• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

by Craig Keating
5 October 2023
in သူ့အတွေး သူ့အမြင်
A A
ရဲမှူးပစ်သတ်ခံရခြင်းက ထိုင်းရဲတပ်ဖွဲ့ အဂတိ အကြီးအကျယ်လိုက်စားမှုကို ပြသနေ

သေနတ်ဖြင့် အချက်ပေါင်း များစွာ ပစ်ခတ်ခံရသည့် ရဲမှူး ဆီဝါကွန် ဆိုင်ဘူအာ ဈာပန / Royal Thai Police

6.9k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံမှ ရဲတပ်ဖွဲ့ဝင် နှစ်ဒါဇင်ခန့် တက်ရောက်နေသည့် ညစာစားပွဲတခုတွင် ရဲမှူးတဦးကို အတင့်ရဲစွာ သတ်ဖြတ်လုပ်ကြံလိုက်ခြင်းသည် နိုင်ငံကို တုန်လှုပ်စေပြီး အဂတိလိုက်စားမှု လျှို့ဝှက်ချက်များကို ဖော်ထုတ်ရန် ဖိအားဖြစ်လာစေသည်။

ဒေသအစိုးရအရာရှိနှင့် သြဇာရှိသော စီးပွားရေးသမား အိမ်ရှင်က သူ၏ဆွေမျိုးတဦးကို ရာထူးတိုးပေးရန် တောင်းဆိုသည်ကို အကြိမ်ကြိမ် ငြင်းဆိုပြီးနောက် ရဲမှူး ဆီဝါကွန် ဆိုင်ဘူအာသည် အချက်ပေါင်းများစွာ ပစ်သတ်ခံရသည်ဟု သတင်းများက ဖော်ပြကြသည်။

၎င်းတို့ နှစ်ဦးအကြား ကျယ်လောင်သော အငြင်းပွားမှုဖြစ်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။ ထို့နောက် မကြာမီ အိမ်ရှင်၏ လူယုံရောက်လာပြီး အခြားသူများ အားလုံးရှေ့တွင် ထိုရဲမှူးကို ပစ်သတ်လိုက်ခြင်း ဖြစ်သည်။ လမ်းချော်သွားသော ကျည်ဆံတတောင့်ကြောင့် အခြား ရဲအရာရှိတဦး ဒဏ်ရာရသည်။

ထိုပါတီပွဲတွင် အရာရှိ ၂၀ ကျော် တက်ရောက်နေပြီး ၎င်းတို့ အားလုံးနီးပါးသည် လက်နက်များ ယူဆောင်လာကြသည်။ သို့သော် မည်သူမျှ ဝင်ရောက်တားဆီးခြင်း မပြုပေ။ အချို့က အခင်းဖြစ်ပွားသော နေရာမှ ထွက်ခွာသွားကြပြီး အချို့က ရာဇဝတ်မှုကို ဖုံးကွယ်ပေးရန် အထောက်အထားများကို ဖျောက်ဖျက်ပေးသည်ဟု သတင်းများတွင် ဖော်ပြသည်။ သေနတ်သမားက လက်နက်အပ်နှံသောအခါ သူ့ကို ရဲအရာရှိတဦးက ထွက်ခွာသွားခွင့်ပေးခဲ့ကြောင်း ဒုတိယရဲချုပ်က ပြောသည်။ ထို့နောက် သူနှင့် အိမ်ရှင်အရာရှိသည် ရဲအစောင့်အရှောက်ဖြင့် ထွက်ပြေးသွားသည်ဟု ဆိုသည်။

ဒေသဆိုင်ရာအရာရှိက ပစ်ခတ်မှုဖြစ်ပွားပြီး တရက်ကြာသောအခါ လာရောက်အဖမ်းခံပြီး မည်သည့် အမှားအယွင်းမှ မလုပ်ကြောင်းပြောပြီး သေနတ်သမားမှာ ရဲတပ်ဖွဲ့နှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးသွားသည်ဟု ဆိုသည်။ ထိုအရာရှိ၏ အစိုးရနှင့် ပတ်သက်သည့် စီးပွားရေးများကို လတ်တလော စုံစမ်းစစ်ဆေးနေသည်။

ထိုလူသတ်မှုသည် ထိုင်းရဲတပ်ဖွဲ့ကို ထိခိုက်စေသည့် အမြစ်တွယ်နေသည့် ပြဿနာ၏ ဥပမာတခုဖြစ်ပြီး ထိုင်းရဲနှင့် သြဇာကြီးမားသည့် ခေါင်းဆောင်များအကြား ဆက်ဆံရေးကိုလည်း ဖော်ပြလိုက်ခြင်း ဖြစ်သည်။

ထိုလူသတ်မှုသည် ထိုင်းရဲတပ်ဖွဲ့ကို ထိခိုက်စေသည့် အမြစ်တွယ်နေသည့် ပြဿနာတခု၏ ဥပမာဖြစ်ပြီး ထိုင်းရဲနှင့် သြဇာကြီးမားသည့် ခေါင်းဆောင်များအကြား ဆက်ဆံရေးကိုလည်း ဖော်ပြလိုက်ခြင်း ဖြစ်သည်။

ထိုအမှုသည် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်ပြီး အစိုးရ၏ မစွမ်းဆောင်နိုင်မှုကို ဆက်လက် ပြသနေပြီး ပိုမိုကျယ်ပြန့်သည့် အများပြည်သူ ယုံကြည်မှု၊ အားကိုးမှုနှင့် ပတ်သက်သည့် အကျိုးဆက်များရှိသည်။ ထိုအချက် နှစ်ချက်သည် နိုင်ငံအနေဖြင့် ကမ္ဘာလှည့် ခရီးသည်များကို ပြန်လည် ဆွဲဆောင်နေချိန်တွင် အရေးပါသော အချက် နှစ်ခုဖြစ်သည်။

ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးက မဖြစ်နိုင်သည့် စိတ်ကူးယဉ်မှုဖြစ်

ထိုင်းစီးပွားရေးပညာရှင် ပါဆွတ်ခ် ဖောင်ပိုင်ချစ်၏ ကျော်ကြားလှသော Guns, Girls, Gambling, Ganja အမည်ရှိ ရဲတပ်ဖွဲ့ မသမာမှုများအကြောင်း စာအုပ်ကို လွန်ခဲ့သော ၂၅ နှစ်က ထုတ်ဝေခဲ့ပြီးနောက် အပြောင်းအလဲ မရှိသလောက်ပင် ဖြစ်သည်။ ထိုစာအုပ်တွင် လောင်းကစား၊ ပြည့်တန်ဆာလုပ်ငန်း၊ မူးယစ်ဆေးဝါးနှင့် လက်နက်ကုန်ကူးခြင်း၊ ရေနံမှောင်ခိုခြင်းနှင့် လူကုန်ကူးခြင်းသည် ထိုင်းနိုင်ငံ၏ ပျက်စီးယိုယွင်းနေသော ငွေနိုင်ငံရေးနှင့် ရဲအဖွဲ့ အကျင့်ပျက်ခြစားမှုကို မည်သို့ ငွေကြေးပံ့ပိုးပေးနေခြင်းအား လေ့လာသော စာအုပ်ဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် အဂတိလိုက်စားမှု ကြားနာသည့် တရားရုံး၌ အဂတိ လိုက်စားမှုနှင့် အာဏာအလွဲသုံးစား လုပ်မှုအတွက် တရားစွဲခံရသည့် တရားခံများစာရင်းတွင် ထိုင်းရဲတပ်ဖွဲ့ဝင်များသည် ထိပ်ဆုံးမှ အများဆုံး ဖြစ်နေသည်။

အရာရှိ ၂၀ ကျော် တက်ရောက်သည့် ပါတီပွဲတွင် ပစ်သတ်ခံရသည့် ရဲမှူး ဆီဝါကွန် ဆိုင်ဘူအာ / Royal Thai Police

လွန်ခဲ့သောလတွင် အမျိုးသား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အစီရင်ခံစာတွင် ထိုင်း တနိုင်ငံလုံးမှ ရဲစခန်းများ၏ ၈၆ ရာခိုင်နှုန်းသည် ရိုးသားတည်ကြည်မှုနှင့် ပွင့်လင်းမြင်သာမှု စမ်းသပ်မှုတွင် ကျရှုံးကြောင်း ဖော်ပြထားသောကြောင့် အခြားအစိုးရဌာနများထက် လေးဆ ပိုမိုမြင့်မားသည်။

ယခုလအစောပိုင်းက နိုင်ငံတဝန်း စစ်တမ်းတွင် ဖြေဆိုသူများ၏ ၈၆ ရာခိုင်နှုန်းက ထိုင်းနိုင်ငံမှ မာဖီးယားပုံစံ သြဇာကြီးမားသည့် ခေါင်းဆောင်များကို ရဲအချို့နှင့် အစိုးရအရာရှိအချို့က ကာကွယ်ပေးထားသည်ဟု ယုံကြည်ကြောင်း ဖြေကြားကြသည်။

ယခု ရဲမှူးသတ်ဖြတ်ခံရသည့် ကိစ္စကို တုံ့ပြန်သည့်အနေဖြင့် ဝန်ကြီးချုပ်သစ် ဆက်ထာ ထဝီစင်က မာဖီးယားပုံစံ ထိုးဖောက်ဝင်ရောက်သည့် အင်အားစုကို သုတ်သင်ဖယ်ရှားမည် ဖြစ်ကြောင်း ကတိပြုသည်။

သို့သော် လက်ရှိအချိန်အထိ ထိုင်းနိုင်ငံ၏ တုံ့ပြန်မှုသည် ရဲတပ်ဖွဲ့၏ ရာဇဝတ်မှုများကို အမြစ်ဖြတ်သုတ်သင်ရန် လေးနက်မှုမရှိဘဲ မာဖီးယားပုံစံ ဂိုဏ်းများနှင့် နိုင်ငံရေးသမားများ စာရင်းပြုစုရေးကိုသာ အာရုံစိုက်နေသည်။

ဖွေ့ထိုင်းနှင့် ၎င်း၏ ရှေ့တော်ပြေး ပါတီများသည် စုစုပေါင်း ကိုးနှစ်ကျော် အာဏာရခဲ့သည်။ ထိုမျှ အချိန်ကာလသည် ၎င်းတို့အနေဖြင့် ရဲတပ်ဖွဲ့ အဂတိလိုက်စားမှု တိုက်ဖျက်လိုပါက အလွန်လုံလောက်သော အချိန်ကာလ ဖြစ်သည်။

ဖွေ့ထိုင်းပါတီ၏ ခေါင်းဆောင်အစစ်အမှန်ဟု ယူဆကြသည့် ဝန်ကြီးချုပ်ဟောင်း (ဒုရဲမှူးကြီးဟောင်း) သက်ဆင် ရှင်နာဝပ်ကလည်း ကူညီမည့်အလားအလာ မရှိပေ။ ၂၀၀၃ ခုနှစ်က သူ၏ သုံးလကြာ မူးယစ်းဆေးဝါး စစ်ပွဲအတွင်း အမျိုးသမီးများ၊ ကလေးများနှင့် သက်ရွယ်အိုများပါဝင်သည့် မိသားစုတခုလုံး သတ်ဖြတ်ခံရခြင်းများ အပါအဝင် ထိုင်းနိုင်ငံသား ၂,၈၇၃ ဦး အသတ်ခံရသည်။

ဖွေ့ထိုင်းနှင့် ၎င်း၏ ရှေ့တော်ပြေး ပါတီများသည် စုစုပေါင်း ကိုးနှစ်ကျော် အာဏာရခဲ့သည်။ ထိုမျှ အချိန်ကာလသည် ၎င်းတို့အနေဖြင့် ရဲတပ်ဖွဲ့ အဂတိလိုက်စားမှု တိုက်ဖျက်လိုပါက အလွန်လုံလောက်သော အချိန်ကာလ ဖြစ်သည်။

၎င်းတို့၏ အမည်ပျက်စာရင်းမှ သတ်မှတ်ထားသော ရာခိုင်နှုန်းကို မသုတ်သင်သူများအား ရာထူးမှ ဖြုတ်မည်ဟု အုပ်ချုပ်ရေးမှူးများနှင့် ပြည်နယ်ရဲများကို သက်ဆင်ပြောခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ဖော်ပြသည်။

ယခုအခါ သက်ဆင်၏ အဓိက မဟာမိတ်များဖြစ်နေသည့် ယခင်က နိုင်ငံရေး အတိုက်အခံများသည်လည်း အထောက်အကူပြုမည့် အလားအလာ မရှိပေ။ အာဏာရနေစဉ်က ၎င်းတို့သည် ရဲတပ်ဖွဲ့အုပ်ချုပ်ရေး ပြင်ဆင်ရေး ဥပဒေ ပြဋ္ဌာန်းရန် အချိန်ဆွဲနေကြသည်။ ၂၀၂၁ ခုနှစ်တွင် သံသယရှိသူတဦးကို ထိုင်းရဲလက်တွင် သတ်ဖြတ်မှု ဖြစ်သောအခါမှသာ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် အမှားကျူးလွန်သူများနှင့် မပူးပေါင်းရန် သို့မဟုတ် မပူးပေါင်းရန် လိုအပ်သော ကျင့်ဝတ်တခုကို အလျင်အမြန် ပြဋ္ဌာန်းသော်လည်း ထိုကျင့်ဝတ်သည် လုံးဝ ထိရောက်ခြင်း မရှိကြောင်း ပြသနေသည်။

ထိုင်းအစိုးရသစ်သည် ရဲတပ်ဖွဲ့ကို သန့်စင်အောင် မည်သို့လုပ်မည်ကို ခန့်မှန်းရန် ခက်ခဲလှသည်။ ထိုကိစ္စသည် မစ္စတာ ဆက်ထာ ထဝီစင်၏ ဖွေ့ထိုင်းပါတီ၏ ဦးစားပေးတခု မဟုတ်ပေ။

ပါတီပွဲအတွင်း ပစ်ခတ်သတ်ဖြတ်မှုတွင် ဒုရဲမှူးကြီး ဝါဆင် ပန်ပီးလည်း ဒဏ်ရာရရှိခဲ့သည် / Royal Thai Police

ထိုသို့ လုပ်မည့်အစား ဖွေ့ထိုင်းပါတီသည် ၂၀၁၄ ခုနှစ် စစ်အုပ်စုခေါင်းဆောင်များ ထောက်ခံသည့် ပါတီများနှင့် မပူးပေါင်းရန် ရွေးကောက်ပွဲ မတိုင်မီက ကတိကို ချိုးဖောက်သောကြောင့် ဆုံးရှုံးသွားသည့် ထောက်ခံသူများအနက် အချို့ကို ပြန်လည်ရရှိရန်သာ ဦးစားပေးနေသည်။ အကြွေးဆိုင်းငံ့ပေးခြင်းနှင့် အသက် ၁၆ နှစ်နှင့် အထက်များကို ဘတ်ငွေ တသောင်း ထုတ်ပေးမည့် ၎င်း၏ စီးပွားရေး အားပေးသည့် မူဝါဒများသည် ပါတီ၏ ပိုမိုဆင်းရဲသော ကျေးလက်ထောက်ခံသူများအပေါ် သက်ရောက်မှု ရှိနိုင်သည်။

အစာကျွေးသောလက်ကို ပြန်ကိုက်ခြင်း

အစိုးရသည် ထိုင်းနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်မှု ၂၀ ရာခိုင်နှုန်းကို အကျိုးဆောင်သည့် ခရီးသွားလုပ်ငန်းကိုလည်း မှီခိုအားထားနေသည်။ အစိုးရပြောခွင့်ရသူ ချိုင် ဝါချာရွန်ခဲက ခရီးသွား လုပ်ငန်းသည် ယခုတိုင် မောင်းနှင်နိုင်ဆဲဖြစ်သည့် တခုတည်းသော စီးပွားရေး အင်ဂျင်ဖြစ်ပြီး နိုင်ငံအတွက် ဝင်ငွေအများအပြား ရရှိစေမည်ဖြစ်ကြောင်း ပြောသည်။ ထိုသို့ လုပ်ရန်အတွက် အစိုးရသည် ၂၀၂၄ ခုနှစ်တွင် နိုင်ငံခြားခရီးသည် သန်း ၄၀ ရရန် မျှော်မှန်းထားပြီး ၂၉ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်သည်။

သို့သော် အစိုးရက ရဲတပ်ဖွဲ့ ရာဇဝတ်မှုကို ကိုင်တွယ်ရန် ပျက်ကွက်ပါက ထိုရည်မှန်းချက် အောင်မြင်စေရန် မဖြစ်စေနိုင်လောက်ပင်ဖြစ်သည်။ ရဲတပ်ဖွဲ့က ကမ္ဘာလှည့် ခရီးသည်များကို ငွေညှစ်ခြင်းနှင့် ပြန်ပေးဆွဲခြင်း ပြုလုပ်သည်ဆိုသည့် စွပ်စွဲချက်များကို ရင်ဆိုင်နေရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ ယခုနှစ်အစောပိုင်းက လူသိများသော အမှုတခုတွင် ထိုင်းရဲ ခြောက်ဦးသည် ထိုင်ဝမ် သရုပ်ဆောင်မင်းသမီး ချာလင်းအန်ကို e-စီးကရက်အတွက် ငွေညှစ်သည်ဟု သတင်းများက ဖော်ပြသည်။ ထိုပစ္စည်းသည် ထိုင်းတွင် တရားမဝင်ပေ။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3.3k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k

ရဲတပ်ဖွဲ့က ကမ္ဘာလှည့် ခရီးသည်များကို ငွေညှစ်ခြင်းနှင့် ပြန်ပေးဆွဲခြင်း ပြုလုပ်သည်ဆိုသည့် စွပ်စွဲချက်များကို ရင်ဆိုင်နေရသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။

ပိုမိုဆိုးရွားသောအမှုမှာ ဗိုလ်ချုပ်အဆင့်များ အပါအဝင် ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲအရာရှိ ၁၁၀ ခန့်အထိသည် တရုတ် လူဆိုးဂိုဏ်းများ ထိုင်းနိုင်ငံတွင် ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တရားမဝင် နေထိုင်နိုင်ရန် ကူညီခဲ့ကြောင်း သံသယရှိသည်ဟု ထိုင်းအမျိုးသား ဒုရဲချုပ်က ဖေဖော်ဝါရီလတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုကာလအတွင်းက တရုတ်နိုင်ငံသားများသည် ၎င်းတို့နိုင်ငံသားများကို ခြိမ်းခြောက်ငွေတောင်းရန် ပြန်ပေးဆွဲလာသည်ဟု သတင်းများက ဖော်ပြသည်။ ယခုလအစောပိုင်းအထိပင် ထိုသို့ လုပ်ဆောင်မှုများ ရှိသည်ဟု ဆိုသည်။

ထိုသို့သော သတင်းများသည် ထိုင်းနိုင်ငံ၏ ဂုဏ်သတင်းကို ဆက်လက် ထိခိုက်စေမည် ဖြစ်သည်။ အထူးသဖြင့် ထိုင်းနိုင်ငံအတွက် ဒုတိယအကြီးဆုံး ခရီးသွားလုပ်ငန်း ဈေးကွက်ဖြစ်သည့် တရုတ်တွင် ထိခိုက်စေမည်ဖြစ်သည်။ ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် တရုတ်ဧည်သည်များအတွက် ဗီဇာလိုအပ်ချက်များကို မကြာသေးမီက ဖယ်ရှားပေးခဲ့သည်။

အစိုးရအဆက်ဆက်က လက်ရှောင်ခဲ့သော ပြဿနာဖြစ်သည့် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးထက် အစိုးရသည် နောက်ဆုံးဖြစ်ခဲ့သည့် အရှုပ်တော်ပုံကို လူထုအာရုံစိုက်မှုမှ ပျောက်ကွယ်သွားသည်အထိ ချော့မော့ ပြောဆိုနေပြီးနောက် ထိုကိစ္စအား မေ့ပစ်လိုက်မည် ဖြစ်သည်။

(Channel News Asia ပါ Craig Keating ၏ Shooting of police inspector at dinner party exposes corruption underbelly in Thai police ကို ဘာသာပြန်သည်။ )

You may also like these stories:

ထိုင်း ရဲအရာရှိကြီး တဦး မြန်မာ နယ်စပ်က သယ်လာတဲ့ မူးဆစ်ဆေးများနဲ့အတူ ဖမ်းမိ

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ဖြေရှင်းရေး မြန်မာ-ထိုင်းနှစ်နိုင်ငံ ရဲချုပ်အဆင့်ဆွေးနွေး

မြန်မာများအား လူကုန်ကူးဟု ထိုင်းရဲ ၃၀ ကျော် စွပ်စွဲခံရ

မြန်မာအမျိုးသမီးကို အဓမ္မကျင့်မှုဖြင့် တိုင်ကြားခံရသည့် ထိုင်းရဲ အာမခံရ

Your Thoughts …
Tags: ကမ္ဘာလှည့် ခရီးသည်တရုတ်ထိုင်းဖွေ့ထိုင်းမူးယစ်ဆေးဝါးရဲတပ်ဖွဲ့လုပ်ကြံသတ်ဖြတ်မှုလူကုန်ကူးမှုလောင်းကစားသက်ဆင် ရှင်နာဝပ်အဂတိလိုက်စားမှု
Craig Keating

Craig Keating

ခရိတ် ကိတင်းသည် ထိုင်းနိုင်ငံကို စောင့်ကြည့်လေ့လာနေသည်မှာ ကာလကြာမြင့်ပြီဖြစ်သည့် သုတေသီနှင့် သံတမန်ဟောင်း ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
42k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ပိတ်သိမ်းမည့် တရုတ်အထည်ချုပ်စက်ရုံမှ နစ်နာကြေးရဖို့ အလုပ်သမားများ ညအိပ်စောင့်နေရ

ပိတ်သိမ်းမည့် တရုတ်အထည်ချုပ်စက်ရုံမှ နစ်နာကြေးရဖို့ အလုပ်သမားများ ညအိပ်စောင့်နေရ

ARSA ဘဏ္ဍာရေးမှူးကို ဘင်္ဂလားဒေ့ရှ်ရဲ ဖမ်းဆီး

ARSA ဘဏ္ဍာရေးမှူးကို ဘင်္ဂလားဒေ့ရှ်ရဲ ဖမ်းဆီး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved