• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တပ်မ၇၇ ဦးဆောင်ဖွဲ့စည်းသူ ဗိုလ်မှူးချုပ် တင့်ဆွေ ကွယ်လွန်

by ဧရာဝတီ
5 January 2022
in သတင်း
A A
ဗိုလ်မှူးချုပ် တင့်ဆွေ

ဗိုလ်မှူးချုပ် တင့်ဆွေ

12.7k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် အစိုးရလက်ထက် ဒု ကာကွယ်ရေး ဝန်ကြီးနှင့် အမှတ် ၁ စက်မှုဝန်ကြီး တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ် တင့်ဆွေ (၉၇နှစ်)သည် ယနေ့နံနက် ၂ နာရီ မိနစ် ၃၀ က ရန်ကုန်မြို့ အမှတ် ၂ တပ်မတော် ဆေးရုံတွင် ကွယ်လွန် သွားသည်။

တင့်ဆွေ(ဖျာပုံ)အမည်ဖြင့် ကျောပိုးအိတ်လေး ချီကာလွယ်၊ မထိကန်သာ ရေကြည်ရှာ၊ ပြည်တွင်းသောင်းကျန်းမှုနှင့် ရုန်းကန်လာသည့် လွတ်လပ်ရေး၊ ခေတ်အဆက်ဆက် တိုးတက်ကြံဆ စက်မှုကဏ္ဍ၊ မှော်ဝန်းသား ဗိုလ်ခင်ညွန့် သို့မဟုတ် အဖေ့သား စသည့် စာအုပ်များရေးသား ခဲ့သူဖြစ် သည်။

ဖျာပုံဇာတိ ဗိုလ်မှူးချုပ်တင့်ဆွေသည် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ၊ ကျောင်းသားခေါင်းဆောင် အာဏာရှင် ကိုလှရွှေ၊ ကဗျာစာဆို ဆရာဇော်ဂျီ၊ လေထီးဦးအုန်းမောင်တို့နှင့် တမြို့ထဲဖြစ်ပြီး၊ ၁၉၄၃ ခုနှစ် မတ်လတွင် ပျဉ်းမနားမြို့ရှိ ဗမာ့ကာကွယ်ရေးတပ်မတော် (Burma Defence Army) ဝင်ခဲ့သည်။

ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ် ဒုတိယပတ် ဗိုလ်သင်တန်း ကျောင်းဆင်းတဦးဖြစ်ပြီး၊ ဂျပန်နိုင်ငံ ဘုရင့်စစ်တက္ကသိုလ် သို့ ဗိုလ်မှူးချုပ်သောင်းဒန်(ကာကွယ်ရေး ဦးစီးချုပ် လေ)၊ အငြိမ်းစား ထောက်လှမ်းရေး ညွန်ကြားရေးမှူး ဗိုလ်မှူးကြီး ချစ်ခင်၊ ဗိုလ်မှူးကြီးတင်ဦး၊ ဒု ဗိုလ်မှူးကြီးကျော်ဇော( ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ အကို)တို့နှင့်အတူ တက်ရောက်ခဲ့သည်။

စစ်အပြီး မြန်မာနိုင်ငံသို့ ပြန်လာရာ ၁၉၄၆ ခုနှစ်တွင် ပြည်မြို့ အခြေစိုက် ဒုဗိုလ်မှူးကြီး နေဝင်း( နောင် ဗိုလ်ချုပ်ကြီးနေဝင်း) ၏ တပ်ရင်း ၄ ၌တပ်သားအဖြစ် ပြန်လည်ဝင်ရောက်ခဲ့ပြီး စာရင်းအင်းပညာကို ဗိုလ်ချုပ်နေဝင်းက သင်ကြားပေးသည်ဟု သူရေးသားသည့် ကျောပိုးအိတ်လေး ချီကာလွယ်တွင် ဖော်ပြထားသည်။

ပြည်တွင်းစစ်အစ စစ်ဝန်ထမ်းတပ်ကို ဦးစီးကာ မိထ္တီလာ စစ်မျက်နှာတွင် တာဝန်ယူခဲ့သလို တရုတ်ဖြူ ကျူးကျော်မှုကို တိုက်ခိုက်သည့် နဂါးနိုင်စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
6
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
51
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
18

၁၉၆၆ ခုနှစ် ပဲခူးရိုးမရှိ ကွန်မြူနစ်များကို ချေမှုန်းရန် ခြေမြန်တပ်မများ ဖွဲ့စည်းရာ၌ ပထမဆုံးသော အမှတ် ၇၇ ခြေမြန် တပ်မကို ဦးဆောင်ဖွဲ့စည်းခဲ့ပြီး၊ ဒု ဗိုလ်မှူးကြီး သူရကျော်ထင်(နောင် ကာကွယ်ရေးဦးစီးချုပ်)၊ ဒုဗိုလ်မှူး ပေါလ်ထွန်းရှိန် တို့နှင့် စစ်ဆင်ရေးများစတင်ခဲ့သည်။

ဗိုလ်မှူးချုပ်တင့်ဆွေနှင့် စစ်ဘက်အရာရှိကြီးများ

၁၉၆၈ ခုနှစ် ပြည်သာယာစစ်ဆင်ရေးဖြင့် ပဲခူးရိုးမရှိ သခင်သန်းထွန်း၏ ဗဟိုဌာနချုပ် စခန်းကို ဝင်ရောက်စီးနင်းခဲ့ရာ ကွန်မြူနစ် ဗဟိုကော်မတီဝင်၊ ဗဟိုစစ်ဦးစီးချုပ် ဗိုလ်ဇေယျ( ရဲဘော်သုံးကျိပ်ဝင်) ကျဆုံးခဲ့သည်။ အလားတူ ပဲခူးရိုးမရှိ ကွန်မြူနစ် ပါတီ(ဗမာပြည်)၏ ဌာနချုပ်စခန်းကို အပြီးတိုင် ရှင်းလင်းသည့် တေဇစစ်ဆင်ရေးတွင်လည်း တပ်မ၇၇နှင့်အတူ ပါဝင်ခဲ့ရာ ငါးပြေမစားကျက်တိုက်ပွဲတွင် ရဟတ်ယာဉ်ပေါ်မှ တိုက်ပွဲကို ကြီးကြပ်ခဲ့သည်။

၁၉၆၉ ခုနှစ်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် ပြောင်းလဲတာဝန်ယူခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် ဒေသတွင်း တိုင်းရင်သားလက်နက်ကိုင်များကို ဆက်လက် စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲသည့်အခါ ဒုတိယ ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့သည်။

သို့သော် ဇနီးဖြစ်သူ ဒေါ်ခင်စန်းသည် ကွန်မြူနစ် ဗိုလ်ရဲထွဋ်၏ ဇနီး ဒေါ်ခင်ကြည်နှင့်ဆွေမျိုးနီးစပ်တော်သည်ဆိုသော ထောက်လှမ်းရေးအစီရင်ခံစာများကြောင့် ကာကွယ်ရေးဝန်ကြီး ရာထူး မရရှိခဲ့တော့ဘဲ၊ အမှတ် ၁ စက်မှုဝန်ကြီးအဖြစ်သာ မြန်မာဆိုရှယ်လစ် လမ်းစဉ်အစိုးရ၏ နောက်ဆုံးအချိန် အထိ တာဝန်ယူခဲ့ရသည်။

ဗိုလ်ချုပ်ကြီးခင်ညွန့် မှာ သူ၏ ထောက်ခံမှုဖြင့် ထောက်လှမ်းရေး အဖွဲ့အကြီးအကဲအဖြစ် ဦးနေဝင်းက တာဝန်ပေးခဲ့ခြင်းဖြစ်ရာ ထို့အတွက် ဗိုလ်ချုပ်ကြီးခင်ညွန့် မှ ဦးတင့်ဆွေအား အဖေအဖြစ်သတ်မှတ်ကာ ပြောဆိုလေ့ရှိသည်။

ဦးတင့်ဆွေက သူ၏ ဘဝအတွေ့အကြုံနှင့် ပတ်သက်ပြီး “ကျောပိုးအိတ်လေးကို ချီကာလွယ်” စာအုပ်ကို ရေးသားခဲ့ရာ ထိုစာအုပ်တွင် ဂျပန်ပြန် ဗိုလ်မှူးကြီးစိန်မြနှင့် ပတ်သက်၍ ဖော်ပြချက်များမှာ မှားယွင်းသဖြင့် စာဖတ်သူအများအပြားက ဝေဖန်ကြသည်။

You may also like these stories:

တနိုင်ငံလုံးက မြန်မာစစ်တပ်ကို မုန်းနေကြတာ

မြန်မာ့ပြည်တွင်းစစ်တွင် မည်သူနိုင်ခြေများသနည်း

အထိနာလာသော စစ်ကောင်စီ လေကြောင်းစစ်ကူဖြင့် ရမ်းကားနေ

တရုတ်နိုင်ငံက မြန်မာစစ်ကောင်စီကို ရေငုပ်သင်္ဘော တပ်ဆင်ပေး

Your Thoughts …
Tags: စက်မှု (၁) ဝန်ကြီးဟောင်းတပ်မ၇၇ဗိုလ်မှူးချုပ် တင့်ဆွေ/ဖျာပုံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်တပ်ရဲ့ အမာခံတပ်မတွေ တခုပြီးတခုပြိုလဲနေတယ် (ရုပ်/သံ)

စစ်တပ်ရဲ့ အမာခံတပ်မတွေ တခုပြီးတခုပြိုလဲနေတယ် (ရုပ်/သံ)

by ဧရာဝတီ
11 April 2025
681

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ တပ်မ (၇၇) တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦး အပါအဝင် စစ်သုံ့ပန်း ၁၆၀ ထက်မနည်းကို ဧပြီလ ၉ ရက်နေ့မှာ အရှင်ဖမ်းဆီးရမိထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က...

Next Post
ရန်ကုန်မြို့လယ်ရှိ Wave money အေးဂျင့်ဆိုင်ခွဲတခုကို တွေ့ရစဉ်  / ဧရာဝတီ

တယ်လီနောပိုင် Wave money ရှယ်ယာများ ရိုးမအုပ်စုသို့ ရောင်းမည်

ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ခ် ဆော့ခ်ဟွန်း / foreignpolicywatchdog.com

မြန်မာ ပြည်တွင်းစစ် ဖြစ်နေဟု ကမ္ဘောဒီးယား ပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved