• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

နဝမအကြိမ် ကျောက်မျက်ရတနာ ပြပွဲတွင် စိန်ထည်များကို အဓိကထား ပြသသွားမည်

by မျိုးပပစန်း
22 March 2018
in စီးပွားရေး
A A
၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက နေပြည်တော်တွင် ပြုလုပ်သော ကျောက်မျက်ပြပွဲ  / ထက်နိုင်ဇော် / ဧရာဝတီ

၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်းက နေပြည်တော်တွင် ပြုလုပ်သော ကျောက်မျက်ပြပွဲ / ထက်နိုင်ဇော် / ဧရာဝတီ

4.5k
VIEWS
Share on FacebookShare on Twitter

ယခုနှစ် နဝမ အကြိမ်မြောက် နိုင်ငံတကာ ကျောက်မျက်ရတနာ ပြပွဲ (9 th Myanmar International Gems, Jewellery and Watch Expo 2018 Yangon) တွင် မြန်မာ့ စိန်ထည်များကို အဓိကထား ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောက်မျက်ရတနာ ပြပွဲကို မတ်လ ၃၀ ရက်မှ ဧပြီလ ၂ ရက်အထိ ရန်ကုန်မြို့ရှိ မြန်မာ့ ကျောက်မျက်ရတနာ ခန်းမ ကမ္ဘာအေး ဘုရားလမ်းတွင် နံနက်၉ နာရီမှ ညနေ ၅ နာရီအထိ ၄ ရက်တိုင် ကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့ Park Royal Hotel ၌ မတ်လ ၂၀ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးထွန်းလှအောင်က ပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
3.6k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
244
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164

“အခုပြပွဲက စိန်ထည်ပစ္စည်းတွေ များပါတယ်။ ပြီးတော့ ကျောက်မျက်ရတနာ စမ်းသပ်တဲ့ စက်ပစ္စည်းတွေကို နိုင်ငံခြားက ယူလာပြီးပြသ သွားမှာဖြစ်တယ်။ ကျနော်တို့ ကျောက်မျက်အသင်းက တိုက်ရိုက်ကြီးလုပ်တဲ့ သဘောတော့ မဟုတ်ပါဘူး။ကျောက်မျက်ရတနာ ခင်းကျင်းပြသတဲ့အခါ အသင်းက ကူညီတဲ့သဘော ဖြစ်တယ်။ အဓိကတော့ Asiaconnect ကုမ္ပဏီ ကနေ လုပ်တာဖြစ်တယ်”ဟုလည်း ၎င်းက ပြောပြသည်။

ယင်း ကျောက်မျက်ရတနာ ပြပွဲတွင် စိန်ထည်ပစ္စည်းများကို အဓိကထား ပြသသွားမည်ဖြစ်ပြီး ကျောက်မျက်ရတနာ အချော ထည်များ ဖြစ်သည့် ပတ္တမြား၊ နီလာ၊ ပုလဲ၊ ကျောက်စိမ်း နှင့် ယခုနှစ်ပြပွဲ အတွက် ဂျာမနီနိုင်ငံမှ လက်ဝတ်ရတနာ ဖန်တီး ပြုလုပ်ခြင်းနှင့် ပတ်သက်သော နောက်ဆုံးပေါ် နည်းပညာများ ပြသသွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။

ယင်းပြပွဲ၌ မြန်မာ၊ ထိုင်း၊ ဟောင်ကောင်၊ ဂျာမနီနှင့် အိန္ဒိယနိုင်ငံတို့မှ ဆိုင်ခန်းပေါင်း ၃၀ ကျော်ဖြင့် ခင်းကျင်းပြသသွားမည် ဖြစ်သည်ဟု ဆိုသည်။

ဆက်လက်၍ ဦးထွန်းလှအောင်က “Asiaconnect ကုမ္ပဏီက Import (သွင်းကုန်) လုပ်တဲ့ ပစ္စည်းတွေ ယူလာတယ်။ ပြည်ပ က ကုန်သည်တွေ ခေါ်လာတယ်။ ပန်းထိမ်နဲ့ ပတ်သက်တဲ့ ရွှေထည်၊ ငွေထည် လုပ်မယ့် စက်ကိရိယာတွေလည်း ပြသ တယ်။ ဒါကြောင့် ပြည်တွင်းက လုပ်ငန်းရှင်တွေ အတွက်လည်း အကျိုးရှိပါတယ်။ ကျောက်အရိုင်းကတော့ မူအရ ခွင့်မပြုသေးတော့ အခုပြသမယ့် ကျောက်မျက်တွေက အချောတွေဖြစ်တယ်” ဟု ပြောသည်။

မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှ လာရောက်ပြသသည့် နည်းပညာများကို မြင်အောင် ကြည့် ရှုပြီး မိမိတို့၏ ကျောက်မျက်ရတနာ လုပ်ငန်းများ တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် တိုးတက် ထုတ်လုပ်နိုင်ရန် အတွက် ပြပွဲကို ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ်မှ သိရသည်။

Asiaconnect ကုမ္ပဏီ ဒါရိုက်တာ မစ္စတာ Michael khaniss က “ကျနော်တို့က တခြားနိုင်ငံတွေမှာ ပြပွဲတွေ လုပ်တယ်။ ဈေးကွက်တွေ လေ့လာပါတယ်။ ဒါပေမယ့် မြန်မာမှာက ရွှေဆိုင်တွေမှာ တိုးကြိတ်ပြီးတော့ ဝယ်ကြတယ်။ မြန်မာတွေက ကျောက်မျက်တို့ ရွှေတို့ကို ကြိုက်တာတွေ့ရတယ်။ ဒါကြောင့် ပြပွဲလုပ်ရတာ ဖြစ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် Myanmar International Gems, Jewellery and Watch Expo ပြပွဲများတွင်လည်း အမေရိကန်နှင့် ဂျာမနီ နိုင်ငံတို့မှ နည်းပညာများ လာရောက်ပြသခဲ့ကြောင်း မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

Your Thoughts …
Tags: ကျောက်မျက်ရတနာပြပွဲ
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

နေပြည်တော်တွင် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပနေသည့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲ / Myanmar Pressphoto Agency

ရန်ကုန်မြို့တွင် ပြန်လည်ကျင်းပမည့် ကျောက်မျက်ပြပွဲ

by မျိုးပပစန်း
3 January 2018
28.8k

ရန်ကုန်မြို့တွင် ကျင်းပရန် ဆယ်စုနှစ်တခုနီးပါးခန့် ရပ်နားထားသော အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲ ကို ပထမအကြိမ်အဖြစ် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ Lotte ဟိုတယ်တွင်

Next Post
၂၀၁၇ ခုနှစ် သင်္ကြန်ကာလ ရန်ကုန်မြို့ရှိ ရေကစား မဏ္ဍပ် တခု  / ဧရာဝတီ

ရန်ကုန် သင်္ကြန်ကာလ ရေပြတ်လပ်မှု မဖြစ်ပေါ်ရေး မြို့နယ်တချို့ ရေပေးဝေချိန် ကန့်သတ်မည်

ရခိုင်အမျိုးသား ပါတီ (ANP) ဒု ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုး  / မျိုးမင်းစိုး / ဧရာဝတီ

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အလွန်တရာ နူးညံ့ သိမ်မွေ့ပါတယ်”

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved