ကျောင်းသားသပိတ်တွေကနေ ဒီမိုကရေစီ အရေးတော်ပုံဖြစ်လာခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီး ဟာ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှ ၃၇ နှစ် ပြည့်ပြီဖြစ်ပါတယ်။
ရှစ်လေးလုံးအရေးတော်ပုံဟာ ကျောင်းသားတွေရဲ့ ဦးဆောင်မှုနဲ့ စစ်အာဏာရှင်ကို တနိုင်ငံလုံး အတိုင်း အတာနဲ့ ပြည်သူလူထုက အုံကြွ တော်လှန်ခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုဟာ ၁၉၆၂ ခုနှစ်မှာ တကြိမ်၊ ၁၉၈၈ ခုနှစ်မှာ တကြိမ်၊ ၂၀၂၁ ခုနှစ်မှာ တကြိမ် ၃ ကြိမ် အာဏာသိမ်းခံခဲ့ရတာဖြစ်ပါတယ်။
၁၉၈၈ ခုနှစ် အာဏာသိမ်းမှုမှာ ကျောင်းသားသပိတ်က စတင်လိုက်တဲ့ တနိုင်ငံလုံး အုံကြွမှုကြောင့် စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်အာဏာသိမ်းမှုကတော့ ရွေးကောက်ခံ NLD ပါတီအနေနဲ့ အစိုးရဖွဲ့မယ့်အချိန် တိုင်းပြည်ကတည်ငြိမ်ပြီး ပြည်သူတွေက သူတို့ ရွေးကောက်ထားတဲ့ အစိုးရသစ်ကို ကြိုဆိုမျှော်လင့်နေတဲ့ အချိန်မှာ စစ်တပ်က မဲခိုးတယ်လို့ အကြောင်းပြ အာဏာသိမ်းခဲ့တာပါ။
ခေတ်အဆက်ဆက် စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ သမိုင်းကြောင်းထဲက လာရာနဲ့ လားရာတွေ အကြောင်း မှိုင်းရာပြည့်ကျောင်းသားဟောင်းလည်း ဖြစ်၊ ကျောင်းသားလှုပ်ရှားမှု သမိုင်းသုတေသီတဦးလည်း ဖြစ်သူ ဦးအောင်စောဦးနဲ့ ဧရာဝတီ အယ်ဒီတာ ရဲနည်တို့ ဆွေးနွေး ထားတာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













