• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြဝတီ ကုန်သွယ်ရေး လမ်းကြောင်း ပိတ်ထား၍ သွင်းကုန်ဈေးနှုန်းများ မြင့်လာနိုင်

by ဧရာဝတီ
31 March 2022
in သတင်း
A A
မတ်လ ၂၉ ရက်က မြဝတီ- ကော့ကရိတ်လမ်းပိုင်းတနေရာတွင် မီးရှို့ခံလိုက်ရသည့် ကုန်တင်ယာဉ်များ / CJ

မတ်လ ၂၉ ရက်က မြဝတီ- ကော့ကရိတ်လမ်းပိုင်းတနေရာတွင် မီးရှို့ခံလိုက်ရသည့် ကုန်တင်ယာဉ်များ / CJ

10.5k
VIEWS
Share on FacebookShare on Twitter

မြန်မာ- ထိုင်း အဓိက နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းတခုဖြစ်သော မြဝတီ- ကော့ကရိတ် အာရှလမ်းသစ်လမ်း ကြောင်းမှာ ယာယီ ရပ်ဆိုင်းထားမှုကြောင့် ထိုင်းနိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းများ ဈေးနှုန်းများ မြင့်တက်လာ နိုင်သည့် အခြေအနေများ ရှိနေကြောင်း ကုန်သည်များထံမှ စုံစမ်း သိရှိရသည်။

မြဝတီ- ကော့ကရိတ် အာရှလမ်းကို မတ်လ ၂၇ ရက်မှ စတင်၍ လမ်းအသုံးပြုမှု မလုပ်ကြရန် ကရင် အမျိုးသား အစည်းရုံး (KNU) ဒူးပလာယာ ခရိုင်၊ ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေး အဖွဲ့က ပြည်သူများသို့ မေတ္တာရပ်ခံစာ ထုတ် ပြန်ထားပြီး နောက်ပိုင်း ပစ်ခတ် တိုက်ခိုက်မှုများ နေ့စဉ်ဖြစ်ပွားလျက်ရှိကာ၊ အရပ်သားကားများ အပါအဝင် ကုန်တင် ယာဉ်များလည်း ပစ်ခတ်ခံရခြင်း၊ မီးရှို့ခံရခြင်းတို့ ယခု ရက်ပိုင်းအတွင် ဖြစ်ပွားလျက်ရှိသည်။

ထို့သို စစ်ရေး တင်းမာနေသည့် မြဝတီ- ကော့ကရိတ် အာရှလမ်းသစ်ပေါ်တွင် ခရီးသည်တင်ယာဉ်များနှင့် ကုန် တင် ယာဉ်များ နှစ်ဖက် ပိတ်မိခြင်းများ ရှိသလို ပြည်တွင်းရှိ ကုန်တင်ယာဉ်များမှာလည်း တက်၍ မရသောကြောင့် ထိုင်း နိုင်ငံသို့ တင်ပို့နေသော မြန်မာ့ လယ်ယာထွက်ကုန်များမှာ တင်ပို့မှု အနည်းငယ် ဆုံးရှုံးမှုများ ရှိသလို တဖက်နိုင်ငံ မှလည်း တင်သွင်းသည့် ကုန်စည်များမှာ ပြည်မဘက်သို့ ရောက်ရှိမှု နည်းလာသောကြောင့် ရက်ကြာရှည်လာပါက ဈေးနှုန်း မြင့်တက်မည့် အလားအလာများ ရှိနေကြောင်း ကုန်သည်များက ဆိုသည်။

မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်း ဥက္ကဋ္ဌ ဦးမင်းခိုင်က “၂၇ ရက် က စပိတ်သွားတယ်။ ဒီနေ့ဆိုရင် ၅ ရက်မြောက် ပိတ်တာ ဖြစ်သွားပြီ။ မြဝတီမှာ ရှိနေတဲ့ လက်ကျန် ပြောင်းကို အရောင်းအဝယ် ဖြစ်နေတာပဲ ရှိတယ်။ ကျန်တာကတော့ ဒီက တစီးမှ မတက်နိုင်ဘူး။ ဘာဖြစ်သွားလဲဆိုတော့ ဟို ဘက်မှာလည်း ထိုင်းနိုင်ငံကို ရောင်းမယ်ဆိုပြီးတော့ သဘောတူစာချုပ် ချုပ်ထားတဲ့ ကုမ္ပဏီတွေက ဒီကာလ ဒီကာလ ပို့မယ်။ ကားအစီးရေ ဘယ်လောက်၊ တန်ချိန် ဘယ်လောက်ပေါ့။ ဒါတွေက လုံးဝ မပို့နိုင်တဲ့ အခြေအနေ ဖြစ်သွား တယ်။ ဒါက ကာလတိုရင် ပြဿနာ မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ပုံမှန် ကားလမ်းမပိတ်ခင်က တရက်လျှင် ထိုင်းနိုင်ငံသို့ ပြောင်းကား အများဆုံး အစီးရေ ၄၀၀ မှ အနည်းဆုံး အစီးရေ ၂၀၀ အထိ တင်ပို့နိုင်သဖြင့် တန်ချိန်အားဖြင့် ၆၀၀၀ မှ ၈၀၀၀ အထိ ပုံမှန်အသွားရှိပြီး ယခု ရပ်ဆိုင်းသွားသောကြောင့် ပြောင်းဈေးနှုန်းမှာ မတ်လ ၂၈ ရက်မှ စ၍ တတင်းလျှင် ကျပ် ၂၀၀၀ အထိ ကျဆင်းလျက်ရှိနေကြောင်း ၎င်းက ပြော သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
65
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
28
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
77

၎င်းက ဆက်၍ “ဒါက ဈေးနှုန်းကျတာ တော်တော် ဆိုးဆိုးဝါးဝါး ကျသွားတာ ပြောလို့ ရတယ်။ ဒီနေ့ဆို နည်း နည်း ထပ်ပြီး ဆက်ကျနေတယ်။ ရေရှည်မှာ အဲဒီအတိုင်း မတည်ငြိမ်ဘူး ဆက်ဖြစ်နေမယ်ဆိုရင် ပြောင်းသီးနှံက လုံးဝရပ်ဆိုင်းတဲ့ အနေအထားကို ရောက်သွားနိုင်တယ်။ လောလောဆယ် အခြား နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ တရုတ်ကလည်း ဖွင့်မထားသေးဘူး လုံးဝ ရပ်သွားမယ်။ ဈေးနှုန်းတွေ ထိုးကျသွားမယ်။ တောင်သူတွေ ထိခိုက်သွား မယ်” ဟု ဆိုသည်။

မတ်လ ၂၉ ရက်က မြဝတီ- ကော့ကရိတ်လမ်းပိုင်းတနေရာတွင် မီးရှို့ခံလိုက်ရသည့် ကုန်တင်ယာဉ်များ (ဓာတ်ပုံ- CJ)

လက်ရှိအချိန်သည် ထိုင်းနိုင်ငံ၏ အကောက်ခွန် ကင်းလွတ်ခွင့်ပြုထားသည့်ကာလအနေနှင့် ပြောင်းများကို တင်ပို့နေ သည့် ကာလဖြစ်ပြီး ပြောင်းစိုက်ပျိုးမှုမှာ ၁ ဧကလျှင် ကျပ် ၉ သိန်းမှ ၁၁ သိန်းကြားအထိ ကုန်ကျ စရိတ်ရှိသဖြင့် ပြောင်းဈေးနှုန်းများ ယခုထက် ထပ်မံ ကျဆင်း သွားမည်ဆိုလျှင် ယခုနှစ် မိုးရာသီ ပြောင်းစိုက်ပျိုးမှုမှာ အများစုက စိုက်ပျိုးနိုင်ခြင်းမရှိသည့် အခြေအနေသို့ ရောက်ရှိ နိုင်ကြောင်း သိရသည်။

မြဝတီမှ ထိုင်းနိုင်ငံသို့ မြန်မာ့လယ်ယာထွက်ကုန်များ ဖြစ်သော ငရုတ်သီး အစို၊ မြေပဲ၊ ပြောင်း အစရှိသည့် ကုန်စည် များ၊ ရေထွက်ကုန်များ စသည်ဖြင့် တင်ပို့ပြီး ထိုင်းနိုင်ငံမှ စားသောက်ကုန်၊ လူသုံးသုံးကုန် အစရှိသည့် ပစ္စည်းများကို တင်သွင်းမှု ပြုလုပ်နေခြင်း ဖြစ်သည်။

သွင်းကုန် လုပ်ငန်းရှင်တဦးက “ကုန်သွယ်ရေးကတော့ ပုံမှန်အတိုင်း ရှိပေမယ့် အခုကတော့ လမ်းပိုင်း အခြေအနေ အရ ကားတွေက မသွားရဲကြဘူးပေါ့နော်။ အဲဒီတော့ မြန်မာကလည်း ထိုင်းပစ္စည်းကို အသုံးများတဲ့အတွက် ဒီဘက်က ကုန် မဆင်းနိုင်ရင်တော့ မြဝတီမြို့ကလွဲပြီးတော့ ဘားအံ၊ သထုံ၊ မော်လမြိုင်၊ ရန်ကုန်၊ မန္တလေး အဲဒါတွေကတော့ ဈေးတက်လာနိုင်တဲ့ အလားအလာ ရှိတယ်။ ထိုင်းပစ္စည်းက ပြတ်သွားတဲ့အတွက် အဓိကတော့ ရန်ကုန်၊ မန္တလေး ကတော့ ဈေးတက်လာနိုင်တယ်။ ဘယ်လောက်အထိ တက်နိုင်ဆိုတာတော့ မပြောတတ်ဘူး” ဟု ဧရာဝတီသို့ ပြော သည်။

စစ်ကောင်စီက ပြောင်းလဲ သတ်မှတ်ထားသော ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက် အထိ ဘတ်ဂျက်ကာလ တဝက်ဖြစ်သည့် ၆ လ (မီနီဘတ်ဂျက်) အတွင်း ပြည်ပ ကုန်သွယ်မှု စုစုပေါင်းမှာ ပို့ကုန် အမေ ရိကန် ဒေါ်လာ ၇ ဒသမ ၅၀၈ ဘီလီယံ နှင့် သွင်းကုန် ဒေါ်လာ ၇ ဒသမ ၂၆၄ ဘီလီယံ ပြုလုပ်ထားသည်။

စစ်တပ်အာသိမ်းပြီး နောက်ပိုင်း ကိုဗစ်ကပ်ရောဂါကြောင့် ပြည်ပကုန်သွယ်မှု လုပ်ငန်းများ နှေးကွေးသွားခြင်း၊ ပြည်ပ နိုင်ငံများ၏ ကုန်သွယ်ရေးအရ အရေးယူ ပိတ်ဆို့ခြင်း၊ စီးပွားရေး ကျဆင်းသွားခြင်းနှင့် တရုတ်၊ ထိုင်း အစရှိသည့် အဓိက ကုန်သွယ်မှု ပြုလုပ်နေသော နယ်စပ်ဂိတ်များမှာ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများကြောင့် နယ်မြေ မတည်ငြိမ်ကာ ကုန်သွယ်ရေးလမ်းကြောင်း လုံခြုံမှု မရှိသဖြင့် သွားလာရ ခက်ခဲခြင်းစသည့် အခြေအနေများကြောင့် ကုန်သွယ်ရေးတွင် အခက်အခဲများ ရှိနေသည်။

ထို့ကြောင့် စစ်ကောင်စီ၏ မီနီဘတ်ဂျက်တွင် နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန် တင်ပို့မှုမှာ ဒေါ်လာ ၁ ဒသမ ၅၁၃ ဘီလီယံကျော်နှင့် သွင်းကုန် ဒေါ်လာ သန်း၉၀၀ ကျော် လျော့ကျနေကြောင်း သိရသည်။

You may also like these stories:

ကိုဗစ်ပိုး ပါသည်ဟုဆိုကာ မြန်မာ့ကုန်စည် ၇ မျိုး တရုတ် တင်သွင်းခွင့်ပိတ်

နိုင်ငံ့လည်မြိုကို ညှစ်နေတဲ့ စီးပွားရေးအကျပ်အတည်း

Your Thoughts …
Tags: ကုန်သွယ်ရေးမြဝတီ- ကော့ကရိတ်သွင်းကုန်အာရှလမ်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

ထသွားမှ ကျိုးမှန်းသိရတဲ့ သာဝ

by ခင်မမ
12 January 2024
16.7k

စစ်မတိုက်တတ်၍ စစ်ရှုံးနေသော၊ ဘာမဆိုလုပ်ရဲသော သာဝတယောက် ၂၀၂၄ နှစ်ဆန်းတွင် စစ်သံမပေးရဲ၊ လေသံ မမာရဲတော့ပေ။

ဒေါနတောင်ကျော်ပြီး အောင်ဇေယျစစ်ကြောင်း မြဝတီရောက်နိုင်မလား

ဒေါနတောင်ကျော်ပြီး အောင်ဇေယျစစ်ကြောင်း မြဝတီရောက်နိုင်မလား

by စောလွင်
10 May 2024
11.5k

အထိအခိုက် အကျဆုံးများနေသည့် အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်ပေါ် တကုန်းပြီး တကုန်း သိမ်းပိုက်ထိန်းချုပ်ပြီး မြဝတီသို့ ရောက်ရှိလာနိုင်ရန် မလွယ်ကူပေ။

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

စင်ကာပူမှ အဓိကဘဏ် UOB က မြန်မာနှင့် အဆက်ဖြတ်တဲ့အခါ

by Gwen Robinson
11 August 2023
10.9k

UOB ၏ မူဘောင်သစ်ကို စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး အမေရိကန် ဒေါ်လာ၊ ယူရိုနှင့် စင်ကာပူဒေါ်လာ အပါအဝင် အဓိကငွေကြေးအားလုံး အကျုံးဝင်မည်ဖြစ်သည်။

မြဝတီ အာရှလမ်းမကြီး စစ်တပ် ပြန်ထိန်းချုပ်

မြဝတီ အာရှလမ်းမကြီး စစ်တပ် ပြန်ထိန်းချုပ်

by ဧရာဝတီ
6 September 2025
8.9k

သင်္ဃန်းညီနောင်အား ပြန်လည်သိမ်းပိုက်ပြီးနောက် စစ်ကြောင်းများသည် မြဝတီကုန်သွယ်ရေးဇုန်အထိ စစ်ရေး လှုပ်ရှားမှုများ ရှိနေသည်။

Next Post
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် ကိုဗစ်ကူးစက်ခံရမှု မရှိသဖြင့် ရုံးချိန်းပြန်တက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ သက်တော်စောင့် ဒု ရဲအုပ်ချယ်ရီထက်

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော်ချယ်ရီထက် ထောင် ၂ နှစ် ထပ်မံချခံရ

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved