• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

ရွှေဈေး တရှိန်ထိုး မြင့်တက်၊ အရောင်းအဝယ်အေး

by မျိုးပပစန်း
26 June 2019
in စီးပွားရေး
A A
ရန်ကုန်မြို့က ရွှေဆိုင် တဆိုင်  / ဧရာဝတီ

ရန်ကုန်မြို့က ရွှေဆိုင် တဆိုင် / ဧရာဝတီ

18.6k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ ရွှေဈေးနှုန်း ယခုလအတွင်း၌ တရှိန်ထိုး မြင့်တက်ခဲ့ပြီး ဈေးကွက်တွင်မူ အရောင်းအဝယ် အေးနေကြောင်း သိရ သည်။

ပြည်တွင်း ရွှေဈေးသည် ရက်ပိုင်း အတွင်း၌ ကျပ် ၁၁ သိန်းကျော်အထိ မြင့်တက်ခဲ့ကာ နာရီပိုင်း အလိုက် အတက်၊ အကျ နှင့် အပြောင်းအလဲလည်း မြန်နေကြောင်း ရွှေလုပ်ငန်းရှင်များက ပြောသည်။

ယနေ့ ရွှေဈေးသည် အကယ်ဒမီ အခေါက်ရွှေ ၁၆ ပဲရည်ပြည့် ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၁ သိန်း ၁ သောင်း ကျော်နှင့် ၁၅ ပဲရည်ပြည့် ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၀ သိန်း ၆ သောင်းဝန်းကျင် အရောင်းအဝယ် ဖြစ်နေကြောင်း ရန်ကုန်မြို့ရှိ ရွှေ လုပ်ငန်း ရှင်များထံက သိရသည်။

မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်းက“အဓိကတော့ ကမ္ဘာ့ရွှေဈေး တက်လို့ ဖြစ်တယ်။ အခုက တက်လိုက်၊ ကျလိုက် ဖြစ်တယ်။ ဒီမှာ အရောင်းအဝယ်တွေ မကောင်းကြဘူး။ တက်မယ် ဆိုရင်လည်း ဖြည်းဖြည်းချင်း တက်သွားမှာပါ။ နိုင်ငံတကာ ရွှေဈေးက အတက်ဘက်ကို သွားနေတာ ဆိုတော့ ကျနော်တို့ နိုင်ငံလည်း လိုက်တက်ပေး ရမယ့် သဘော ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ထိုသို့ ရွှေဈေး မြင့်တက်ရခြင်းသည် ကမ္ဘာတွင် တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေး စစ်ပွဲ အကျိုး သက်ရောက်မှုများနှင့် အာရှ နိုင်ငံများမှ လုပ်ငန်းရှင်များ အနေနှင့် ရွှေဝယ်စုသူများလာခြင်း၊ ပြည်တွင်း ဘဏ်အတိုးနှုန်းများ လျှော့ချရေး ဆွေးနွေး မှုများ အပြင် ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် မြန်မာ့ရွှေဈေးပါ မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
6k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
250
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က“အခုလ၂၈၊ ၂၉ ရက်မှာ G20 ထိပ်သီး အစည်း အဝေး အိုဆာကာမှာ ကျင်းပမယ်။ အဲဒီမှာလည်း ဘဏ်အတိုးနှုန်း လျှော့ချရေး ဆွေးနွေးကြမယ်ပေါ့။ အဲဒီ နောက်ပိုင်း လည်း တကယ်လို့ ဘဏ်အတိုးနှုန်း လျှော့တာ အတည် ဖြစ်သွားရင် ရွှေဈေးက နည်းနည်း ထပ်တက်ဦးမယ်။ မငြိမ်မသက် ဖြစ်လေ ရွှေဈေးက အတက်ဘက်ကို ဦးတည်နေလေ ဖြစ်တယ်”ဟု ရှင်းပြသည်။

လက်ရှိ ပြည်တွင်း ဈေးကွက် အခြေအနေသည် ဈေးနှုန်းများ မြင့်တက်နေသောကြောင့် ရွှေပြန်ရောင်းသူ များနေပြီး ဝယ် လိုအား နည်းနေကြောင်း တိတ်စိန် ရွှေဆိုင် ပိုင်ရှင် ဦးဇော်အောင်က ဧရာဝတီသို့ ပြောသည်။

“အတက်၊ အကျက ကြမ်းနေတယ်။ ၃ ရက်လောက် ရှိသွားပြီ။ ကျနော်တို့ ရွှေဆိုင်တွေ အနေနဲ့ အရောင်းအဝယ် ပါးသွား တယ်။ ပြန်သွင်းတာ နည်းနည်းလေး များလာတယ်”ဟု ၎င်းက ဆိုသည်။

ယင်းသို့ ရွှေဈေးနှုန်းမြင့်လာရသည့် အကြောင်းရင်းတွင် အစိုးရက နိုင်ငံအတွင်းရှိ ရွှေအပါအဝင် သတ္တု လုပ်ကွက်သစ်များ ချထားပေးခြင်းအား ယာယီ ဆိုင်းငံ့ခဲ့ပြီးနောက်၂၀၁၈ ဇူလိုင်မှစ၍ လုပ်ကွက်များ ပြန်လည် ချထားပေးရန် အတွက် မှတ်ပုံ တင် စနစ်ဖြင့် လျှောက်ထားရန် အဆိုပြုလွှာများ လက်ခံ ဆောင်ရွက်ခဲ့ပြီး ရွှေလုပ်ကွက် ပြန်လည်ချထားပေးမှု နည်းပါး ခြင်း၊ သတ္တုထုတ်လုပ်မှု လုပ်ထုံးလုပ်နည်းများ တင်းကြပ်လိုက်ခြင်း အတွက် ထုတ်လုပ်မှု လျော့ကျခဲ့ကြောင်း လုပ်ငန်း ရှင်များ က ပြောဆိုကြသည်။

လတ်တလော အခြေအနေ အရ ကမာ့္ဘရွှေဈေး တက်လိုက်၊ ကျလိုက် ဖြစ်နေသောကြောင့် မြန်မာ့ ရွှေဈေးလည်း လိုက်ပါ၍ အတက် အကျ အပြောင်းအလဲ မြန်နေကြောင်း ဈေးကွက်တွင်း စုံစမ်း သိရှိရသည်။

ယနေ့ အမေရိကန် ဒေါ်လာဈေးနှုန်းမှာ ၁ ဒေါ်လာလျှင် ၁၄၃၁ ကျပ်နှင့် အရောင်းအဝယ် ဖြစ်နေသည်။

Your Thoughts …
Tags: ရွှေဈေးနှုန်းမြင့်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

No Content Available
Next Post
နယ်မြေခံများက အပြင်းအထန်ကန့်ကွက်ခဲ့သော ကယားပြည်နယ် လွိုင်ကော်မြို့ မှ ဗိုလ်ချုပ်ကြေးရုပ် / Kayan New Generation Youth / Facebook 

ချင်းပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်စိုက်ထူမည့် စီမံချက် ဖျက်သိမ်း 

ကိုကျော်ဇင်ဝင်းအတွက် ဝမ်းနည်းစကား ပြောကြတဲ့ ပုဂ္ဂိုလ်များ

ကွယ်လွန်သူ ကိုကျော်ဇင်ဝင်းအတွက် LGBT အသိုင်းအဝိုင်းမှ ဝမ်းနည်းစကားများ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved