• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

AA လက်ခုပ်ထဲက နပခ

by အောင်သူရ
19 December 2024
in ဆောင်းပါး
A A
AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်

ကျောက်တော်မြို့အတွင်းရှိ စစ်ကောင်စီ၏ တပ်မဌာနချုပ်၊ တပ်ရင်းစခန်းများအားလုံး သိမ်းပိုက်ပြီးနောက် တွေ့ရသည့် AA ရဲဘော်များ / AA Info Desk

4.4k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီတပ်အတွက် မကြာခင် သမိုင်းသစ်နောက်တခု ရေးထိုးရတော့မည့် အခြေအနေ ဖြစ်နေပါသည်။ ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) က မကြာခင် အလုံးစုံ သိမ်းပိုက်နိုင်တော့မည် ဖြစ်သည်။

စစ်ကောင်စီဘက်က စစ်ကူရောက်အောင် မပို့နိုင်လျှင် နပခ တိုင်းစစ်ဌာနချုပ်သည် ကျဆုံးတော့မည်ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက ခိုင်ခိုင်မာမာ ပြောဆိုနေကြသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
64
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
893
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
243

ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သည် လက်ရှိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးတို့ တိုင်းမှူးလုပ်ခဲ့သည့် တိုင်းစစ်ဌာနချုပ်ကြီး ဖြစ်သည်။

နပခ လက်အောက်တွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၃)၊ ခြေလျင်/ခြေမြန် တပ်ရင်းပေါင်း ၄၃ ခု၊ လက်ရုံးဝန်ထမ်းတပ် ၂၆ ခုနှင့် ရေတပ် စခန်း ၁၂ ခု ရှိသည်။ နပခ လက်အောက်တွင် စုစုပေါင်း စစ်ကောင်စီ တပ်စခန်းပေါင်း ၈၇ ခု ရှိသည့် အခိုင်အမာ စစ်တိုင်းဌာနချုပ်တခု ဖြစ်သည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် AA သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ စတင် တိုက်ခိုက်ခဲ့သည်။ နပခ တိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့တွင် နပခ ဌာနချုပ်ကို တပ်ရင်းတပ်ဖွဲ့ဌာနချုပ် ၁၂ ခုဖြင့် ဝန်းရံထားသည်။ အဆိုပါ တပ်ရင်းဌာနချုပ် ၁၂ ခုထဲတွင် စစ်တိုက်တတ်သည့် ခြေမြန်တပ်ရင်း သုံးခုဖြစ်သော ခမရ ၃၇၁၊ ခမရ ၃၇၂ နှင့် ခမရ ၃၇၃ တို့ ပါဝင်သည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက် AA သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှ စတင် တိုက်ခိုက်ခဲ့သည်။ နပခ တိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့တွင် နပခ ဌာနချုပ်ကို တပ်ရင်းတပ်ဖွဲ့ဌာနချုပ် ၁၂ ခုဖြင့် ဝန်းရံထားသည်။ အဆိုပါ တပ်ရင်းဌာနချုပ် ၁၂ ခုထဲတွင် စစ်တိုက်တတ်သည့် ခြေမြန်တပ်ရင်း သုံးခုဖြစ်သော ခမရ ၃၇၁၊ ခမရ ၃၇၂ နှင့် ခမရ ၃၇၃ တို့ ပါဝင်သည်။

အဆိုပါ တိုက်ခိုက်ရေး တပ်ရင်းဌာနချုပ် သုံးခုကို AA က ဒီဇင်ဘာလ ၆ ရက်နေ့တွင် သိမ်းပိုက်ထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ခြေမြန်တပ်ရင်း သုံးခုထဲမှ ခမရ ၃၇၂ သည် နပခ ဌာနချုပ်နှင့် အနီးဆုံးတွင်ရှိပြီး နပခ ဌာနချုပ်ကို အနီးကပ် ကာကွယ်ပေးရသည့်တပ် ဖြစ်သည်။

ထို့ပြင် ခမရ ၃၇၂ ၏ ကပ်လျက်တွင်ရှိသော အမှတ် ၉၄၆ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲနှင့် အမှတ် ၉၂၆ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲတို့ကို သိမ်းပိုက်ထားပြီ ဖြစ်သည်။

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက် ရခိုင်ပြည်နယ် အမ်းမြို့နယ်ကို ပြသည့် မြေပုံ (ဧရာဝတီ)

နပခ တိုင်းစစ်ဌာနချုပ်နှင့် အနီးဆုံးတွင်ရှိသော တပ်များထဲမှ အမြောက်တပ် အမတ ၃၇၄ နှင့် စစ်လက်နက်ပစ္စည်းတပ်ခွဲ စနခ ၃၄၅ တို့ကို နိုဝင်ဘာလကတည်းက သိမ်းပိုက်ထားပြီး ဖြစ်သည်။ ထို့ကြောင့် နမခ ဌာနချုပ်ကို ဝန်းရံထားသည့် တပ်ရင်းတပ်ဖွဲ့များ မရှိတော့ဘဲ စကစ စစ်သည်များသည် နပခ ဌာနချုပ်ထဲမှ ခုခံနေရသည်။ သူတို့အနေဖြင့် စစ်ကူလာရန် မျှော်လင့်ရင်း ဌာနချုပ်အတွင်းမှ ခုခံနေခြင်း ဖြစ်သည်။

စစ်တပ်အနေဖြင့်လည်း အမ်းဌာနချုပ် မကျရန် အသည်းအသန် ခုခံရင်း စစ်ကူပို့ရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ နပခ တိုင်းဌာနချုပ် အမ်းမြို့အား စစ်ကူပို့နိုင်သည့် လမ်းကြောင်းကြီး သုံးခုရှိသည်။

ပထမလမ်းမှာ အမ်းလေဆိပ်မှတဆင့် သယ်ယူပို့ဆောင်ရေး လေယာဉ်များဖြစ်သော Y-12 သို့မဟုတ် Y-8 များဖြင့် ပို့နိုင်သည်။ သို့သော် AA က အမ်းလေဆိပ်ကို တိုက်ခိုက်သိမ်းပိုက်ထားသည်။ ထို့ကြောင့် လေကြောင်းမှ ရိက္ခာနှင့်စစ်ကူပို့ရန်မှာ မဖြစ်နိုင်တော့ပေ။

နပခ ဌာနချုပ်အား ကျောက်ဖြူမှတဆင့် တပ်တောင်မြို့သို့ ကမ်းထိုးရေယာဉ်ဖြင့် စစ်ကူပို့ကာ တပ်တောင်မြို့မှတဆင့် အမ်ဌာနချုပ်သို့ ခြေလျင်ဖြင့် လာရောက်နိုင်သည့် လမ်းတခုရှိသည်။ သို့သော် AA က တပ်တောင်မြို့အား သိမ်းပိုက်ထားသည့်အပြင် စစ်ကောင်စီထံမှ သိမ်းပိုက်ရရှိထားသော လက်နက်ကြီးများကို ကောင်းစွာပစ်ခတ်နိုင်သည့်အတွက် ကမ်းထိုးယာဉ်ဖြင့် စစ်ကူပို့ရန် မဖြစ်နိုင်ပေ။

နပခ ဌာနချုပ်အား ကျောက်ဖြူမှတဆင့် တပ်တောင်မြို့သို့ ကမ်းထိုးရေယာဉ်ဖြင့် စစ်ကူပို့ကာ တပ်တောင်မြို့မှတဆင့် အမ်ဌာနချုပ်သို့ ခြေလျင်ဖြင့် လာရောက်နိုင်သည့် လမ်းတခုရှိသည်။ သို့သော် AA က တပ်တောင်မြို့အား သိမ်းပိုက်ထားသည့်အပြင် စစ်ကောင်စီထံမှ သိမ်းပိုက်ရရှိထားသော လက်နက်ကြီးများကို ကောင်းစွာပစ်ခတ်နိုင်သည့်အတွက် ကမ်းထိုးယာဉ်ဖြင့် စစ်ကူပို့ရန် မဖြစ်နိုင်ပေ။

ထို့ပြင် တပ်တောင်မှ အမ်းကိုသွားသည့်လမ်းကို AA က ထိန်းချုပ်ထားသည့်အတွက် တပ်တောင်မှ အမ်းသို့ စစ်ကူလာရန် ပိုမဖြစ်နိုင်တော့ပေ။

ထို့ကြောင့် စစ်ကောင်စီအနေဖြင့် အမ်းသို့ စစ်ကူပို့ရန် မကွေးတိုင်းထဲမှတဆင့် ရခိုင်ရိုးမကိုဖြတ်၍ လာရသည့် လမ်းကြောင်းကိုသာ အသုံးပြုနိုင်မည် ဖြစ်သည်။ ပဒါန်းမှ အမ်းသို့လာသည့် ကုန်းလမ်းခရီးကိုသာ အသုံးပြုနိုင်မည်ဖြစ်သည်။ တောင်ကုတ်-မအီ-အမ်း ကားလမ်းအတိုင်း စစ်ကူလာရန်မှာ မဖြစ်နိုင်တော့ပေ။ စကစ ၅ အခြေစိုက်သည့် တောင်ကုတ်မြို့ကို AA က သိမ်းပိုက်ထားပြီ ဖြစ်သည်။

အမ်းမြို့သို့ စစ်ကူလာသော တပ်ရင်း သုံးရင်းဖြင့် ဖွဲ့စည်းထားသည့် တပ်မ ၈၈ လက်အောက်ခံ တပ်ရင်းအား ရိုးမတောင်ကြော တနေရာတွင် မဟာမိတ်တပ်ပေါင်းစုက တိုက်ခိုက်သည့်အတွက် စကစ စစ်သည် ၁၀၀ ကျော် သေဆုံးပြီး တပ်ပျက်သည်အထိ ဖြစ်ခဲ့သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) / CJ

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွင် စွမ်းရည်နှင့်အင်အားမှာ သိသိသာသာ လျော့ကျသွားပြီ ဖြစ်သည်။ လျော့ကျသွားသည့်အင်အားကို စစ်မှုထမ်းဥပဒေဖြင့် အတင်းအကျပ် စစ်မှုထမ်းသစ် ခေါ်ဆောင်ဖြည့်တင်းနေသော်လည်း စွမ်းရည်ပိုင်းတွင် သိသိသာသာ ကျဆင်းနေသည့်အတွက် ရလဒ်ကောင်း မရရှိ ဖြစ်နေသည်။

ထို့ကြောင့် လက်ရှိ အခြေအနေတွင် တိုက်ပွဲဖြစ်သည်နှင့် စစ်ကောင်စီဘက်မှ လက်နက်ချသူ၊ ထွက်ပြေးသူ များနေခြင်းဖြစ်သည်။

သို့သော် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဘက်မှာမူ လက်နက်အင်အား သိသိသာသာ တိုးတက်လာပြီး တိုက်ခိုက်မှုစွမ်းရည် သိသိသာသာ တိုးလာခဲ့သည်။

အထူးသဖြင့် ရခိုင်ဒေသတွင် ရလဒ်ကောင်းများ ထွက်လာသည့်အတွက် ရခိုင်ပြည်သူလူထုက AA အပေါ် ယုံကြည်မှု ပိုတိုးလာပြီး အချို့သော ဒေသခံများသည် စစ်ကြောင်းနောက်လိုက်ကာ ထမင်းဟင်း ချက်ကြွေးသူများ ဆထက်ထမ်းပိုး တိုးလာခဲ့သည်။

အထူးသဖြင့် ရခိုင်ဒေသတွင် ရလဒ်ကောင်းများ ထွက်လာသည့်အတွက် ရခိုင်ပြည်သူလူထုက AA အပေါ် ယုံကြည်မှု ပိုတိုးလာပြီး အချို့သော ဒေသခံများသည် စစ်ကြောင်းနောက်လိုက်ကာ ထမင်းဟင်း ချက်ကြွေးသူများ ဆထက်ထမ်းပိုး တိုးလာခဲ့သည်။

လက်ရှိအချိန်တွင် နပခ တိုင်းစစ်ဌာနချုပ်အား ဝန်ရံထားသည့် တပ်အားလုံးကို AA က သိမ်းပိုက်ထားပြီး စစ်ခေါင်းဆောင်အတွက် အသက်ပေးမည့် စစ်သည်အချို့ကသာ လက်နက်မချဘဲ ခုခံနေကြသည်။

သို့သော် နောက်ထပ်စစ်ကူနှင့် ရိက္ခာခဲယမ်း မလာနိုင်တော့သည့်အတွက် သူတို့သည်လည်း ကြာရှည် တောင့်ခံနိုင်မည် မဟုတ်ပေ။ အထူးသဖြင့် စစ်ကူမရောက်လာပါက နပခ တိုင်းစစ်ဌာနချုပ်ကြီးမှာ မကြာခင် AA လက်တွင်သို့ ကျရောက်တော့မည် ဖြစ်ပေသည်။

You may also like these stories:

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို စစ်ကောင်စီ လက်လွှတ်ရတော့မလား (ရုပ်/သံ)

အမ်းတွင် ရဟတ်ယာဉ် ၁ စီး AA ပစ်ချ

စစ်ကောင်စီ ဒုတိယမြောက် လက်လွှတ်ရမည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်

အမ်း နပခတိုက်ပွဲတွင်း ဆေးတပ်ဖွဲ့မှူး ဗိုလ်မှူးကြီးသေဆုံး

နခခ ၅ ကို သိမ်းပြီး နပခ ကိုထပ်သိမ်းဖို့ AA စစ်ရှိန်မြင့် (ရုပ်/သံ)

Your Thoughts …
Tags: AAစစ်ကောင်စီစစ်မှုထမ်းဥပဒေစစ်အာဏာသိမ်းမှုနပခရခိုင်ပြည်နယ်အတင်းအကျပ် စစ်သားစုဆောင်းမှုအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အာရက္ခတပ်တော်
အောင်သူရ

အောင်သူရ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
လူပြန်ပေးဖြစ်လာသည့် စစ်မှုထမ်းဥပဒေ

လူပြန်ပေးဖြစ်လာသည့် စစ်မှုထမ်းဥပဒေ

နိုင်ငံရေးပါတီအားလုံး စစ်တပ်ကိုထောက်ခံရမည်ဟု ဘူးလက် ပြော

နိုင်ငံရေးပါတီအားလုံး စစ်တပ်ကိုထောက်ခံရမည်ဟု ဘူးလက် ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved