• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ကယားပြည်နယ်က ပျောက်ကြား တော်လှန်ရေး တိုက်ပွဲများ

by ဧရာဝတီ
29 May 2021
in ဆောင်းပါး
A A
ဒေါတဝီဂိတ်ကို မေလ ၂၂ ရက်နေ့က PDF တပ်ဖွဲ့ဝင်များက မီးရှို့ ဖျက်စီးစဉ် ဓာတ်ပုံ  - FBR (ကရင်နီ)

ဒေါတဝီဂိတ်ကို မေလ ၂၂ ရက်နေ့က PDF တပ်ဖွဲ့ဝင်များက မီးရှို့ ဖျက်စီးစဉ် ဓာတ်ပုံ - FBR (ကရင်နီ)

34.4k
VIEWS
Share on FacebookShare on Twitter

နယ်မြေအနေအထား ဆက်စပ်လျက်ရှိသည့် ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံ၊ မိုးဗြဲဒေသနှင့် ကယားပြည်နယ် လွိုင်ကော်၊ ဒီမော့ဆိုမြို့နယ်တို့တွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ ဖွဲ့ စည်း၍ စစ်ကောင်စီ လက်နက်ကိုင်တပ်များကို ပျောက် ကြား စစ်ဆင်ရေး ဆင်နွဲ တိုက်ခိုက်မှုများကို ယခု မေလအတွင်း၌ စတင်ခဲ့သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က နိုင်ငံတော် အာဏာကို သိမ်းယူသည့်အခါ လက်မခံနိုင်ဘဲ အခြားမြို့များတွင် ငြိမ်း ချမ်းစွာ ဆန္ဒပြသည့်နည်းတူ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်၊ ဒီမော့ဆိုနှင့် ဖရူဆိုမြို့နယ်များရှိ ပြည်သူများသည်လည်း မည်သည့် လက်နက်မျှ မပါဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပူးပေါင်းပါဝင်ခဲ့ကြသည်။

သို့သော် စစ်ကောင်စီ လက်နက်ကိုင်တပ်များသည် နောက်ပိုင်းတွင် ရက်စက်စွာ အကြမ်းဖက် ဖြိုခွင်းမှုများနှင့် ကျည်အစစ် များ အသုံးပြု ပစ်ခတ်ခြင်း၊ အကြောင်းအမျိုးမျိုးဖြင့် ဒေသခံများကို ဖမ်းဆီးသည့်အခါ အလွန်အေးချမ်းလှသည့် ဒေသသည်
မတည်ငြိမ်မှုများ စတင်ဖြစ်ပေါ်လာရသည်။

မေလထဲသို့ ရောက်လာသည့်အခါ စစ်ကောင်စီတပ်များ၏ အကြမ်းဖက်မှုမှာ အဆိုးဆုံး အခြေအနေသို့ ရောက်ရှိလာပြီး ဆိုင်ကယ်ဖြင့် သွားလာနေသူများကို အကြောင်းမဲ့ ပစ်သတ်ခြင်း၊ ဆန္ဒပြပွဲများတွင် လူဖမ်းရုံ မကတော့ဘဲ အသုဘ နာရေး အိမ်များအထိ လူများ ဝင်ဖမ်းခြင်းများ ပြုလုပ်လာသည့်အခါ လူငယ်များက သည်းမခံနိုင်တော့ကြောင်း ကယားပြည်နယ်မှ PDF အဖွဲ့ ဝင် ကိုလွင်မိုးက ပြောသည်။

ဒေါတဝီဂိတ်ကို PDF များ ဝင်ရောက် တိုက်ခိုက်နေစဉ် ဓာတ်ပုံ – FBR(ကရင်နီ)

ကိုလွင်မိုးက“တချို့က သည်းမခံနိုင်ကြတော့ဘူး။ ရပ်ကွက်တွေ ရွာထဲတွင် ဝင်လာရင် ပြန်ပစ်မယ်ဆိုပြီး ဖြစ်ကုန်တယ်။ စစ် ကောင်စီတပ်တွေလည်း တကယ်လည်းဝင်ရော အဲဒီကနေစပြီး ပစ်ရတာပဲ”ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့ မနက် ၈ နာရီ ဝန်းကျင်တွင် ဒီမော့ဆိုမြို့နယ်၊ ဒေါငံခါးရပ်ကွက်ထဲသို့ အာဏာသိမ်း စစ် ကောင်စီ လက်အောက်ခံတပ်များ ဝင်ရောက်လာသည့်အခါ ဒေသကာကွယ်ရေးအတွက် စုဖွဲ့ ထားသည် ဒီမော့ဆို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF)က စတင်ခုခံတိုက်ခိုက်ခဲ့သည်။

ယင်းနေ့ မနက်ပိုင်းတွင် အရပ်သားတဦး သေဆုံးခဲ့ပြီး လေးဦး အဖမ်းခံခဲ့ရသည်။ နေ့လယ် ၃ နာရီခန့်တွင် PDF တပ်ဖွဲ့ များက ဒီမော့ဆိုရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ကြပြီး ညနေ ၅ နာရီတွင် ဒီမော့ဆိုမြို့အထွက်ရှိ ထူးလွီးဘီလာဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ ခဲ့ကြသည်။

မေလ ၂၁ ရက်နေ့က ဒီမော့ဆို မြို့နယ်တွင် အပြန်အလှန် ပစ်ခတ်မှုများ အနည်းဆုံး ၅ နေရာတွင် ဖြစ်ပွားခဲ့ပြီး PDF များ ဘက်မှ ထိခိုက်သေဆုံးမှု မရှိခဲ့ပေ။

မေလ ၂၂ ရက်နေ့တွင် စစ်ကောင်စီဘက်မှ လက်နက်ကြီး ပစ်ခတ်မှုများဖြင့် တိုက်ပွဲ စတင်ခဲ့ပြီး ဒီမော့ဆိုမြို့နယ်၊ ဒေါငံခါး ရပ်ကွက်ရှိ တစီးနှင့် ဆောက်လုပ်ရေး ရုံးတရုံး မီးလောင်သွားခဲ့သည်။

PDF တပ်ဖွဲ့ များက ညနေပိုင်းတွင် ဒီမော့ဆိုမြို့နယ်၊ ဒေါတဝီကျေးရွာရှိ ဒေါတဝီဂိတ်ကို ဝင်ရောက်သိမ်းပိုက်ပြီး မီးရှို့ ဖျက် ဆီးခဲ့သည်။ စစ်ကောင်စီ လက်နက်ကိုင်တပ်များသည် ခနသာ ခုခံပစ်ခတ်နိုင်ခဲ့ပြီး နောက်ဆုတ်သွားခဲ့သည်။

ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သည့် ဒီမော့ဆို ဒေသခံများ (ဓာတ်ပုံ – CJ)

မေလ ၂၂ ရက်နေ့ နံနက်ပိုင်းက ဒီမော့ဆိုမြို့နယ် ဆီးဘူးဘက်မှ ဒေါးတစီဘက်သို့ ပြန်လာသူ ဒေသခံ သုံးဦးကို စစ်ကောင် စီ ဘက်က ပစ်ခတ်သဖြင့် နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့သည်။

မေလ ၂၃ ရက်နေ့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး ဖယ်ခုံ၊ မိုးဗြဲ၊ ဒီမော့ဆိုမြို့နယ် သုံးနေရာစလုံးတွင် တိုက်ပွဲများ ဖြစ် ပွားခဲ့သည်။

ညနေပိုင်းတွင် ဒီမော့ဆိုရဲစခန်းကို PDF များက ဝင်တိုက်ခဲ့ပြီး စခန်းကျခါနီးတွင် သံချပ်ကာ ၃ စီး စစ်ကူ ရောက်လာပြီး စစ် ရဟတ်ယာဉ်တစီးပါ ပျံဝဲလာသဖြင့် နောက်ဆုတ်ပေးခဲ့ရသည်။

သို့သော် ဖယ်ခုံနှင့် မိုးဗြဲဒေသများ PDF တပ်ဖွဲ့ များသည် မေလ ၂၃ ရက်နေ့တွင် ဖယ်ခုံမြို့နယ်ထဲရှိ မိုးဗြဲရဲစခန်းကို ၄ နာရီ အတွင်း ဝင်ရောက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်နက်ကိုင် ၁၅ ဦး သေဆုံးပြီး လေးဦးကို အရှင် ဖမ်းမိခဲ့ သည်။ PDF ဘက်မှ ငါးဦး ဒဏ်ရာ ရရှိခဲ့ပြီး တဦးမှာ ဒဏ်ရာ ပြင်းထန်သဖြင့် နောက်ပိုင်းတွင် သေဆုံးခဲ့သည်။

မေလ ၂၄ ရက်နေ့တွင် ဒီမော့ဆိုနှင့် လွိုင်ကော်မြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန်နေခဲ့ပြီး လွိုင်ကော်မြို့နယ်၊ ကယန်းသာယာတောင်ကျေးရွာရှိ ဘုရားကျောင်တွင် ဒေသခံများ စစ်ရှောင်နေစဉ် စစ်ကောင်စီ၏ လက်နက်ကြီး ထိမှန် သဖြင့် ရွာသား လေးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

ဒီမော့ဆိုမှ ငွေတောင်ဆည်ဘက်သို့ ချီတက်လာသည့် စစ်ကောင်စီတပ်များဘက်မှ သံချပ်ကာနှင့် လက်နက်ကိုင်များကို ဒီမော့ဆို PDf က မိုင်းခွဲတိုက်ခိုက်ခဲ့သည်။ ဒီမော့ဆိုမြို့နယ် ဒေါငံခါးရပ်ကွက်မှ ငွေတောင်ကျေးရွာအထိ လမ်းမကြီး တ လျှောက်ရှိ Non-CDM ရုံးများ၊ ဒလန်အိမ်များကို PDF များက မီးရှို့ ဖျက်ဆီးခဲ့ကြသည်။

မေလ ၂၅ ရက်နေ့တွင် ဒီမော့ဆို ရဲစခန်းကို PDF များက ထပ်မံ သွားရောက် တိုက်ခိုက်ကြသည်။ စစ်တပ်ဘက်မှ သံချပ် ကာ နှစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ဒီမော့ဆို PDF များက ပြောသည်။ စစ်ကောင်စီဘက်က လက်နက်ကြီးများ ဆက်တိုက် အသုံးပြု တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ပွဲများအတွင်း PDF ဘက်မှ ခုနှစ်ဦး သေဆုံးခဲ့သည်။

ငွေတောင်ဆည်အနီးတွင် တွေ့ ရသည့် PDF တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – PDF)

ဒီမော့ဆိုတွင် တိုက်ပွဲများ ဖြစ်ပွားနေသည့် နည်းတူ မေလ ၂၃ ရက်နေ့မှ စတင်ကာ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အ စပ်ရှိ ပီးကင်းကော်ခူ၊ ဝှါရီကော်ခူ၊ ကယားဘက် ခြမ်းရှိ ကုန်းသာရွာတို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ယင်းနေ့မှ စတင်ပြီး ဒေသတွင်း စစ်ဘေးရှောင်သူများ ရှိလာခဲ့သည်။

ဖယ်ခုံ PDF များနှင့် စစ်ကောင်စီဘက်က ဝင်ရောက်တိုက်ခိုက်ပေးသည့် ပအို့ဝ် ပြည်သူ့စစ်များကြား တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။

ဖယ်ခုံ PDF အဖွဲ့ဝင်တဦးက“PNO ကကျတော့ သူတို့က စစ်ကောင်စီနဲ့ ပေါင်းမှန်း ကျနေ်ာတို့ သိတာ ကြာပြီ။ ကျနော်တို့ မြို့နယ်တွေဘက်မှာ စစ်တပ် အင်အား သိပ်မရှိဘူး။ နောက်ပိုင်းကျမှ မြို့ထဲမှာ အများကြီး ဖြစ်လာတယ်။ သူတို့ တိုင်းရင်း သား ဘာသာစကားနဲ့ ပြောနေတာ မြို့ပေါ်က လူတိုင်းကြားနေရတာ။ မြို့ထဲမှာ ညဘက် သေနတ်လောက်ဖောက်ပြီဆိုရင် သူတို့တွေက စစ်တပ်နဲ့ အတူတူ ပါလာတယ်”ဟု ပြောပြသည်။

ဖယ်ခုံ PDF တပ်ဖွဲ့ များ မိုးဗြဲ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ချိန်တွင် ဖယ်ခုံမြို့ အရှေ့ဘက်ခြမ်းတွင် PDF စစ်ကူ အဖွဲ့ တဖွဲ့ ချထား၍ စောင့်နေရာ စစ်တပ်ဘက်မှ စစ်ကူမလာဘဲ PNO များ ညောင်ရွှေဘက်မှ ချီတက်လာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ PNO မှ ဗိုလ်မှူးအဆင့် အရာရှိတဦး အပါအဝင် လေးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ယခုလို တိုက်ပွဲများ ဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရန် ဒေသကာကွယ်ရေးအတွက် ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော်၊ ဒီမော့ ဆိုတို့တွင် PDF အဖွဲ့များ ကြိုတင် ဖွဲ့စည်းထားခဲ့ပြီး မိမိ အစီအစဉ်ဖြင့် ရက်တို စစ်သင်တန်းများ ပြုလုပ်ခြင်း၊ လက်နက်များ စုဆောင်းခြင်းများ ပြုလုပ်ထားခဲ့ကြသည်ဟု PDF အဖွဲ့ဝင်တချို့ က ပြောပြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ မိုးဗြဲဒေသနှင့် ကယားပြည်နယ် လွိုင်ကော်၊ ဒီမော့ဆိုဒေသတို့သည် နယ်မြေချင်း ဆက်စပ် လျက်ရှိသဖြင့် ကယန်း၊ ကရင်နီ အပါအဝင် ယင်းဒေသရှိ တိုင်းရင်းသားများသည် စစ်ကောင်စီကို တော်လှန်ရန် ကြိုတင် တိုင်ပင် ညှိနှိုင်းမှုများ ရှိခဲ့ကြသည်။

“အခုကျတော့ နောက်ဆုတ်လို့လည်း မရတော့ဘူး။ နောက်ဆုတ်မှာလည်း မဟုတ်ဘူး။ ဒီတော်လှန်ရေး အောင်မြင်သည် အထိ ကျနော်တို့က အဆုံးထိ တိုက်ပွဲဝင်သွားတော့မှာ”ဟု ဒီမော့ဆို PDF အဖွဲ့ ခေါင်းဆောင်တဦးက ပြောသည်။

၎င်းတို့ဒေသတွင် တိုက်ပွဲ ဝင်ရန် အဆင်သင့် ဖြစ်နေသူ လူငယ် အနည်းဆုံး ၈၀၀ ရှိပြီး ယခု တိုက်ပွဲများတွင် ပါဝင်နေသူ များမှာ အကုန်မဟုတ်သေးကြောင်း၊ တကယ့်တိုက်ပွဲလာမှသာ အင်အားကုန် အသုံးပြုရန် စီစဉ်ထားကြောင်း PDF တပ်ဖွဲ့ ဝင်များက ပြောသည်။

ယခုလောလောဆယ်တွင် ပျောက်ကြားစစ်ဆင်ရေးများအဖြစ် မြို့ပေါ်ရှိ အုပ်ချုပ်ရေး ယန္တရားများကို နှောက်ယှက် တိုက် ခိုက်ခြင်း၊ ရဲစခန်းများ၊ အုပ်ချုပ်ရေး ရုံးများကိုသာ တိုက်ခိုက်ခြင်း လုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

အမည်မဖော်လိုသော ကယားပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ်ဟောင်းတဦးက ၎င်းတို့ အနေဖြင့် NUG အစိုးရမှ ဒေါက်တာ ဇော်ဝေစိုးနှင့် ဆက်သွယ် စကားပြောဆိုရာတွင် မြို့သိမ်းတိုက်ပွဲများ စတင်မည် ဆိုပါက ဒီမော့ဆိုဒေသကို အခြေပြုသင့်ကြောင်း အကြံပြုခဲ့သည်ဟု ဆိုသည်။

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
120
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
111
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
403
တောထဲတွင် စစ်ရှောင်နေရသည့် ဒေသခံများ (ဓာတ်ပုံ – CJ)

“ဒီမော့ဆိုက အားအရမ်းကောင်းလို့ ပြောတာ။ ဒီလို ကာလ စဖြစ်ကတည်းက ရှိသမျှ ကျေးရွာ အားလုံးမှာ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို လက်မခံဘူးဆိုတာ ဆိုင်းဘုတ်တန်းထောင်ထားတာ။ လူညီတယ်။ အကြမ်းပတမ်း ခံနိုင်ကြတယ်”ဟု ၎င်းက ပြောသည်။

၎င်းကဆက်၍“တိုက်ပွဲတွေကတော့ ဖြစ်မှာပဲ။ ကယားပြည်နယ်ရဲ့ ပထဝီနိုင်ငံရေး အခြေအနေအရ ကြည့်မယ်ဆိုရင် ယိုး ဒယားနဲ့ ထိစပ်နေတယ်။ နေပြည်တော်နဲ့ ထိစပ်တယ်။ ရှမ်းပြည်နယ်နဲ့ ထိစပ်နေတယ်။ လမ်းပန်းဆက်သွယ်ရေးကလည်း တောင်ငူနဲ့ နေပြည်တော် အမြန်လမ်းမကြီးနဲ့ မိုင် ၁၀၀ အတွင်း ရောက်တယ်”ဟု ပြောသည်။

ကယားပြည်နယ်သည် ရှမ်းပြည်နယ်၊ နေပြည်တော် ကောင်စီတို့နှင့် ထိစပ်လျက်ရှိပြီး တဖက်တွင် ထိုင်းနိုင်ငံလည်း ရှိသ ဖြင့် ပထဝီနိုင်ငံရေးအရ အချက်အခြာကျသည့် ဒေသတခု ဖြစ်သည်။ ယင်းဒေသတွင် တိုက်ပွဲများ ပြင်းထန်လာသည့် နည်းတူ စစ်ဘေးရှောင် စစ်ရှောင်ရသူ ဦးရေမှာလည်း တစ်သိန်း ကျော်လာပြီ ဖြစ်သည်။

လွိုင်ကော်၊ ဖရူဆို၊ ဖယ်ခုံ၊ ဒီမော့ဆိုရယ်မြို့နယ်အားလုံးတွင် စစ်ရှောင်များ ရှိနေပြီး စားနပ်ရိက္ခာများ၊ ဆေးဝါးများ လိုအပ် လျက် ရှိကြောင်း၊ မေလ ၂၇ ရက်နေ့ကလည်း လသားအရွယ် ကလေးငယ်တဦး အခြေခံ ဆေးဝါးစောင့်ရှောက်မှု မရသဖြင့် သေဆုံးသွားခဲ့ကြောင်း ဒုက္ခသည်အရေး ကူညီပေးနေသူ အိုက်ကဖြူးက ပြောသည်။

“တိုက်ပွဲတွေက နေ့တိုင်းဖြစ်နေတော့ အိမ်မပြန်နိုင်ကြသေးဘူး။ ရေရှည်အတွက်ဆိုရင် တရားဝင် စစ်ဘေးရှောင်စခန်းတွေ လုပ်နိုင်ဖို့ လိုတယ်။ ဒီလိုမှ မဟုတ်ဘဲ တောတောင်ကြားထဲမှာ လူသောင်းနှင့်ချီ၊ သိန်းနှင့်ချီ တိမ်းရှောင်နေရမယ်ဆိုရင် ထောက်ပံ့ပေးဖို့လည်း မလွယ်ဘူး”ဟု ၎င်းက ပြောသည်။

ရိက္ခာ မလောက်သဖြင့် မိမိ အစီအစဉ်ဖြင့် ရိက္ခာများ ပြန်သယ်ယူသူများမှာလည်း စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှု ကြောင့် သေဆုံးနေရသဖြင့် ရိက္ခာ ပြန်မယူရဲသူများလည်း ရှိကြောင်း၊ သို့သော် PDF များက ရိက္ခာ ပြန်ယူမည့် လမ်း ကြောင်းကို လုံခြုံအောင် ဆောင်ရွက်ပေးမှုများ ရှိကြောင်း သိရသည်။

“ကျနော်တို့ ပြည်နယ်က အရင်တုန်းက အင်မတန်မှ အေးချမ်းတဲ့ ပြည်နယ် တခုပါ။ တိုက်ပွဲလည်း မရှိသလောက် ဖြစ် တယ်။ သာယာလှပမှုမှာလည်း အရှေ့တောင်အာရှမှာ ဆုတွေရထားတဲ့ ပြည်နယ် မြို့ တွေပါ။ စစ်တပ်က အာဏာသိမ်း လိုက်လို့ အခုလို မတည်ငြိမ်မှုတွေ ဖြစ်နေရတာ”ဟု ဒုက္ခသည်အရေး ကူညီပေးနေသူ အိုက်ကဖြူးက ပြောပြသည်။

ဒုက္ခသည်များအတွက် အကူအညီများ ပေးရန်နှင့် စစ်ပွဲအတွင်း ဒဏ်ရာ ရရှိသူများကို ကယ်ဆယ်ရန် Free Burma Ranger (ကရင်နီ) အဖွဲ့များလည်း ပါဝင်ခဲ့ပြီး တိုက်ပွဲကာလအတွင်း ဒဏ်ရာ ရရှိသူများကို ကူညီ ကယ်ဆယ်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

“Free Burma Ranger တွေက အဓိက လူကယ်တာပါ။ တိုက်ပွဲတွေကြားထဲမှာဆိုတော့ ရဖန်ရခါ ပစ်ရခတ်ရတာတွေ လည်း ရှိမှာပေါ့။ အဓိက ဆေးကုပေးတယ်။ လာကယ်ထုတ်ပေးတာမျိုးပါ။ သူတို့က တိုက်ပွဲဝင်ပေးတဲ့သူတွေ မဟုတ် ဘူး”ဟု PDF အဖွဲ့ဝင်တဦးက ပြောသည်။

ကယားပြည်နယ်နှင့် ရှမ်းတောင်ပိုင်းတွင် တိုက်ပွဲများမှာ ယခုမှ အစသာ ရှိသေးပြီး နောက်ပိုင်းတွင် ပိုမို ပြင်းထန်လာမည် ဟု ပြောနိုင်ကြောင်း၊ စစ်ကောင်စီဘက်တွင် လူနှင့် လက်နက်အင်အား သာလွန်သော်လည်း PDF များဘက်တွင် စိတ် ဓာတ်ပိုင်းဆိုင်ရာ သာလွန်ကြောင်း ဒေသခံများက ပြောသည်။

လွိုင်ကော်မြို့နယ်ထဲရှိ ဘုရားရှိခိုးကျောင်းတခု လက်နက်ကြီး ထိမှန်ခဲ့ပုံ (ဓာတ်ပုံ – CJ)

“စကား ပုံတခု ရှိတာက မြေပိုင်ရင် စစ်နိုင်တယ်ဆိုတဲ့ဟာပေါ့လေ။ ကျနော်တို့ ဒေသခံတွေက ကိုယ့်ပထဝီ မြေပြင် အနေ အထား အကုန်လုံး ကျွမ်းကျင်တဲ့အခါကျတော့ ကျနော်တို့ အဲဒါကို မကြောက်ဘူး။ လက်ရှိ အခြေအနေမှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ထခဲ့မယ်ဆိုရင် သူတို့လည်း စစ်အင်အား မလောက်ဘူး။ အဲဒီအချိန်ကို ကျနော်တို့ စောင့်နေတယ်”ဟု ဖယ်ခုံ PDF အဖွဲ့ဝင်တဦးက ပြောသည်။

ဖယ်ခုံ၊ မိုးဗြဲဘက်တွင် တိုက်ပွဲများ ပြင်းထန်ပြီး နောက်ပိုင်း စစ်တပ်မှ စစ်ကူများသည် နေပြည်တော်၊ ရွှေညောင်၊ အောင် ပန်း၊ ကလော၊ တောင်ကြီးဘက်ကပါ ဆင်းလာဖြင့် စစ်ကောင်စီတွင် စစ်အင်အား မလုံလောက်မှုကို ပြသလျက်ရှိသည်ဟု ဆိုသည်။

PDF အဖွဲ့ ဝင်တဦးက “ကျနော်တို့က အခုလောလောဆယ် အကုန်လုံးကို မခေါ်သေးဘူး။ တကယ့်တိုက်ပွဲလည်း မလာ သေးဘူး။ လူထုကတော့ စစ်ကောင်စီကို တော်လှန်မယ့်နေရာမှာ အကုန်လုံး ညီတယ်။ ဟိုရွာသေးသေးလေးကတောင် အကုန်ထွက်တိုက်မယ်ဆိုတဲ့ စိတ်ဓါတ်မျိုးတွေ ရှိတယ်”ဟု ပြောသည်။

တိုက်ပွဲအတွင်း သေဆုံးရသူများ အပါအဝင် ယင်းဒေသတွင် သေဆုံးသူ ၂၅ ဦး၊ ဖမ်းဆီးခံရသူ ၁၀၀ နီးပါး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၁၀၀ ကျော် ရှိကြောင်း ဒေသခံများထံမှ ရရှိသည့် စာရင်းများအရ သိရသည်။

ယခု တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည့် ယခုဒေသတွင် တိုင်းရင်းသား လက်နက်ကိုင် ၆ ဖွဲ့ ခန့် လှုပ်ရှားလျက်ရှိသည်။

၎င်းတို့မှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP) ဒေသအခေါ်အဝေါ် (ကယောနီ)၊ ကရင်နီ အမျိုးသား စည်းလုံး ညီညွတ် ရေးအဖွဲ့ KNSO/ကြယ်ဖြူ၊ ကယန်းပြည်သစ်ပါတီ (KNLP)နဲ့ ကယန်း အမျိုးသားစောင့်တပ်ဖွဲ့ (KNG)၊ ကရင်နီပြည်လူမျိုး ပေါင်းစုံပြည်သူ့လွှတ်မြောက်ရေးတပ်ဦး – က.လ.လ.တ(KNPLF)တို့ ဖြစ်သည်။

KNPP သည် ကယားပြည်နယ် ရှားတောဒေသတွင် အဓိက အခြေစိုက်ပြီး ဖားဆောင်မြို့နယ် မော်ချီးတောင်ပေါ်ဒေသ၊ ဒီ မော့ဆို၊ လွိုင်ကော်နှင့် ဖရှုဆိုမြို့နယ်ဘက်တွင် တည်ရှိပြီး အပစ်ရပ်ထားသော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်တပ်များနှင့် တိုက်ပွဲတချို့ ဖြစ်ပွားလျက်ရှိသည်။

KNPP တို့သည် ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လိုက်ပါ ဆောင်ရွက်ခဲ့သော်လည်း ယနေ့အချိန်အထိ NCA လက်မှတ်ရေးထိုးခြင်း မရှိသေးပါ။

ဒေသအခေါ် ကယောနီတို့သည် ဖရူဆိုဘက်တွင် အခြေစိုက်သလို က.လ.လ.တ(KNPLF)တို့သည်လည်း ဒီမော့ဆို၊ လွိုင် ကော်၊ မယ်စဲ့နှင့် ဖရှုဆိုတို့တွင် ရှိပြီး နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်လျက်ရှိသည်။

ကယန်း အမျိုးသားစောင့်တပ်ဖွဲ့ (KNG)တွင် မိုးဗြဲတွင် အထိုင်ချထားပြီး ပြည်သူ့စစ်အဖြစ် ရပ်တည်လှုပ်ရှားလျက်ရှိသည်။
ကြယ်ဖြူ အဖွဲ့ မှာ ဖားဆောင်းတွင် အခြေစိုက်ထားသည်။

ကယန်းပြည်သစ်အဖွဲ့ မှာ ကယန်းဒေသတွင် တည်ရှိပြီး ဖယ်ခုံမြို့နယ်၊ ရှမ်း-ကယားအစပ်၊ ကယားပြည်နယ်နှင့် နေပြည် တော်ကောင်စီ အစပ်၊ ကယား-ကရင်အစပ်နှင့် ကယားပြည်နယ်တွင် အခြေစိုက် လှုပ်ရှားကြောင်း သိရသည်။

ဒေသတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများစုက ပြည်သူနှင့်အတူ ရပ်တည်မည်ဟု PDF အဖွဲ့ များထံသို့ ပြောဆို ထားကြောင်း သိရသည်။

“အဖွဲ့ အစည်းတွေကလည်း ပြည်သူနဲ့ အတူတူ ရပ်တည်မယ်လို့ ပြောတယ်။ ဒါပေမယ့် လက်ရှိ အချိန်အထိတော့ စစ်မျက် နှာဖွင့်မယ့်ပုံစံမျိုး ပြင်ထားတာ မတွေ့ ရဘူး။ ပြည်သူကတော့ စစ်မျက်နှာဖွင့်ပြီး တိုက်တာပေါ့။ ကျနော်တို့ လုံးဝကြပ်တည်း လာရင်တော့ အကူအညီ သွားတောင်းဖို့ ရှိတယ်”ဟု ကယားပြည်နယ် PDF အဖွဲ့ ဝင် ကိုလွင်မိုးက ပြောသည်။

HH – PDF တပ်ဖွဲ့ဝင်တဦး၏ တူမီးသေနတ် (ဓာတ်ပုံ – PDF)

ရန်ကုန်မြို့ မှ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအရေး လေ့လာသူတဦးက ရှမ်းတောင်နှင့် ကယားပြည်နယ် ဖြစ်စဉ်သည် စစ် အာဏာသိမ်းပြီး နောက်ပိုင်း လက်ရှိ နိုင်ငံရေး အခြေအနေကို ထင်ဟတ်သည့် အခြေအနေ ဖြစ်ပြီး လက်နက်ကိုင် တော် လှန်ရေးသည် လက်ရှိ အချိန်တွင် လူကြိုက် အများဆုံး ဖြစ်နေကြောင်း ပြောသည်။

ပြီးခဲ့သည့် ၁၀ နှစ်တာ ကာလဖြစ်သော ၂၀၁၀ နှင့် ၂၀၂၀ ကြားကာလတွင် ဥပဒေတွင်း နိုင်ငံရေး၊ စေ့စပ် ညှိနှိုင်းရေး၊ အရပ်ဘက် – စစ်ဘက် ဆက်ဆံရေးတို့ အားကောင်းခဲ့ပြီး ယင်းကာလက လက်နက်ကိုင် တော်လှန်ရေးကို လက်မခံ ခဲ့ကြကြောင်း ပြောသည်။

“ဆန္ဒပြရင်း ပြင်းပြင်းထန်ထန် ဖြိုခွင်းခံရပြီး နောက်ပိုင်းမှာ လူတွေက လက်နက်ကိုင်တိုက်မှ ရမယ်ဆိုတဲ့ အယူအဆက လွှမ်းသွားတယ်။ တကယ်တန်း အခုချိန်မှာ လက်နက်ကိုင် တိုက်စရာ မလိုဘူး။ နစကနဲ့ စေ့စပ်ညှိနှိုင်းရမယ်လို့ သွား ပြောရင် ပြောင်းပြန် ပြန်ဖြစ်သွားပြီ။ မင်းဒလန်လား ဆိုပြီး ဖြစ်သွားလိမ့်မယ်”ဟု ၎င်းက ပြောသည်။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က မြန်မာပြည်က နိုင်ငံကို ကာကွယ်စောင့်ရှောက်ရန် တည်ဆောက်ထားသည့် စစ်တပ်က လူထုကို ပြန်ပြီး ပျော်ပျော်ကြီး ပစ်သတ်ပြသည့်အခါ လူထုက မခံမရပ်နိုင်ဖြစ်၍ ယခု လက်နက်ကိုင် တော်လှန် ရေးကို ပုံစံမျိုးစုံဖြင့် စတင်နေခြင်း ဖြစ်ကြောင်း ပြောသည်။

“အခုက မြို့ ပြတိုက်ပွဲတွေလည်း ဖြစ်လာနေပြီ။ မြို့ ပြနဲ့ ကျေးလက်ပေါင်းပြီးတော့ စစ်ကောင်စီကို တိုင်းပြည်ရဲ့ အနာဂတ် အ တွက် ဆင်နွဲရမယ့် တိုက်ပွဲကို ရရာလက်နက်နဲ့ တိုက်မယ်ဆိုတဲ့ အဆင့်အထိ ရောက်သွားတာ။ ဒီတိုက်ပွဲက မုချ အောင် မြင်လိမ့်မယ်။ စစ်ကောင်စီ မုချကျဆုံးရလိမ့်မယ်”ဟု ၎င်းက ပြောသည်။

၎င်းက ဆက်၍ “အဓမ္မနဲ့ အဓမ္မ၊ တိုင်းပြည်ရဲ့ အနာဂတ်တွေနဲ့ ယှဉ်နေတဲ့ တိုက်ပွဲဖြစ်နေတော့ တောရောမြို့ရောပါ ပေါင်းစပ် တိုက်ပွဲဝင်ကြ တော့မယ့် အနေအထား ဖြစ်တယ်။ လူထုက တောရောမြို့ပါ စိတ်ပိုင်းဖြတ်ပြီးပြီ။ ဒီအခြေအနေကို စစ်တပ်က တောင့်ခံနိုင်မယ်လို့ မထင်တော့ဘူး”ဟု ပြောသည်။

လက်နက်ကိုင် တော်လှန်ရေး တိုက်ပွဲများသည် စစ်ကိုင်းတိုင်း ကလေးမြို့ နှင့် တမူးမြို့တို့တွင် မတ်လအတွင်းက စတင်ခဲ့ပြီး
ယင်းနောက်ပိုင်းတွင် မုံရွာ အနောက်ဘက်ခြမ်းရှိ တောတောင်ထူထပ်သည့် ကနီ၊ ယင်းမာပင်ဒေသများသို့ ကူးစက်ခဲ့သည်။

မေလထဲသို့ ရောက်လာသည့်ခါ ချင်းပြည်နယ် ဟားခါးနှင့် မင်းတပ်တို့တွင် လက်နက်ကိုင် တော်လှန်ရေးများ စတင်ခဲ့ပြီး ယ ခုအခါ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းအထိ ရောက်ရှိလာခြင်း ဖြစ်သည်။

“ဒီပွဲပြီးသွားရင်တော့ အားလုံးက သဘောထားကြီးကြဖို့ လိုတယ်။ ဒီပွဲက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မဟုတ် ဘူး။ NLD အာဏာပြန်ရရေး မဟုတ်ဘူး။ ကယန်းအတွက် ရှမ်းအတွက် မဟုတ်ဘူး။ ဓမ္မနဲ့ အဓမ္မကြားထဲမှာ တရားမျှတမှု အတွက် တိုက်နေရတဲ့ တိုက်ပွဲပါ”ဟု ကယားပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးက ပြောဆိုခဲ့သည်။

Your Thoughts …
Tags: PDFကယားပြည်နယ်တော်လှန်ရေးပျောက်ကြားရှမ်းပြည်နယ် တောင်ပိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
အသက် ၂၆ နှစ်အရွယ်၊ Hairstylist ကိုအယ်လ်ဖီ (ဓာတ်ပုံ - Alfie's Facebook)

စစ်အာဏာရှင်ကို လက်နက်ကိုင်ပြီး တော်လှန်မယ့် ဆံပင်ညှပ်ဆရာ Alfie

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်က မြန်မာ့ပထမဆုံးသော နေရောင်ခြည် စွမ်းအင်သုံး ဆိုလာပါဝါလျှပ်စစ်ဓာတ်အားပေးစက်ရုံ

ဆိုလာပါဝါ စီမံကိန်းများ တင်ဒါ ထပ်ခေါ်ပြီး နိုင်ငံခြားငွေရရှိရန် စစ်ကောင်စီ ကြံရွယ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved