• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ARSA ဘဏ္ဍာရေးမှူးကို ဘင်္ဂလားဒေ့ရှ်ရဲ ဖမ်းဆီး

by ဧရာဝတီ
5 October 2023
in သတင်း
A A
ARSA ဘဏ္ဍာရေးမှူးကို ဘင်္ဂလားဒေ့ရှ်ရဲ ဖမ်းဆီး

နော်မာန်ချော်ဒရီသည် ၂၀၁၆ ခုနှစ်က နယ်ခြားစောင့်ရဲစခန်းများ တိုက်ခိုက်မှုတွင် အဓိက ဦးဆောင်ပါဝင်ခဲ့သူ တဦးလည်းဖြစ်သည်/ Mohib Ullah

1.8k
VIEWS
Share on FacebookShare on Twitter

အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) အဖွဲ့မှ ဘဏ္ဍာရေးမှူးလည်း ဖြစ်၊ အဖွဲ့ခေါင်းဆောင် အာတာအုလ္လာ၏ ညာလက်ရုံးလည်း ဖြစ်သူ မိုဟာမက် အာရှက် ခေါ် နော်မာန် ချော်ဒရီအား ဘင်္ဂလားဒေ့ရှ် ရာဇဝတ်မှု နှိမ်နှင်းရေးတပ်ဖွဲ့ (RAB- Rapid Action Battalion) က ဖမ်းဆီးလိုက်သည်။

အောက်တိုဘာလ ၂ ရက်နေ့ ညဉ့်အချိန်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားခရိုင်၊ အိုခီယားမြို့နယ်ရှိ ကူတုပါလောင် ဒုက္ခသည်စခန်းအနီးဝန်းကျင် တနေရာတွင် ပိတ်ဆို့ရှာဖွေစဉ် ဖမ်းဆီးရမိခြင်း ဖြစ်သည်။

အသက် ၃၀ အရွယ် နော်မာန်ချော်ဒရီသည် ARSA အဖွဲ့ ဒုခေါင်းဆောင် တိုက်ခိုက်ရေးမှူး ဟာ့လဒ် ခေါ် အုစ္စသာသ်ဟာ့လဒ်၏ ယောက်ဖ တော်စပ်သူ ဖြစ်ပြီး ARSA အဖွဲ့အတွက် နိုင်ငံတကာရောက် ရိုဟင်ဂျာအဖွဲ့အစည်းများနှင့် ဆက်သွယ်ကာ ဘဏ္ဍာငွေများကို အဓိက ရှာဖွေပြီး နေသူတဦးလည်း ဖြစ်ကြောင်း ရိုဟင်ဂျာအသိုင်းအဝန်းထံမှ သိရသည်။

သူသည် နှစ်နိုင်ငံနယ်စပ် ဇီးရိုးလိုင်းတွင် ခိုအောင်းနေထိုင်ပြီး ပြီးခဲ့သော ၂၀၂၂ ခုနှစ် အောက်တိုဘာလာအတွင်းကလည်း ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေး အရာရှိ ၁ ဦးသတ်ဖြတ်ခံရမှုတွင် ပါဝင်သည့်အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့မှ အထူးအလိုရှိနေသူ တဦးလည်း ဖြစ်သည်။

နိုဝင်ဘာလ ၁၄ ရက်နေ့က မြန်မာနယ်စပ်အနီး မှောင်ခိုရောင်းဝယ်မှုတိုက်ဖျက်ရေးအတွင်း ARSA အဖွဲ့ဝင်များကြောင့် ထောက်လှမ်ရေးအရာရှိ တပ်အုပ်စုမှူး ရစ်ဝန် ရပ်ရှဒီ သေဆုံးပြီး အခြား RAB တပ်ဖွဲ့ဝင် အများအပြား ဒဏ်ရာရသည်။

စစ်ဆေးမေးမြန်းမှုအရ အမေရိကန် ပြည်ထောင်စုတွင် နေထိုင်သော သူ၏ဖခင် ဆက်ဘာအာမက်က နော်မာန်ချော်ဒရီနှင့် အာတာအုလ္လာကို ဆက်သွယ်ပေးခဲ့ကြောင်း သိရသည်။

နော်မာန်ချော်ဒရီသည် ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော မောင်တောအရေးအခင်း၌ နယ်ခြားစောင့်ရဲစခန်းများ တိုက်ခိုက်မှုတွင်လည်း အဓိက ဦးဆောင်ပါဝင်ခဲ့သူ တဦးလည်းဖြစ်သည်။

တိုက်ခိုက်သူ ခန့်မှန်းခြေ ၂၅၀ ခန့်သည် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး မောင်တောနှင့် ရသေ့တောင်မြို့နယ်များမှ နယ်ခြားစောင့်ရဲစခန်း ၃ ခုကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့အရုဏ်တက်ချိန်က တပြိုင်နက် တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

စစ်ဆေးမေးမြန်းမှုများအရ နော်မာန်ချော်ဒရီသည် ၂၀၁၆ ခုနှစ်က မောင်တောရှိ နယ်ခြားစောင့်ရဲစခန်းဌာနချုပ်တွင် စစ်သား ၁၄ ဦးကို သတ်ဖြတ်ခြင်းနှင့် လက်နက်များ လုယက်ခြင်းတွင် ပါဝင်ကြောင်း RAB ပြောသည်။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
36
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
903
အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

10 January 2026
58

ရပ်ရှဒီကို သတ်ဖြတ်ခြင်းနှင့်ပတ်သက်ပြီးလည်း အာတာအုလ္လာနှင့် အခြားအမည်ဖေါ်ပြထားသည့် သံသယရှိသူ ၃၁ ဦးနှင့် အမည်မဖေါ်ပြထားသူ ၃၅ ဦးတို့ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက နိုဝင်ဘာလတွင် အမှုတခု စွဲဆိုထားသည်။

ဇူလိုင်လ ၂၁ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်မြို့နယ် ၊ Bahachora Syam lamPur တောင်တန်းတွင် ရာဇဝတ်မှု ပေါင်းများစွာဖြင့် အလိုရှိနေသော ARSA အဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ အသက် ၂၈ နှစ်အရွယ် ဟာဗေ့စ် နုရ်မူဟာမတ်နှင့်အဖွဲ့ဝင် ၅ ဦးအား ဘင်္ဂလားဒေ့ရ် ရဲတပ်ဖွဲ့ဝင်များက စစ်ဆင်ရေးတရပ်ပြုလုပ်ပြီး ဖမ်းဆီးခဲ့သည်။

ဇန်နဝါရီလမှ စတင်ပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ARSA အဖွဲ့ဝင် အနည်းဆုံး ၆၀ ဦးကို ဖမ်းဆီးထားပြီး ARSA ကလည်း ၎င်းတို့အဖွဲ့ကို မလိုအပ်ဘဲ ပစ်မှတ်ထားခံရကြောင်း ပြောသည်။

ARSA အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် ခိုအောင်းနေထိုင်ပြီး ဒုစရိုက်မှု အမျိုးမျိုးကို ကျူးလွန်နေသည့်အတွက် လတ်တလော အခြေအနေတွင် ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့မှ ARSA အဖွဲ့ဝင်များကို လုံးဝ လက်မခံတော့ဘဲ လိုက်လံဖမ်းဆီး နေသည့်အတွက် မြန်မာနိုင်ငံအတွင်းသို့ တနေ့ တခြား ဝင်ရောက်လာမှုများ ရှိကြောင်းလည်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။

ထိုသို့ ARSA အဖွဲ့ နယ်စပ်မှ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း မောင်တော၊ ဘူးသီးတောင်မြို့နယ်များသို့ တဖြည်းဖြည်း ဝင်ရောက်လာမှု အပေါ် စစ် ကောင်စီလက်အောက်ခံ အောက်ခြေတပ်မှူးများ သိရှိသော်လည်း မျက်နှာလွဲပြီး တမင်ဖွင့်ပေးနေကြောင်း ဧရာဝတီက ဆက်သွယ်ပြောဆိုခဲ့သော ရခိုင်နှင့် ရိုဟင်ဂျာ အသိုင်းအဝန်းက ဝေဖန်ကြသည်။

ARSA အဖွဲ့ထိုသို့ ဝင်ရောက်လာပြီးနောက် မောင်တော၊ ဘူးသီးတောင်မြို့ နယ်အတွင်းရှိ ရိုဟင်ဂျာ ကျေးရွာများသို့ စည်းရုံးရေးဆင်းကာ ၎င်းတို့အား မထောက်ခံသည့် ကျေးရွာသားများနှင့် ရိုဟင်ဂျာ စီးပွားရေးသမားများကို အနိုင်ကျင့် ငွေကြေးတောင်းခံမှု၊ လူသတ်မှု၊ ပြန်ပေးဆွဲမှုများ မကြာခဏ ကျုးလွန်လာသည့်အတွက် လက်ရှိအခြေအတွင် ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ် ( ULA/AA) တပ်ဖွဲ့ဝင်များက ARSA အဖွဲ့ဝင်များကို ဖမ်းဆီးရမိနိုင်ရေး ရိုဟင်ဂျာ ကျေးရွာများကို ပိတ်ဆို့ ရှာဖွေ ဖမ်းဆီးနေမှုများလည်း ရှိနေသည်။

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့် ရဲတပ်ဖွဲ့များသည် ARSA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဆိုသည့် စွပ်စွဲချက်များဖြင့် စက်တင်ဘာလ ၁ ရက်နေ့က မောင်တော မြို့နယ် ကြက်ရိုပြင်ကျေးရွာအုပ်ချုပ်ရေး အာနုရ်ဝါအား ULA/AA က ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ နောက်တရက်တွင် ပြန်လွတ်ပေးခဲ့သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bangladesh Arrests Alleged Key Rohingya Militant တွင်လည်း ဖတ်ရှုနိုင်သည်။)

You may also like these stories:

ARSA အဖွဲ့ မောင်တောမြို့နယ်သို့ ဝင်ရောက် ခြိမ်းခြောက် စည်းရုံးမှုများရှိလာ

ARSA ထိပ်ပိုင်းခေါင်းဆောင်နှင့် အဖွဲ့ဝင် ၅ ဦးအား ဘင်္ဂလားဒေ့ရှ်အထူးရဲတပ်ဖွဲ့ ဖမ်းမိ

မေယုတောင်ကြောတွင် AA နှင့် ARSA တိုက်ပွဲဖြစ်

ARSA နဲ့ RSO တိုက်ပွဲကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ ထပ်မံထွက်ပြေးနေရ (ရုပ်/သံ)

Your Thoughts …
Tags: ARSARABဖမ်းဆီးဘင်္ဂလားဒေ့ရှ်ရဲဘဏ္ဍာရေးမှူးမိုဟာမက် အာရှက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ ထုတ်ပြန်သလို NUG ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လက်မှတ်များ အတုမဟုတ်ဟု ပါချုပ် ပြော

စစ်ကောင်စီ ထုတ်ပြန်သလို NUG ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လက်မှတ်များ အတုမဟုတ်ဟု ပါချုပ် ပြော

by ဧရာဝတီ
23 November 2024
16.6k

ချုလာလောင်ကွန်းတက္ကသိုလ်မှ ကျောင်းသူ ၂ ဦး၏ တက္ကသိုလ် တက်ရောက်ခွင့် လျှောက်ထားမှုကို သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့လက်မှတ်များအား အတည်ပြုပေးနိုင်ရန် ဆေးတက္ကသိုလ် (မန္တလေး)သို့ အကြောင်းကြားခဲ့ကြောင်း

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

ရေတပ်ဦးစီးချုပ်အဖြစ် ဒုဗိုလ်ချုပ်ကြီး ထိန်ဝင်းအား ခန့်အပ်

by ဧရာဝတီ
13 July 2024
12.1k

စစ်ကောင်စီ၏မြဝတီရုပ်သံမီဒီယာမှ ဇူလိုင်လ ၁၂ ရက်ည ၈ နာရီတွင်ထုတ်ပြန်သော စစ်ခေါင်းဆောင် သစ်ပင်စိုက်ပွဲတွင် လေတပ်ဦးစီးချုပ်အားတွေ့ရသော်လည်း ရေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်အား မတွေ့ခဲ့ရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

မန္တလေးတွင် စစ်မှုထမ်းရန် လူငယ် ၅၀ ခန့် ဖမ်းဆီးခံရ

by ဧရာဝတီ
20 August 2024
10.4k

စစ်မှုထမ်းလူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းမျိုး မရှိဘဲ ဧည့်စာရင်းစစ်ဆေးခြင်းနှင့် လမ်းပေါ် စစ်ဆေးမှုများမှာ မြို့လုံခြုံရေးအတွက် ပုံမှန် ဆောင်ရွက်ခြင်းမျိုးသာဖြစ်ကာ လက်တလော လုံခြုံရေး တင်းကျပ်ပြီး အင်အားဖြည့်တင်းမှုများ ပြုလုပ်ထားသည်မှာ မှန်ကန်သော်လည်း အရေးပေါ်အခြေအနေထုတ်ပြန်ထားခြင်း မရှိ

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

အာရက္ခတပ်တော်၏ ရခိုင်ပြည်ကို အုပ်ချုပ်နိုင်စွမ်း ဆန်းစစ်ချက်

by ကျော်ဆန်းလှိုင်
26 November 2024
10.4k

AA တွင် ရခိုင်ပြည်နယ်ကို အုပ်ချုပ်ရန် ပြည့်ဝသောစွမ်းရည် မရှိနိုင်သော်လည်း ကြီးထွားတိုးတက်နိုင်သည့် စွမ်းရည်ရှိကြောင်း ပြသပြီးဖြစ်သည်။

စစ်ကောင်စီက ရိုးမဘဏ်ပိုင်ရှင်ကို ဖမ်းဆီး

စစ်ကောင်စီက ရိုးမဘဏ်ပိုင်ရှင်ကို ဖမ်းဆီး

by ဧရာဝတီ
11 July 2024
9.9k

ဦးသိမ်းဝေ ခေါ် ဆာ့ဂျ်ပန်းအား မကြာမီ တရားစွဲမည်ဟု သတင်းရင်းမြစ်များက ဆိုကြသည်။

Next Post
ဘန်ကောက်ပစ်ခတ်မှု၌ သေဆုံးခဲ့သူများအား နစ်နာကြေး ဘတ် ၂ သိန်းစီ ပေးမည်

ဘန်ကောက်ပစ်ခတ်မှု၌ သေဆုံးခဲ့သူများအား နစ်နာကြေး ဘတ် ၂ သိန်းစီ ပေးမည်

ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း သတ်ဖြတ်မှု ၂ ဦး သေဆုံး

ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း သတ်ဖြတ်မှု ၂ ဦး သေဆုံး

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved