ရှစ်လေးလုံးလူထုအရေးတော်ပုံ ဟာ ဒီမိုကရေစီအရေးတွက် ပြည်သူတရပ်လုံး ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ သမိုင်းဝင် မော်ကွန်းတင် လှုပ်ရှားမှုကြီးတခု ဖြစ်ခဲ့ပြီး ဒီနှစ်ဆိုရင် ၃၇ နှစ်မြောက်ရှိခဲ့ပြီဖြစ်ပါတယ်။ နှစ်စဉ် ဩဂုတ်လ ၈ ရက်နေ့ ရောက်တိုင်း စစ်အာဏာရှင်တွေ တစ္ဆေခြောက်ခံရတဲ့နေ့လို့လည်း ဆိုကြပါတယ်။
ရှစ်လေးလုံးလူထုအရေးတော်ပုံမှာ ဒီမိုကရေစီတောင်းဆိုခဲ့ကြတဲ့ ပြည်သူတွေကို စစ်တပ်က ၂၀၂၁ ခုနှစ် လူထုအရေးတော်ပုံမှာလိုပဲ ရက်ရက်စက်စက် ပစ်ခတ် ဖြိုခွင်းခဲ့လို့ ကျောင်းသားနဲ့ ရဟန်းရှင်လူ ပြည်သူအများအပြား သေဆုံးခဲ့ကြရပါတယ်။
“မလုပ်ရဲတာ ဘာမှမရှိဘူး” လို့ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောခဲ့သလိုပဲ ရှစ်လေးလုံး လူထုအရေးတော်ပုံ ကာလမှာ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း က “တပ်မတော်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်မဖောက်ဘူး” ဆိုတဲ့ ခြိမ်းခြောက်မှုကို ပြောဆိုခဲ့ပါတယ်။
ရှစ်လေးလုံးလူထုအရေးတော်ပုံမှာ ကိုယ်တိုင်ပါဝင်ခဲ့ပြီး လက်ရှိအချိန်ထိ စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်နေတဲ့ မြန်မာ့လက်ရွေးစင် ဂိုးသမားဟောင်း ဦးယဉ်ထွေးကို ဧရာဝတီ သတင်းထောက် အောင်သူရ က မေးမြန်းထားတာ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #ရှစ်လေးလုံးလူထုအရေးတော်ပုံ #ဦးယဉ်ထွေး #၈၈၈၈ #မြန်မာ့လက်ရွေးစင် #WhatsHappeningInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













