• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဟာသ အနုညာရှင် တဖြစ်လဲ သမ္မတ ဇယ်လန်းစကီး

by ဧရာဝတီ
9 March 2025
in ဆောင်းပါး
A A
ဟာသ အနုညာရှင် တဖြစ်လဲ သမ္မတ ဇယ်လန်းစကီး

လက်ရှိ ယူကရိန်း သမ္မတ ဇယ်လန်းစကီး / Time magazine

1.4k
VIEWS
Share on FacebookShare on Twitter

“ယူကရိန်း နိုင်ငံသား တယောက်အနေနဲ့ ဆိုဗီယက် ပြည်ထောင်စုက ခွဲထွက်လာတဲ့ နိုင်ငံတွေကို ပြောချင်တာက ကျနော် တို့ကို ကြည့်လိုက်ပါ… ဘာမဆို ဖြစ်နိုင်ပါတယ်”

ဗိုလိုဒီမာ ဇယ်လန်းစကီး (Volodymyr Zelensky)

အဲဒီစကားဟာ ၂၀၁၉ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် ဗိုလိုဒီမာ ဇယ်လန်းစကီး ပြောခဲ့တဲ့ မိန့်ခွန်းထဲက စကားစုတခု ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ရွေးကောက်ပွဲမှာ ၇၃ ဒသမ ၂၂ ရာခိုင်နှုန်းနဲ့ အပြတ်အသတ် အနိုင်ရပြီးနောက် ဇယ်လန်းစကီး ဟာ ယူကရိန်း နိုင်ငံ သမ္မတ ဖြစ်လာခဲ့ပါတယ်။

ငယ်ဘဝ

ဇယ်လန်းစကီးကို ယူကရိန်း တောင်ပိုင်းမှာ ရှိတဲ့ စက်မှုမြို့တော် ကရဘေး ရိချ် (Kryvyy Rih) မှာ ဂျူးလူမျိုး မိဘနှစ်ပါး ကနေ ၁၉၇၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။

မွေးကင်းစ အရွယ်မှာပဲ မိသားစုက မွန်ဂိုလီးယားကို ရွှေ့ပြောင်း သွားခဲ့ရတာကြောင့် မွန်ဂိုလီးယားကို ပါသွားခဲ့ပါတယ်။ ၄ နှစ် အကြာမှာ ကရဘေး ရိချ် (Kryvyy Rih) ကို ပြန်လည် ပြောင်းရွှေ့ခဲ့ပြီး မွေးရပ်မြေမှာပဲ ကျောင်း စတက်ခဲ့တာပါ။

ဇယ်လန်းစကီး သရုပ်ဆောင်တဲ့ Servant of the People ရုပ်ရှင် ဇာတ်လမ်းတွဲ ပိုစတာ

အဆိုပါ ကာလမှာ ယူကရိန်းက ဆိုဗီယက် ယူနီယံ အောက်ကနေ ခွဲမထွက်ရသေးတာကြောင့် ရုရှား ဘာသာစကားနဲ့ ကြီးပြင်းခဲ့ရတာ ဖြစ်ပါတယ်။

ဇယ်လန်းစကီး ဟာ ယူကရိန်း ဘာသာစကားနဲ့ အင်္ဂလိပ် ဘာသာ စကား ကိုလည်း ကောင်းမွန်စွာ ပြောဆိုနိုင်သူပါ။

၂၀၀၀ ပြည့်နှစ်မှာတော့ Kryvyy Rih Economic Institute ကနေ ဥပဒေဘွဲ့ ရရှိခဲ့ပါတယ်။

ဝါသနာနောက် လိုက်ခဲ့သူ

ဇယ်လန်းစကီး ဟာ ဥပဒေဘွဲ့ ရရှိခဲ့ပေမယ့် သူ့ရှေ့ဆက်ချင်တဲ့ ဘဝလမ်းကြောင်းကတော့ နောက်တမျိုး ဖြစ်နေခဲ့ပါတယ်။

ကျောင်းသား ဘဝတည်းက ပြဇာတ် စင်မြင့်တွေမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး ဒါကိုပဲ သူက အဓိက အားစိုက်ပြီး ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာတော့ Kvartal 95 ဆိုတဲ့ ဇယ်လန်းစကီး ပါဝင်တဲ့ အဖွဲ့ဟာ KVN လို့ ခေါ်တဲ့ ဟာသ အနုပညာ (Comedy) ပြိုင်ပွဲရဲ့ နောက်ဆုံး အဆင့်မှာ ပါဝင်ခွင့် ရခဲ့ပြီး သူတို့အဖွဲ့ဟာ နိုင်ငံရေးနဲ့ ပတ်သက်တာတွေ၊ အတိတ်က ဆိုဗီယက် အကြောင်း တွေကို ပြက်လုံးထုတ်ရင်း လူစိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။

ဇယ်လန်းစကီး ဟာလည်း နိုင်ငံရေး သရော်ချက်တွေကို ဟာသနဲ့ ပေါင်းစပ်နိုင်တဲ့ စွမ်းရည်ကြောင့် လူသိ များလာခဲ့ပြီး အဆိုပါ သရော်ချက်တွေဟာ နောက်ပိုင်း ရွေးကောက်ပွဲ မဲဆွယ်မှုတွေအတွက် အထောက်အကူ ဖြစ်ခဲ့တယ်လို့ ပြောလို့ ရပါတယ်။

၂၀၀၃ ခုနှစ်မှာ Studio Kvartal 95 ဆိုတဲ့ ထုတ်လုပ်ရေး ကုမ္ပဏီကို ပူးတွဲ တည်ထောင်ခဲ့ပြီး ယူကရိန်းရဲ့ အအောင်မြင်ဆုံး Studio ထဲက တခု ဖြစ်လာခဲ့ပါတယ်။
ဇယ်လန်းစကီးဟာ အဲဒီ ၂၀၀၃ ခုနှစ်မှာပဲ သူနဲ့ သက်တူ ရွယ်တူ ဝါသနာတူ Olena Kyiashko ဆိုသူ အမျိုးသမီးနဲ့ လက်ထပ်ခဲ့ပြီး သားသမီး နှစ်ဦး ထွန်းကား ထားပါတယ်။

Olena Kyiashko (Olena Zelenska) ကလည်း ရုပ်ရှင် ဇာတ်လမ်း ဇာတ်ညွှန်းရေးသူ ဖြစ်ပြီး Kvartal 95 မှာလည်း ကုမ္ပဏီ စတင်ကတည်းက ဇာတ်ညွှန်းများ ရေးပေးနေသူ ဖြစ်ပါတယ်။

Olena Zelenska ဟာ ၂၀၂၃ ခုနှစ် အတွက် ကမ္ဘာကျော် Time magazine က ရွေးချယ် ဖော်ပြတဲ့ ကမ္ဘာတဝန်း သြဇာလွှမ်းမိုးမှု အရှိဆုံး အမျိုးသမီး ၁၀၀ စာရင်းထဲမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
166
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
94
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
384

ဇယ်လန်းစကီး ဟာ အဆိုပါ Studio Kvartal 95 ကုမ္ပဏီမှာ အနုပညာ ဒါရိုက်တာ အဖြစ် ၂၀၁၁ အထိ လုပ်ကိုင်ခဲ့ပြီး အဲ့ဒီ နောက်မှာတော့ Inter TV လို့ ခေါ်တဲ့ ယူကရိန်း ရုပ်သံ ချန်နယ်ကို ပြောင်းရွှေ့ကာ General producer အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဇယ်လန်းစကီး ဟာ ရုပ်ရှင် တချို့မှာလည်း ပါဝင် သရုပ်ဆောင် ခဲ့ပါသေးတယ်။

နိုင်ငံရေးသမား ဖြစ်စေခဲ့တဲ့ TV Series

၂၀၁၃ မှာ ဇယ်လန်းစကီး က Kvartal 95 ကို ပြန်ရောက် လာခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒီ ကာလမှာ ယူကရိန်း နိုင်ငံရေး လှုပ်ခတ်မှုတွေ များတဲ့ကာလ ဖြစ်နေခဲ့တာပါ။

လအတန်ကြာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေအပြီး ၂၀၁၄ ဖေဖော်ဝါရီမှာ ယူကရိန်း သမ္မတ Viktor Yanukovych ဖြုတ်ချ ခံလိုက်ရပြီး မေလမှာ ဘီလံယံနာ သူဌေး Petro Poroshenko သမ္မတ ဖြစ်လာပါတယ်။

ဒါပေမယ့် ရုရှား ကျောထောက်နောက်ခံ ပေးထားတဲ့ အဖွဲ့တွေရဲ့ ယူကရိန်း အရှေ့ပိုင်းမှာ ဆူပူ သောင်းကျန်းမှုတွေကြောင့် အစိုးရ အပေါ် လူထုယုံကြည်မှု ကျဆင်း လာခဲ့ပါတယ်။

သမ္မတ ဇယ်လန်းစကီး မိသားစု / Olena zelenska Instagram

အဆိုပါ ဖြစ်ပျက်နေမှုတွေကို ဆန့်ကျင်ပြီး ပေါ်ထွက်လာတာကတော့ ၂၀၁၅ ခုနှစ် အောက်တိုဘာလ 1+1 TV Channel မှာ လွှင့်ခဲ့တဲ့ Servant of the People (ပြည်သူ့ အစေခံ) ဆိုတဲ့ TV Series ဇာတ်လမ်းတွဲပါပဲ။

မထင်မရှား ကျောင်းဆရာ ဘဝကနေ သမ္မတ ဖြစ်လာခဲ့တဲ့ Vasiliy Goloborodko ဆိုတဲ့ ဇာတ်ကောင်ကို တည်ပြီး ရိုက်ကူး ထားတဲ့ ဇာတ်လမ်းဖြစ်ပြီး ဇယ်လန်းစကီးက အဓိကဇာတ်ဆောင် Goloborodko နေရာက ပါဝင် သရုပ်ဆောင် ခဲ့ပါတယ်။

ဇာတ်လမ်းက အကြီးအကျယ် အောင်မြင်ခဲ့ပြီး အဆိုပါ ဇာတ်ကောင်ဟာ ဇယ်လန်းစကီး အပေါ် များစွာ သက်ရောက် ခဲ့ပါတယ်။

နောက်ဆက်တွဲ အနေနဲ့ ၂၀၁၈ မှာ Kvartal 95 က Servant of the People အမည်ကို ယူကရိန်း နိုင်ငံရေး ပါတီတခု အဖြစ် တရားဝင် စာရင်း သွင်းလိုက်တော့တာပါပဲ။

၂၀၁၉ ရွေးကောက်ပွဲမှာတော့ ယှဉ်ပြိုင်သူ ၃၉ ဦးထဲ ဇယ်လန်းစကီး လည်း ပါဝင်လာခဲ့ပြီး ရွေးကောက်ပွဲ ပထမ အကျော့မှာတင် မဲရလဒ် ၃၀ ရာခိုင်နှုန်း ကျော်နဲ့ အနိုင်ရခဲ့ပါတယ်။

ဒုတိယ အကျော့မှာတော့ မဲရလဒ် ၇၃ ရာခိုင်နှုန်း ကျော်နဲ့ အနိုင်ရခဲ့ပြီး ယူကရိန်း နိုင်ငံရဲ့ ရွေးကောက်ခံ သမ္မတ ဖြစ်လာ ပါတော့တယ်။

ဇယ်လန်းစကီး နဲ့ ထရမ့် ရဲ့ အတိတ်က ဇာတ်လမ်း

၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ ဇယ်လန်းစကီး ရဲ့ ယူကရိန်း အစိုးရအဖွဲ့ဟာ အမေရိကန် နိုင်ငံရေး ပြဿနာထဲမှာ ပါဝင် နေခဲ့ပါတယ်။

အကြောင်းကတော့ အဲဒီအချိန်က အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ အရင် ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန် နဲ့ သူ့သား ဟန်တာဘိုင်ဒန်ကို စစ်ဆေးတဲ့နေရာမှာ ကူညီဖို့ ယူကရိန်းကို ဖိအားပေးတဲ့ အနေနဲ့ ယူကရိန်းဆီ ပေးရမယ့် စစ်ရေး အကူအညီ ဒေါ်လာ သန်း ၄၀၀ ခန့်ကို ဆိုင်းငံ့ထားတယ် ဆိုပြီး စွပ်စွဲ ခံနေရတာပါ။

ဟန်တာဘိုင်ဒန်ဟာ ယူကရိန်း စွမ်းအင် လုပ်ငန်းစု Burisma Holdings မှာ ဘုတ်အဖွဲ့ဝင် အဖြစ် လုပ်ကိုင်နေခဲ့တာ ဖြစ်ပြီး ဒုသမ္မတ ဂျိုးဘိုင်ဒန်က သူ့ရာထူးကို သုံးပြီး သားဖြစ်သူကို ကူညီခဲ့တယ်လို့ ထရမ့်က စွပ်စွဲခဲ့တာပါ။

ထရမ့်က ဇယ်လန်းစကီး နဲ့ တိုက်ရိုက် ဖုန်းပြောခဲ့ပြီး ဘိုင်ဒန်မိသားစုကို စုံစမ်းစစ်ဆေးမှု အကြောင်း ဆွေးနွေးခဲ့တာပါ။ ထရမ့် အပေါ် စွပ်စွဲမှုတွေဟာ ယူကရိန်းနဲ့ ရုရှာအရေး ကျွမ်းကျင်သူ တချို့ကို ထုတ်ပယ်ပြီး ပြီးဆုံးသွားခဲ့ပါတယ်။

သမ္မတ ခရီးကြမ်း

ဇယ်လန်းစကီး ရဲ့ သမ္မတ လမ်းခရီးဟာ စတင်ကတည်းက ခက်ခဲခဲ့တာပါ။

ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်နဲ့ တည့်တည့် တိုးတဲ့အပြင် နိုင်ငံအရှေ့ပိုင်းက ရုရှား ထောက်ပံ့ပေးထားတဲ့ အဖွဲ့တွေ နဲ့လည်း ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

တဖြည်းဖြည်းနဲ့ ဇယ်လန်းစကီး အပေါ် လူထု ထောက်ခံမှုကလည်း ကျဆင်း လာခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာတော့ ရုရှားက ယူကရိန်းကို စစ်ကြေညာပြီး ဝင်ရောက် ကျူးကျော်ခဲ့တော့တာပါ။

ဇယ်လန်းစကီး ဟာ ယူကရိန်း ပြည်သူတွေနဲ့ အတူ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့ပြီး နိုင်ငံတကာ အကူအညီတွေကို တောင်းခံခဲ့ ပါတယ်။

ကိဗ်မြို့ အနောက်မြောက်ဘက် Bucha မှာ ရုရှား တိုက်ခိုက်မှုကြောင့် ပြည်သူ အစုလိုက်အပြုံလိုက် သေဆုံးရမှု နဲ့ ပတ်သက်ပြီး ယူကရိန်း မီဒီယာများကို ၂၀၂၂ ခုနှစ် ဧပြီ ၄ ရက်က ရှင်းလင်း ပြောကြားနေတဲ့ သမ္မတ ဇယ်လန်းစကီး / Britannica

သူ့ရဲ့ သရုပ်ဆောင် လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံနဲ့ မီဒီယာ အကြောင်း နားလည်မှုက စစ်ပွဲမှာ မီဒီယာ ကဏ္ဍကနေ ယူကရိန်းကို အားသာ စေခဲ့ပါတယ်။

အမေရိကန်ရဲ့ အန္တရာယ်ရှိ စစ်ရေးဇုန်ထဲက ကယ်ထုတ်ပေးဖို့ ကမ်းလှမ်းမှုကိုလည်း “တိုက်ပွဲက ဒီမှာ ဖြစ်နေတာပါ။ လက်နက် ခဲယမ်းမီးကျောက် လိုပါတယ်။ စီးဖို့တော့ မဟုတ်ဘူး” ဆိုပြီး တုံ့ပြန် ခဲ့ပါသေးတယ်။

ထရမ့် အစိုးရ တက်မလာခင် အချိန်အထိ အမေရိကန်က အဓိက ထောက်ပံ့ပေးခဲ့ပြီး EU နိုင်ငံတွေကလည်း စစ်လက်နက် ပစ္စည်းများစွာ ထောက်ပံ့ပေးခဲ့ပါတယ်။

အဆိုပါ ထောက်ပံ့မှုတွေနဲ့ ယူကရိန်း မြို့တော် ကိယ်ဗ် ကို မကျအောင် ကာကွယ်နိုင်ခဲ့ပြီး ရုရှား တပ်တွေကို အခုချိန်ထိ ခုခံ ထားနိုင်နေဆဲလည်း ဖြစ်ပါတယ်။

ယူကရိန်းကို ကျူးကျော်မှုကြောင့် ရုရှားကို သမိုင်းတလျှောက် အပြင်းထန်ဆုံး စီးပွားရေး ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ကြရာ ရုရှား လည်း စီးပွားရေး ထိုးကျသွားခဲ့ပါတယ်။

အဆိုပါ ပိတ်ဆို့မှုတွေ၊ စစ်လက်နက် ကူညီမှုတွေ အတွက် ယူကရိန်း သမ္မတ ဇယ်လန်းစကီး ရဲ့တောင်းဆိုမှုတွေက အဓိက နေရာကနေ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ အဖြစ် ထရမ့် ဒုတိယအကြိမ် ရွေးကောက်ခံရပြီးတဲ့နောက် ယူကရိန်းအပေါ် ကူညီမှုတွေကို ရပ်တန့် မယ်လို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လကုန်ပိုင်းက ဝါရှင်တန်မှာ ဇယ်လန်းစကီး နဲ့ တွေ့ဆုံစဉ် အခြေအတင် ပြောဆိုမှု ဖြစ်ပွားပြီးနောက် ထရမ့်က အကူအညီတွေ ရပ်မယ်လို့ ပြောဆိုခဲ့တာပါ။

အခြေအတင် ပြောဆိုမှု ဖြစ်ပွားပြီးနောက် မကြာခင် ရက်ပိုင်း အတွင်းမှာပဲ ရုရှားနဲ့ စစ်ရပ်စဲရေး ထရမ့်နဲ့ အတူ ဆောင်ရွက်ဖို့ သဘောတူကြောင်း ဇယ်လန်းစကီးက ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

ထရမ့်ကလည်း ရုရှားနဲ့ စစ်ရပ်စဲရေး ယူကရိန်း ကမ်းလှမ်းမှု ကြိုဆိုကြောင်း ပြန်လည် ပြောကြားခဲ့ပါတယ်။

ဥရောပ နိုင်ငံတွေကတော့ ယူကရိန်းကို ဆက်လက် ကူညီနေမယ်လို့ ထုတ်ပြန် ပြောဆိုခဲ့ကြပါတယ်။

အဲဒီလို အနိမ့်အမြင့် အတက်အကျတွေကြား ဘဝမှာ ပထမဆုံး အကြိမ်အဖြစ် သမ္မတ တာဝန် ထမ်းဆောင်နေသူ ဇယ်လန်းစကီး အနေနဲ့ ယူကရိန်းကို အန္တရာယ်ကြားကနေ လွတ်မြောက်ရေး ကြိုးပမ်းသွားနိုင်ပါ့မလား ဆိုတာကတော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ ။

Ref :
-Britannica
-International News Medias

Your Thoughts …
Tags: Olena ZelenskaTime magazineဇယ်လန်းစကီးထရမ့်ဘာသာပြန်ယူကရိန်းရုပ်ရှင်ရုရှားဟာသ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

by စံရိပ်ငြိမ်
14 May 2025
16.2k

မင်းအောင်လှိုင်ဟာ အသေထွက်လား၊ အရှုင်ထွက်လား ဆိုတဲ့ မေးခွန်းကတော့ တပ်ထဲမှာ မေးနေတဲ့ မေးခွန်းပဲ…

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.9k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

by ဧရာဝတီ
26 September 2023
14.1k

စစ်ကောင်စီဝန်ကြီးများ တရုတ်သို့ ခပ်စိပ်စိပ် သွားရောက်ခြင်းသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် ၁၀ နှစ်မြောက် အခမ်းအနား လာမည့်လတွင် ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော  စစ်ကောင်စီ

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

by လျှပ်စီး
18 October 2023
14k

စစ်ကောင်စီက နျူကလီးယားစွမ်းအင်အတွက် ရုရှားနဲ့ MOU သဘောတူစာချုပ် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများသည် ဘာမှနားမလည်တဲ့ စစ်တပ်ထောက်ခံသူတွေအကြား မစားရဝခမန်း လေလည်ပြခြင်းထက် မပိုပါ

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

by စောလွင်
21 November 2024
13.8k

ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးရာတွင် ရုရှားပညာရှင်များကူညီနေသည့် သတင်းများကြားနေရကြောင်း

Next Post
အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

အမျိုးသမီးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ချုပ်ငြိမ်းဖို့ လိုတယ် (ရုပ်/သံ)

အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေကို ဒေါက်တာဆာဆာ ဘာပြောခဲ့လဲ  (ရုပ်/သံ)

အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တွေကို ဒေါက်တာဆာဆာ ဘာပြောခဲ့လဲ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved