• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မဲခွဲမည်

by ဧရာဝတီ
21 December 2022
in သတင်း
A A
UN Security Council အစည်းအဝေးကျင်းပနေစဉ် / AFP

UN Security Council အစည်းအဝေးကျင်းပနေစဉ် / AFP

7.6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ခြင်း ရပ်တန့်ရေး၊ ဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေး စသည့်တောင်းဆိုချက်များပါဝင်သော ဆုံးဖြတ်ချက်မူကြမ်းနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် မဲခွဲဆုံးဖြတ်ဖွယ်ရှိကြောင်း သံတမန် အသိုင်းအဝန်းမှ သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၁ ဖေဖော်ဝါရီလတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံ အစိုးရကို စစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် အရာရှိများကို ဖမ်းဆီးခဲ့ပြီး ဒီမိုကရေစီရေး တောင်းဆိုသူများကိုလည်း အကြမ်းဖက် သတ်ဖြတ်ဖြိုခွင်းခဲ့ချိန်မှစတင်၍ အကျပ်အတည်းများ ကျရောက်ခဲ့သည်။

အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်သော လုံခြုံရေးကောင်စီသည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ သဘောထားကွဲလွဲနေပြီး ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ပြင်းထန်သော အရေးယူမှုများ မလုပ်ရန် အကာအကွယ်ပေးနေကြောင်းလည်း သံတမန်များက ဆိုသည်။ လက်ရှိအချိန်အထိ လုံခြုံရေးကောင်စီတွင် ရိုဟင်ဂျာမွတ်ဆလင် ၇ သိန်း ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည့် မြန်မာစစ်တပ်က ဦးဆောင်သော ၂၀၁၇ ခုနှစ် စစ်ဆင်ရေး နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်အတွက်သာ သဘောတူညီမှု ရဖူးသည်။

ဗြိတိန်နိုင်ငံကရေးဆွဲထားသည့် အဆိုပါဆုံးဖြတ်ချက်မူကြမ်းနှင့်ပတ်သက်သော ဆွေးနွေးညှိနှိုင်းမှုများကို ပြီးခဲ့သော စက်တင်ဘာလမှစ၍ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ယင်းဆုံးဖြတ်ချက်ကိုအတည်ပြုရန် အဖွဲ့ဝင် အနည်းဆုံး ၉ နိုင်ငံက ထောက်ခံရန် လိုအပ်သလို ရုရှား၊ တရုတ်၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နှင့် ဗြိတိန်တို့က ဗီတိုအာဏာဖြင့် မပယ်ချရန်လည်း လိုသည်။

ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ် ဗက်စလီ နီဘန်ဇီယာက အဆိုပါ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း၊ သို့သော် မြန်မာအာဏာပိုင်များဘက်မှ လက်မခံနိုင်သော အချက်များ ပါဝင်ပါက ၎င်းတို့ဘက်မှ ပူးပေါင်းဆောင်ရွက်မှု မရှိမည်ကို စိုးရိမ်ကြောင်း ပြောသည်။

ထိုဆုံးဖြတ်ချက်မူကြမ်းနှင့်ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ တရုတ် သံတမန်များက လတ်တလောတွင် တုံ့ပြန်ခြင်း မရှိသေးပေ။

ဆုံးဖြတ်ချက်မူကြမ်းတွင် အာဏာသိမ်းစစ်ကောင်စီက ချမှတ်ထားသည့် အရေးပေါ်အခြေအနေနှင့် လုပ်ဆောင်ချက်များက မြန်မာပြည်သူများအပေါ် အထူးပြင်းထန်သော သက်ရောက်မှုများ ရှိမည်ကို နက်ရှိုင်းစွာစိုးရိမ်ကြောင်း ဖေါ်ပြထားသည်။

ထိုဆုံးဖြတ်ချက်မူကြမ်းတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) က ချမှတ်သည့် သဘောတူညီချက် ၅ ရပ်ပါဝင်သော ငြိမ်းချမ်းရေး အစီအစဉ်ကို ချက်ခြင်းအကောင်အထည်ဖေါ်ရန် တောင်းဆိုထားပြီး မြန်မာပြည်သူများ၏ လိုလားချက်များနှင့်အညီ ဒီမိုကရေစီ အလေ့အကျင့်များ၊ အဖွဲ့အစည်းများကို ပြန်လည်ထိန်းသိမ်းရန်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် တောင်းဆိုထားသည်။

ကိုးကား။ ။ Reuters

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်ကို ဟွန်ဆန်နှင့် တွေ့ခွင့်မပေးနိုင်ဟု စစ်ကောင်စီ ပြော

စစ်ကောင်စီ အသုံးတော်ခံ ကုလ အထူးသံတမန်

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
27
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
230
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
28

အာဏာခွဲဝေရေး ပြုလုပ်ရန် အကြံပြုခဲ့ခြင်း မရှိဟု ကုလအထူးကိုယ်စားလှယ်ရုံး ပြန်ရှင်း

စူပါမန်းပင် မြန်မာအကျပ်အတည်းကို မဖြေရှင်းနိုင်ကြောင်း ASEAN အထူးသံတမန်ပြော

စစ်ကောင်စီကို တရားဝင်မှုပေးခြင်း မဟုတ်ကြောင်း UN အထူးသံပြော

Your Thoughts …
Tags: ကုလသမဂ္ဂဆုံးဖြတ်ချက် မူကြမ်းမဲခွဲသံတမန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

by Chad de Guzman
18 June 2025
9k

မကြာသေးမီ ရက်သတ္တပတ်များတွင် နှစ်နိုင်ငံဆက်ဆံရေးသည် အန္တရာယ်သစ်များကြား ကျဆင်းသွားပြီး အတိတ်က အကြွင်းအကျန် ဖြစ်ခဲ့ပုံရသည့် သမိုင်းဝင် အားပြိုင်မှု ပြန်လည်မီးမွှေးလာသည်။

ကိုးကန့်ထိန်းချုပ် လားရှိုးမြို့သို့ ခရီးသွားခြင်း

ကိုးကန့်ထိန်းချုပ် လားရှိုးမြို့သို့ ခရီးသွားခြင်း

by Rebecca Ratcliffe
5 February 2025
8.5k

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှ တခါက စည်ကားသောမြို့ကြီးဖြစ်သည့် လားရှိုးမြို့ လမ်းမများသည် ယခင်ကထက် တိတ်ဆိတ်နေသည်။

ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ

ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ

by Rajiv Bhatia
11 August 2023
7.6k

မြန်မာနိုင်ငံသည် ပြည်တွင်းစစ်၊ စစ်ကောင်စီတပ်များနှင့် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုများအကြား အကြမ်းဖက် တိုက်ခိုက်မှုများကြား ညပ်နေသည်။

Next Post
ဦးရဲမင်းဦးနှင့် ဦးမင်းသူ  / ဧရာဝတီ

ဦးရဲမင်းဦးနှင့် ဦးမင်းသူတို့ကို စစ်ကောင်စီ ထပ်မံ ထောင်ဒဏ်ချ

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ သက်မွေးသင်တန်းကျောင်း  / ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းပိုင် ငွေနှင့်ပစ္စည်းများ သိမ်းယူရန် စစ်ကောင်စီလုပ်ဆောင်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved