• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကိုင်း PDF တွေကို တိုက်ဖို့ နမခတိုင်းမှူးသစ် ခန့်

by ဧရာဝတီ
8 January 2022
in သတင်း
A A
၂၀၁၉ ခုနှစ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ၂၉ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား

၂၀၁၉ ခုနှစ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ၂၉ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား

29.4k
VIEWS
Share on FacebookShare on Twitter

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များအား အပြင်းအထန် ခုခံကာကွယ်နေရသော စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) တိုင်းမှူး နေရာအား နေပြည်တော်စစ်ရုံးချုပ်တွင် တာဝန်ထမ်းဆောင်ဖူးသူ တဦးအား မကြာသေးခင်ရက်ပိုင်းက ခန့်အပ်လိုက်သည်။

နေပြည်တော်စစ်ရုံးချုပ်ရှိ ဧရာဝတီ သတင်းရင်းမြစ်များအဆို နေပြည်တော်စစ်ရုံးချုပ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေးဌာနတွင် စစ်ဦးစီးပထမတန်း (G1) တာဝန်ထမ်းဆောင်ဖူးသူ ဗိုလ်ချုပ်သန်းထိုက်အား အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ဇန်နဝါရီလ ၆ ရက်နေ့က ခန့်အပ်လိုက်ကြောင်း သိရသည်။

နမခ စစ်ဌာနချုပ်သည် မုံရွာမြို့အခြေစိုက် တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်သည်။ အဓိက တာဝန်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးမြောက်ပိုင်း၊ ချင်းပြည်နယ်ရှိ ဒေသများနှင့် ၎င်းနှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိက တာဝန်ယူဆောင်ရွက်ရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ အားကောင်းလာနေရာ အာဏာသိမ်းစစ်တပ်အနေဖြင့် စစ်ဆင်ရေးများ ပြုလုပ်ကာ လေတပ်မှပင် ပစ်ကူပေးပြီး တိုက်ခိုက်နေရသည်။ သို့သော် တူမီးလက်လုပ်သေနတ်များ၊ လက်လုပ်မိုင်းများ သုံးပြီး ခုခံတိုက်ခိုက်နေသော PDF များကို နှိမ်နင်းနိုင်စွမ်း မရှိပေ။

ထို့ကြောင့် နမခ တိုင်းမှူး တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ဖြိုးသန့်အား စွမ်းဆောင်ရည် ညံဖျင်းသည်ဟုဆိုကာ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်ပြီး တိုင်းမှူးသစ်ခန့်လိုက်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

ယခု နမခ တိုင်းမှူးဖြစ်လာသူ ဗိုလ်ချုပ်သန်းထိုက်သည် စစ်တက္ကသိုလ်အပတ်စဉ် ၃၈ ( DSA -38 ) သင်တန်းဆင်းဖြစ်ပြီး ကချင်ပြည်နယ်တွင် စစ်ဆင်ရေးဝင်ဖူးသလို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အခြေစိုက် အမှတ် ၁၀ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်တွင် တပ်မမှူး တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဆိုသည်မှာ ‘ခြေမြန်တပ်မဌာနချုပ်’ အသွင်ယူထားသော တိုက်ခိုက်ရေးတပ်ဖွဲ့ ဖြစ်သည်။

“စစ်ရုံးချုပ်မှာ G1 တာဝန်ပေးတယ်ဆိုတာ အဘတွေက ယုံကြည်ရတဲ့သူတွေကိုပဲ အဲဒီရာထူးတွေပေးတာ၊ အဲဒီလိုလူမျိုးကို နမခ တိုင်းမှူးခန့်တယ်ဆိုတာက ခိုင်းတဲ့အတိုင်း ပြတ်ပြတ်သားသားလုပ်မယ့်သူကို တိုင်းမှူးပေးလိုက်တဲ့သဘောပေါ့” ဟု တပ်မတော်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း CDM ပြုလုပ်လာသော တပ်မတော်အရာရှိဟောင်းတဦးက ပြောသည်။

“လက်ရှိစစ်ခေါင်းဆောင်တွေဖက်က ကြည့်ရင်တော့ အတော်ဆုံးလူလို့ ပြောလို့ရတဲ့သူပေါ့။ စစ်ဆင်ရေး အတွေ့အကြုံလည်း ရှိတယ်။ နယ်မြေလည်း ကျွမ်းကျင်တယ်ဆိုတဲ့သူကို တိုင်းမှူးတာဝန်ပေးလိုက်တာ” ဟုလည်း ၎င်းက ဆိုသည်။

နမခသည် အာဏာသိမ်းစစ်တပ်၏ အာရုံစိုက် တိုက်ခိုက်ရာ ဗဟိုချက် ဖြစ်လာသည်။

နိုဝင်ဘာလ အစောပိုင်းမှစတင်ပြီး “အလောင်းမင်းတရား” ဟု ခေါ်သည့် စစ်ဆင်ရေးတွင် လေကြောင်း အကူအညီသုံးပြီး စီးနင်းတိုက်ခိုက်မှုများ၊ နယ်မြေရှင်းလင်းမှုများနှင့် ရဟတ်ယာဉ်ဖြင့် သယ်ပို့ တိုက်ခိုက်မှုများ ပါဝင်သော်လည်း ခုခံမှုများကို ငြိမ်သက်သွားအောင် လုပ်ဆောင်နိုင်ခြင်း မရှိပေ။

စစ်ရေးသုံးသပ်သူများ၏အဆို အာဏာသိမ်းစစ်ကောင်စီသည်ယခုနှစ် မိုးမဝင်မီ မေလအထိ ပွင့်လင်းရာသီအတွင်း လက်နက်ကိုင်ပုန်ကန်မှု ရှေ့တန်းအရောက်ဆုံးတခုဖြစ်သော စစ်ကိုင်းတိုင်းကို အာရုံစိုက်ပြီး PDF တပ်များအား အင်အားအပြည့်အဝဖြင့် ဖိတိုက်ရန် ဆန္ဒရှိနေပုံရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.9k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

You may also like these stories:

မြန်မာ့ပြည်တွင်းစစ်တွင် မည်သူနိုင်ခြေများသနည်း

စစ်တပ်က ရခိုင်နဲ့ ဗမာကို ရန်တိုက်ပေးသလား

ဆန္ဒပြပွဲနှင့် PDF အား ဖြိုခွင်းတိုက်ခိုက်သူများကို စစ်ကောင်စီ ဂုဏ်ပြုဆုပေး

တပ်မ၇၇ ဦးဆောင်ဖွဲ့စည်းသူ ဗိုလ်မှူးချုပ် တင့်ဆွေ ကွယ်လွန်

Your Thoughts …
Tags: G1စစ်ကိုင်း PDFနမခတိုင်းမှူးသစ်ဗိုလ်ချုပ်သန်းထိုက်အနောက်မြောက်တိုင်းစစ်ဌာနချုပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်တို့ ၂၀၂၂ ဖေဖော်ဝါရီလအတွင်း ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနှင့် အင်မထီး ကျေးရွာ များမှ ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်စဉ်/ www.sagaingregion.gov.mm

တာတိုင်ရွာက လူသတ်မုဒိမ်းမှု ဘယ်သူ့မှာ တာဝန်ရှိသလဲ

by ဧရာဝတီ
13 March 2023
6.6k

စစ်ကိုင်းတိုင်းကို အဓိက တာဝန်ယူကိုင်တွယ်နေသည့် နမခ တိုင်းမှူးသည် အကြမ်းဖက် လုပ်ရပ်များအတွက် တာဝန်အရှိဆုံးဟု ပြောနိုင်သည်။

အာဏာသိမ်း စစ်တပ်နှင့် ပျူစောထီးများ မီးရှို့သွားသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က ကျေးရွာများ  / CJ

စစ်ကိုင်းတိုင်းအတွင်းက ကျေးရွာတွေကို စစ်ကောင်စီ မီးတိုက်ရှို့

by ဧရာဝတီ
21 May 2022
3.4k

PDF တွေကို နိုင်အောင် မတိုက်နိုင်တဲ့ အခါကျတော့ ပြည်သူတွေကို ရက်စက်ပြတာပဲ။ ဒါက သူတို့ ထွက်ပေါက်တခုပဲ

Next Post
ဆေးဖြူထုံးသုတ် ဖျောက်ဖျက်ဖုံးလည်း

ဆေးဖြူထုံးသုတ် ဖျောက်ဖျက်ဖုံးလည်း

ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တခုတွင် ဧည့်စာရင်းတိုင်းနေသူတချို့

ငွေရပေါက်ဖြစ်နေသည့် ဧည့်စာရင်း

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved