• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထားဝယ်ကြီး ခေါ် အောင်လွင် ဆိုတာ ဘယ်သူလဲ

by မိုးမြင့်
27 June 2018
in ဆောင်းပါး
A A
၂၀၁၄ ခုနှစ်အတွင်း မိသားစုနှင့်အတူ ဘုရားဖူးခရီးစဉ်တခုတွင် တွေ့ရသော ထားဝယ်ကြီး ခေါ် အောင်လွင်

၂၀၁၄ ခုနှစ်အတွင်း မိသားစုနှင့်အတူ ဘုရားဖူးခရီးစဉ်တခုတွင် တွေ့ရသော ထားဝယ်ကြီး ခေါ် အောင်လွင်

44k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သည့် လအတွင်းတွင် မလေးရှားနိုင်ငံ၌ ရန်ကုန်ဆိပ်ကမ်းမှ တင်ပို့ခဲ့သော မက်သဖက်တမင်း ၁.၂ တန် နှင့် ဘိန်းဖြူ များ ဖမ်းမိခဲ့ပြီးနောက် သံသယရှိသူ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး နောက်ထပ် ၃ ဦးကို လိုက်လံရှာဖွေနေကြောင်း ဇွန်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ကြေညာခဲ့သော်လည်း သံသယရှိသူများ၏ နောက်ခံအကြောင်းနှင့် ပတ်သက်သော အသေးစိတ် အကြောင်းအရာများကို ယခုအချိန် အထိ အသေးစိတ် မထုတ်ပြန်ခဲ့ပါ။
.
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ အာဏာပိုင်များက သံသယရှိသူ ၄ ဦးဖြစ်သည့် Nice Guy Clearance Service Agency ပိုင်ရှင် (ဦး)မင်းနိုင်၊ ဟာဂျီယာဆင် နှင့် သူ၏ ယောက်ဖတော်စပ်သူ ဇေယျာဟိန်း နှင့် နောက်ဆုံးတွင် ထားဝယ် ကြီး (ခေါ်) (ဦး)အောင်လွင်တို့ကို တနင်္သာရီတိုင်းတွင် ဇွန်လ ၁၂ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ ထိုစဉ်တွင် အခြား သံသယရှိသူ ၃ ဦး ဖြစ်သည့် ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်မှ ကျားေ၀ Jia Wai ခေါ် နှင်းဦးလွင်နှင့် သူ၏ ခင်ပွန်း အကိုကြီး ခေါ် ကတုံး နှင့် ဟူစိန် ခေါ် မိုဟာမက် ဟူစိန်တို့မှာ ထွက်ပြေးတိမ်းရှောင်လျက် ရှိသည်။

သံသယရှိသူ ၆ ဦးထံမှ ကျပ်ငွေ ၁၈ ဘီလီယံ တန်ဖိုးရှိ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ ကျားေ၀ Jia Wai နှင့် ဟူစိန်တို့ မည်သည့်နေရာတွင် ရှိသည်ကို သိရှိပါက ပြည်သူများအနေဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားရန် တိုက်တွန်းထားသည်။ လွတ်မြောက်နေဆဲ သံသယရှိသူများထဲမှ နောက်ဆုံးကျန်နေသည့် အကိုကြီးမှာ မလေးရှားနိုင်ငံတွင် နေထိုင်သည်ဟု ယုံကြည်ရပါသည်။

ထိန်းသိမ်းခံထားရသော သံသယရှိသူ ၄ ဦးကို မြန်မာနိုင်ငံ၏ နေရာ အသီးသီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ Nice Guy Clearance Service Agency နှင့် ၎င်း၏ မိတ်ဖက် ဖြစ်သော U Kaung Trading တို့ကို ဦးမင်းနိုင်၏ မိသားစုက ပိုင်ဆိုင်ပြီး ကုမ္ပဏီက ရွှေရောင် လဘက်ခြောက်ထုပ်များ အသွင်ပြောင်းထားသည့် မူးယစ်ဆေးကုန်စည်များကို ဟာဂျီ ယာဆင် အတွက် သင်္ဘောတင်လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း ဧရာဝတီက ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
.
မင်းနိုင် နှင့် ဟာဂျီယာဆင် တို့သည် Facebook တွင် နှစ်နှင့် ချီ၍ မိတ်ဆွေများ ဖြစ်ခဲ့ကြကြောင်း လည်းတွေ့ ရှိခဲ့ပါသည်။ ရဲတပ်ဖွဲ့၏ ကနဦး ကြေညာချက်တွင် ဦးမင်းနိုင် သို့မဟုတ် U Kaung Trading ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးအောင်စိုးမိုးတို့ကို သံသယ ရှိသူများအဖြစ် ဖော်ပြခဲ့ခြင်းမရှိပါ။ ပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ဒုတိယ ကြေညာချက်တွင် ဦးအောင်လွင် နှင့် Jia Wai တို့ကို သံသယရှိသူများအဖြစ် တရားဝင် ဖော်ပြခဲ့သော်လည်း အသေးစိတ် အကြောင်းအရာ အနည်းငယ်မျှသာ ပါဝင်ခဲ့ပါသည်။ .

အောင်လွင်ကို ထားဝယ် မြို့နယ်တွင် ဦးပျဉ်ပိုးဟု ပိုသိကြပြီး သူက ထားဝယ်မှ Mediland ဆေးရုံ ရှေ့တွင် ၆ ထပ် အဆောက်အဦး တခုတည်ဆောက်နေရာ ပြီးစီးလုနီးဖြစ်ကြောင်း ဧရာဝတီက သိခဲ့ရပါသည်။ ထိုအဆောက်အဦးသည် ဟိုတယ်လုပ်ငန်း အတွက် ဖြစ်သည်ဟု ယူဆရပြီး သူက သူ၏ Facebook တွင် “ဟိုတယ်သစ် မကြာမီလာမည်” ဟု အကြိမ်တော်တော်များများ ရည်ညွှန်းရေးသားခဲ့သည်။ သူသည် ကမ္ဘာလှည့်ခရီးသည်များကြား ရေပန်းစားသည့် နေရာတခု ဖြစ်သော မောင်းမကန် ကမ်းခြေတွင် အပန်းဖြေစခန်း resort တခုနှင့် ထားဝယ်မှ မြို့နယ်ခွဲတခု ဖြစ်သော မေတ္တာမြို့ တွင် မြေများ ပိုင်ဆိုင်ထားသည်။

ပျဉ်ပိုး ဆိုသည်မှာ ထားဝယ် ဘာသာစကားဖြင့် ပုရွက်ဆိတ်ဟု အဓိပ္ပါယ်ရသည်။ သူနှင့် နီးစပ်သော ဆွေမျိုး များနှင့် ယုံကြည်လက်ခံလောက်သော အမည်မဖော်လိုသူ သတင်းရင်းမြစ်များက သူသည် ဒေသတွင်းတွင် မူးယစ်ရာဇာအဖြစ် နာမည်ကျော်ဇော်သူ တဦးဖြစ်ကြောင်း ဧရာဝတီသို့ပြောပြကြသည်။ အောင်လွင်သည် ရန်ကုန်၊ ထိုင်း၊ မလေးရှားနှင့် ဟောင်ကောင်သို့ မကြာခဏ ခရီးသွားလေ့ရှိကြောင်းလည်း သိရသည်။ ထားဝယ်မှ သတင်းရင်းမြစ်များနှင့် Facebook သုံးစွဲမှုမှတ်တမ်းများအရ ဦးပျဉ်ပိုးသည် ဟာဂျီ ယာဆင်နှင့် နီးစပ်သူဖြစ်ကြောင်းနှင့် သူတို့ ၂ ဦးသည် တယောက် နှင့်တယောက် Facebook စာမျက်နှာတွင် အပြန်အလှန် မှတ်ချက်ရေးသားမှုများ ပြုလုပ်နေခဲ့သည်မှာ နှစ်နှင့် ချီ၍ ရှိပြီ ဖြစ်ကြောင်း ဖော်ပြနေသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် အကြောင်းကိစ္စ အများအပြားကို ရှင်းလင်းထားခြင်း မရှိသည့် အတွက် အောင်လွင် ဖမ်းဆီးခံရခြင်းအကြောင်းကို ထားဝယ် ဒေသခံများမှာ နားမလည်ဖြစ်ခဲ့ရသည်။ ထားဝယ်သတင်းရင်းမြစ်များ ၏ပြောပြချက်အရ ဦးပျဉ်ပိုးသည် အိမ်နီးချင်း ထိုင်းနိုင်ငံတွင် သူ၏ ဘဏ်ငွေစာရင်းကို ထိန်းချုပ်ခံ လိုက်ရပြီးနောက် ထားဝယ်သို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း ဆိုကြပါသည်။ သူသည် ဒေသတွင်းတွင် လူသိများသည့် ဇေယျဝတီ ကျောင်းတိုက်မှ ဘုန်းတော်ကြီးတပါး နှင့် စီးပွားရေးသမားအချို့နှင့် အတူ ခရီးသွားနေခြင်းဖြစ်သည်။ မွန်ပြည်နယ် နှင့် တနင်္သာရီ တိုင်းကြားတွင် တည်ရှိသော မလွှတောင် နယ်စပ်စစ်ဆေးရေး စခန်းတွင် ဖမ်းဆီး ခံရသည်။ ၎င်းနှင့်အတူ စီးပွားရေးသမား ၂ ဦး ကိုလည်း စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရန် ရဲ၏ ခေါ်ယူခြင်းခံရကြောင်း ထားဝယ်မှ သတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ သတင်းများနှင့် ပတ်သက်၍ အာဏာပိုင်များထံမှ အတည်ပြုချက်ရယူရန် အတွက် ဧရာဝတီက တနင်္သာရီတိုင်း ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးကြီး နေမျိုး ထံသို့ ဖုန်းဆက်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပါ။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
557
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128

အောင်လွင်သည် ဟိုတယ်နှင့် အခြားသော ဆောက်လုပ်ရေး စီမံကိန်းများလုပ်ကိုင်နေသည့် Tanintharyi Public Company Ltd ကိုတည်ထောင်သူများထဲတွင် တဦး အပါအဝင် ဖြစ်သလို အစုရှယ်ယာဝင် အမည်စာရင်းတွင်လည်း ပါဝင်နေသူ ဖြစ်သည်။ အောင်လွင်သည် ထားဝယ်တွင် ထင်ထင်ရှားရှား ချမ်းသာကြွယ်ဝသူ တဦးဖြစ်သော်လည်း သူ၏ ချမ်းသာမှုက ဂုဏ်သိက္ခာရှိစွာ ရှာဖွေရရှိခဲ့ခြင်း ဖြစ်သည်ဟု အသိုင်းအဝိုင်းအတွင်းတွင် ယူဆခြင်း မခံရပါ။ သူ့ကို အလယ် အလတ်တန်းအဆင့် မူးယစ်ရာဇာ တဦးအဖြစ် သတ်မှတ်ထားခဲ့ကြပါသည်။ အောင်လွင်သည် နေအိမ်လုံခြုံရေး ဝန်ဆောင်မှုများပေးသည့် စီးပွားရေး လုပ်ငန်းတခုကိုလည်း လုပ်ကိုင်နေပြီး စောင့်ကြည့်ကင်မရာများ၊ မီးခိုး အာရုံခံကိရိယာများနှင့် အလိုအလျောက် တံခါး အဖွင့်/အပိတ် စနစ်များ တပ်ဆင်ပေးသည်။ သူ၏ ကုမ္ပဏီသည် တောင်ဥက္ကလာပ မြို့နယ် ဝေဇယန္တာလမ်းတွင်ရှိပြီး တောင်ဥက္ကလာပ စက်မှုဇုန်တွင်လည်း စက်ရုံတခု ရှိသည်။

ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) တွင် trading ကုမ္ပဏီတခု အဖြစ် တရားဝင် မှတ်ပုံတင်ထားပြီး လိုင်စင်သက်တမ်းမှာ ၂၀၂၀ ခုနှစ်တွင် ကုန်ဆုံးမည် ဖြစ်သည်။ DICA ၏ မှတ်တမ်းများအရ ကုမ္ပဏီတွင်သူက မန်နေးဂျင်း ဒါရိုက်တာအဖြစ် ဆောင်ရွက်၍ သူ၏ ဇနီးဖြစ်သူ ဒေါ်ရီရီမွန်၊ သူ၏ ညီမများဖြစ်ကြသည့် ဒေါ်အေးအေးလွင်နှင့် ဒေါ်သန်းသန်းလွင် တို့က ဒါရိုက်တာများ အဖြစ် ဆောင်ရွက်ကြသည်။ ဧရာဝတီက ဦးအောင်လွင်၏ ကုမ္ပဏီ ရုံးခန်းသို့ သွားရောက်ခဲ့သော်လည်း အထက်တွင် ဖော်ပြထားသည့် ဒါရိုက်တာ စာရင်းဝင် တယောက်မှ မရှိဘဲ အမျိုးသမီး ဝန်ထမ်း ၂ ဦးကိုသာ တွေ့ရှိခဲ့ရသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၂၀၁၈ ခုနှစ် အတွက် မကြာသေးမီကမှ အတည်ပြု ထုတ်ပေးခဲ့သော ဦးအောင်လွင်၏ ဓာတ်ပုံပါဝင်သည့် လုပ်ငန်းလိုင်စင်တခုကို ဧရာဝတီက တွေ့ခဲ့ရပါသည်။

အောင်လွင်ထံမှ ကျပ်ငွေ စုစုပေါင်း ၂.၇ ဘီလီယံ တန်ဖိုးရှိ ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော ပိုင်ဆိုင်မှုများ သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့က ကြေညာထားပါသည်။ ထိုသိမ်းဆည်းမှုများထဲတွင် သူ၏ နေအိမ်လုံခြုံရေး ဝန်ဆောင်မှု လုပ်ငန်း ပါဝင်ခြင်း ရှိ/မရှိ က မသဲကွဲသေးပါ။ ကုမ္ပဏီဝန်ထမ်း ၂ ဦးက လွန်ခဲ့သော ရက်အနည်းငယ်က ကုမ္ပဏီ တာဝန်ရှိသူများကို မေးမြန်းမှုများပြုလုပ်ရန် ရဲတပ်ဖွဲ့ဝင်များ ရောက်လာခဲ့ကြောင်း အတည်ပြုပြောကြားခဲ့ပါသည်။

ကုမ္ပဏီ၏ ပြခန်းတွင် လုံခြုံရေး ကင်မရာများ၊ တံခါး အာရုံခံ ကိရိယာများ နှင့် အိမ်တွင်းပိုင်း အလှဆင် ပစ္စည်းများ ပြသထားသည်။ ဝန်ထမ်းများ၏ အဆိုအရ ပစ္စည်းများကို မလေးရှားနိုင်ငံမှ နေ၍ နိုင်ငံတကာရေကြောင်း ကုန်သေတ္တာ သင်္ဘောများဖြင့် တင်သွင်းပြီး ကုမ္ပဏီ လုပ်ငန်းလုပ်ကိုင်နေသည်မှာ ၆ နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။ ကုမ္ပဏီသည် မလေးရှား နိုင်ငံသို့ မူးယစ်ဆေးများ မှောင်ခိုတင်ပို့ရာတွက် ဟာဂျီယာ ဆင် သို့မဟုတ် U Kaung Trading တို့နှင့် ဆက်သွယ်ချက် တစုံတရာ ရှိ/မရှိကို သဲကွဲစွာ မသိရှိရပါ။

ဟာဂျီယာဆင်၊ ဦးအောင်လွင် နှင့် ဦးမင်းနိုင်တို့သည် Facebook တွင် မိတ်ဆွေများ ဖြစ်ကြပြီး တဦးကို တဦး သိရှိခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း ဧရာဝတီက သိရှိခဲ့ရပါသည်။ သူတို့ထဲမှ အချို့သည် Facebook တွင် အမည်ဝှက်များဖြင့် account အနည်းဆုံး ၂ ခု သို့မဟုတ် ၃ ခု ပိုင်ဆိုင်ထားကြသည်။

ပြည်ထဲရေး ဝန်ကြီးဌာန၏ ကြေညာချက်တွင် အောင်လွင်နှင့် ဟာဂျီယာဆင်တို့ကြားမှ ဆက်သွယ်မှုကိုလည်း အသေးစိတ် ဖော်ပြထားခဲ့ခြင်း မရှိပါ။ သူတို့ ၂ ဦးလုံးက တရားမဝင် မူးယစ်ဆေး ရောင်းဝယ်မှုတွင် ကာလရှည်ကြာစွာ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ရှိ/မရှိ က မရှင်းလင်းပါ။ ရဲတပ်ဖွဲ့၏ အဆိုအရ ဟာဂျီယာဆင် နှင့် ဇေယျာဟိန်း တို့ ၂ ဦးလုံးက မလေးရှားနိုင်ငံတွင် ဦးအောင်လွင်နှင့် မိတ်ဆွေများ ဖြစ်ခဲ့ကြောင်းနှင့် မူးယစ်ဆေးတင်ပို့မှုတွင် အကိုကြီး၏ ဇနီးဖြစ်သူ ကျားေ၀ Jia Wai နှင့် ဆက်သွယ်ခဲ့ကြောင်း ဝန်ခံခဲ့ကြသည်။ သူတို့ မူးယစ်ဆေးများ ထုတ်ပိုးခဲ့သည်ဟု သံသယရှိသောနေရာနှင့် မူးယစ်ဆေးများ၏ မူလဇစ်မြစ်ကို ရဲတပ်ဖွဲ့က အသေးစိတ်ဖော်ပြခဲ့ခြင်း မရှိပါ။

ဇွန်လ ၁၃ ရက်နေ့တွင် တပ်မတော် အရာရှိများနှင့် တာချီလိတ်မြို့နယ်မှ မူးယစ်နှိမ်နင်းရေး ရဲအဖွဲ့တို့ ပါဝင်သည့် ပူးပေါင်း အဖွဲ့တခုက “3+1 U Kyaw Kyaw” ဟု သိကြသည့် ကျောက်မျက်ရတနာ ဆိုင်လည်း ဖြစ်သည့် ချင်ကျားမူ Qin Jaimu ခေါ် ကျားေ၀ Jia Wai ၏ နေအိမ်ကို ဝင်ရောက် စီးနင်းရှာဖွေခဲ့ကြောင်း ဖော်ပြထားသော ရဲတပ်ဖွဲ့ အစီရင်ခံစာတစောင်ကို ဧရာဝတီက မြင်တွေ့ခဲ့ရပါသည်။ ၄ ထပ်မြင့်သည့် အဆိုပါ အဆောက်အဦးက တာချီလိတ်မြို့ မယ်ခေါင် ရပ်ကွက်တွင် တည်ရှိသည်။ ကျားဝေ သည် အဆောက်အဦးအတွင်းသို့ ရဲအဖွဲ့ဝင်ရောက်မလာမီကတည်းက သူ၏ သမီး ၄ ဦး၊ သားတဦး နှင့် အလုပ်သမား ၄ ဦးကို ထားခဲ့၍ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပြီဖြစ်သည်။ ရဲတပ်ဖွဲ့က Prado၊ Landcruiser၊ Toyota Alphard နှင့် Fortuner ကား ၄ စီး၊ ရွှေ ၆၈.၅၁၄ ပေါင်၊ ထိုင်း ဘတ်ငွေ ၇၁.၅ သန်း၊ မြန်မာ ကျပ်ငွေ သန်း ၁၁၀ ကျော်၊ အမေရိကန် ဒေါ်လာ ၂၀၀၀၀ နှင့် တရုတ် ယွမ်ငွေ ၂၀၀၀၀ တို့ကို သိမ်းဆည်းခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ကျားေ၀ ထံမှ စုစုပေါင်း ငွေသား ကျပ် ၈ ဘီလီယံကျော် နှင့် အဖိုးတန် ပစ္စည်းများ ကို သိမ်းဆည်းခဲ့ကြောင်း ဖော်ပြထားသည်။

(အင်္ဂလိပ်ဘာသာဖြင့် Who is Dawei Gyi, aka U Aung Lwin, a key suspect in the Malaysia drug haul?  တွင် ဖတ်ရှုပါ။)

ဆက်စပ်ဖတ်ရှုရန် – မလေးရှား မူးယစ်ဆေးအမှု ၃ ဦး တိမ်းရှောင်၊ ၄ ဦး ဖမ်းထား

Your Thoughts …
Tags: ထားဝယ်ကြီးမလေးရှား မူးယစ်ဆေးအမှု
မိုးမြင့်

မိုးမြင့်

ဧရာဝတီ

Similar Picks:

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ပါ ဖမ်းဆီး ၁ ဦး၊ ပုန်းရှောင် ၃ ဦး

မလေးရှား မူးယစ်ဆေးအမှု ၃ ဦး တိမ်းရှောင်၊ ၄ ဦး ဖမ်းထား

by မိုးမြင့်
23 June 2018
26.1k

မလေးရှား မူးယစ်ဆေး အမှုနှင့် ဆက်စပ်သည်ဟု သံသယရှိသူ ၃ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ၄ ဦးကို ဖမ်းဆီးထိန်းသိမ်းထားသည်။

Next Post
ယနေ့ နေပြည်တော်တွင် သတင်းထောက်များနှင့် တွေ့ဆုံနေသည့် ဦးဇော်ဌေး / ကျော်မျိုး / ဧရာဝတီ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းရန် မပြောဟု သမ္မတရုံး ရှင်းလင်း

ဇွန်လလယ်ပိုင်းက လက်ဘက်ရည်ကြမ်း အရည်အသွေး အမျိုးမျိုးရှိပုံကို ပြသနေသော ပင်လောင်း လက်ဖက် အစုအဖွဲ့ အတွင်းရေးမှူး ကိုစိုင်းကောင်ခမ်း / အောင်ငြိမ်းချမ်း  /  Myanmar Now

"များများလည်း ထွက်ရမယ်၊ ဈေးနှုန်းလည်း ချိုသာရမယ်။ ဒါမှ သူများနိုင်ငံကိုယှဉ်နိုင်မယ်"

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved