• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

အာဏာသိမ်းပြီး ၂ နှစ်နီးပါးအထိ ရထားခရီးစဉ်များ ပုံမှန် ပြန်လည် မပြေးဆွဲနိုင်သေး

by ဧရာဝတီ
20 December 2022
in စီးပွားရေး
A A
၂၀၁၉ ခုနှစ်က တွေ့ရသည့် ရန်ကုန်မြို့ပတ်ရထားလမ်းများ အဆင့်မြှင့်ပြုပြင်နေစဉ် / ဧရာဝတီ

၂၀၁၉ ခုနှစ်က တွေ့ရသည့် ရန်ကုန်မြို့ပတ်ရထားလမ်းများ အဆင့်မြှင့်ပြုပြင်နေစဉ် / ဧရာဝတီ

4.1k
VIEWS
Share on FacebookShare on Twitter

စစ်တပ် အာဏာသိမ်းထားသည်မှာ ၂ နှစ်နီးပါး ရှိပြီဖြစ်သော်လည်း မီးရထားဝန်ထမ်းများမှာ လက်ရှိအချိန်ထိ အကြမ်း မဖက် အာဏာရှင် ဖီဆန်ရေး လှုပ်ရှားမှု (CDM)တွင် ပါဝင်နေကြခြင်းနှင့် နယ်မြေ မတည်ငြိမ်ခြင်းများကြောင့် ရထား ခရီးစဉ်များကို ယခင်ကဲ့သို့ ပုံမှန် ပြန်လည်ပြေးဆွဲပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ဝန်ထမ်းအင်အား မလုံလောက်သဖြင့် ရန်ကုန်-မန္တလေးလမ်းပိုင်း ရထားပြေးဆွဲမှုရှိသော်လည်း ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသလို မြို့ပတ်ရထား ပြေးဆွဲခြင်းများတွင်လည်း လက်ရှိအချိန်ထိ အခေါက်ရေ ပြည့်မီအောင် မပြေးဆွဲနိုင်သည့် အပြင် လက်မှတ်ရုံများတွင် လက်မှတ်ရောင်းသည့်သူ နည်းပါးသဖြင့် မီးရထား ဂတ်ဗိုလ်များက ရထားပေါ် တွင် လက်မှတ်ဖြတ်ရသည်အထိ လုပ်ဆောင်နေရကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ CDM မီးရထား ဝန်ထမ်းတဦးက “CDM လုပ်သူများတယ်။ သူတို့ အခု ပြေးဆွဲရင်တောင် အပေါ်ယံပဲ ပြေး ဆွဲလို့ ရတယ်။ အရင်က ၅ ကြောင်း၊ ၆ ကြောင်း ပြေးဆွဲတဲ့ ရထားက အခု နှစ်ကြောင်း လောက်ပဲ ပြေးနိုင်တယ်။ အခုဆိုရင် စက်သုံးဆီကအစ တော်တော်ကြီးကို သူတို့မှာ ပြတ်လပ်နေတယ်။ စီးနင်းတဲ့သူ နည်းတော့ ဆီဖိုးတောင် မရဘဲ ဖြစ်တာပေါ့။ အခု ရန်ကုန်ကနေ ပြည်တစီး၊ မန္တလေး တစီးနဲ့ မော်လမြိုင် မနက်ပိုင်း တစီးထွက်တယ်။ ရှေ့ရက်က မော်လမြိုင်တစီး ထပ်တိုးဖို့ လုပ်တော့ မိုင်းဆွဲခံရလိုက်ရတော့ ခရီးစဉ် ဖျက်သိမ်းလိုက်ရ တာပေါ့။ အခုလဲ ရန်ကုန်မှာ သံလမ်းက လေးလမ်းရှိတာကို သင်္ဃန်းကျွန်း၊ မလွှကုန်း တောက်လျှောက်လမ်းကို ဖယ် နေတယ်။ ဘာကြောင့်လဲတော့ မသိဘူး” ဟု လက်ရှိအခြေအနေကို ဧရာဝတီသို့ ပြောသည်။

လက်ရှိတွင် စစ်ကောင်စီအနေနှင့် ရထားပြေးဆွဲရာတွင် အသွားအပြန်ကို လမ်းကြောင်းတခုထဲကိုသာ အသုံးပြု၍ တလမ်းမောင်းစနစ်ဖြင့်သာ လုပ်ဆောင်နေပြီး မီးရထားခရီးစဉ်များကို ယခင် အရပ်သား အစိုးရလက်ထက်ကဲ့သို့ ပုံမှန် လည်ပတ်ပြေး ဆွဲနိုင်မရှိသေးကြောင်း ၎င်းက ပြောသည်။

RelatedPosts

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
475
မွန် လုပ်ငန်းရှင် ၁၅ ဦးကို အခွန်ရှောင်မှုဖြင့် စစ်ကော်မရှင် ဖမ်းဆီးစစ်ဆေး

မွန် လုပ်ငန်းရှင် ၁၅ ဦးကို အခွန်ရှောင်မှုဖြင့် စစ်ကော်မရှင် ဖမ်းဆီးစစ်ဆေး

24 December 2025
2.7k
သွင်းကုန်ထိန်းချုပ်မှု ကုန်ပစ္စည်း ပိုမိုရှားပါးလာ

သွင်းကုန်ထိန်းချုပ်မှု ကုန်ပစ္စည်း ပိုမိုရှားပါးလာ

22 December 2025
649

ဘူတာရုံများတွင် လက်မှတ်ရောင်းသည့် စာရေးများ မရှိသဖြင့်လည်း မီးရထားလက်မှတ်များကို ယခင်ကဲ့သို့ ရုံများတွင် လက်မှတ်ဖြတ်၍ မရဘဲ ရထားပေါ်ရောက်မှသာ စစ်ကောင်စီခန့် မီးရထားဗိုလ်များက လက်မှတ်ဖြတ်ခြင်းများကို ပြု လုပ်ကြောင်း ၎င်းက ရှင်းပြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်က စတင်ပြေးဆွဲခဲ့သည့် ရန်ကုန်- မော်လမြိုင်လူစီး ညရထား ပြေးဆွဲမှုကိုပင် ဒီဇင်ဘာလ ၁၃ ရက်၊ ညပိုင်းက မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာနှင့် ဒုံးဝန်းဘူတာကြားရှိ ကုန်ရထားတစီး မိုင်းဆွဲခံရ ပြီးနောက် လုံခြုံရေးအရ ဒီဇင်ဘာလ ၁၈ ရက်တွင် ညပိုင်းပြေးဆွဲသည့် ခရီးစဉ်ကို ယာယီ ဖျက်သိမ်းခဲ့ရသည်။

ရန်ကုန်- မန္တလေး ရထားပြေးဆွဲမှုအနေဖြင့် ယခင်က တနေကုန် ခရီးစဉ်ရှိသော်လည်း ယခုအချိန်တွင် တစီးတက်၊ တစီးဆင်းနှင့် ပြေးဆွဲနေသလို ရန်ကုန်- ပြည်၊ ရန်ကုန်-မော်လမြိုင် ခရီးစဉ်များမှာလည်း လက်ရှိတွင်နေ့ပိုင်း ပြေးဆွဲမှုသာ ရှိသလို တခြားလမ်းပိုင်း ဖြစ်သော ရန်ကုန်- နေပြည်တော်၊ ရန်ကုန်- မန္တလေး စသည့် လမ်းပိုင်းများမှာ ပုံမှန် ပြန် မဖြစ်သေးကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့မှ ထွက်ခွာသည့် ရထားများလည်း မန္တလေး-ရန်ကုန် ခရီးစဉ် တခုသာ ရှိပြီး မန္တလေး-ပုဂံ၊ မန္တလေး-ပခုက္ကူ၊ မန္တလေး- ကောလင်း၊ မန္တလေး-မြစ်ကြီးနား အစရှိသည့် ပြေးဆွဲမှုများမှာ လက်ရှိအချိန်ထိ ပြန်လည်ပြေးဆွဲနိုင် ခြင်း မရှိသေးပေ။

မြန်မာ့မီးရထား တိုင်း ၃ မှ တာဝန်ရှိသူ တဦးက “အထက်က ပြေးဆွဲဖို့ ပြောတာတော့ရှိတယ်။ ဒါပေမယ့် မန္တလေး-မြစ် ကြီးနား လမ်းပိုင်းဆိုရင် လမ်းပြင်ဖို့က ရက် ၂၀ လောက် ကြာမယ်။ ရွှေဘိုကျော်တာနဲ့ ပြင်ရမှာ အဲဒီမှာ လုံခြုံရေးက မပေးနိုင်ဘူး။ ဒါကြောင့် ပြေးဆွဲဖို့ စီစဉ်နေပေမယ့်လည်း မပြေးဆွဲနိုင်ဘူး” ဟု မန္တလေးလမ်းပိုင်း အခြေအနေကို ပြော ပြသည်။

စစ်ကောင်စီအနေဖြင့် CDM လုပ်ဆောင်နေသော ဝန်ထမ်းများကိုလည်း စိတ်ဓာတ်ကျဆင်းစေရန်အတွက် ရည်ရွယ်ပြီး မြန်မာ့ မီးရထားပြေးဆွဲမှုများ ပုံမှန်ပြန်၍ လည်ပတ်နေသယောင် ပြောဆိုလုပ်ဆောင်နေသော်လည်း လက်ရှိအချိန်ထိ ပုံမှန်လည်ပတ်နေသည့် အနေအထားမှာ မရှိသေးကြောင်း သိရသည်။

လက်ရှိ မီးရထား ပြေးဆွဲနေမှုများနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ မြန်မာ့မီးရထားသို့ ဧရာဝတီမှ မေးမြန်းရာတွင် တာဝန်ရှိသူတဦးက “ရထားတွေက ပုံမှန်ပြေးတယ်။ အခုလ ၂၁ ရက်ကနေပြီးတော့ ၂၀၂၃ ခုနှစ် ၁ လပိုင်းအထိ ပြန် ပြေးဆွဲမယ်။ ဒါက ရန်ကုန်- မန္တလေး အမှတ် ၅၊ ၆ အစုန် ရထားဖြစ်တယ်။ မော်လမြိုင် ညရထားကတော့ ပြန်ဖျက် သိမ်းတယ်။ မနက် ရထားအနေနဲ့ပဲ ထွက်တယ်။ မြို့ပတ်ရထားကတော့ အခု ၁၉ ရက်ကစပြီး ထပ်တိုးပါတယ်။ ပုံမှန် အတိုင်း ပြေးဆွဲဖို့ မလုံလောက်သေးဘူး။ ဟိုတလောက လမ်းပိုင်းမှာ ပစ်လို့ ညထွက်တဲ့ ရထားကို ဖျက်သိမ်းထား ရတယ်။ တိုးချဲ့ပြေးဆွဲဖို့တော့ စီစဉ်နေတယ်။ တခု ရှိတာက ကျနော်တို့က တိုးချဲ့ပြီး ဆွဲပေမယ့် ခရီးသည်မရှိရင် မဖြစ် ဘူးလေ။ ဒါကြောင့် ချိန်ဆပြီး လုပ်နေရတယ်” ဟု ပြောသည်။

ယခင် COVID-19 ရောဂါကူးစက် ပြန့်ပွားမှု မဖြစ်ပွားစဉ်က ရထားလမ်းကွန်ရက် တလျှောက်တွင် လူစီးအမြန်ရထား အစင်း ၄၀၊ လူစီးစာပို့ရထား ၅၂ စင်း၊ လူစီးကုန်တင်ရထား ၄၈ စင်း၊ ခရီးတို ရထား ၁၆ စင်း၊ ခရီးဝေး ရထား စုစုပေါင်း ၁၅၆ စင်းနှင့် မြို့ပတ်နှင့် ဆင်ခြေဖုံးရထားများကို တွဲဆိုင်း၂၁ ဆိုင်းဖြင့် ၁၆၈ ခေါက် ပြေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင်း ရထားစီး ခရီးသည်ဦးရေမှာ တရက်လျှင် လူဦးရေ ခြောက်သောင်းခန့်ရှိခဲ့ပြီး၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီး နောက်ပိုင်း၌ မြို့ပတ်ရထားစီး ခရီးသည်ဦးရေမှာ ရာဂဏန်းပင် မရှိတော့ကြောင်း စုံစမ်းသိရှိရ သည်။

မြို့ပတ်ရထားစီး ခရီးသည်တဦးက “ခရီးသည်က အရင်နဲ့ ယှဉ်ရင် တော်တော် နည်းသွားတယ်။ လက်မှတ်ရောင်း တာက လည်း အခု ဘူတာရုံမှာ မရောင်းတော့ဘူး။ အကုန် တံခါးပိတ်ထားတယ်။ ရထားပေါ်မှာ တက်ရောင်းတာ ထူးထူးဆန်း ဆန်းပဲ။ ရထားပေါ်မှာလည်း လက်နက်ကိုင်ထားတဲ့ လုံခြုံရေးတွေက တတွဲမှာ လေးယောက်လောက် ပါတယ်။ သူတို့နဲ့ ဈေးသည်တွေပဲ ရှိတာ များတယ်။ လူငယ်အရွယ် ကောင်လေးတွေ တက်လာရင် သူတို့က ဖုန်းတွေစစ် အိတ်တွေ ရှာတာမျိုး လုပ်တယ်။ အမှန်က ရထားစီးတာက ‌ဈေးလည်း သက်သာတယ်။ မြန်လည်းမြန် တော့ စီးကြတာလေ။ အခု ကျ ဗုံးပေါက်မှာ ကြောက်တာရယ်။ သူတို့ အဲဒီလို စစ်တာတွေရှိတော့ လူတွေက စိုးရိမ်စိတ်နဲ့ ရှောင်တဲ့အနေနဲ့ မစီးကြ တော့ဘူး” ဟု ပြောသည်။

အာဏာမသိမ်းခင် ကိုဗစ်ကာလအတွင်းမှာပင် ရထားပြေးဆွဲမှု အခေါက်ရေ လျော့ချထားသော်လည်း နေ့စဉ် ခရီးသည် ၃ ထောင်ကျော်အထိ မြို့ပတ်ရထားကို စီးနင်းမှုရှိသလို ရန်ကုန်- မန္တလေး ရထား ပြေးဆွဲမှုတွင်လည်း လူဦးထောင်ချီ လိုက်ပါ စီးနင်းကြောင်း ခရီးသည်များထံက သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် အာဏာရှင်ကို ဆန့်ကျင်သည့်အနေဖြင့် ပြည်သူများနှင့်အတူ ဌာနဆိုင်ရာ အသီးသီးရှိ ဝန်ထမ်းများက ပါဝင်လာရာတွင် မြန်မာ့မီးရထား ဝန်ထမ်းများဖြစ်သော တွဲရုံ၊ စက်ခေါင်းစက်ရုံ၊ မြို့ပတ် စက်ရုံ အစရှိသည့် မီးရထားဝန်ထမ်း အများစုကလည်း CDM လုပ်ရှားမှုကို ပူးပေါင်း ပါဝင်နေကြသည်။

You may also like these stories:

စစ်အာဏာရှင် စနစ်ဆိုးကို အမြစ်ဖြတ်ဖို့ ဝိုင်းကူနေတဲ့ CDM မီးရထားလုပ်သားကြီးများ

Your Thoughts …
Tags: စစ်ကောင်စီမြန်မာ့ရထား
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ပွဲပဋိပက္ခကြားက အမေတွေ

စစ်ပွဲပဋိပက္ခကြားက အမေတွေ

UN Security Council အစည်းအဝေးကျင်းပနေစဉ် / AFP

မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မဲခွဲမည်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved