• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

သွင်းကုန်အပေါ် စစ်ကောင်စီ ရည်ညွှန်းဈေး သတ်မှတ်ပြန်

by ဧရာဝတီ
12 August 2024
in သတင်း
A A
သွင်းကုန်အပေါ်  စစ်ကောင်စီ ရည်ညွှန်းဈေး သတ်မှတ်ပြန်

၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလက တွေ့ရသည့် ရန်ကုန်ဆိပ်ကမ်း ကွန်တိန်နာများ(ဆင်ဟွာ)

4.3k
VIEWS
Share on FacebookShare on Twitter

ပြည်ပသွင်းကုန်များ တန်ဖိုးဈေးနှုန်း မှန်ကန်စေရေး၊ သွင်းကုန်ဆိုင်ရာ အကောက်ခွန် အပြည်အဝရစေရေး ဆိုကာ ယခင် စစ်အစိုးရလက်ထက်က အတိုင်း ကုန်ပစ္စည်းအများအစားအလိုက် ရည်ညွှန်းဈေးများ ပြန်သတ်မှတ်ပြီး ယနေ့မှစ၍ တင်သွင်းရမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ထိုစီမံချက်အကောင်အထည်ဖော်ရန် အကောက်ခွန်ဦးစီးဌာနနှင့် ကုန်သွယ်ရေးဦးစီးဌာနတို့ ပါဝင်သည့် သွင်းကုန်တန်ဖိုး စိစစ်ရေးအဖွဲ့က ကုန်ပစ္စည်းအမျိုးပေါင်း ၃၂၇၉ မျိုးအတွက် ရည်ညွှန်းဈေးနှုန်းများ စိစစ်ပြုစုထားကြောင်း၊ ဈေးနှုန်းများကို အခါအားလျှော်စွာ ပြန်လည်သုံးသပ်၍ ပြင်ဆင်ထုတ်ပြန်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း အဆမတန်မြင့်လာသော ကုန်ဈေးနှုန်းကို ထိန်းချုပ်ရန် စစ်ကောင်စီက အမေရိကန် ဒေါ်လာ၊ ရွှေ၊ စက်သုံးဆီ၊ ဆီနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးသွင်းအားစုများကို ရည်ညွှန်းဈေးများ သတ်မှတ်ခဲ့ပြီး နောက် ယခုအခါ သွင်းကုန်ပစ္စည်းများကိုပါ သတ်မှတ် လုပ်ဆောင်လာခြင်း ဖြစ်သည်။

အဆိုပါစနစ်မှာ ယခင်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်က လုပ်ဆောင်ခဲ့သည့် စနစ်ဟောင်းကို ပြန်လည် အသက်သွင်းလိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီအနေဖြင့် ဒေါ်လာသုံးစွဲမှုအား ထိန်းချုပ်လို၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

သွင်းကုန်လုပ်ငန်းရှင်တဦးက “ကိုယ်တင်သွင်းလာတဲ့ ကုန်ပစ္စည်းသည် ထုတ်လုပ်တဲ့ ကုမ္ပဏီ၊ ရောင်းချတဲ့ကုမ္ပဏီရဲ့ ဈေးနှုန်းသတ်မှတ်ချက်က ပါပြီးသား။ ကုန်သည်က လျှော့ဈေးနဲ့ ရှာလာတာရှိတယ်။ ရာသီအလိုက် လျှော့ပေးထား တာတွေရှိတယ်။ နောက်ပြီး ပစ္စည်းချင်းတူ၊ အရည်အသွေးတူရင်တောင် ကိုယ်တင်သွင်းမယ့်ကုန်ကို ဈေးသက်သာတဲ့ နေရာက ရှာတာ ရှိတယ်။ အဲဒီတော့ ဈေးနှုန်းဆိုတာက တသမတ်ထဲ သတ်မှတ်လို့ ဘယ်လိုမှ အဆင်မပြေဘူး”ဟု ပြောသည်။

ယင်းသို့ ရည်ညွှန်းဈေး သတ်မှတ်၍ တင်သွင်း ရောင်းချစေခြင်းသည် ရေရှည်အတွက် အဆင်မပြေနိုင်ဘဲ လက်ရှိ ဈေးနှုန်းသတ်မှတ်လုပ်ဆောင်နေသော စက်သုံးဆီ၊ ဒေါ်လာ၊ ရွှေ၊ အခြေခံစားသောက်ကုန်တို့ကဲ့သို့ပင် ပစ္စည်းပြတ်လပ် ခြင်းနှင့် မှောင်ခိုဈေးကွက်သို့သာ ဦးတည်နိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောသည်။

မြဝတီနယ်စပ်ရှိ ကုန်သည်ကြီးတဦးက “ထိုင်းဆိုရင် နှစ်ကူးဆို ဈေးလျှော့ပြီလေ၊ ဒီအချိန်မှာ ကျနော်တို့က အဝတ်အစား တွေ တခြား မီးဖိုချောင်သုံးပစ္စည်းတွေ ဝယ်တာရှိတယ်။ အဲဒီအချိန်မှာ ဝယ်ရင် မူရင်းတန်ဖိုးထက်ကို ဈေးကလျှော့ပြီး ရတာ။ ဒီလိုဟာမျိုးတွေကို အကောက်ခွန်ဌာနက တွက်တတ်တယ်။ ကျနော်တို့ကလည်း ဈေးနှုန်းတို့ အထောက်အထားတို့ ပြလိုက်ရင် ဒီပစ္စည်းတွေက ဈေးနည်းတယ် ငါတို့ပြန်စစ်မယ်။ ဒီလိုမျိုးရှိတယ်။ အကောက်ခွန်ဌာနက သူတို့ ဥပဒေ စည်းမျည်း စည်းကမ်းအလိုက် ဒီလိုမျိုးပေးပါတယ်ဆိုပြီး လက်မှတ်ထိုးပေးရင် ရပြီ။ ဈေးနှုန်းသတ်မှတ်တယ်ဆိုတာ ဒီပုံစံအတိုင်းသွားတာ နိုင်ငံတကာမှာလည်း ဒါပဲသွားတာ”ဟု ပြောသည်။

စစ်ကောင်စီ၏ ယခုလို ဈေးနှုန်းသတ်မှတ်ထိန်းချုပ်ခြင်းသည် ကုန်သွယ်ရေးအတွက် လွယ်ကူစေသည့် နည်းလမ်း မဟုတ် သလို စစ်ကောင်စီအနေဖြင့် ငွေကြေးဈေးကွက်ကို ထိန်းချုပ်လိုသောကြောင့် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက သုံးသပ် ပြောဆိုသည်။

စစ်ကောင်စီသည် သွင်းကုန်များအတွက် ဦးစားပေးကဏ္ဍ ၃ ခု သတ်မှတ်ထားပြီး ပြည်ပမှ ဦးစားပေး တင်သွင်းခွင့် ပြုထားသော သွင်းကုန်များတွင် ဆေး၊ ဓာတ်မြေသြဇာ၊ စက်သုံးဆီ၊ စားသုံးဆီ၊ စားသောက်ကုန်ကြမ်း၊ LPG Gas၊ သံနှင့်သံမဏိ၊ လျှပ်စစ်ဓာတ်အားထုတ်ပစ္စည်း၊ လုပ်ငန်းသုံးမော်တော်ယာဉ်နှင့် စသောသွင်းကုန်များ ပါဝင်ကြောင်း သိရသည်။

ယခုအချိန်တွင် စစ်ကောင်စီ၏ မူဝါဒအလွဲများ၊ တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများမှာ ရပ်ဆိုင်းလု နီးပါးဖြစ်နေသည့်အပြင် နိုင်ငံခြားငွေ လိုအပ်ချက်ကြောင့် သွင်းကုန်ပစ္စည်းလိုင်စင်များကိုလည်း စစ်ကောင်စီအနေဖြင့် ဒေါ်လာလိုသလောက် ရောင်းပေးနိုင်ခြင်း မရှိသဖြင့် သွင်းကုန်ပစ္စည်းများဖြစ်သော ဆေးဝါး၊ စားသုံးဆီ၊ စက်သုံးဆီစသည်တို့မှာ ရှားပါးခြင်းနှင့် ပြတ်လပ်ခြင်းများ ဖြစ်ပေါ်နေသည်။

You may also like these stories:

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
73
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
88

ကုန်သွယ်ရေးလမ်းကြောင်း ပြောင်းသော်လည်း အလုပ်မဖြစ်နိုင်ဟုဆို

သွင်းကုန်ပစ္စည်းဈေးမြင့် ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်

နယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်းတရာကျော် ကျဆင်း

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကန့်သတ်ချက်များ ထပ်တိုးသဖြင့် ကုန်သည်များ အခက်ကြုံ

မြဝတီ ကုန်သွယ်ရေး လမ်းကြောင်း ပိတ်ထား၍ သွင်းကုန်ဈေးနှုန်းများ မြင့်လာနိုင်

Your Thoughts …
Tags: ဒေါ်လာမှောင်ခိုရည်ညွှန်းဈေးသွင်းကုန်အကောက်ခွန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

by ဧရာဝတီ
11 September 2023
24.3k

အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

ဝန်ကြီးချုပ်နှင့် ဒေါ်ကြူကြူလှ မကယ်က ဦးသန့်စင် ထောင်ကျနိုင်ဟုဆို

ဝန်ကြီးချုပ်နှင့် ဒေါ်ကြူကြူလှ မကယ်က ဦးသန့်စင် ထောင်ကျနိုင်ဟုဆို

by အောင်သူရ
27 November 2025
8.7k

ဒုဝန်ကြီး ဦးသန့်စင်အား စစ်ထောက်လှမ်းရေးများမှ ဖမ်းဆီးစစ်ဆေးခြင်းသည် ဝန်ကြီးချုပ် ဦးညိုစောနှင့် စစ်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့၏ အားပြိုင်မှုကို မြင်ရသည့်ဖြစ်ရပ်တခု ဖြစ်သည်

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

စက်သုံးဆီသင်္ဘောများ ဆိုက်ကပ်သော်လည်း ငွေမချေနိုင်၍ ကြန့်ကြာနေ

by ဧရာတီ
15 November 2023
7.9k

နိုဝင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် စက်သုံးဆီတင် သင်္ဘော ၄ စင်းဆိုက်ကပ်ထားပြီး ထပ်မံရောက် ရှိလာမည့် သင်္ဘော ၁၅ စင်း ရှိကြောင်း စစ်ကောင်စီ၏ လက်အောက်ခံ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း...

တဒေါ်လာ ၂၁၀၀ ကျပ် နှုန်းထား စစ်ကောင်စီ ဖျက်သိမ်းလိုက်ပြီလား

တဒေါ်လာ ၂၁၀၀ ကျပ် နှုန်းထား စစ်ကောင်စီ ဖျက်သိမ်းလိုက်ပြီလား

by ဧရာဝတီ
19 May 2024
6.5k

အာဏာသိမ်းပြီးနောက် ၃ နှစ်ကျော်ကာလအတွင်း ကျပ်ငွေတန်ဖိုး ထက်ဝက်ကျဆင်းပြီး စစ်ကောင်စီသည် ကျပ်ငွေကို ထိန်းချုပ်ရန် မည်သည့်မျှော်လင့်ချက်ကိုမဆို စွန့်လွှတ်လိုက်ပုံရသည်။

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

အသိအမှတ်ပြုမှုအတု၊ ထရမ့်၏ မြန်မာအခွန်နှင့် ပေးစာရေးသားခြင်း အလွဲ

by Sean Turnell
18 July 2025
5.9k

အခွန်ကိစ္စနှင့် ပတ်သက်သည့် သမ္မတ ထရမ့်ထံသို့ ပြန်စာတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မည်သည့်စကားလုံးကိုမှ လက်လွတ်မခံပေ။

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

MFTB ဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးအပါ အရာရှိတချို့ စစ်ဆေးခံနေရ

by ဧရာဝတီ
19 July 2024
5.6k

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်သည် နိုင်ငံတကာဘဏ်လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့သည့် နိုင်ငံဘဏ် တခု ဖြစ်ပြီး နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများ၊ ဦးစီးဌာနများ၊ ပုဂ္ဂလိကကုမ္ပဏီများ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု လုပ်ငန်းများ၊ နိုင်ငံခြားသားများ၊ သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ နိုင်ငံခြားငွေပေးငွေယူကိစ္စ စသည်တို့ကို ဆောင်ရွက်ရသောဘဏ်တခု ဖြစ်သလို ဒေါ်လာလိုအပ်နေသော...

Next Post
အမျှ အမျှ ယူတော်မူကြပါကုန်

အမျှ အမျှ ယူတော်မူကြပါကုန်

ထိုင်းတွင် မြန်မာဖောက်သည်များအတွက် စီးပွားရေးလုပ်ငန်းများ များပြားလာ

ထိုင်းတွင် မြန်မာဖောက်သည်များအတွက် စီးပွားရေးလုပ်ငန်းများ များပြားလာ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved