၂၀၂၀ ခုနှစ် ဇန်နဝါရီလက တရုတ်သမ္မတရှီကျင့်ဖျင်၏ မြန်မာခရီးအတွင်း တရုတ်နှင့်မြန်မာတို့သည် ကျောက်ဖြူ အထူးစီးပွားရေးဇုန် (KPSEZ) နှင့် ပင်လယ်နက်ဆိပ်ကမ်း စီမံကိန်းအတွက် လုပ်ပိုင်ခွင့်နှင့် ရှယ်ယာပိုင်ဆိုင်မှု သဘောတူ စာချုပ်များကို လက်မှတ်ရေးထိုးကြသည်။
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်မှ KPSEZ နှင့် ရေနက်ဆိပ်ကမ်းသည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) ၏ မြန်မာနိုင်ငံတွင်းရှိ စီမံကိန်းအစိတ်အပိုင်းဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် (CMEC) အောက်တွင် အကောင်အထည်ဖေါ်နေသည်။
KPSEZ တွင် အထည်အလိပ်စက်ရုံများ၊ အထည်ချုပ်စက်ရုံများ၊ ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ အစားအသောက်နှင့် ဆေးဝါးစက်ရုံများ၊ အီလက်ထရွန်းနစ်ပစ္စည်း ထုတ်လုပ်ရေး၊ ရေထွက်ပစ္စည်း ပြုပြင်သည့် စက်ရုံများ၊ ဝန်ဆောင်မှုများနှင့် သုတေသနလုပ်ငန်းများအတွက် အဆောက်အအုံများ ပါဝင်သည့် စက်မှုဇုန်တခုထူထောင်ရေး ပါဝင်သည်။
KPSEZ နှင့် ရေနက်ဆိပ်ကမ်းသည် တရုတ်နိုင်ငံ၏ ကုန်သွယ်မှုများကို ရေကြောင်းကျပ်သည့် စင်္ကာပူအနီး မလက္ကာ ရေလက်ကြားကို မဖြတ်သန်းဘဲ အိန္ဒိယ သမုဒ္ဒရာကို တိုက်ရိုက်အသုံးပြုခွင့်ပေးကာ မြန်မာနှင့် နယ်နိမိတ်ထိနေသော ကုန်းတွင်းပိတ် ယူနန်ပြည်နယ် တိုးတက်ရေးမြှင့်တင်ပေး သောကြောင့် BRI အတွက် အထူးအရေးပါသည်ဟု ဘေ့ဂျင်းက မြင်သည်။
KPSEZ တွင် အထည်အလိပ်စက်ရုံများ၊ အထည်ချုပ်စက်ရုံများ၊ ဆောက်လုပ်ရေးပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ အစားအသောက်နှင့် ဆေးဝါးစက်ရုံများ၊ အီလက်ထရွန်းနစ်ပစ္စည်း ထုတ်လုပ်ရေး၊ ရေထွက်ပစ္စည်း ပြုပြင်သည့် စက်ရုံများ၊ ဝန်ဆောင်မှုများနှင့် သုတေသနလုပ်ငန်းများအတွက် အဆောက်အအုံများ ပါဝင်သည့် စက်မှုဇုန်တခုထူထောင်ရေး ပါဝင်သည်။ စီမံကိန်းတခုလုံးအတွက် မြေ ၄၃၀၀ ဧက အသုံးပြုရန် စီစဉ်ထားသည်။
China International Trust and Investment Corporation (CITIC) သည် ရေနက်ဆိပ်ကမ်းနှင့် KPSEZ စီမံကိန်းကို တည်ဆောက်ခွင့်ကို ၂၀၁၅ ခုနှစ်က ရရှိသည်။ CITIC က ထိုစီမံက်ိန်း၏ ၈၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်မည်ဖြစ်ကြောင်း ယခင်ဦးသိန်းစိန်အစိုးရနှင့် ချုပ်ဆိုသည့် ကနဦးသဘောတူညီချက်တွင် ဖေါ်ပြထားသည်။
ယခုအခါ ဖြုတ်ချခံလိုက်ရပြီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက မြန်မာ၏ပိုင်ဆိုင်မှုကို ၃၀ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် ထိုစာချုပ်ကို ပြန်လည်ညှိနှိုင်းခဲ့သည်။ ကနဦးသဘောတူညီချက်အရ ထိုစီမံကိန်းသည် အမေရိကန်ဒေါ်လာ ၉ မှ ၁၀ ဘီလီယံ (ကျပ် ၁၂ မှ ၁၃ ထရီလီယံ) အထိ တန်ဖိုးရှိသည်။ အကြွေးထောင်ချောက်အတွင်း နိုင်ငံကျရောက်သွားမည်ကို မြန်မာဘက်က စိုးရိမ်ပြီး ထိုစီမံကိန်းကို အရွယ်အစားလျှော့ချရန် နှစ်ဘက်သဘောတူကြသည်။ ဆိပ်ကမ်း၏ စီမံကိန်း ပထမအဆင့်တွင် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ (ကျပ် ၂ ထရီလီယံ) ကုန်ကျမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
တရုတ်အခြေခံအဆောက်အအုံစီမံကိန်းများကို အလျှင်အမြန်အကောင်အထည်ဖေါ်ရန် မဖြစ်မနေ အတင်းအကျပ် မြေယာရယူခြင်းသည် ထိုသို့သော စီမံကိန်းများအကောင်အထည်ဖေါ်သည့် နိုင်ငံတိုင်းတွင် ဖြစ်နေသည်။
ယခု စစ်ကောင်စီက တရားမဝင် အာဏာသိမ်းယူလိုက်သောအခါ မြန်မာမှ တရုတ်စီမံကိန်းများသည် ဒေသခံပြည်သူများ၏ ဆန့်ကျင်မှုကို ရင်ဆိုင်ရသောကြောင့် ဆုံးရှုံးနိုင်ခြေ မြင့်မားနေသည်။ စစ်ကောင်စီက ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း အပါအဝင် CMEC စီမံကိန်းများကို အကောင်အထည်ဖေါ်ရာတွင် အများပြည်သူနှင့် ဆွေးနွေးတိုင်ပင်ရန် လိုအပ်တော့မည်မဟုတ်ဟု လုပ်ဆောင်လာသောကြောင့် ထိုစီမံကိန်းများကို အကောင်အထည်ဖေါ်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု မရှိမည်ကိုလည်း အကြီးအကျယ် စိုးရိမ်နေကြသည်။
တရုတ်အခြေခံအဆောက်အအုံစီမံကိန်းများကို အလျှင်အမြန်အကောင်အထည်ဖေါ်ရန် မဖြစ်မနေ အတင်းအကျပ် မြေယာရယူခြင်းသည် ထိုသို့သော စီမံကိန်းများအကောင်အထည်ဖေါ်သည့် နိုင်ငံတိုင်းတွင် ဖြစ်နေသည်။ ပါကစ္စတန်နိုင်ငံမြောက်ပိုင်း ဂေးလ်ဂစ် ဘေလ်တစ္စတန် Gilgit-Baltistan တွင် ကျေးရွာများကို မီးရှို့ပြီး တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်အတွက် ရှင်းလင်းပစ်သည်။ ထိုကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ကြသည်။ ယခုအခါ CMEC သည်လည်း ထိုလမ်းကြောင်းသို့ ဦးတည်နေပုံပေါက်သည်။
ကျောက်ဖြူစီမံကိန်းများသည် လုပ်ငန်းကြီးကြီးမားမား စတင်ခြင်း မရှိသေးသော်လည်း အဆိုပြုထားသည့် KPSEZ စက်မှုဇုန်အတွက် မြေ ၂၅၀ ဧကကို သိမ်းယူရန် ပြင်ဆင်မှုများ ပြုလုပ်ထားပြီးဖြစ်သည်။ ထိုမြေ ၂၅၀ ဧကကို ကျေးရွာအုပ်စု ၄ ခုမှ ဒေသခံလယ်သမား ၇၀ ကျော်က ပိုင်ဆိုင်ကြသည်။
ထိုမြေဧက ၂၅၀ အနက် ၆၀ ဧကကို မည်သူမည်ဝါ မသိရသူ ၃ ဦးက မြန်မာနိုင်ငံမြေယာဥပဒေအရ မှတ်ပုံတင်ပိုင်ဆိုင်ထားကြောင်း ယခုအခါ ရုတ်တရက်ပေါ်ပေါက်လာသည်။ ထိုသို့ ရုတ်တရက် ပိုင်ရှင်ပေါ်ပေါက်လာသောကြောင့် ထိုမြေတွင် မျိုးဆက်ပေါင်းများစွာ လုပ်ကိုင်စားသောက်ခဲ့သည့် လယ်သမား ၂၂ ဦးသည် ကျူးကျော်လုပ်ကိုင်သူများဖြစ်သွားသည်။
မြေဧက ၆၀ ကို ပိုင်ဆိုင်သည်ဆိုသည့် မည်သူမည်ဝါဖြစ်သည်ကို မသိရသူ ၃ ဦး၏ အမည်ကို မြေသိမ်းကြေညာချက်တွင် တွေ့နိုင်သည်။ ထိုသို့မြေကို တရားမဝင်ရယူထားသောကြောင့် မူလပိုင်ရှင်လယ်သမားများသည် ကျူးကျော်သူများဖြစ်သွားသည်။
စစ်ကောင်စီက လျှော်ကြေးမပေးဘဲ ၎င်းတို့မြေများကို တရုတ်ကျောထောက်နောက်ခံပြု KPSEZ အတွက် သိမ်းဆည်းမည်ကို ကျောက်ဖြူမြို့နယ်မှ လယ်သမားများ စိုးရိမ်နေကြသည်။
စီမံကိန်းအတွင်း ပါဝင်နေသည့် မြေများတွင် ၎င်းတို့သည် ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ကြောင်း၊ မရောင်းရသေးသလို မည်သူကိုမှလည်း လွှဲပြောင်းပေးခြင်း မရှိကြောင်း ဒေသခံလယ်သမားများပြောသည်။ သို့သော် မြေဧက ၆၀ ကို ပိုင်ဆိုင်သည်ဆိုသည့် မည်သူမည်ဝါဖြစ်သည်ကို မသိရသူ ၃ ဦး၏ အမည်ကို မြေသိမ်းကြေညာချက်တွင် တွေ့နိုင်သည်။ ထိုသို့မြေကို တရားမဝင်ရယူထားသောကြောင့် မူလပိုင်ရှင်လယ်သမားများသည် ကျူးကျော်သူများဖြစ်သွားသည်။
ရွှေဓါတ်ငွေ့နှင့် ပိုက်လိုင်းစီမံကိန်းအတွင်းက ကျောက်ဖြူမြို့နယ်မှ အလားတူဖြစ်ရပ်တခုတွင် မြန်မာစစ်အရာရှိ တဦးက ပျားတဲကျေးရွာမှ လယ်သမားများပိုင်သည့် မြေ ၂၅ ဧကကို အတင်းအကျပ်ရယူပြီး လျှော်ကြေး ကျပ် သန်း ၃၀ တောင်းခံသည်။ ထိုမျှများပြားသောငွေကို ကျေးရွာသားများကမပေးနိုင်သောအခါ ၎င်းတို့သည် ၎င်းတို့၏မြေကို ဆုံးရှုံးသွားတော့သည်။ ထိုအချက်က အစိုးရဌာနများအတွင်း အကျင့်ပျက်ခြစားမှုကို ဖေါ်ပြနေသည်။ ထိုကဲ့သို့သော စီမံကိန်းများကြောင့် ထိခ်ိုက်မည် နေရာများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို သိခွင့်ရှိသူများက အာဏာပ်ိုင်များနှင့်ပေါင်းကာ မြေပိုင်ဆိုင်မှုကို ရယူပြီးနောက် လယ်သမားကို လျှော်ကြေးတောင်းကြသည်။ လယ်သမားများသည် ၎င်းတို့မြေကို သူများက ပိုင်ဆိုင်မှု လွှဲပြောင်းရယူလိုက်သည်အား သိပင်မသိကြပေ။
ကျောက်ဖြူမြို့နယ်တွင် ရွှေဓါတ်ငွေ့နှင့်ပိုက်လိုင်းစီမံကိန်းကြောင့် မြေအငြင်းပွားမှု များစွာဖြစ်နေပြီး ဒေသခံများက ပါဝင်ပတ်သက်သော ကုမ္ပဏီများကို ဆန့်ကျင်ကန့်ကွက်နေသည်။ KPSEZ နေရာတွင် မြေသိမ်းယူချိန်မှ စတင်ပြီး ဒေသခံများ၏ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးကို ချိုးဖေါက်ခံနေရသည်။ အာဏာပိုင်များအနေဖြင့် ထိုပြဿနာများကို ပြန်လည်စဉ်းစားသုံးသပ်ပြီး မှန်ကန်စွာကိုင်တွယ်ဖြေရှင်းသင့်သည်။
BRI စီမံကိန်းများအောက်မှ ဖွံ့ဖြိုးတိုတက်ရေးအမည်ခံကာ မြန်မာပြည်သူများ၏ အသက်မွေးဝမ်းကြောင်းများကို မည်သို့လုယူနေသည်ကို အလေးထားရန် အချိန်ကျရောက်ပြီဖြစ်သည်။ မြေနှင့်အလုပ်အကိုင်အခွင့်အလမ်းအာမခံချက်မရှိဘဲ စီမံကိန်းစတင်ရေးကိုသာ အာရုံစိုက်နေပါက ဒေသခံပြည်သူများအတွက် အခွင့်အလမ်းထက် စိန်ခေါ်မှုများကိုသာ ဖြစ်ပေါ်စေမည်ဖြစ်သည်။
(ရန်နိုင်သည် တရုတ်-မြန်မာရေးရာ အထူးပြုလေ့လာသူတဦး၏ ကလောင်အမည်ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ China-Backed Myanmar Infrastructure Project Leaves Farmers Landless ကို ဘာသာပြန်သည်။)
You may also like these stories:
ကျောက်ဖြူ SEZ ဧရိယာရှိ လယ်မြေများ လျော်ကြေးမရဘဲ သိမ်းခံရမည်ကို ဒေသခံများ စိုးရိမ်
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စစ်ကောင်စီ တွန်းလုပ်မည်
တရားဝင်မှု ရရှိရေး စစ်ကောင်စီက အိမ်နီးချင်းများကို သယံဇာတ ထုတ်ရောင်းနေသည်
စီးပွားရေးမျှော်လင့်ချက်များ အားလုံး စစ်ကောင်စီ ဖျက်ဆီး