• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မလေးရှား မူးယစ်ဆေးအမှု ၃ ဦး တိမ်းရှောင်၊ ၄ ဦး ဖမ်းထား

by မိုးမြင့်
23 June 2018
in သတင်း
A A
ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ပါ ဖမ်းဆီး ၁ ဦး၊ ပုန်းရှောင် ၃ ဦး

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ပါ ဖမ်းဆီး ၁ ဦး၊ ပုန်းရှောင် ၃ ဦး

26.1k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့သည့်လအတွင်းက မလေးရှားနိုင်ငံတွင် မူးယစ်ဆေးဝါးများ စံချိန်တင် ဖမ်းမိခဲ့သည့် အမှုနှင့် ဆက်စပ်သည်ဟု သံသယရှိသူ ၃ ဦးမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ၄ ဦးကို ရန်ကုန်မြို့တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ဇွန်လ ၂၀ ရက်နေ့ညတွင် ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာစက်မှုဆိပ်ကမ်း (MIP) မှ ထွက်ခွာလာသည့် သင်္ဘောနှင့် တင်သွင်းလာသော အမေရိကန်ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိ မက်သဖက်တမင်းနှင့် ဘိန်းဖြူများကို မလေးရှား နိုင်ငံမှ Klang ဆိပ်ကမ်းတွင် မေလ ၂၂ ရက်နေ့က ဖမ်းဆီး ရမိခဲ့သည်။ MIP တွင် ရုံးထိုင်သည့် အကောက်ခွန်အရာရှိများက ဆိပ်ကမ်းမှ ထွက်ခွာသည့် ကုန်သေတ္တာ အလုံးတိုင်းကို စစ်ဆေးရန် တာဝန်ရှိပါသည်။ (ယင်းကိစ္စ အသေးစိတ်ကို “မလေးရှားသို့ မူးယစ်ဆေး U Kaung Trading က သင်္ဘောတင်ပေးခဲ့သည်”  တွင် ဖတ်ရှုပါ။)

သံသယရှိသူ ၆ ဦးနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို သိမ်းဆည်းခဲ့ရာ အနည်းဆုံး ကျပ်ငွေ ၁၈ ဘီလီယံ တန်ဖိုး ရရှိကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ဆိုသည်။ အဆိုပါ ပိုင်ဆိုင်မှုများအတွက် မူးယစ် ဆေးကုန်သွယ်မှုမှ ရရှိသည့် ငွေများကို အသုံးပြုခဲ့သည်ဟု ရဲတပ်ဖွဲ့က ယူဆထားပါသည်။ သိမ်းဆည်းသည့်အရာများတွင် မူးယစ်ဆေးမှု သံသယရှိသူများ၏ ဘဏ်ငွေစာရင်းများနှင့် လက်ဝတ် ရတနာများလည်း ပါဝင်သည်။ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရာတွင် ဟာဂျီယာဆင် ထံမှ ကျပ်ငွေ ၇ ဘီလီယံ တန်ဖိုးရှိ ပိုင်ဆိုင်မှုများ၊ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးနှင့် မူးယစ်ဆေးဇုန်တခုအဖြစ် နာမည်ဆိုးဖြင့်ကျော်ကြားသော တာချီလိတ်မြို့နယ်တွင် အိမ်များ ပိုင်ဆိုင်ထားသည့် အမျိုးသမီး ကျားေ၀ သို့မဟုတ် နှင်းဦးလွင် ဟုလည်း သိကြသည့် ချင်ကျားမူ (အသက် ၄၅နှစ်) ထံမှ ကျပ်ငွေ ၈ ဘီလီယံ ကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုများ၊ ထားဝယ်ကြီး ခေါ် အောင်လွင်ထံမှ ကျပ်ငွေ ၂.၇ ဘီလီယံတန်ဖိုးခန့်၊ မိုဟာမက် ဟူစိန် ခေါ် ဟူစိန်ထံမှ တန်ဖိုး ကျပ်သန်း ၅၀၀ ခန့်၊ ဟာဂျီယာဆင်၏ ယောက်ဖတော်စပ်သူ ဇေယျာဟိန်း ထံမှ တန်ဖိုး ကျပ်ငွေ သန်း ၄၀၀ နှင့် အကောက်ခွန် ရှင်းလင်းရေးကိုယ်စားလှယ် ဦးမင်းနိုင် ထံမှ တန်ဖိုး ကျပ် သန်း ၅၀ တို့ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၇ ဦးမြောက် သံသယရှိသူမှာ လွတ်မြောက်နေပြီး မလေးရှားနိုင်ငံတွင် နေထိုင်သည်ဟု ယူဆရသော အကိုကြီး ဆိုသူဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်အရသိရသည်။

ရဲတပ်ဖွဲ့က သံသယရှိသူများ အားလုံးကို မြန်မာနိုင်ငံ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။ ပြည်ထဲရေး ဝန်ကြီးဌာနက သံသယရှိသူ အမျိုးသမီး ချင်ကျားမူ Qin Jiamu သည် မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားပြီး လီရှော နှင့် တရုတ်မျိုးနွယ် ကပြားဖြစ်သည်။ ဟူစိန်၏ ကိုယ်ရေးအကျဉ်းချုပ်ကိုလည်း ထုတ်ပြန်ထားပြီး သံသယရှိသူများ မည်သည့်နေရာတွင် ရှိသည်ကို သိရှိပါက ရဲတပ်ဖွဲ့သို့ သတင်းပို့တိုင်ကြားရန် ပြည်ထဲရေး ဝန်ကြီးဌာနက ပြည်သူများကို အသိပေးနှိုးဆော်ထားသည်။

သံသယရှိသူများ ဖြစ်သည့် ဦးမင်းနိုင်၊ ဟာဂျီယာဆင် နှင့် ထားဝယ်ကြီး တို့မှာ Facebook တွင် မိတ်ဆွေများ ဖြစ်ကြောင်း ဧရာဝတီက လေ့လာတွေ့ရှိခဲ့ရပါသည်။ Facebook ကို အခြားနာမည်အတုတခု (ဟာဂျီယာဆင်၏ မိတ်ဆွေ စာရင်းတွင် ပါဝင်နေသည်) ဖြင့် သုံးစွဲနေသည်ဟု ယူဆရသော ထားဝယ်ကြီးက ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် profile ပုံတခု တင်ခဲ့ပြီး အဆိုပါပုံတွင် ၎င်း၏ သူငယ်ချင်း ၃ ဦးနှင့် တရုတ်ပြည် မကာအိုတွင် ရှိနေကြောင်း မြင်တွေ့ရပါသည်။ ထားဝယ်ကြီး၏ Facebook မှ သုံးစွဲမှု မှတ်တမ်းများအရ သူသည် မြန်မာ၊ ထိုင်း၊ မလေးရှား နှင့် တရုတ်နိုင်ငံများတွင် မကြာခဏ ခရီးသွားလေ့ရှိကြောင်း ဖော်ပြနေသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
118
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
36
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
119

ထားဝယ်ဒေသခံ အချို့က ထားဝယ်ကြီးကို ဦးပြင်ပိုး(ထားဝယ် စကားဖြင့် ပုရွက်ဆိတ်ဟု အဓိပ္ပါယ်ရသည်) ဟု အများစုက သိကြကြောင်း ဧရာဝတီသို့ ပြောပြကြသည်။ ဒေသခံများ၏ အဆိုအရ ဦးပြင်ပိုး၏ မိသားစုသည် အလွန်ဆင်းရဲ နွမ်းပါး သော်လည်း မလေးရှားနိုင်ငံမှ ပြန်လာပြီးနောက် ရုတ်တရုတ် ချမ်းသာကြွယ်ဝလာပြီး မြို့ပေါ်တွင် ဟိုတယ်တခု တည်ဆောက်လျှက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်တွင် ဦးပြင်ပိုးသည် မောင်းမကန်ကမ်းခြေတွင် ဘန်ဂလို အပန်းဖြေစခန်းတခုကိုလည်း ဖွင့်လှစ်ထားသည်။

“ဦးပြင်ပိုး ရုတ်တရက် ဘယ်လို ချမ်းသာသွားသလဲဆိုတာကို ထားဝယ်ဒေသခံ အများစုက အံ့သြနေကြတယ်” ဟု ထားဝယ် ဒေသခံတဦးက ပြောသည်။

သံသယရှိသူ ၄ ဦးကို မြန်မာနိုင်ငံအတွင်း သီးခြားစီဖြစ်သည့် နေရာများမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် ပါရှိသည်။ လုပ်သက်ရင့် အကောက်ခွန် ရှင်းလင်းရေး ကိုယ်စားလှယ်တဦး ဖြစ်ပြီး Nice Guy Clearance Agency ပိုင်ရှင် ဦးမင်းနိုင်ကို ဟာဂျီယာဆင် (ခ) မောင်မောင်ကို မန္တလေးတိုင်းတွင် ဖမ်းဆီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ မတိုင်မီကတည်းက စတင်ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။ ဟာဂျီယာဆင်၏ ယောက်ဖ တော်စပ်ပြီး မလေးရှားနိုင်ငံတွင် စတိုး ဆိုင် တဆိုင် ဖွင့်လှစ်ထားသည့် ဇေယျာဟိန်းကို သူ၏ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် ရန်ကုန်မြို့သို့ ပြန်လာစဉ် ဇွန်လ ၉ ရက်နေ့က ဖမ်းဆီးခဲ့သည်။

U Kaung Trading ကုမ္ပဏီ နှင့် Nice Guy Clearance Agency ပိုင်ဆိုင်သူ ဦးမင်းနိုင်နှင့် သူ၏ဇနီး ဒေါ်သီတာမိုး

ဟာဂျီယာဆင် နှင့် ဇေယျာဟိန်းတို့က မူးယစ်ဆေးကုန်သွယ်ခြင်းကို အခြား ကြံရာပါ ၃ ဦး နှင့် အတူ ပတ်သက်လုပ်ကိုင်ခဲ့ ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံတွင် ထွက်ဆိုခဲ့ကြသည်။ ရက်အနည်းငယ်အကြာ ဇွန်လ ၂၀ ရက်နေ့တွင် ထားဝယ်ကြီး ခေါ် အောင်လွင်ကို ရဲတပ်ဖွဲ့က တနင်္သာရီတိုင်းအတွင်းရှိ မလွှတောင် နယ်စပ် စစ်ဆေးရေးစခန်းတွင် ဖမ်းဆီးရမိခဲ့ပြီး ထားဝယ်မြို့ပေါ်ရှိ ၎င်း၏နေအိမ်တွင် ခရစ္စတယ် မက်သဖက် တမင်းခေါ် ICE (ရေခဲ) ၁၀ ဂရမ် ကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ အောင်လွင်က ၎င်းသည် မလေးရှားနိုင်ငံတွင် မူးယစ်ဆေး မှောင်ခိုမှုဖြင့် ထောင်ကျခဲ့ဖူးကြောင်း ရဲတပ်ဖွဲ့သို့ ဝန်ခံထွက်ဆိုထားခဲ့သည်။ ပြည်တွင်း သတင်းအချို့တွင် လူသိများသည့် စီးပွားရေးလုပ်ငန်းရှင်တယောက်အဖြစ် ထားဝယ်ကြီး ခေါ် အောင်လွင်ကို အဖမ်းခံရခြင်းကို ဖော်ပြခဲ့ကြသော်လည်း ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် သူ၏ နောက်ခံ အကြောင်းနှင့် ပတ်သက်၍ သတင်းအချက်အလက် များများစားစား မပါဝင်ပေ။

ဟာဂျီယာဆင်၊ ဇေယျာဟိန်း၊ ချင်ကျားမူ နှင့် အကိုကြီးခေါ် ကတုံး တို့သည် မူးယစ်ဆေးများကို လဘက်ခြောက်များ အသွင်ပြောင်းထုပ်ပိုး၍ အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ် ဦးမင်းနိုင်၏ အကူအညီဖြင့် မလေးရှားနိုင်ငံသို့ တင်ပို့ကြောင်း အောင်လွင်က ရဲတပ်ဖွဲ့သို့ ဝန်ခံထားသည်။ ဟာဂျီယာဆင်ကလည်း တန်နှင့်ချီသော မူးယစ်ဆေးများကို ရှမ်းပြည်နယ် တာချီလိတ်တွင် နေထိုင်သည့် ချင်ကျားမူ (ခ) ကျားေ၀ ထံမှ ရန်ကုန်မြို့အပြင်ဖက် လှည်းကူးမြို့နယ်ရှိ Nice Guy ရေသန့်စက်ရုံသို့ ကားအမျိုးမျိုးဖြင့် တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံတွင် ထွက်ဆိုခဲ့သည်။ ရေသန့်စက်ရုံကိုပိုင်ဆိုင်သူမှာ ဦးမင်းနိုင်၏ ဇနီးဒေါ်သီတာမိုး ဖြစ်ပြီး သူက ကျောက်တံတားမြို့နယ်တွင် ရှိသော U Kaung Trading ကုမ္ပဏီ၏ ဒါရိုက်တာလည်းဖြစ်ပါသည်။

ဟာဂျီ ယာစင်၏ယောက်ဖ ဟူစိန်က ရေသန့်စက်ရုံတွင် သိုလှောင်ထားသည့် မူးယစ်ဆေးများကို အောက်ပုဇွန်တောင်ရှိ ဟာဂျီယာဆင် ပိုင်ဆိုင်သော သိုလှောင်ရုံတခုသို့ Bongo Box ကားတစီးဖြင့် ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် အကောက်ခွန်ကိုယ်စားလှယ် ဦးမင်းနိုင်က စာရွက်စာတမ်းကိစ္စများ၊ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်များနှင့် သဘောၤတင်ဝန်ဆောင်မှုများကို ဟာဂျီယာဆင် အတွက် ဆောင်ရွက်ပေးသည်။ U Kaung Trading ကုမ္ပဏီ နှင့် Nice Guy Clearance Agency တို့ကို ဦးမင်းနိုင်၏ မိသားစုက ပိုင်ဆိုင်ကြောင်း ဧရာဝတီက လေ့လာတွေ့ရှိရပါသည်။ သူတို့သည် ကွဲပြားသော ဘာသာရေးနောက်ခံ ရှိသူများ( ဗုဒ္ဓဘာသာဝင်နှင့် အစ္စလမ်ဘာသာဝင်) ဖြစ်ကြသော်လည်း ဦးမင်းနိုင်နှင့် ဟာဂျီယာဆင်တို့သည် အနီးကပ်ဆက်ဆံရေးရှိပြီး Facebook account တွင် တယောက်နှင့်တယောက် အပြန်အလှန် မှတ်ချက်ပေး (comment) ရေးသားမှုများ ၂၀၁၅ ခုနှစ် နောက်ပိုင်းကတည်းက အခါအားလျော်စွာ ရှိခဲ့သည်။

အကောက်ခွန်ဌာန၏ လုပ်ထုံးလုပ်နည်းများအရ ကုန်သွယ်ရေး (Trading) ကုမ္ပဏီများ အားလုံးသည် စစ်ဆေးရေးလုပ်ငန်းစဉ် နှင့်ပတ်သက်၍ အလွန်များပြားသော စာရွက်စာတမ်းလုပ်ငန်းများကို ပြီးမြောက်အောင်ဆောင်ရွက်ရမည် ဖြစ်သည်။ ၎င်းတို့ထဲတွင် ပို့ကုန် ကြေညာချက် ပုံစံတခု နှင့် အကောက်ခွန်ဦးစီးဌာန နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင် ကိုယ်စားလှယ်လုပ်ငန်း ဌာန (SAD) တို့ ၂ ခုလုံးမှ အဆင့်ဆင့် ထောက်ခံမှုများ ရယူခြင်းတို့လည်း အပါအဝင် ဖြစ်သည်။ ပြီးခဲ့သည့် အပတ်အတွင်း တွင် ဧရာဝတီက မြင်တွေ့ခဲ့ရသော SAD ၏ စာရွက်စာတမ်းများထဲတွင် U Kaung Trading ကုမ္ပဏီက ဟာဂျီယာဆင်အတွက် သင်္ဘောတင် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။ U Kaung Trading ၏ မန်နေးဂျင်း ဒါရိုက်တာ ဦအောင်စိုးမိုးက သင်္ဘောတင်ညွှန်ကြားချက်စာတွင် လက်မှတ်ထိုးထားပါသည်။ ရဲတပ်ဖွဲ့က ဦးအောင်စိုးမိုးကို ဖမ်းဆီးထိန်းသိမ်း ထားသလား သို့မဟုတ် ထွက်ပြေးတိမ်းရှောင်နေသလားဆိုသည်ကို သဲသဲကွဲကွဲ မသိရသေးပါ။

သင်္ဘောတင်သူက စာရွက်စာတမ်းကိစ္စများကို အကောက်ခွန်ကိုယ်စားလှယ်နှင့် အောင်မြင်စွာ ရှင်းလင်းပြီးသည့်တိုင် ကုန်သေတ္တာကို ဆိပ်ကမ်းတွင် X-ray စက်ဖြင့် စစ်ဆေးခြင်း အပါအဝင် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများခံယူရန် ကျန်ရှိနေဆဲပင်ဖြစ်သည်။ Myanmar Automated Cargo System (MACCS) ၏ အလိုအလျောက် လိုင်းများ သတ်မှတ်ပေးသည့် စနစ်အရ အဝါရောင် သို့မဟုတ် အနီရောင် လမ်းကြောင်း သတ်မှတ်ခံရသည့် သင်္ဘောတင်မည့်ကုန်အားလုံးသည် X-ray စစ်ဆေးခံရမည်ဖြစ်သည်။ အစိမ်းရောင် လမ်းကြောင်း သတ်မှတ်ခံရသည့် ကုန်သေတ္တာများမှာ X-ray ဖြင့် စစ်ဆေးခြင်းမှ ကင်းလွတ်ခွင့်ရရှိသည်။ U Kaung Trading ၏ ကုန်သေတ္တာသည် X-ray လမ်းကြောင်း တခုခု သို့ မဟုတ် အစိမ်းရောင် လမ်းကြောင်း မည်သည့် လမ်းကြောင်းက ဖြတ်သန်းသွားခဲ့သည်ဆိုသည်ကို အကောက်ခွန်ဦးစီးဌာနက တရားဝင် ထုတ်ပြန်ခြင်းမရှိခဲ့ပါ။ သင်္ဘောဆိပ်ကမ်းမှ ထွက်ခွာသွားခဲ့သည့် မြန်မာ နှစ်သစ်ကူးပွဲတော်ကာလအတွင်းက မြန်မာစက်မှုဆိပ်ကမ်း (MIP) တွင် မည်သည့်အကောက်ခွန်အရာရှိများ တာဝန်ကျခဲ့သည်ဆိုခြင်းကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိပါ။

ပြည်ထဲရေးဝန်ကြီးဌာန၏ နောက်ဆုံး ကြေညာချက်တွင်လည်း သံသယရှိသူများက ပစ္စည်းများကို X-ray စစ်ဆေးခြင်းကို မည်သို့ အောင်မြင်စွာ ကျော်ဖြတ်ခဲ့သည်ဆိုသည်ကို အသေးစိတ်ဖော်ပြခဲ့ခြင်း မရှိပါ။ X-ray စစ်ဆေးခြင်းကို ကျော်ဖြတ် ရန် ဖြစ်နိုင်သည့်ဟာကွက် အနည်းငယ်သာရှိကြောင်း အချို့ အကောက်ခွန်ကိုယ်စားလှယ်များက ဧရာဝတီသို့ ပြောကြပါသည်။ မသိယောင်ဆောင်ပေးရန်အတွက် အရာရှိများကို လာဘ်ထိုးသည့် နည်းလမ်းအပါအဝင် ဖြစ်သည်။ သက်ဆိုင်ရာ အကောက်ခွန်ဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံ မေးမြန်းခွင့်ရရန် ဧရာဝတီက ၃ ကြိမ် ကြိုးစားခဲ့သော်လည်း တောင်းဆိုမှုကို ငြင်းပယ်ခြင်း ခံခဲ့ရပါသည်။ အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ထံသို့ တရားဝင် စာတစောင် ရေးသားပေးပို့ရန် အကောက်ခွန် အရာရှိများက ဇွန်လ ၂၀ ရက်နေ့တွင် အကြုံပြုခဲ့ကြသည်။

ဇွန်လ ၂၀ ရက်နေ့တွင် ဆိပ်ကမ်းမြို့မ ရဲစခန်းသို့ ဧရာဝတီက သွားရောက်ခဲ့ရာတွင် သံသယရှိသူ ဦးမင်းနိုင်ကို အချုပ်ခန်းအတွင်းတွင် တဦးတည်း တွေ့မြင်ခဲ့ရသည်။ သူ၏ မိသားစု သို့မဟုတ် ရှေ့နေနှင့် စကားပြောခွင့် ပေးမထားပေ။ ဟာဂျီ ယာဆင် နှင့် သူ၏ယောက်ဖ ဇေယျာဟိန်းတို့ကို စစ်ဆေးရန်အတွက် အခြားတနေရာတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းနှင့် နောက်အပတ်အတွင်းတွင် ရုံးထုတ်စစ်ဆေးရန်ရှိကြောင်း တာဝန်ကျရဲအရာရှိတဦးက ပြောပါသည်။ ရဲတပ်ဖွဲ့၏ ယခင်ကြေညာချက်များတွင် သံသယရှိသူများကို သေဒဏ် သို့မဟုတ် ထောင်ဒဏ် နှစ်အကန့်အသတ်မရှိ ချမှတ်နိုင်သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အက်ဥပဒေများဖြင့် အမှုဖွင့်ထားကြောင်း ဖော်ပြထားပါသည်။

(အင်္ဂလိပ်ဘာသာဖြင့် Three Local Suspects Sought, 4 in Custody in Record Drug Shipment to Malaysia တွင် ဖတ်ရှုပါ။)

Your Thoughts …
Tags: ဆိပ်ကမ်းမလေးရှား မူးယစ်ဆေးအမှုရဲတပ်ဖွဲ့အကောက်ခွန်
မိုးမြင့်

မိုးမြင့်

ဧရာဝတီ

Similar Picks:

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

by ဧရာဝတီ
9 November 2023
8.4k

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများရှိနေပြီး မြေပြင်တွင် စစ်ရေးတင်းမာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ကြားညပ်ကာ အသုံးချခံဖြစ်နေရကြောင်း

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

by Craig Keating
5 October 2023
6.9k

ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့ဝင် နှစ်ဒါဇင်ခန့် တက်ရောက်နေသည့် ညစာစားပွဲတခုတွင် ရဲမှူးတဦးကို အတင့်ရဲစွာ သတ်ဖြတ်လိုက်ခြင်းသည် နိုင်ငံကို တုန်လှုပ်စေသည်။

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

by Sean Turnell
18 July 2025
5.9k

အခွန်ကိစ္စနှင့် ပတ်သက်သည့် သမ္မတ ထရမ့်ထံသို့ ပြန်စာတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မည်သည့်စကားလုံးကိုမှ လက်လွတ်မခံပေ။

သွင်းကုန်အပေါ်  စစ်ကောင်စီ ရည်ညွှန်းဈေး သတ်မှတ်ပြန်

သွင်းကုန်အပေါ် စစ်ကောင်စီ ရည်ညွှန်းဈေး သတ်မှတ်ပြန်

by ဧရာဝတီ
12 August 2024
4.3k

ရည်ညွှန်းဈေး သတ်မှတ်၍ တင်သွင်း ရောင်းချစေခြင်းသည် ရေရှည်အတွက် အဆင်မပြေနိုင်ဘဲ လက်ရှိ ဈေးနှုန်းသတ်မှတ်လုပ်ဆောင်နေသော စက်သုံးဆီ၊ ဒေါ်လာ၊ ရွှေ၊ အခြေခံစားသောက်ကုန်တို့ကဲ့သို့ပင် ပစ္စည်းပြတ်လပ်ခြင်းနှင့် မှောင်ခိုဈေးကွက်သို့သာ ဦးတည်နိုင်ကြောင်း

မြောက်ပိုင်းညီနောင် ၃ ဖွဲ့  နယ်စပ်အုပ်ချုပ်ရေးမှူးများ ဖြစ်လာတဲ့အခါ

မြောက်ပိုင်းညီနောင် ၃ ဖွဲ့ နယ်စပ်အုပ်ချုပ်ရေးမှူးများ ဖြစ်လာတဲ့အခါ

by Athena Awn Naw
21 August 2025
4.3k

"စစ်တပ်က ဒီမှာ နယ်မြေသာ ဆုံးရှုံးတာ မကဘူး။ သူတို့ရဲ့စစ်ဆင်ရေးတွေကို ထောက်ပံ့နေတဲ့ငွေလည်း ဆုံးရှုံးတယ်”

Next Post
ပေါက်ဖော်သည်သာ အားထားရာ

ပေါက်ဖော်သည်သာ အားထားရာ

Fidget Spinner လှည့်ရင် စိတ်ဖိစီးမှုတွေ ပျောက်တယ်ဆိုတာကြောင့် Fidget Spinner ဒီဇိုင်းနဲ့ ထုတ်လုပ်ထားတဲ့ ဖုန်းဖြစ်ပါတယ်

အမှန်တကယ် ဝယ်ယူနိုင်တဲ့ ကမ္ဘာ့အထူးခြားဆုံး စမတ်ဖုန်းများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved