• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ချင်းတောင်တန်းအတွက် တာဝန်ကျေခဲ့တဲ့ ဦးနိန်ကီးယော

by ဧရာဝတီ
10 November 2021
in ဆောင်းပါး
A A
၂၀၂၁ ဧပြီလက မင်းတပ်မြို့မှ ဒိုရ်လူမျိုးတို့၏ သပိတ်စစ်ကြောင်း(ဆလိုင်းထန်ရှိန်းလိန်း)

၂၀၂၁ ဧပြီလက မင်းတပ်မြို့မှ ဒိုရ်လူမျိုးတို့၏ သပိတ်စစ်ကြောင်း(ဆလိုင်းထန်ရှိန်းလိန်း)

9.8k
VIEWS
Share on FacebookShare on Twitter

အသက် ၇၃ နှစ်အရွယ် ချင်းအမျိုးသားကြီး ဦးနိန်ကီးယောဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃ ရက် နံနက်ပိုင်းမှာ သူ့ ဘဝတလျှောက်လုံး ကြီးပြင်းလာခဲ့တဲ့ ချင်းတောင်တန်းပေါ်မှာပဲ ခေါင်းချသွားခဲ့ပြီ ဖြစ်ပါတယ်။

အများတကာ သက်ကြီးရွယ်အိုတွေလို လူကြီးရောဂါနဲ့ သေဆုံးခဲ့တာ မဟုတ်ဘဲ စစ်ကောင်စီ တပ်ဖွဲ့က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ရတာပါ။

မတူပီမြို့နယ်ကနေ နိုဝင်ဘာလ ၃ ရက် နံနက်ပိုင်းမှာ ပြန်ဆင်းလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို မင်းတပ် – မတူပီ ကားလမ်းတနေရာမှာ မင်းတပ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (CDF – မင်းတပ်)က တပ်ဖွဲ့ဝင်တွေက ကြားဖြတ် တိုက် ခိုက်ခဲ့ပါတယ်။

သံချပ်ကာကား နှစ်စီး အပါအဝင် စစ်ကား ၇၅ စီးပါ စစ်ကောင်စီရဲ့ ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တဲ့ CDF – မင်း တပ်ရဲ့ တပ်ဖွဲ့ဝင်တွေထဲမှာ ဦးနိန်ကီးယောလည်း တယောက် အပါအဝင်ပါ။

ဦးနိန်ကီးယောဟာ CDF – မင်းတပ်ရဲ့ အားထားရတဲ့ လက်နက်တပ်ဆင် စစ်ဆေးသူ တဦးဖြစ်ပြီး ပုံမှန်ဆိုရင် ရှေ့တန်း ကို လိုက်ပါသူ မဟုတ်ဘဲ လိုအပ်တဲ့ မိုင်းတွေ၊ လက်နက်ခဲယမ်းတွေကို စိစစ် ပြင်ဆင်ပေးသူသာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီက ထန်တလန်မြို့ကို မီးတင်ရှို့တဲ့ သတင်းကိုကြားတဲ့နောက်မှာ ခံပြင်း ဒေါသထွက် ကြေကွဲ ခဲ့ရတဲ့ လူတွေထဲမှာ ဦးနိန်ကီးယောလည်း တယောက် အပါအဝင်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကိုယ်တိုင် တိုက်ဖို့ ရှေ့တန်းကို လိုက်ခဲ့တယ်လို့ နီးစပ်သူတွေက ပြန်ပြောပြပါတယ်။

ဦးနိန်ကီးယော၏ မိတ်ဆွေတဦးက “အဲဒီနေ့ကတော့ ဘယ်သူမှ တားမရတော့ဘဲ ရှေ့တန်းကို လိုက်သွားတာခင်ဗျ” လို့ ဆိုပါတယ်။

“ကျနော်တို့ ချင်းတွေက အိုးအိမ်နဲ့ ပတ်သက်ရင် လယ်ယာစိုက်ခင်းနဲ့ ပတ်သက်ရင် အသက်လို တန်ဖိုးထားတဲ့သူတွေ ဆိုတော့ သူတို့ အိုးအိမ်တွေကို စွန့်ခွာရတာနဲ့တင် ခံပြင်းဒေါသထွက်နေတယ်ဆိုတဲ့ ကြားထဲက ထန်တလန်ကို တမြို့ လုံး မီးတိုက်တယ်လည်းကြားရော လူကြီးတွေပါ မခံနိုင်တော့ဘူး။ တကယ့်ကို ဂယက်က တော်တော်ကြီးတယ်ဗျ” လို့ သူက ဆိုပါသေးတယ်။

အစောဆုံး လက်နက်ကိုင် ဆန့်ကျင် တော်လှန်ခဲ့တဲ့ ချင်းပြည်နယ်ကို နယ်မြေ စိုးမိုးနိုင်ဖို့ အာဏာသိမ်း စစ်ကောင်စီက အပြင်းအထန် ကြိုးစားနေပါတယ်။ လေကြောင်းပစ်ကူတွေ၊ လက်နက်ကြီးတွေ၊ ခြေလျင်တပ်တွေနဲ့ ချင်းပြည်နယ်က မြို့နယ် အများအပြားကိုလည်း ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။

ဒါပေယ့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ နေ့စဉ်ဆိုသလို တိုက်ခိုက်မှုတွေကြားမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ နေ့စဉ်ရက်ဆက် အထိနာပြီး ထိခိုက် သေဆုံးနေကြပါတယ်။

နှစ်ဖက်ရင်ဆိုင် တိုက်ပွဲတွေ ပြင်းထန်တာနဲ့အမျှ စစ်ကောင်စီဘက်မှာသာမက ဒေသခံကာကွယ်ရေး အဖွဲ့တွေမှာ လည်း ဦးနိန်ကီးယောလို အဖွဲ့ဝင်တွေ ကျဆုံးမှုလည်း ရှိလာပါတယ်။

မင်းတပ်မြို့နယ်အတွင်း ဦးနိန်ကီးယော ကျဆုံးခဲ့တဲ့ နိုဝင်ဘာလဆန်း ၃ ရက်မှ ၇ ရက်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၀ ဦးထက်မနည်းကို ဒေသခံကာကွယ်ရေး အဖွဲ့ဝင်တွေက သတ်ဖြတ်နိုင်ခဲ့တယ်လို့ CDF မင်းတပ်က ထုတ်ပြန်ထားပါတယ်။

တကယ်တမ်းမှာတော့ ချင်းလူမျိုးတွေဟာ အေးအေးဆေးဆေးနဲ့ ပျော်ပျော်ရွှင်ရွင်နေတတ်တဲ့သူတွေ ဖြစ်ပြီး ဦးနိန်ကီး ယောကလည်း အဲဒီလို လူမျိုးတယောက်ပါပဲ။

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
89
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
110
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
399

“ကျနော်တို့ ချင်းလူမျိုးတွေ အားလုံးက ဒီလိုမျိုး လက်နက်ကိုင်ပြီး သွေးဆာနေတဲ့ လူမျိုး မဟုတ်ဘူး။ ဒီဆရာဆို Educated တယောက်။ သွေးဆာနေတဲ့ လူမျိုး မဟုတ်ဘူး။ ဟာသတွေ ပြောပြီး ပျော်ပျော်ရွှင်ရွင် နေတတ်တဲ့သူဗျ”လို့ ဦးနိန်ကီးယောနဲ့ နီးစပ်သူ တဦးဖြစ်တဲ့ International Mindat K’cho Organisation ရဲ့ ဥက္ကဋ္ဌ ဆလိုင်းထန်ရှိန်း လိန်းက ဆိုပါတယ်။

တိုက်ပွဲတွင် လက်နက်ကြီးထိမှန်သေဆုံးသည့် ကျောင်းဆရာကြီး ဦးနိန်ကီးယော

ဦးနိန်ကီးယောတို့ ချင်းလူမျိုးတွေဟာ အေးအေးဆေးဆေး နေတတ်ကြပေမယ့်လည်း ပြဿနာဖြစ်လာပြီဆိုရင်တော့ လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာက ကျော်ကြားခဲ့တဲ့ ဟမ်မူရာဘီ ဥပဒေအတိုင်း မျက်လုံးတလုံးအတွက် တလုံးပုံစံမျိုးနဲ့ တုံ့ပြန် တတ်သူတွေပါပဲ။

CDF မင်းတပ်က တပ်ဖွဲ့ဝင်တဦးကလည်း “ချင်းပြည်နယ်မှာကိုမှ မင်းတပ် ချင်းတွေက အရမ်းကို စိတ်ဆတ်တယ်။ အေးအေးဆေးဆေး နေတယ်။ ပြဿနာ မဖြစ်အောင် နေတယ်။ သူများ ပြဿနာကိုလည်း ဝင်မပါဘူး။ ကိုယ်လည်း ပြဿနာ မဖြစ်အောင် နေတယ်။ ကိုယ်နဲ့ ပြဿနာ ဖြစ်ပြီဆိုရင်တော့ ကျနော်တို့မှာ ဟိုးရှေးထုံးပေါ့ an eye for an eye က အခုထိ ရှိနေတုန်းပဲ” လို့ ပြောပြပါတယ်။

ဦးနိန်ကီးယောဟာ သူနေထိုင်ရာ မင်းတပ်မြို့နဲ့ ချင်းပြည်နယ်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက တောက်လျောက် ထိုးနှက် တိုက်ခိုက်လာချိန်မှာတော့ အဲဒီစိတ်နဲ့ပဲ သူ့ရဲ့ တောင်ယာ လုပ်ငန်းတွေကို စွန့်ခွာပြီး ပြည်သူ့ကာကွယ်ရေး တပ်တွေဆီ ရောက်လာခဲ့ပါတယ်။

သူ့ရဲ့ ဆုံးဖြတ်ချက်ခိုင်မာမှုကို ဘယ်သူကမှ မတားနိုင်ခဲ့ပါဘူး။ အသက်အရွယ်အရ ရှေ့တန်းအထိ မလိုက်ဖို့ တပ်မဟာ မှူး ကိုယ်တိုင်က တားခဲ့ပေမယ့် အဖွဲ့က မခေါ်လျှင်တောင် နောက်က လိုက်ခဲ့မယ်ဆိုတဲ့ ဦးနိန်ကီးယောရဲ့ စကားတွေက သူ့စိတ်ဓာတ် ခိုင်ကျည်မှုကို ပြသနေပါတယ်။

ဦးနိန်ကီးယော ကျဆုံးမယ့်နေ့က တိုက်ပွဲ ရှေ့တန်းမှာလည်း နောက်ဆုတ်ဖို့ ပြောခဲ့ပေမယ့် သူဟာ နောက်မဆုတ်တမ်း သူသေကိုယ်သေ ချလိုတဲ့ ရဲရင့်သတ္တိရှိတဲ့သူလို့လည်း ရဲဘော်ရဲဘက်တွေက အသိအမှတ်ပြုထားပါတယ်။

“နောက်ကို ပြန်ဆုတ်လာပြီးတော့မှ နောက်နေရာကောင်း တခုမှာ ပြန်ယူမယ်။ အဲဒီကနေ ဆက်ချမယ် ဆိုပြီးတော့မှ ပြောတာ။ အဲဒါကို မရဘူး။ သူက နောက်မဆုတ်တမ်းဘဲ သူသေ ကိုယ်သေ ချမယ်။ သူမသေခင် စကစ ကို ရသ လောက် တိုက်သွားမယ်ဆိုတဲ့ ပုံစံနဲ့ပဲ မဆုတ်ဘူး” နိုဝင်ဘာလ ၃ ရက်က အခြေအနေကို CDF တပ်ဖွဲ့ဝင်တဦးက ပြန် ပြောပြပါတယ်။

သူ့ရဲ့ သေဆုံးမှုအပေါ် ရဲဘော်ရဲဘက်တွေရော၊ သူရဲ့ တပည့်၊ သားသမီးတွေ အားလုံးဟာ နှမြောတသသ ဖြစ်နေခဲ့ရပါ တော့တယ်။

သားဖြစ်သူကလည်း “မင်းတပ်မှာ တိုက်ပွဲစဖြစ်တဲ့အချိန်ကစပြီး CDF ရဲဘော်တွေနဲ့အတူ တတ်နိုင်တဲ့ဘက်ကနေ ကျည်တောင့်၊ ကျည်ခွံနှင့် ယမ်းကအစ ညစာပျက် အိပ်ရေးပျက်ခံပြီး လုပ်ပေးနေတဲ့ အသက် ၇၃ နှစ်ရှိတဲ့အဖေ ဒီတော်လှန်ရေးအတွက် အဖေ တာဝန်ကျေပါတယ်” လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းမှုတွေ မတိုင်ခင်ကတော့ သူဟာ ချင်းလူမျိုးပီပီ တောင်ယာလုပ်ကိုင်နေတဲ့ အငြိမ်းစား ကျောင်းဆရာ တဦးပါ။

၁၉၉၃ ကတည်းက အလယ်တန်းပြ ဆရာဘဝကနေ အငြိမ်းစားယူခဲ့ပေမယ့် ဦးနိန်ကီးယောကို အသင်အပြ ကောင်းပြီး ကျောင်းသားတွေကို ဖေးမ ကူညီတတ်တဲ့ ကျောင်းဆရာတဦးအနေနဲ့ပဲ လူသိများပါတယ်။

လမ်းပန်း ဆက်သွယ်ရေးကအစ အစစအရာရာ ဖွံ့ဖြိုးမှု နောက်ကျတဲ့ ချင်းတောင်တန်းပေါ်မှာ ကလေးတယောက် အနေနဲ့ ပညာသင်ယူဖို့ဆိုတာ အင်မတန် ခက်ခဲတာကို အပြည့်အဝ နားလည်တဲ့ ဆရာတယောက်ဖြစ်လို့ တပည့်တွေ ချစ်တဲ့ ကျောင်းဆရာတယောက်လည်း ဖြစ်ပါတယ်။

“စစ်ကိုင်း ရွာသစ်ကြီး ဖွံ့ဖြိုးရေးသိပ္ပံ ဆရာအတတ်သင်ကျောင်းကနေ ဆင်းတာ။ အဲဒီကနေ ချင်းတောင်မှာ တလျောက်လုံး စာသင်ခဲ့တာ” လို့ ဆလိုင်းထန်ရှိန်းလိန်က ပြောပါတယ်။

အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်မှာတော့ ဦးနိန်ကီးယောတယောက် တောင်ယာလုပ်ငန်းကို အေးအေးဆေးဆေး မလုပ်ကိုင်နိုင်တော့ပါဘူး။ သူရဲ့ မိတ်ဆွေသားချင်းတွေ၊ ဆွေမျိုးရင်းချာတွေနဲ့အတူ စစ်အာဏာရှင်ကို တော်လှန်ဖို့ တိုက်ပွဲ ဝင်ခဲ့ပါတော့တယ်။

မင်းတပ်မြို့ခံ အများအပြားဟာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကို မခံလိုတာကြောင့် စစ်ကောင်စီကို တိုက်ခိုက်ဖို့အတွက် ချင်း ပြည်နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံကို လာရောက် ပူးပေါင်းပြီး တိုက်ခိုက်နေကြတာလည်း ဖြစ်ပါတယ်။

“ကိုယ့်ထမင်း ကိုယ်စား၊ ကိုယ့်ထမင်းထုပ် ကိုယ်ထုပ်ပြီးတော့မှ ငါလည်း စကစတွေကို လာသတ်မယ်ကွာဆိုပြီး ကိုယ့် အစီအစဉ်နဲ့ ကိုယ် ရောက်လာတဲ့သူချည်းပဲ” လို့ CDF မင်းတပ်မှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

ဆက်လက်ပြီး “သူ့မြေးတောင်မှ CDF ထဲ ပါနေပြီ။ ၁၀ တန်း အောင်နေပြီ။ မင်းတပ်မှာကတော့ ၉၀ ရာခိုင်နှုန်းက CDF အဖွဲ့ဝင်လို့တောင် ပြောလို့ရပါတယ်” လို့ သူက ဆိုပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် ကျရာနေရာကနေ တိုက်ပွဲဝင်နေတဲ့ ဦးနိန်ကီးယောဟာ အဲဒီနေ့ကလည်း စိတ် အားထက်သန်စွာနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ ပြင်နေတုန်းမှာ လက်နက်ကြီး ထိမှန်ခဲ့တာပါ။

သူ့ရဲ့ နှလုံးပြူး ခါးချိုး သေနတ်နဲ့ တောင်ကုန်းပေါ်ကနေ ပစ်နိုင်ဖို့အတွက် ကတုတ်ကျင်း တူးနေတုန်းမှာပဲ လက်နက် ကြီးကျည် ကျရောက်ပြီး ဗုံးဆန်စတွေ ထိမှန် သေဆုံးခဲ့ရတာပဲ ဖြစ်ပါတယ်။

သူဟာ CDF မင်းတပ်ရဲ့ အသက်အကြီးဆုံး ရဲဘော်တဦးဖြစ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး တိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ရင်း အသက်ကို စွန့်ခဲ့သူလည်း ဖြစ်ပါတယ်။

CDF မင်းတပ်မှ ပြောရေးဆိုခွင့်ရှိသူက “အဲဒီအရွယ် တိုက်ပွဲကျတာကိုက မင်းတပ် ချင်းလူမျိုးတွေက အာဏာရှင်ကို ဖြုတ်ချဖို့ ဘယ်လောက်စိတ်အား ထက်သန်နေလဲဆိုတာ ပြနေတဲ့ ပြယုဂ် တခုပဲ” လို့ ဦးနိန်ကီးယောအတွက် ဂုဏ်ယူ ဝံ့ကြွားစွာ ပြောဆိုခဲ့ပါတယ်။

“အဖေ တာဝန်ကျေပါတယ်။ အဖေ့ဆီ ပြန်မရောက်လာနိုင်တဲ့ သားကပဲ တာဝန် မကျေတာပါ။ ထာဝရ ငြိမ်းချမ်းခြင်း ရှိတဲ့ အဖ ဘုရားသခင်ရဲ့ ရင်ခွင်တော်ဆီ သွားနှင့်ပါ အဖေ” လို့ သားဖြစ်သူက သူရဲကောင်း ဖခင်ကြီးအတွက် ကြေကွဲ ဝမ်းနည်းစွာနဲ့ နှုတ်ဆက်ထားပါတယ်။

ဦးနိန်ကီးယောဟာ ကျောင်းဆရာအဖြစ်နဲ့ရော၊ အာဇာနည်သူရဲကောင်း တယောက်အဖြစ်ပါ ချင်းတောင်တန်းအတွက် တာဝန်ကျေခဲ့ပါပြီ။

You may also like these stories:

ကရင်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်အား ထောင်ဒဏ် ၇၅ နှစ်၊ စည်ပင်ဝန်ကြီး ဦးသန်းနိုင်ကို နှစ် ၉၀ ချမှတ်

ချင်းတွေကို လူမျိုးသုဉ်းသတ်ဖြတ်နေပြီလား

Your Thoughts …
Tags: စစ်ကောင်စီတိုက်ပွဲမင်းတပ် CDFဦးနိန်ကီးယော
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၁၉ ခုနှစ်က ကျောက်ဖြူသင်္ဘောဆိပ်တွင် ကုန်သည်နေသော နွားလှည်းတစီးကို တွေ့ရစဉ် /  AFP

တရုတ်စီမံကိန်းကြောင့် လယ်သမားများ မြေယာမဲ့ကိန်းဆိုက်

PPST အစည်းအဝေးမှတ်တမ်းပုံ (ဓာတ်ပုံ - EAOs)

အပစ်ရပ်လက်နက်ကိုင်များကို အာဏာသိမ်း စစ်ကောင်စီ သတိပေးစာပို့

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved