• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထိုင်းဂေါက်ကွင်းမှာ မြန်မာဗိုလ်ချုပ်တွေ ဖိတ်ကစားခံရတုန်းက

by မောင်ကဝိ
29 July 2025
in ဆောင်းပါး
A A
ထိုင်းဂေါက်ကွင်းမှာ မြန်မာဗိုလ်ချုပ်တွေ ဖိတ်ကစားခံရတုန်းက

တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေးဂေါက်သီးရိုက်ပွဲကို ကမ္ဘာကျော် တိုက်ဂါးဝုဒ် ရိုက်တဲ့ ဖူးခက်က Blue Canyon ဂေါက်ကွင်းမှာ သက်ဆင်က စီစဉ်ပေးခဲ့ပါတယ်

6k
VIEWS
Share on FacebookShare on Twitter

အိမ်နီးချင်း နိုင်ငံတွေအကြား တနိုင်ငံနဲ့ တနိုင်ငံ ဘယ်လို စိတ်ရင်းအမှန်ရှိတယ်ဆိုတာ ပုံမှန်အချိန်တွေ မသိသာပေမယ့် ဆက်ဆံရေးတင်းမာတဲ့အချိန်မှာတော့ မြင်ရတတ်ပါတယ်။

၂၀၀၂ ခုနှစ် နအဖ စစ်အစိုးရနဲ့ ထိုင်းနိုင်ငံကြား နယ်စပ်ပဋိပက္ခတွေကြောင့် အပြန်အလှန်ဝေဖန်ထိုးနှက်နေကြချိန်မှာပဲ ထိုင်းဝန်ကြီးချုပ်သက်ဆင်က ဒုတိယစစ်ခေါင်းဆောင်မောင်အေးကို ချစ်ကြည်ရေးဖိတ်ခေါ်ခဲ့ပြီး ထိုင်း-မြန်မာတပ်မတော်နှစ်ရပ်ကြား ဂေါက်သီးရိုက်ပွဲ စီစဉ်ပေးခဲ့ပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေက ထိုင်းအပေါ် နှာတဖျားသာချင်တဲ့ စိတ်ရှိတယ်ဆိုတာ ထိုင်း-မြန်မာ တပ်မတော်နှစ်ရပ်ကြား ဂေါက်သီးရိုက်ပွဲအပေါ် ဗိုလ်ချုပ်မောင်အေးရဲ့သဘောထားက သက်သေပြနေပါတယ်။

တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရေးဂေါက်သီးရိုက်ပွဲကို ကမ္ဘာကျော် တိုက်ဂါးဝုဒ် ရိုက်တဲ့ ဖူးခက်က Blue Canyon ဂေါက်ကွင်းမှာ သက်ဆင်က စီစဉ်ပေးခဲ့ပါတယ်။

အရှေ့မြောက်တိုင်းမှူးလုပ်ခဲ့ဘူးတဲ့ ဦးမောင်အေးဟာ ဗကပကို ထောက်ပံ့ခဲ့တဲ့ တရုတ်ကို အမြင်မကြည်တာတွေ ရှိခဲ့ဘူးသလို အရှေ့ပိုင်းတိုင်းတိုင်းမှူး တာဝန်လည်းယူခဲ့တာကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် လက်နက်ကိုင်တိုင်းရင်းသားကိစ္စတွေ၊ မူးယစ်ဆေးဝါးကိစ္စတွေကြောင့် ထိုင်းနိုင်ငံအပေါ်လည်း မချစ်သော်လည်း အောင့်ခါနမ်းရတဲ့သဘောရှိမယ်လို့ ယူဆနိုင်မှာ ဖြစ်ပါတယ်။

ခရီးစဉ်အတွင်း ညီအကိုနှစ်နိုင်ငံလို့ သုံးစွဲခေါ်ဝေါ်ခဲ့ပေမယ့် မြန်မာဗိုလ်ချုပ်တွေနဲ့ ဂေါက်ပြိုင်မယ့် ထိုင်းဗိုလ်ချုပ်တွေအကြောင်းကိုလည်း တီးခေါက်ခဲ့ပါတယ်။

၂၀၀၂ ခုနှစ်၊ ဧပြီ ၂၅ ရက်မနက်ပိုင်း ပွဲမကစားခင်မှာပဲ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက ခရီးစဉ်မှာ လိုက်ပါလာတဲ့ စစ်ထောက်လှမ်းရေး ဒုတိယအကြီးအကဲ ဗိုလ်မှူးချုပ်ကျော်ဝင်းကိုခေါ်ပြီး “မင်းနဲ့ ကိုစိုးသာ (အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး) တွဲလိုက်၊ ထိုင်းဘက်က ရေတပ်ဗိုလ်ချုပ်အတွဲက တော်တော်ကောင်းတယ်လို့ ပြောတယ်။ မင်းတို့ အဲဒီအတွဲနဲ့ ရိုက်လိုက်၊ ကစားရင် အပြတ်အသတ်လည်း မနိုင်စေနဲ့၊ အပြတ်အသတ်လည်း ရှုံးမလာစေနဲ့” လို့ ကြိုတင်မှာကြားခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (ဝဲ) သည် ၂၀၀၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ နအဖ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်မောင်အေးအား ကြိုဆိုနှုတ်ဆက်ခဲ့သည်

ဒါဟာ လူမှုရေးအရ အိမ်ရှင်ထိုင်းကို အပြတ်အသတ်နိုင်ရင် မကောင်းသလို အပြတ်အသတ်ရှုံးပြန်ရင်လည်း ငယ်နိုင်အိမ်နီးချင်းထိုင်းကို ရှုံးတယ် ဆိုပြီး အရှက်မကွဲချင်လို့ သေချာခေါ်မှာခဲ့ပုံရပါတယ်။

ဦးစိုးသာ၊ ဗိုလ်မှူးချုပ်ကျော်ဝင်းတို့ကလည်း ဂေါက်သီးဝါသနာအိုး။ အာဏာရှင် ဦးနေဝင်း၊ ဦးသန်းရွှေတို့ခေတ်မှာ စစ်သားဖြစ်လာကြသူတွေပီပီ ဂေါက်နဲ့ မစိမ်းသူတွေဖြစ်ကြပါတယ်။

စစ်အစိုးရကျင်းပလေ့ရှိတဲ့ ကြည်းရေလေဂေါက်ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ကြတာရော၊ ပုံမှန်ဂေါက်ရိုက်သူတွေဖြစ်တာကြောင့်ရော ထိုင်းရေတပ်ဗိုလ်ချုပ်တွေကို အနိုင်ရခဲ့ကြပါတယ်။

ထိုင်းကို နိုင်တယ်ဆိုရင်ပဲ ဝန်ကြီး ဦးစိုးသာနဲ့ ဗိုလ်ချုပ်ကျော်ဝင်းတို့ဟာ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးဆီ အမြန်ဆုံး သတင်းပို့ခဲ့ကြပါတယ်။

“ကျနော်တို့အတွဲက နိုင်ပါတယ် ။ Stroke ကတော့ အများကြီးမကွာပါဘူးလို့ သတိစွဲ ရင်ကော့ပြီး သတင်းပို့ခဲ့ကြပါတယ်” လို့ ဗိုလ်မှူးချုပ်ကျော်ဝင်းက “စွန်ရဲ”ကလောင်နဲ့ရေးတဲ့ “စိတ်ပညာအဓိက ကျောင်းသားဘဝနှင့် အခြားဆောင်းပါးများ” စာအုပ်မှာ အဲဒီတုန်းက ကြုံတွေ့ခဲ့ရတာကို မှတ်တမ်းတင်ခဲ့ပါတယ်။

“ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက ကျေနပ်တဲ့အပြုံးနဲ့ ကျနော့်ကို ကြည့်လိုက်တယ်၊ ပြီးတော့မှ ပုခုံးလေးကိုပုတ်ပြီး ချီးကျူးတယ်”လို့ ဗိုလ်မှူးချုပ်ကျော်ဝင်းက မှတ်တမ်းတင်ခဲ့ပါတယ်။

ဗိုလ်ချုပ်မောင်အေး ဦးဆောင်သော မြန်မာ ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် မြန်မာနှင့် ထိုင်း ဒုတိယ ဝန်ကြီးချုပ် ကာကွယ်ရေး ဝန်ကြီး Chavalit Yongchaiyudh (ဘယ်ဘက် မှ ဒုတိယ) ဦးဆောင်သော ထိုင်း အရာရှိများ ၂၀၀၂ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ဖူးခက်ရှိ Blue Canyon ဂေါက်ကွင်း၌ အတူတကွ

အဲဒီချစ်ကြည်ရေးခရီးစဉ်မှာ ဦးမောင်အေးဟာ ဘန်ကောက် Chitralda နန်းတော်မှာ ထိုင်းဘုရင်ဘူမိဘော မိဖုရားသီရိခေတ်တို့နဲ့ တွေ့ဆုံတာ၊ သက်ဆင်နဲ့အတူ အစိုးရအိမ်တော် Blue Room မှာ ဂုဏ်ပြုတပ်ဖွဲ့ရဲ့အလေးပြုခံယူတာတွေ ပြုလုပ်ခဲ့ပြီး သက်ဆင်နဲ့ ကမ္ဘာလှည့်ခရီးသည်လုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းတွေ၊ နှစ်နိုင်ငံလမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ မူးယစ်ဆေးဝါးပပျောက်ရေး၊ အလုပ်သမားကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်အစိုးရသတင်းစာတွေက ထုတ်ပြန်ခဲ့ပါတယ်။

ဦးမောင်အေးတို့ ခရီးစဉ်နောက်ပိုင်းလည်း နှစ်နိုင်ငံပဋိပက္ခက ဆက်ရှိနေပြီး နောက်ပိုင်းနှစ်တွေမှာတော့ ဦးသန်းရွှေစစ်အစိုးရနဲ့ သက်ဆင်တို့ ရွှေလမ်းငွေလမ်းတွေ ဖောက်ခဲ့ကြပါတယ်။

အရပ်သား အန်အယ်လ်ဒီ အစိုးရ ခေတ်မှာလည်း ဆက်ဆံရေးကောင်းခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်မှာလည်း စစ်ကောင်စီနဲ့ ထိုင်း ဆက်ဆံမပျက်တဲ့ အပြင် နိုင်ငံတကာရဲ့ပိတ်ဆို့မှုကို ခံနေရတဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ထိုင်းက လက်ခံကျင်းပတဲ့ ဘင်းစတက် အစည်အဝေး တက်ဖို့ အပါအဝင် ထိုင်းကို ၂ ကြိမ်သွားရောက်ခဲ့ပါတယ်။ ဒီနှစ်ကုန်ပိုင်း စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို ကူညီမယ်လို့လည်း ထိုင်း က ပြောဆိုထားပါတယ်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
131
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
460
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
1.6k

You may also like these stories:

ထိုင်းနိုင်ငံရေးနဲ့ ရှင်နာဝပ်မျိုးဆက်တို့ အလှမ်း‌ဝေးလာ

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ စစ်တပ်များအား နှိုင်းယှဉ်ချက်

ထိုင်းဘုန်းကြီးလောကနှင့် လိင်အရှုပ်တော်ပုံ

မြန်မာစစ်တပ်၏ ငြိမ်းချမ်းရေးဆိုသည်မှာ

ရွေးကောက်ပွဲအတွက် မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်းကို အမြတ်ထုတ်

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

Your Thoughts …
Tags: ထိုင်း-မြန်မာတပ်မတော်ထိုင်းဂေါက်ကွင်းထိုင်းဝန်ကြီးချုပ်သက်ဆင်ဒုတိယစစ်ခေါင်းဆောင်မောင်အေးနအဖ စစ်အစိုးရဗိုလ်မှူးချုပ်ကျော်ဝင်း
မောင်ကဝိ

မောင်ကဝိ

Similar Picks:

No Content Available
Next Post
ဘီလူးမ သားတရားစီရင်ခန်းနဲ့ မြန်မာပြည်သူတွေ (ရုပ်/သံ)

ဘီလူးမ သားတရားစီရင်ခန်းနဲ့ မြန်မာပြည်သူတွေ (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယား အပစ်ရပ် သဘောတူညီပြီးနောက် ပစ်ခတ်မှုဆက်ဖြစ် (ရုပ်/သံ)

ထိုင်းနဲ့ ကမ္ဘောဒီးယား အပစ်ရပ် သဘောတူညီပြီးနောက် ပစ်ခတ်မှုဆက်ဖြစ် (ရုပ်/သံ)

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved