အရှေ့တောင်အာရှ၏ ရှုပ်ထွေးသောနိုင်ငံရေးတွင် တရုတ်၏ စစ်မှန်သောသရုပ်သကန်သည် ရက်စက်ကြမ်းကြုတ်သော ဖွင့်ချမှုဖြင့် မြန်မာတွင် ထွက်ပေါ်လာသည်။ မြန်မာသည် စစ်ရေးဖြင့် မဟုတ်ဘဲ အသေးစိတ် တွက်ချက်ချမှတ်သည့် စီးပွားအရ ကိုလိုနီပြုခြင်းနှင့် သေနင်္ဂဗျူဟာအရ အသုံးချခြင်းဖြင့် စနစ်တကျ ဖျက်ဆီးခံရသည့် နိုင်ငံဖြစ်သည်။
မြန်မာ၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) သည် သံတမန်ရေး ထိတွေ့ဆက်ဆံမှုထက် များစွာကျော်လွန်သော မသမာသည့်အခြေခံကို ဖော်ပြသည့် တရုတ်၏ သားကောင်ရှာသော သဘောသဘာဝကို ကြုံတွေ့နေရသည်။
တရုတ်၏ မကြာသေးမီက လုပ်ရပ်များသည် သယံဇာတ ထုတ်ယူရေးနှင့် မြန်မာ၏ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲမှု၊ ကွဲပြားစုံလင်သော လူမျိုးစုများဘဝ သာယာစိုပြေရေးကို ထိန်းချုပ်ရေး ဦးစားပေးသည့် တွက်ချက်ထားသောနည်းလမ်းကို လူတကာသိစေသည်။
နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ သြဂုတ်လတွင် နေပြည်တော်သို့ သွားရောက်ခြင်းသည် အရေးပါသောကာလဖြစ်ပြီး စစ်ကောင်စီကို တရုတ်က ပြတ်ပြတ်သားသား ထောက်ခံခြင်းကို ဖော်ပြကာ သွေးချောင်းစီး အာဏာသိမ်းသော စစ်ကောင်စီကို ထိထိရောက်ရောက် တရားဝင်စေသည်။
တရုတ်အစိုးရ၏ သေနင်္ဂဗျူဟာသည် အလွှာများစွာပါဝင်ပြီး ဖျက်အားပြင်းပြင်းနှင့် တိကျသည်။ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် အာရက္ခတပ်တော် (AA) ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ဖိအားပေးခြင်းဖြင့် တရုတ်သည် သံတမန်ရေးနှင့် စီးပွားရေးအကျပ်ကိုင်မှုများကို လက်နက်သဖွယ်သုံးရန် စိတ်အားထက်သန်မှုကို ပြသလိုက်သည်။
တရုတ်အထူးသံတမန် မစ္စတာ တိန့်ရှီကျွင်းသည် ထိုအင်အားစုများ၏ တော်လှန်ရေးကို ဟန့်တားရန် တက်ကြွစွာ လုပ်ကိုင်နေပြီး အနောက်တိုင်း ကျောထောက်နောက်ခံပြု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အဆက်အသွယ်ဖြတ်ရန်၊ စစ်ကောင်စီကို ဆန့်ကျင်သည့် ၎င်းတို့၏ ထိုးစစ်များရပ်ရန် တိုက်တွန်းသည်။
တရုတ်အထူးသံတမန် မစ္စတာ တိန့်ရှီကျွင်းသည် ထိုအင်အားစုများ၏ တော်လှန်ရေးကို ဟန့်တားရန် တက်ကြွစွာ လုပ်ကိုင်နေပြီး အနောက်တိုင်း ကျောထောက်နောက်ခံပြု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အဆက်အသွယ်ဖြတ်ရန်၊ စစ်ကောင်စီကို ဆန့်ကျင်သည့် ၎င်းတို့၏ ထိုးစစ်များရပ်ရန် တိုက်တွန်းသည်။
အသိသာဆုံး ဖြစ်နိုင်သည့်အချက်မှာ တရုတ်က တရုတ်-မြန်မာနယ်စပ် တလျှောက်တွင် ကုန်သွယ်မှု လုံးဝပိတ်ပင်ခြင်းဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ထောက်ပံ့ပို့ဆောင်ရေး ပြတ်တောက်စေရန် ရည်ရွယ်ချက်ရှိရှိ အားထုတ်မှုဖြစ်သည်။ ထိုကိစ္စသည် သံတမန်ရေး မဟုတ်ပေ။ တော်လှန်ရေးကို ချေမှုန်းရန်နှင့် တရုတ်၏ ကျယ်ပြန့်သော စီးပွားရေး ရည်မှန်းချက်များ အဆင်ပြေ ချောမွေ့စေမည့် အလိုတော်ရိ ရုပ်သေးစစ်ကောင်စီကို ထိန်းသိမ်းထားရန်အတွက် စီးပွားရေးစစ်ပွဲ ဖြစ်သည်။
တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) သည် ထိုကိုလိုနီလက်သစ် သေနင်္ဂဗျူဟာ၏ အခြေခံ အသုံးချစရာ ဖြစ်သည်။ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကဲ့သို့သော စီမံကိန်းများသည် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများ သက်သက်သာမကဘဲ အရေးပါသော သယံဇာတ လမ်းကြောင်းများရရန် တွက်ချက် လုပ်ဆောင်ခြင်းလည်း ဖြစ်သည်။
ဖက်စပ်လုံခြုံရေးကုမ္ပဏီ ထူထောင်ရန် အဆိုပြုခြင်းဖြင့် တရုတ်သည် စီးပွားရေးအကျိုးစီးပွားကို လက်နက်တပ်ဆင်ရန် ကြိုးစားပြီး ရင်းနှီးမြှုပ်နှံမှု ကာကွယ်ရေးမျက်နှာဖုံးဖြင့် တိုက်ရိုက် ကြားဝင်ခွင့်ပေးမည့် မူဘောင်ကို ဖန်တီးသည်။
နိုဝင်ဘာလတွင် စစ်ကောင်စီခေါင်းဆာင် မင်းအောင်လှိုင် တရုတ်သို့ သွားရောက်ခြင်းသည် အထူးသဖြင့် ထိရောက်သည်။ တရုတ်ဝန်ကြီးချုပ် မစ္စတာ လီချန်းနှင့်တွေ့ဆုံပြီး CMEC စီမံကိန်းများနှင့် ပတ်သက်သည့် ကတိကဝတ်များကို ထပ်မံအတည်ပြုပြီး တရုတ်ကလည်း ရွေးကောက်ပွဲများကို ထောက်ခံမည်ဟု ကတိပြုသည်။ ထိုသို့ကတိပြုခြင်းသည် ထိန်းချုပ်မှု ဆက်လက်ရှိစေရေး ပိုမိုနက်ရှိုင်းသော ရည်ရွယ်ချက်များကို ဖုံးကွယ်သည့် အနှစ်သာရ မရှိသောကတိ ဖြစ်သည်။
စစ်ကောင်စီ ပိုမိုတောင့်တင်းစေရန် အလွန်များပြားသည့် ဒေါ်လာ ၃ ဘီလီယံ အကူအညီ အစီအစဉ်သည် တရားမဝင် စစ်ကောင်စီကို ကျားကန်ပေးရန် တရုတ်၏ စိတ်အားထက်သန်မှုကို ဖော်ပြနေသည်။
တရုတ်သေနင်္ဂဗျူဟာ၏ တုန်လှုပ်စရာအကောင်းဆုံး သွင်ပြင်မှာ မြန်မာပြည်တွင်း တည်ငြိမ်ရေးကို ဗြောင်ကျကျ ဂရုမစိုက်ခြင်း ဖြစ်သည်။ စစ်ကောင်စီသို့ ဒရုန်းများနှင့် ဒရုန်းကို ကျော်လွှားသည့် ဂျမ်မာများကဲ့သို့ အဆင့်မြင့် စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ခြင်းဖြင့် တရုတ်သည် ပဋိပက္ခကို ပိုမိုရှည်ကြာအောင် လုပ်နေသည်။ ထိုကိစ္စသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မဟုတ်ပေ။ သယံဇာတ ဆက်လက် ထုတ်ယူရေးနှင့် သေနင်္ဂဗျူဟာ နေရာယူခြင်း ဆက်လက် လုပ်ကိုင်နိုင်ရန် ထိန်းချုပ်ထားသည့် ဖရိုဖရဲအခြေအနေ အစဉ်အမြဲဖြစ်နေအောင် လုပ်ခြင်းသာဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို အရူးလုပ်၍ မရပေ။ တရုတ်သည် အလားအလာရှိသည့် ကြားနေစေ့စပ်ညှိနှိုင်းသူအဆင့်မှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ရှုံးနိမ့်ရေးအတွက် တက်ကြွစွာ ပါဝင်သူအဆင့်သို့ ပြောင်းလာသည်ကို သဘောပေါက်ကြသည်။
တရုတ်၏ ညွှန်ကြားချက်များကို မြောက်ပိုင်းမဟာမိတ်က အာခံခြင်းသည် တရုတ်အစိုးရ၏ ရည်ရွယ်ချက် အစစ်အမှန်ကို ပိုမိုနားလည်လာကြောင်း ပြသနေသည်။
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို လက်ပစ်ဗုံးနှင့် တိုက်ခိုက်ခြင်းသည် မြန်မာမှ ကွဲပြားစုံလင်သော လူမျိုးစုများအကြား တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ မြင့်မားလာခြင်းကို ပြတ်ပြတ်သားသား ဖော်ပြသည်။ တရုတ်အကျိုးစီးပွားများ ထိခိုက်လွယ်မှုသည် ပိုမိုထင်ရှားလာသည်။
မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးကို လက်ပစ်ဗုံးနှင့် တိုက်ခိုက်ခြင်းသည် မြန်မာမှ ကွဲပြားစုံလင်သော လူမျိုးစုများအကြား တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များ မြင့်မားလာခြင်းကို ပြတ်ပြတ်သားသား ဖော်ပြသည်။ တရုတ်အကျိုးစီးပွားများ ထိခိုက်လွယ်မှုသည် ပိုမိုထင်ရှားလာသည်။
တော်လှန်ရေးတပ်များက တရုတ်ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားရန် ၎င်းတို့၏ထိုးစစ်ကို တိုးချဲ့ကြပြီး ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်ကဲ့သို့ ပဋိပက္ခဖြစ်ပွားနေသော နေရာများမှ တရုတ်စီမံကိန်းများသည် ခြိမ်းခြောက်မှုအောက် ကျရောက်နေသည်။
ဇူလိုင်လ တလတည်းတွင်ပင် စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများသည် တရုတ်ကျောထောက်နောက်ခံပြု စက်ရုံများကို သိမ်းပိုက်ထိန်းချုပ်ပြီး ဒေသကိုယ်ပိုင်အုပ်ချုပ်ရေးကို ထည့်သွင်း မစဉ်းစားပါက ပြင်ပ စီးပွားရေးအကျိုးစီးပွားကို သည်းခံမည်မဟုတ်ဆိုသည့် ရှင်းလင်းသော သတင်းစကားကို ပေးပို့လိုက်သည်။
တရုတ်၏ စိုးရိမ်ပူပန်မှုသည် သိသာထင်ရှားသည်။ စစ်ကောင်စီ၏ အလားအလာရှိသော ပြိုလဲမှုသည် တရုတ်၏စီးပွားရေးနှင့် သေနင်္ဂဗျူဟာ ပုံဖော်မှုများအတွက် သေရေးရှင်ရေး ခြိမ်းခြောက်မှုဖြစ်သည်။
အကာအကွယ်ကင်းမဲ့နေသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများသည် တရုတ်၏ သယံဇာတ အငမ်းမရဖြစ်မှု၏ အသက်သွေးကြောဖြစ်ပြီး အဖျက်လုပ်ငန်းများ၏ အလားအလာရှိသော ပစ်မှတ်ဖြစ်လာသည်။ ထိုထိခိုက်လွယ်မှုက တရုတ်၏ “မစွက်ဖက်ရေးမူဝါဒ” ဟုခေါ်သောအရာ၏ ထိခိုက်လွယ်မှုကို ပြသနေသည်။
ကြေကွဲစရာအကောင်းဆုံး အပြောနှင့်အလုပ် ဆန့်ကျင်သည့်ကိစ္စမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အနောက်တိုင်း နိုင်ငံကြီးများက သြဇာလွှမ်းမိုးသည်ဟု ပုံဖော်ခြင်းဖြစ်သည်။ တရုတ်၏ လုပ်ရပ်များသည် များစွာ ပိုမိုပြင်းထန်သော ပြင်ပစွက်ဖက်မှု ဖြစ်နေချိန်တွင် ထိုစွပ်စွဲချက်သည် မရိုးသားသည့် ရည်ရွယ်ချက်ကို ဖော်ပြသည်။
လူ့အခွင့်အရေးချိုးဖောက်မှု အများအပြားအတွက် တာဝန်ရှိသော စစ်ကောင်စီကို တက်ကြွစွာ ထောက်ခံခြင်းဖြင့် တရုတ်သည် အချုပ်အခြာအာဏာနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် ကြောင်သူတော် ကြွက်သူခိုး ရပ်တည်ချက်ကို ပြသနေသည်။
မြန်မာ၏လူမျိုးစုအုပ်စုအတွက် ထိုကိစ္စသည် နာကျင်စရာကောင်းသော သရုပ်မှန်ဖော်ပြမှု ဖြစ်သည်။ တရုတ်သည် တည်ငြိမ်ကြွယ်ဝချမ်းသာသော မြန်မာကို မလိုချင်ပေ။
ထိုအစား တရုတ်သည် အလွယ်တကူ အသုံးချနိုင်သည့်၊ သယံဇာတများကို လုယက်နိုင်သည့်၊ သေနင်္ဂဗျူကျသော တည်နေရာကို အမြတ်ထုတ်နိုင်သည့် အစိတ်စိတ်အမွှာမွှာကွဲပြီး အင်အားနည်းနေသော နိုင်ငံတော်ကို လိုလားသည်။
ထိုအစား တရုတ်သည် အလွယ်တကူ အသုံးချနိုင်သည့်၊ သယံဇာတများကို လုယက်နိုင်သည့်၊ သေနင်္ဂဗျူကျသော တည်နေရာကို အမြတ်ထုတ်နိုင်သည့် အစိတ်စိတ်အမွှာမွှာကွဲပြီး အင်အားနည်းနေသော နိုင်ငံတော်ကို လိုလားသည်။
အဆိုပြုထားသည့် ဖက်စပ်လုံခြုံရေးကုမ္ပဏီသည် နယ်မြေပိုင်နက် တိုက်ရိုက်ထိန်းချုပ်ရန် ဖုံးကွယ်ထားသည့် ယန္တရားသာဖြစ်သည်။ တော်လှန်ရေး ကြီးထွားလာပြီး နိုင်ငံတကာ စူးစမ်းလေ့လာမှု ပြင်းထန်လာသည့်တိုင် တရုတ်၏ တွက်ချက်မှုများသည် ပြိုပျက်ခြင်း မရှိသေးပေ။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ကွဲပြာစုံလင်ပြီး သမိုင်းအရ အစိတ်စိတ်အမွှာမွှာ ဖြစ်ခဲ့သော်လည်း ယခုအခါ ထိုသေရေးရှင်ရေး ခြိမ်းခြောက်မှုကို အသိအမှတ်ပြု ညီညွတ်ကြသည်။
၎င်းတို့၏ အာခံမှုများဖြစ်သည့် နယ်စပ်ဂိတ်များကို ပိတ်ပစ်ခြင်း၊ ထိုးစစ်များကို အရှိန်မြှင့်တင်ခြင်းနှင့် တရုတ်ညွှန်ကြားချက်များကို ပယ်ချခြင်းသည် သဘောစိတ်ခံအရ နယ်ချဲ့ရည်မှန်းချက်များကို ဆန့်ကျင်တော်လှန်မှုအား အခိုင်အမာ သက်သေခံခြင်းဖြစ်သည်။
မြန်မာသည် အရေးပါသော လမ်းဆုံလမ်းခွသို့ ရောက်နေသည်။ တိုက်ပွဲသည် စစ်ကောင်စီကို တိုက်ခိုက်သည့် တိုက်ပွဲသာမကတော့ဘဲ နိုင်ငံ၏ အချုပ်အခြာအာဏာ၊ သယံဇာတများနှင့် အမျိုးသားသရုပ်လက္ခဏာကိုပါ ဝါးမြိုရန် ခြိမ်းခြောက်နေသည့် ပိုမိုကျယ်ပြန့်သော စီးပွားရေး ကိုလိုနီပြုခြင်းကိုလည်း တိုက်ခိုက်သည့် တိုက်ပွဲဖြစ်လာသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Vaishali Basu Sharma ၏ China’s Calculated Brutality and Destruction of Myanmar’s Ethnic Trust ကို ဘာသာပြန်သည်။ ဗိုင်ရှလီ ဘာဆူ ရှားမားသည် လုံခြုံရေးနှင့် စီးပွားရေး သရုပ်ခွဲလေ့လာသူ ဖြစ်သည်။ သူသည် ထိပ်တန်းသတင်းဌာနများတွင် ဆောင်းပါးရှင်ဖြစ်သည်။)
You may also like these stories:
တရုတ်ဖိအားအောက် စစ်ကောင်စီ ဘယ်လို အသွင်ပြောင်းမလဲ
တရုတ်ဩဇာ မြန်မာကို လွှမ်းမိုးမှု အနောက်တိုင်းက ချိန်ခွင်လျှာညှိရန် အချိန်ကျပြီ
တရုတ်နယ်စပ် ဖြတ်လေးဖြတ်ကြောင့် ငတ်နေကြသတဲ့လား
တရုတ်က ဖိအားပေးနေချိန်မှာ တပ်လှန့်လိုက်တဲ့ NUG သမ္မတ (ရုပ်/သံ)
တရုတ်ကြေးစားတပ်တွေ မြန်မာရောက်ရင် ဘာဖြစ်မလဲ
တရုတ်ဖိအားက အလွန်ပြင်းထန်ပါတယ် (ရုပ်/သံ)














