အမေရိကန်နိုင်ငံရဲ့ အကူအညီတွေ ပြန်လည်ရရှိရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာက အမေရိကန်အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
သမ္မတထရန့် အစိုးရကဖြတ်တောက်လိုက်တဲ့ လူသားခြင်းစာနာမှု အကူအညီတွေ၊ ပညာရေးဆိုင်ရာ အကူအညီတွေ ပြန်လည်ရရှိရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ဒေါက်တာဆာဆာဟာ ဖေဖော်ဝါရီ လကုန်ပိုင်းကစလို့ အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတာပါ။
နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမေရိကန်အေဂျင်စီ (USAID) ရဲ့ အထောက်အပံ့တွေ ရပ်ဆိုင်းလိုက်တာကြောင့် ထိုင်းမြန်မာနယ်စပ်က စစ်ဘေးရှောင်စခန်းတွေမှာရုတ်တရက် ကျန်းမာရေးစောင့်ရှောက်မှုရပ်ဆိုင်းခံလိုက်ရတဲ့အတွက် အသက်ဆုံးရှုံးရမှုတွေနဲ့ ပညာရေးဆိုင်ရာ စကော်လာရှစ်ရပ်တန့်လိုက်မှုကြောင့် နစ်နာသွားရတဲ့ မြန်မာကျောင်းသားတွေ အကြောင်းကို ဆွေးနွေးပြောဆိုခဲ့တယ်လို့ ဒေါက်တာဆာဆာက ဆိုပါတယ်။
အမေရိကန်ရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မြန်မာကိုယ်စားပြုသူတွေရဲ့ ပြောဆိုချက်ထက် သူ့ကိုမဲပေးတဲ့ မဲဆန္ဒရှင်တွေရဲ့အသံကိုသာ ပိုအလေးထားမှာဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံရောက် မဲဆန္ဒရှင် မြန်မာပြည်သူလူထုရဲ့ အသံတွေက ပိုပြီးအရေးပါတယ်လို့ ဒေါက်တာဆာဆာက ပြောပါတယ်။
လက်ရှိ အမေရိကန်နိုင်ငံရဲ့ အပြောင်းအလဲမှာ မြန်မာနိုင်ငံအပေါ် သက်ရောက်မှုနဲ့ ဖြစ်လာနိုင်တဲ့ အခြေအနေတွေအကြောင်း ဒေါက်တာဆာဆာကို တွေ့ဆုံမေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













