီး၊ အစားအစာ၊ ဆေးဝါးနှင့် အခြားလိုအပ်သည်များကို ပံ့ပိုးပေးနိုင်ရန်အတွက် ကလေးတွင်သာနေထိုင်ရန်ဆုံးဖြတ်လိုက်သည်။ ဘဝရပ်တည်ရေးအတွက် ထိုမြို့ဈေးတွင် သူမ ငပိရောင်းခဲ့သည်။

မိသားစုကထောင်ဝင်စာသွားရောက်တွေ့ဆုံခြင်းသည် နိုင်ငံရေးအကျဉ်းသားများအတွက် စိတ်ပိုင်း၊ရုပ်ပိုင်း အထောက်အပံ့ဖြစ်သည်ဟု သူမအနေနှင့်လက်ခံထားသည်။ နိုင်ငံရေးအကျဉ်းသားများသည် သူ၏အမြင်တွင် ရှေ့တန်းစစ်မျက်နှာတွင် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေသူများဖြစ်သည်။ ခင်ပွန်းဖြစ်သူကို ပုံမှန်သွားရောက်တွေ့ဆုံသည့်အပြင် သူသည် အခြားသော နိုင်ငံရေးအကျဉ်းသားများ၏မိသားစုများ ဝေးလံသောထောင်များသို့သွားရောက်နိုင်ရန်လည်း ကူညီခဲ့သည်။

၁၉၉၉ ခုနှစ်သို့ရောက်သောအခါ သူသည် ထောင်စင်စာသွားရောက်တွေ့ဆုံရာတွင် ကြုံတွေ့ရသည့်အခက်အခဲများကို သူ၏အတွေ့အကြုံနှင့် အခြားအကျဉ်းသားများ၏ပြန်လည်ပြောပြချက်များအပေါ်အခြေခံကာ ဇာတ်လမ်းအများအပြားအဖြစ်ပြောင်းလဲပစ်လိုက်သည်။ အမည်ရင်းမှာ ဒေါ်သန္တာဖြစ်သော်လည်း နှင်းပန်းအိမ်အမည်ဖြင့် ထိုဇာတ်လမ်းများကိုရေးသားပြီး ထိုအမည်ဖြင့်သာလူသိများကြသည်။

ယခုအသက် ၅၂ နှစ်အရွယ် စာရေးဆရာမ နှင်းပန်းအိမ်သည် နိုင်ငံရးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏မိသားစုများကို ဆက်လက်ကူညီနေသည်။

သူသည် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ အစီအစဉ်အရ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ၎င်းတို့၏မိသားစုများ၊ အသက်မွေးဝမ်းကြောင်းပညာသင်ကျောင်းများမှ အမျိုးသမီးများ၏ အတိတ်မှ ခြောက်လန့်နေသော စိတ်ဒဏ်ရာများ၊ စိတ်ဖိစီးမှုများနှင့် စိုးရိမ်သောကများကို နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းများလုပ်ဆောင်နေသည်။

(စမ်းယမင်းအောင် ရေးသားသည်)

ဝန်ကြီးချုပ်ဖြစ်လာတဲ့ အကျဉ်းသူ ဒေါ်နန်းခင်ထွေးမြင့်

ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်မြောက်ရေအဖွဲ့ချုပ် (ဖဆပလ) အစိုးရလက်ထက် ကရင်ပြည်နယ်ကောင်စီ အကြီးအကဲဖြစ်သော ဖခင်ဖြစ်သူ ဒေါက်တာစောလှထွန်း တချိန်က ဖွင့်လှစ် ရုံးထိုင်ခဲ့သော အဆောက်အဦးတွင် သမီးဖြစ်သူ ဒေါ်နန်းခင်ထွေးမြင့်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော အစိုးရအဖွဲ့၏ ကရင်ပြည်နယ် အစိုးရဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသည်။

အသက် ၆၃ နှစ် အရွယ် ဒေါ်နန်းခင်ထွေးမြင့်သည် သူ၏ ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်မှုအပြင် မိသားစု၏ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးသမိုင်များကြောင့် စွန့်လွတ်ပေးဆပ်မှုများစွာ ကြုံခဲ့သည်။

ငယ်ရွယ်စဉ်ကပင် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပြီး၊ ၁၉၇၅ ခုနှစ်တွင် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်သောကြောင့် ဖမ်းဆီးခံရသည်။ ၁၉၉၀ ခုနှစ်များအတွင်းတွင်လည်း အကြိမ်ကြိမ် ဖမ်းဆီးထိန်းသိမ်းခံရပြီး အင်းစိန်နှင့် မော်လမြိုင်ထောင်တို့တွင် နေရခဲ့သည်။

၁၉၈၈ အရေးတော်ပုံအပြီး၊ ၁၉၈၉ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) စတင်ဖွဲ့စည်းစဉ်ကပင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး NLD ၏ နိုင်ငံရေးလမ်းကြောင်းပေါ်တွင် ယုံယုံကြည်ကြည်နှင့် စိုက်လက်မတ်တတ် လိုက်ပါခဲ့သူ အဖွဲ့ဝင်တဦး ဖြစ်သည်။ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခဲ့သည့် ဘားအံမဲဆန္ဒနယ်မှပင် ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ယှဉ်ပြိုင်အနိုင်ရခဲ့သည်။

နိုင်ငံရေးသမားတဦး၏သမီးဖြစ်သည့် ဒေါ်နန်းခင်ထွေးမြင့်သည် အိမ်တွင်း နိုင်ငံရေးစကားဝိုင်းများမှတဆင့် ဖက်ဒရယ်စနစ်၊ နိုင်ငံရေးနှင့် တိုင်းရင်းသားလူမျိုးစုသမိုင်းကို ငုံမိပြီး ဒီမိုကရေစီ ပြည်ထောင်စုတရပ် ပေါ်ထွန်းရေးလှုပ်ရှားမှုတွင် စိတ်နှစ်ကိုယ်နှစ် ဆောင်ရွက်သူ ဖြစ်သည်။

သူမဖခင်သည် မြန်မာနိုင်ငံမှ လူမျိုးစုကိုယ်စားလှယ်များ၏ ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်မည့် ၁၉၆၀ ခုနှစ်များက ဖက်ဒရယ်လှုပ်ရှားမှုကို ထောက်ခံသူဖြစ်သည်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ဖဆပလ ဝန်ကြီးများနှင့် ရှမ်း၊ ကချင်၊ ကရင်နီ၊ ကရင်နှင့် ချင်းဒေသများမှ လူမျိုးစုခေါင်းဆောင်များအား ဖမ်းဆီးရာတွင် အခြားသူများနှင့်အတူ အဖမ်းခံရသည်။
ဒေါ်နန်းခင်ထွေးမြင့်၏ မိသားစုသည် စစ်အစိုးရခေတ်တွင် အမြဲတစေ လိုက်လံနှောက်ယှက်ခြင်း ခံခဲ့ရသည်။

အမျိုးသမီးများသည် စိန်ခေါ်မှုများကို အကောင်းဆုံးဖြေရှင်းနိုင်စွမ်းရှိသည်ဟု ခိုင်မာစွာယုံကြည်သူဖြစ်ပြီး အခြားအမျိုးသမီးများကိုလည်း နိုင်ငံရေးနှင့်မျက်မှောက်ရေးရာများတွင် ပါဝင်ရန် သူတိုက်တွန်းသည်။

“အမျိုးသမီတွေအနေနဲ့ ကျမတို့ဟာ ဘယ်တော့မှ ကိုယ့်ကိုကိုယ် အားနည်းသူ အဖြစ် မမြင်သင့်ဘူး။ သူများနဲ့ တန်းတူမလုပ်နိုင်ဘူးလို့ ဘယ်တော့မှ မစဉ်းစားသင့်ဘူး။ အမျိုးသမီးတိုင်း ငါတို့ အရာရာမှာ ရင်ဘောင်တန်းလုုပ်နိုင်တယ်လို့ စဉ်းစားစေချင်တယ်” ဟု ယခုနှစ်အစောပိုင်းက ဒေါ်နန်ခင်ထွေးမြင့် က ဧရာဝတီသို့ ပြောဆိုခဲ့သည်။

(ငြိမ်းငြိမ်း ရေးသားသည်)

အကူအညီမဲ့သူများအတွက် ဒေါက်တာစင်သီယာမောင်နှင့် ဒေါ်အေးအေးမာ

မြန်မာနိုင်ငံ၏ မာသာထရီဆာ ဟုမကြာခဏ ရည်ညွှန်းပြောဆိုခံရသူ ဒေါက်တာ စင်သီယာမောင်သည် ရွှေ့ပြောင်းလုပ်သားများနှင့် ပြည်တွင်းစစ်၏ စစ်ဘေးရှောင်တိုင်းရင်းသားလူမျိုးစုငယ်များအပါအဝင် ထိုင်းမြန်မာ နယ်စပ်ဒေသမှ အကူအညီလိုအပ်နေသော ရပ်ရွာအသိုင်းအဝန်းများအတွက် ခွန်အားရင်းမြစ်ပင် ဖြစ်သည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး ထောက်ခံဆန္ဒပြလှုပ်ရှားမှုအပြီးတွင် ဒေါက်တာစင်သီယာမောင်သည် ကရင်ပြည်နယ်မှ ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံဘက်ခြမ်း နယ်စပ်မဲဆောက်မြို့စွန်တွင် ဆေးခန်းတခုကို ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်က ဆေးခန်းသည် ညစ်ပတ်ပေရေသောကြမ်းပြင်သာရှိသော အဆောက်အအုံတခုအတွင်းတွင် ဖြစ်သည်။ သူမ တည်ထောင်ခဲ့သည့် ထိုမယ်တော်ဆေးခန်းသည် ယနေ့ကာလတွင် ဝန်ထမ်းပေါင်း ၇၀၀ ရှိပြီး လစဉ် လူနာ ၃၀၀ ကျော်ကို ကုသပေးလျက်ရှိသည်။ မယ်တော်ဆေးခန်းတွင် မြေမြှုပ်မိုင်းသင့်လူနာများအား ကုုသပေးခြင်းမှ စိတ်ချရသော ကလေးမီးဖွားခြင်းအပြင် အိပ်ချ်အိုင်ဗီပိုးကူးစက်ခံရသူများကို နှစ်သိမ့်ဆွေးနွေးပညာပေးခြင်းအထိ ရောဂါမျိုးစုံ ကုသပေးနေသည်။

လူသိများကျော်ကြားသော ဒေါက်တာစင်သီယာသည် ယနေ့အချိန်ထိ လူသားချင်းစာနာမှု ဆုတံဆိပ်ဒါဇင်ပေါင်းများစွာဖြင့် ဂုဏ်ပြုခံရပြီးဖြစ်ကာ၊ မြန်မာနိုင်ငံ၏လူမျိုးစုဒေသများတွင် ဗဟိုချုပ်ကိုင်မှုဖြေလျော့သော ရပ်ရွာအခြေစိုက်ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်ထွန်းရေးကို တွန်းအားပေး စည်းရုံးသူလည်း ဖြစ်သည်။

ကျော်ကြားလှသည့် ကရင်လူမျိုးသမားတော်ကြီးသည် အခြားလူငယ်၊ လူရွယ်များကို ၎င်းကဲ့သို့ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်လာစေရန် စိတ်ဓါတ်ခွန်အားဖြစ်စေသူလည်း ဖြစ်သည်။ ထိုအထဲတွင် မဲဆောက်မှာပင်အခြေစိုက်သည့် အမျိုးသမီးနှင့် ကလေးငယ်များအား လူမှုအကူအညီများ ပေးနေသည့် Social Action for Women Foundation – SAW မှ ဒါရိုက်တာ ဒေါ်အေးအေးမာ လည်း ပါဝင်သည်။ ဒေါက်တာစင်သီယာ၏ အကြံပြုချက်အတိုင်း မယ်တော်ဆေးခန်းမှ လူနာနှင့်မိဘမဲ့ကလေး အချို့အတွက် နေထိုင်ရန် ဂေဟာတခု တည်ထောင်ပေးခဲ့ပြီး ဒေါက်တာစင်သီယာ အပါအဝင် အခြား ၈၈ မျိုးဆက်အမျိုးသမီးများနှင့်ပူးပေါင်းကာ SAW ကို ထူထောင်ခဲ့သည်။

ထိုအဖွဲ့သည် စောင့်ရှောက်ရေးဂေဟာဖွင့်လှစ်ထားပြီး မိဘမဲ့ကလေးများ၊ အိမ်တွင်းအကြမ်းဖက်မှုခံရသူ အမျိုးသမီးများနှင့် အဓမ္မပြုကျင့်ခံရသူများ၊ လူကုန်ကူးခံရသူအမျိုးသမီးများနှင့် ၎င်းတို့၏မိသားစုများကို ၂၄ နာရီစောင့်ရှောက်မှုဖြင့် ပံ့ပိုး ကူညီသည်။ SAW သည် အမျိုးသမီးနှင့်ကလေး ၃၀၀ ခန့်ကို ဂေဟာတွင် လက်ခံစောင့်ရှောက်ထားပြီး၊ ရွှေ့ပြောင်းလုုပ်သားကလေးများအတွက် စာသင်ကျောင်းတခုဖွင့်ထားသလို ကျန်းမာရေးပညာပေးသင်တန်းများလည်း ပို့ချပေးနေသည်။ SAW အဖွဲ့မှ မိဘမဲ့ကလေး ၉၀ ခန့်သည် ထိုင်းနိုင်ငံကျောင်းများတွင် ထိုင်းအစိုးရ၏ တရားဝင် ကျောင်းပညာရေး တက်ရောက်ဆည်းပူးနေသည်။

အသက် ၄၈ နှစ်ရှိပြီဖြစ်သော ဒေါ်အေးအေးမာသည် မြန်မာနိုင်ငံ၏ဒီမိုကရေစီလှုပ်ရှားမှုတွင် ၁၉၈၈ ခုနှစ်ကပင် ပါဝင်ခဲ့ပြီး၊ ၁၉၈၉ ခုနှစ်တွင် အမည်ဆိုးဖြင့်ကျော်ကြားလှသောအင်းစိန်ထောင်၌် တလချုပ်နှောင်ခံခဲ့ရသည်။ ၁၉၉၀ ခုနှစ် မတ်လတွင် သူမနေအိမ်မှ နယ်စပ်သို့ ထွက်ခွာပြီး တခါက တရားမဝင်အသင်းအဖြစ် သတ်မှတ်ခံခဲ့ရသော ကျောင်းသားတပ်မတော်ဖြစ်သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) သို့ဝင်ရောက်ခဲ့သည်။

သူမသည် ရေဒီယိုသတင်းထောက်တစ်ဦးအဖြစ် ၁၉ နှစ် ကြာ ရပ်တည်ပြီး၊ ဒီမိုကရက်တစ်မြန်မာ့အသံ၊ လွတ်လပ်သောအာရှအသံ မြန်မာပိုင်းတို့တွင် အလုပ်လုပ်ခဲ့ဖူးပြီး ယခုလက်ရှိတွင် အမေရိကန်အသံမြန်မာပိုင်းတို့ အလုပ်လုပ်သည်။ သူမသည် အမျိုးသမီးရွှေ့ပြောင်းလုပ်သားများ၏ အကျပ်အတည်းဒုက္ခကို အလေးထားမှတ်တမ်းတင်ခဲ့သည်။

လွန်ခဲ့သော ၅ နှစ်အတွင်း မြန်မာ့နိုင်ငံရေး အကူးအပြောင်းကြောင့် နယ်စပ်ဒေသအတွက် ငွေကြေးထောက်ပံ့မှု အကြီးအကျယ် ဖြတ်တောက်ခံရပြီး၊ ထိုင်းနယ်စပ်ရှိ ရပ်ရွာအခြေပြုအဖွဲ့အများအပြား နေရပ်ပြန်ရန် ဖိအားပေးခံရသည်။ ငွေကြေးအခက်အခဲနှင့် လုံခြုံရေးစိန်ခေါ်မှုများ ရှိသော်လည်း ဒေါ်အေးအေးမာသည် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ စင်သီယာက အသက်ကယ်ကျန်းမာရေးစောင့်ရှောက်မှုပေးနေကဲ့သို့ပင် အမျိုးသမီးများနှင့် ကလေးများကို လူမှုဝန်ဆောင်မှုများပေးနေဆဲ ဖြစ်သည်။

(ငြိမ်းငြိမ်း ရေးသားသည်)

၈၈နှင့်အတူမွေးဖွားသူ မဖြိုးဖြိုးအောင်

ကျောင်းသားများဦးဆောင်သော ဒီမိုကရေစီ လှုပ်ရှားမှု အထိဋ်အထိပ်ကာလတွင် မွေးဖွားခဲ့သူဖြစ်သဖြင့် ဒီမိုကရေစီတိုက်ပွဲနှင့် နီးစပ်သည်ဟု ခံစားရကြောင်း မဖြိုးဖြိုးအောင်ပြောသည်။
“၈၈ အရေးတော်ပုံက ကျမနဲ့ခွဲလို့မရတဲ့အရာ” ဟု မဖြိုးဖြိုးအောင်က ယခုလ အစောပိုင်းက ဧရာဝတီသို့ ပြောဆိုသည်။ ထို့အပြင် လူထုအားလုံးက ဒီမိုကရေစီအရေးအတွက် တူညီစွာ တောင်းဆိုကြသည့် ပြည်သူ့စွမ်းအားနှင့် ညီညွတ်မှု နှင့် ထိုခေတ်က ဒီမိုကရေစီရေးလှုပ်ရှားမှုများသည် သင်ခန်းစာယူစရာများအဖြစ် ဆက်ရှိနေသည်ဟု သူက ဆိုသည်။ ထိုဖြစ်ရပ်များသည် နောင်မျိုးဆက်တခုအကြာထိ သူမ၏ နိုင်ငံရေးခံယူချက်ကို အထောက်အကူဖြစ်ရသည် ဟု ဆိုသည်။

မဖြိုးဖြိုးအောင်သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ပေါ်ပေါက်ရေးလုပ်ငန်းအဖွဲ့၏ ခေါင်းဆောင်တဦးအဖြစ် ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခု နိုဝင်ဘာအထိ တာဝန်ယူခဲ့သည်။
၂၀၀၈ ခုနှစ် မေလက လူ ၁၄၀၀၀၀ ကျော် သေဆုံးစေသော နာဂစ်မုန်တိုင်းအပြီး ဧရာဝတိုင်းတွင် ပြန့်ကျဲနေသော သေဆုံးသူအလောင်းများကို ဖခင်နှင့်အတူ ကူညီမြေမြှုပ်သဂြိုလ်ပေးခြင်းကြောင့် ထိုနှစ် ဇွန်လတွင် အဖမ်းခံရသည်။ သူ့ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၆၊ ၇ နှင့် ၅၀၅ (ခ) တို့ဖြစ်သော တရားမဝင် အသင်းဖွဲ့စည်းမှု၊ တရားမဝင်အသင်းမျာနှင့်ဆက်သွယ်မှု၊ နိုင်ငံတော်ကို ထိပါးနှောင့်ယှက်မှုရည်ရွယ်မှုတို့ဖြင့် စွပ်စွဲကာ တရားစွဲပြီး၊ ၂၀၀၉ ခုနှစ်တွင် တခါးပိတ်တရားခွင်မှ ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့သည်။

မဖြိုးဖြိုးအောင်သည် ၂၀၁၅ ခုနှစ် မတ်လ တွင် အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်သော တနိုင်ငံလုံး ဆန္ဒပြပွဲများတွင် ပါဝင်သောကြောင့် ၁၃ လ ထိန်းသိမ်းခံရပြီး တရားရင်ဆိုင်ခဲ့ရသည်။ ၂၀၁၆ ဧပြီလတွင် ပြန်လည် လွတ်မြောက်ခဲ့သည်။ ပညာရေးပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ယက် (NNER) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်နေဆဲဖြစ်ကာ ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲရေးကို ဆက်လက်ဆောင်ရွက်မည်ဟု သူက ဆိုသည်။

သူသည် ၂၀၁၄ ခုနှစ်က အမေရိကန်ပြည်ထောင်စု ဂျော့ဒဗလျူဘုရှ် အင်စတီကျု့ ၏ လွတ်မြောက်ရေးနှင့် ခေါင်းဆောင်မှုသင်တန်းသား တဦးလည်းဖြစ်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာတွင် ၎င်း၏ခေါင်းဆောင်မှုသစ်ကို ရွေးချယ်ခဲ့သောကြောင့် ဖြိုးဖြိုးအောင်သည် ထိုအဖွဲ့အစည်းတွင် တရားဝင်တာဝန်မထမ်းဆောင်တော့ပေ။

ယခုအခါတွင်မူ ၅ လ သားကလေး၏ မိခင်အဖြစ် သူသည်မိသားစုကို အချိန်ပေးနေပြီး ၎င်း၏ လုပ်ဖေါ်ကိုင်ဖက်များနှင့် ပူးပေါင်းတည်ထောင်ထားသော လူငယ်ခေါင်းဆောင်မှုသင်တန်းကျောင်း Wings Institute တွင် ဝင်ရောက်ကူညီနေသည်။ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ဖက်ဒရယ်စနစ်နှင့် အကူးအပြောင်းကာလတရားမျှတမှု စသည့် အကြောင်းအရာများကို သင်တန်းတွင် အထူးပြု ပို့ချလျက်ရှိသည်။

(ငြိမ်းငြိမ်း ရေးသားသည်)

Your Thoughts …
Tags: ရှစ်လေးလုံး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

၁၉၈၈  သြဂုတ်လထုတ် ချယ်ရီမဂ္ဂဇင်းပါ ကာတွန်းဆရာကြီး ဦးဖေသိန်း၏ သမိုင်းဝင် ကာတွန်း

ရှစ်လေးလုံး သမိုင်းဝင် ကာတွန်း

by ကာတွန်း ဖေသိန်း
7 August 2017
9.1k

ကျနော့်စိတ်ကူးမှာ အချုပ်အနှောင်ခံနေရသော လူတယောက် သံကြိုးကို ရုန်းဖြတ်လိုက်ရာ (8) ရှစ်လေးလုံးများ ပြတ်ထွက်ကုန်ပြီး အနှောင်အဖွဲ့မှ လွတ်မြောက်နေပုံဖြစ်သည်။

ဒီပွဲဟာ ပြည်သူလူထုကိုပဲ အနိုင်ပေးသင့်တယ် (ရုပ်/သံ)

by ဧရာဝတီ
8 August 2024
623

သမိုင်းဝင် ၈၈၈၈ လူထုအရေးတော်ပုံဟာ ၃၆ နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃၆ နှစ်က လမ်းမတွေပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဒီမိုကရေစီတောင်းဆိုခဲ့ကြတဲ့ ပြည်သူတွေကို စစ်တပ်က အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ ၈၈၈၈ လုံးအရေးတော်ပုံဟာ ဆယ်စုနှစ်တွေကြာခဲ့ပြီဖြစ်ပေမယ့် ပြည်သူလူထုအကြားမှာ နိုးကြားနေဆဲဖြစ်ပါတယ်။

ဒီတခေါက်မှမနိုင်ရင် သားစဉ်မြေးဆက် စစ်ကျွန်ဖြစ်လိမ့်မယ် (ရုပ်/သံ)

ဒီတခေါက်မှမနိုင်ရင် သားစဉ်မြေးဆက် စစ်ကျွန်ဖြစ်လိမ့်မယ် (ရုပ်/သံ)

by ဧရာဝတီ
9 August 2025
167

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီမြို့က မြန်မာစစ်ကော်မရှင် သံရုံးရှေ့မှာ ရှစ်လေးလုံး လူထုအရေးတော်ပုံ ၃၇ နှစ်မြောက်နေ့ အထိမ်းအမှတ်အဖြစ် မြန်မာတိုင်းရင်းသားတွေက ဆန္ဒပြခဲ့ကြပါတယ်။

စစ်တပ် ရိုင်းခဲ့တဲ့ သမိုင်းတွေ  (ရုပ်/သံ)

စစ်တပ် ရိုင်းခဲ့တဲ့ သမိုင်းတွေ (ရုပ်/သံ)

by ဧရာဝတီ
4 August 2025
141

ကျောင်းသားသပိတ်တွေကနေ ဒီမိုကရေစီ အရေးတော်ပုံဖြစ်လာခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ဟာ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှ ၃၇ နှစ် ပြည့်ပြီဖြစ်ပါတယ်။

ရှစ်လေးလုံး မြင်ကွင်းက ဘယ်လိုမှ ဖျောက်ဖျက်လို့မရဘူး (ရုပ်/သံ)

ရှစ်လေးလုံး မြင်ကွင်းက ဘယ်လိုမှ ဖျောက်ဖျက်လို့မရဘူး (ရုပ်/သံ)

by ဧရာဝတီ
7 August 2025
112

ရှစ်လေးလုံးလူထုအရေးတော်ပုံ ဟာ ဒီမိုကရေစီအရေးတွက် ပြည်သူတရပ်လုံး ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် မော်ကွန်းတင် လှုပ်ရှားမှုကြီးတခု ဖြစ်ခဲ့ပြီး ဒီနှစ်ဆိုရင် ၃၇ နှစ်မြောက်ရှိခဲ့ပြီဖြစ်ပါတယ်။ နှစ်စဉ် ဩဂုတ်လ ၈ ရက်နေ့ ရောက်တိုင်း စစ်အာဏာရှင်တွေ တစ္ဆေခြောက်ခံရတဲ့နေ့လို့လည်း...

စစ်အာဏာရှင်ကို စုစည်းညီညွတ်မှုနဲ့ တိုက်ထုတ်ဖို့ ၈၈ မျိုးဆက်တွေ တိုက်တွန်း (ရုပ်/သံ)

စစ်အာဏာရှင်ကို စုစည်းညီညွတ်မှုနဲ့ တိုက်ထုတ်ဖို့ ၈၈ မျိုးဆက်တွေ တိုက်တွန်း (ရုပ်/သံ)

by ဧရာဝတီ
8 August 2025
73

တိုင်းပြည်နဲ့ ပြည်သူလူထု အပေါ် ခေတ်အဆက်ဆက် အုပ်စိုးဖိနှိပ်နေတဲ့ စစ်အာဏာရှင်တွေကို တော်လှန်ရေး အင်အားစုတွေအနေနဲ့ လက်ရှိ နွေဦးတော်လှန်ရေးမှာ စုစည်းညီညွတ်မှုနဲ့ အမြစ်ဖြတ်တိုက်ထုတ်ကြဖို့ ၈၈ မျိုးဆက်တွေက တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

Next Post
/ မျိုးမင်းစိုး / ဧရာဝတီ

၂၉ နှစ်တာကာလ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ရည်မှန်းချက်တွေ ပြည့်စုံနေပြီလား

မောင်တော၌ ဒေသခံများ ကျေးရွာများမှ စွန့်ခွာမှုများရှိနေ / နိရဉ္စရာ သတင်းဌာန

မောင်တော၌ ဒေသခံများ ကျေးရွာများမှ စွန့်ခွာမှုများရှိနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved