• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကိုင်းတိုင်းကို စစ်ကောင်စီ တကယ်ထိန်းချုပ်နိုင်ပြီလား

by ဧရာဝတီ
12 January 2022
in ဆောင်းပါး
A A
စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ရေး လှုပ်ရှားမှု လုပ်ဆောင်နေစဉ်

စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ရေး လှုပ်ရှားမှု လုပ်ဆောင်နေစဉ်

34.4k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာသိမ်းမှုကြောင့် ပေါ်လာသည့် နွေဦးတော်လှန်ရေး ဆန္ဒပြမှုများမှသည် နိုင်ငံ့ဝန်ထမ်းများ၏ အကြမ်းမဖက် အာဏာ ဖီဆန်ရေးလှုပ်ရှားမှုများ၊ ရပ်ကွက်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ နုတ်ထွက်ခြင်း၊ တပ်မတော်နှင့် သက်ဆိုင်သည့် လုပ်ငန်းများ၊ ထုတ်ကုန်များကို မသုံးစွဲခြင်း စသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများမှာ ထင်မှတ်မထားလောက်အောင် အားကောင်းလာခဲ့သည်။

ထိုသို့ အားကောင်းလာမှုကြောင့် စစ်ကောင်စီသည် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်းမှ စတင်ကာ ဆန္ဒပြသပိတ်စစ်ကြောင်း များကို အင်အားသုံး အကြမ်းဖက်ဖြိုခွင်းခြင်းများ လုပ်ဆောင်ခဲ့သဖြင့် လူငယ်အများစုသည် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ခဲ့ကြပြီး ရရာလက်နက်များဖြင့် ခုခံတန်ပြန်တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြသည်။

နွေဦးတော်လှန်ရေး ဆန္ဒပြမှုများတွင်လည်း GZ ဟု ခေါ်သည့် မျိုးဆက်သစ်လူငယ်များ အင်အားကောင်းကောင်းဖြင့် ပါဝင်ခဲ့ကြသလို လက်နက်ကိုင် တော်လှန်ရေးအထိ မြင့်တက်လာရာတွင်လည်း မျိုးဆက်သစ်လူငယ်များပါဝင်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များမှာ မြို့နယ်တိုင်းတွင် ပေါ်ထွက်လာသည်။

ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ အားကောင်းလာမှုကြောင့် စစ်ကောင်စီအနေဖြင့် အပြင်းအထန် ခုခံ ကာကွယ်နေရသော်လည်း ဒီဇင်ဘာလအတွင်းက စစ်ကောင်စီပြန်ကြားရေတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကိုင်း တိုင်းနှင့် ကယားပြည်နယ်ကို စစ်ရေးအရ ထိန်းချုပ်နိုင်ပြီးဟု ထုတ်ဖော်ပြောကြားခဲ့သည်။

ထိုပြောကြားမှုအပေါ် စစ်ကိုင်းတိုင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်များ အဖွဲ့အစည်းများက မဟုတ်မှန်ကြောင်း ငြင်းဆိုကြသည်။

မုံရွာခရိုင် အခြေစိုက် Knights of The Red Land အဖွဲ့က “စစ်ကောင်စီက ကယားနဲ့စစ်ကိုင်းကို ထိန်းချုပ်နိုင်ပြီလို့ သတင်းထုတ်တာက သူတို့ကိုယ်သူတို့ ပြန်ကာတဲ့ သဘောပါပဲ၊ ကျနော်တို့ စစ်ကိုင်းတိုင်းကို အခြေခံပြီး ပြောရမယ်ဆိုရင် သူတို့ ဘာကိုမှ ထိန်းချုပ်ထားနိုင်ခြင်း မရှိသေးပါဘူး၊ မြို့ပြအချို့ကလွဲရင် ဆေးရုံ၊ စာသင်ကျောင်း၊ တက္ကသိုလ်တွေ ပိတ် ထားရတယ်၊ စစ်ကောင်စီတပ်သားတွေ လူမြင်ကွင်း တွေမှာ ပေါ်ပေါ်ထင်ထင်သွားလာလှုပ်ရှားတာမျိုး မလုပ်ရဲ တာ ကြည့်ရင် သူတို့ ထိန်းချုပ်နိုင်ပြီဆိုတာ အဓိပ္ပာယ်မရှိမှန်း သိသာစေတဲ့အချက်ပါပဲ၊ ဒါတွေကို ကြည့်ရင် သိနိုင်ပါတယ်” ဟု ပြောသည်။

အလားတူ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က “စစ်ကိုင်းတိုင်းထဲက စကစတွေ နဲ့ PDF တပ်ဖွဲ့ဝင်တွေ ထိတွေမှုကတော့ နေ့တိုင်းနီးပါးရှိနေတယ်။ ပုလဲ၊ ဒီပဲယင်း၊ တန့်ဆည်၊ ရေဦး၊ ကနီနဲ့ မင်းကင်းတို့ဘက်ကို စကစတွေ စစ် ကြောင်းထိုး တိုက်ခိုက်နေတာ လအတော်ကြာခဲ့ပြီးပေါ့၊ နှစ်ဘက်ထိတွေ့မှုတွေမှာ Local PDF တွေ အပါအဝင် မဟာမိတ် တပ်တွေမှာလည်း အထိအခိုက် အကျအဆုံးရှိကြသလို၊ စကစတွေဘက်ကတော့ ရာဂဏန်းထိ ရှိပါတယ်။ မူးမြစ်ရိုး တလျှောက် တိုက်ပွဲတွေ အပါအဝင်ပေါ့” ဟုဆိုသည်။

လက်ရှိ စစ်ကိုင်းတိုင်း မြေပြင်အနေအထားတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ၏ ခုခံစစ်နှင့် တန်ပြန်တိုက်ခိုက်မှု များကို စစ်ကောင်စီတပ်များအနေဖြင့် အပြင်းအထန် ကာကွယ်နေရဆဲဖြစ်သလို၊ ခုခံစစ်နှင့် တန်ပြန်တိုက်ခိုက်မှုများ ကြောင့် အုပ်ချုပ်ရေးကဏ္ဍတွင် ၇၀ ရာခိုင်နှုန်းခန့်အထိ ပြိုလဲနေရာ အတိုင်းအတာတခု အောင်မြင်နေလျှက် ရှိကြောင်း ဒေသခံ PDF အဖွဲ့များထံက သိရသည်။

“စကစက ကယားနဲ့ စစ်ကိုင်းတိုင်းကို ထိန်းချုပ်နိုင်ပြီလို့ ပြောတာကတော့ ရယ်စရာဖြစ်နေတယ်ဗျ။ မြေပြင်အခြေအနေက စကစပြောတာနဲ့ တခြားစီပါပဲ။ ကျနော်တို့ ကောလင်းပတ်ဝန်းကျင်နဲ့ ထိစပ်ရာ ခရိုင်တွေမှာတောင် စကစ တပ်တွေ အထိ နာလို့ လေကြောင်းပစ်နဲ့ ကယ်ထုတ်နေရတာကိုပဲ ကြည့်ရင် သိနိုင်ပါတယ်” ဟု ကောလင်းအခြေစိုက် Kawlin Revolution -KR အဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ရေး လှုပ်ရှားမှု လုပ်ဆောင်နေစဉ်

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်များတွင် တူမီးလက်လုပ်သေနတ်များ၊ လက် လုပ်မိုင်းများ သုံးပြီး ခုခံတိုက်ခိုက်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ အားကောင်းလာနေရာ အာဏာသိမ်း စစ်တပ်အနေဖြင့် စစ်ဆင်ရေးများ ပြုလုပ်ကာ လေတပ်မှပင် ပစ်ကူပေးပြီး တိုက်ခိုက်နေရသလို၊ စစ်ကိုင်းတိုင်းသည် စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် အားအကောင်းဆုံး ဖြစ်နေသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
106
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
388
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606

“သူတို့ဘက်က နယ်မြေစိုးမိုးမှု ရရှိအောင် အတင်းဖိအားပေး ထိုးစစ်ဆင်နေပေမယ့် PDF အားကောင်းတဲ့ စစ်ကိုင်းတိုင်းက နယ်မြေစိုးမိုးမှု အားကောင်းတော့ ထိန်းချုပ်မရဖြစ်နေကြတာပေါ့။ သူတို့ဘက်ကတော့ အမျိုးမျိုး ပြင်ဆင်နေတာတွေ လုပ်ပြီး ဆက်လက်ထိုးစစ်ဆင်ဖို့ ပြင်နေကြအုံးမှာပါ။ အဲဒီအတွက်တော့ ကျနော်တို့ အကောင်းဆုံးနဲ့ အတတ်နိုင်ဆုံး ပြင်ဆင်နေကြပါတယ်” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ကလည်း ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ၏ မိုင်းထောင်၊ မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် အထိနာသော စစ်ကောင်စီ တပ် များသည် မြေပြင်တွင် ဒေသခံများအား ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် အသုံးချခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးရွာများ အတွင်း တပ်စွဲ၍ လုယက်ခြင်း၊ နေအိမ်များအား မီးရှို့ခြင်း၊ ကျေးရွာများအတွင်း လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများကို ပြုလုပ်လျှက်ရှိသည်။

“လက်ရှိ မြေပြင်တိုက်ပွဲတွေကတော့ တော်လှန်ရေးအင်အားစုတွေ အသာစီးရတယ်ဆိုတာက သတင်းစီးဆင်းမှုက အဓိက ကျပါတယ်။ လက်နက်ပိုင်းမှာ သူတို့ သာပေမယ့် စိတ်ဓာတ်နဲ့ သတင်းရရှိမှု၊ ပြည်သူပါဝင်မှုက ကျနော်တို့ အသာစီးရစေတဲ့ အကြောင်းရင်းတွေပါပဲ။ ဒါကြောင့်လည်း တိုက်ပွဲအနီးက ကျေးရွာတွေကို ဓားစာခံလုပ်၊ ပစ်မှတ်ထား တိုက်ခိုက်တာလို့ပဲ မြင်တယ်” ဟု Kawlin Revolution -KR အဖွဲ့က ပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ စစ်ရေး လှုပ်ရှားမှု လုပ်ဆောင်နေစဉ်

ယခုအခါ စစ်ကိုင်းတိုင်းအတွင်း၌ စစ်ရေးအခြေအနေ တင်းမာနေဆဲ ဒေသများရှိသလို၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ ပိုမိုအားကောင်း စုစည်းမှုများ ရှိလာကာ စစ်ရေးအတွေ့အကြုံများလည်း ရင့်ကျက်လာကြသည်ဟု ဆိုသည်။

“လက်ရှိ စစ်ကိုင်းတိုင်းမှာက လမ်းရှိရင် မိုင်းရှိတယ်၊ PDF ရှိတယ်လို့တောင် ပြောလို့ရတဲ့ အနေအထားပါ။ ဆိုတော့ စစ်ကောင်စီဘက်ကလည်း အရင်လို ရဲရဲတင်းတင်း ရမ်းဝင်လာရဲတဲ့ အနေအထားမဟုတ်တော့ဘဲ၊ သူတို့ အသာစီးရနိုင်တဲ့ ဒေသတွေကို အလစ်အငိုက်ဖမ်းပြီး ဝင်စီးတာမျိုးတွေ လုပ်တယ်။ ဒေသခံတွေထဲက သူတို့လူလို့ ပြောရမယ့် ပျူစောထီး တွေ အားကောင်းတဲ့ ဒေသမျိုးဆိုရင် ရဲရဲတင်းတင်း ဝင်စီးတာမျိုးတွေ လုပ်တယ်” ဟု Knights of The Red Land အဖွဲ့က ဆက်လက်ပြောသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့များက ပြောက်ကျားစနစ်ကြောင့် အထိနာနေသော စစ်ကောင်စီတပ်များ၏ ရမ်းကားမှု ကြောင့် စစ်ကိုင်းတိုင်းတွင် ဒေသခံပြည်သူ ၆၀၀၀၀ ခန့်အထိ တိုက်ပွဲရှောင်နေရကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA- Myanmar) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

“စစ်ဘေးရှောင်ရတဲ့ အနေအထားကတော့ ကျေးလက်ဒေသခံအများစုဟာ နေရပ်နဲ့ ခွာလိုက် ကပ်လိုက်ပါပဲ။ စစ်ကောင်စီ တပ်လာရင် ပြေးရတယ်၊ အခြေအနေအတန်အသင့် တည်ငြိမ်ရင် ရပ်ရွာ‌နေအိမ်ပြန်တယ်။ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး သွားတာမျိုး ကြုံရတဲ့အခါလည်း ပြည်သူအချင်းချင်း အပြန်အလှန်ကူညီပြီး ရပ်တည်ကြတယ်” ဟု ရေဦးမြို့နယ်မှ စစ်ဘေး ရှောင်တဦးက ပြောသည်။

ဒေသခံပြည်သူများ စစ်ဘေးရှောင်နေရမှုကြောင့် တောင်သူလယ်ယာလုပ်ငန်းများ ပုံမှန်လုပ်ကိုင်နိုင်ခြင်းမရှိကြဘဲ၊ အခြေခံ လက်လုပ်လက်စား ပြည်သူများမှာ စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရပ်တည်နေကြရသည်ဟု ဒေသခံများထံက သိရသည်။

ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအား အပြင်းအထန် ခုခံကာကွယ်နေရသော စစ်ကိုင်းတိုင်း မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူးနေရာအား နေပြည်တော်စစ်ရုံးချုပ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးဌာနတွင် စစ်ဦးစီးပထမတန်း (G1) တာဝန်ထမ်းဆောင်ဖူးသူ ဗိုလ်ချုပ်သန်းထိုက်အား အနောက် မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် ဇန်နဝါရီလ ၆ ရက်နေ့က ခန့်အပ်ခဲ့သည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ အဓိကတာဝန်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးမြောက်ပိုင်း၊ ချင်း ပြည်နယ်ရှိ ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ် များအား တာဝန်ယူ ဆောင်ရွက်ရပြီး နမခ တိုင်းမှူး တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ဖြိုးသန့်အား စွမ်းဆောင်ရည် ညံ့ဖျင်းသည်ဟု ဆိုကာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးလိုက်ပြီး တိုင်းမှူးအသစ် ခန့်လိုက်ခြင်း ဖြစ်ကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ဆိုသည်။

အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်လာသူ ဗိုလ်ချုပ်သန်းထိုက်သည် စစ်တက္ကသိုလ်အပတ်စဉ် ၃၈ (DSA -38) သင်တန်းဆင်းဖြစ်ပြီး ကချင်ပြည်နယ်တွင် စစ်ဆင်ရေးဝင်ဖူးသလို၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တွင် တပ်မမှူး တာဝန်ထမ်းဆောင်ခဲ့ဖူးသဖြင့် လက်နက်ကိုင်ပုန်ကန်မှု ရှေ့တန်း အရောက် ဆုံး စစ်ကိုင်းတိုင်းကို အာရုံစိုက်ပြီး မိုးမကျမီ မေလအထိ ပွင့်လင်းရာသီအတွင်း PDF တပ်များအား အင်အားအပြည့် အဝ ဖြင့် ဖိတိုက်ရန် ဆန္ဒရှိနေပုံရသည်ဟု စစ်ရေးသုံးသပ်သူများက ဆိုသည်။

“လက်ရှိမှာက ပြည်သူဟာ ခုခံစစ်ကို ဆင်နွှဲနေတာ။ ဒါကြောင့် အုပ်စိုးသူ၊ နှိမ်နင်းသူကနေ ဘယ်အချိန်နိုင်မယ်ဆိုပြီး ဆုံးဖြတ်ခွင့်မရှိဘူး။ ခုခံသူက ခုခံနေသရွေ့ စစ်ဟာ ရှိနေမှာပဲ။ စစ်ပွဲဟာ ကြာနိုင်တဲ့ အချက် နှစ်ချက်ပဲရှိတယ်။ ပြည်သူတွေ ဘက်က Leadership Role ညံ့နေပြီး Strategically ဗျူဟာ မချနိုင်တာ၊ စကစဘက်က ထောက်တိုင်တွေ ခိုင်မာနေတာ၊ စစ်ပွဲကြာရင် ဖြစ်ကို ဖြစ်လာမယ့်အရာတွေကတော့ အများကြီးပေါ့။ အရာရာကို ကြိုတင်တွက်ဆပြီး ချိန်ဆနိုင်ဖို့က အရေးကြီးတယ်” ဟု မန္တလေးမြို့ခံ ဗိုလ်မှူးအငြိမ်းစား တဦးက ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ စစ်ကိုင်းတိုင်းအတွင်း၌ မိုင်းထောင် မိုင်းဆွဲ တိုက်ခိုက်မှုများ အပါအဝင် တိုက်ပွဲ ၃၀၀ ကျော်ခန့် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၇၀၀ ခန့် သေဆုံးခဲ့ကြောင်း၊ အရပ်သား ပြည်သူများ၏ နေအိမ် ၅၀၀၀ ခန့်အထိ ပျက်ဆီးခဲ့သလို၊ သီးနှံစိုက်ခင်းများလည်း ပျက်စီးဆုံးရှုံးမှု ရှိခဲ့သည်ဟု စစ်ကိုင်းတိုင်း PDF အဖွဲ့များ၏ တိုက်ပွဲသတင်း ထုတ်ပြန်ချက်များအရ သိရသည်။

ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းပြု သတင်းထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်းတွင် အာဏာစသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့အထိ အရပ်သား သေဆုံးသူ ၄၀၃ ဦး၊ အဖမ်းဆီးခံရသူ ၁၂၂၄ ဦးအထိ ရှိကြောင်း ဖော်ပြထားသည်။

You may also like these stories:

စစ်ကိုင်း PDF တွေကို တိုက်ဖို့ နမခတိုင်းမှူးသစ် ခန့်

Your Thoughts …
Tags: စစ်ကိုင်းတိုင်းစစ်ကောင်စီစစ်အာဏာသိမ်းပြည်သူ့ကာကွယ်ရေးတပ်လက်နက်ကိုင်တော်လှန်ရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရိုဟင်ဂျာ အသုံးအနှုန်းအပေါ် ရက္ခိုင့်အမျိုးသား အဖွဲ့ချုပ်က “ရခိုင်ပြည်နယ်တွင် နေထိုင်ကြတဲ့ မွတ်ဆလင်တွေ” ဟု သုံးနှုန်းကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည် / ဧရာဝတီ 

ရခိုင်-မွတ်ဆလင်အရေး AA ကိုင်တွယ်နိုင်မလား

ကယားပြည်နယ် ဒီမောဆိုမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်များ(DMO PDF Facebook)

လူမျိုးကို အခြေခံတဲ့ တော်လှန်ရေး မဟုတ်တော့ဘူး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved