• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle

ဂျာနယ်ကျော် မမလေး ပုံရေး အတ္ထုပ္ပတ္တိ စာအုပ် လှူဒါန်းပွဲ ကျင်းပမည်

by နိုင်စွမ်း
11 January 2017
in Lifestyle
A A
ဂျာနယ်ကျော် မမလေး ပုံရေး အတ္ထုပ္ပတ္တိ စာအုပ် လှူဒါန်းပွဲ ကျင်းပမည်
7.3k
VIEWS
Share on FacebookShare on Twitter

ဂျပန် နိပွန်ဖောင်ဒေးရှင်း (The Nippon Foundation) နှင့် မြန်မာ Moving Forward Together တို့ ပူးပေါင်း ပြုလုပ်သည့် ဂျာနယ်ကျော် မမလေး ပုံရေး အတ္ထုပ္ပတ္တိ စာအုပ် လှူဒါန်းပွဲကို ဇန်နဝါရီ ၁၂ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၊ အမှတ် (၁) အထက်တန်းကျောင်း၌ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ Moving Forward Together နှင့် ဂျပန် နိပွန်ဖောင်ဒေးရှင်းတို့သည် မြန်မာပြည်၏ ပညာပေး ပုံရေး အတ္ထုပ္ပတ္တိ စာအုပ်စီမံကိန်း ချမှတ်ကာ မြန်မာနိုင်ငံမှ အထင်ကရ ပုဂ္ဂိုလ်ကျော်များ၏ အတ္ထုပ္ပတ္တိကို ရုပ်ပုံဖြင့် ရေးဆွဲပြီး စာအုပ် ထုတ်ဝေကာ ၎င်းတို့၏ စီမံကိန်းနယ်များရှိ ကျောင်းများသို့ သွားရောက် လှူဒါန်းလျက် ရှိသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
131
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

“ကျမတို့ ပထမဆုံး ပုံရေး အတ္ထုပ္ပတ္တိ စာအုပ် ရေးဆွဲ ပြုစုခဲ့တာက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်အကြောင်းပါ။ ၂၀၁၅ ခုနှစ်က ထုတ်ဝေခဲ့တာဖြစ်ပြီး စီမံကိန်းဒေသရှိ ကျောင်းတွေကို လှူဒါန်းခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ်မှာတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပုံရေး အတ္ထုပ္ပတ္တိ စာအုပ်၊ အခုနှစ် ၂၀၁၇ မှာတော့ ဂျာနယ်ကျော် မမလေး အကြောင်း ပုံရေး အတ္ထုပ္ပတ္တိ စာအုပ်ပါ။ ဦးသန့်နဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ပုံရေး အထုပ္ပတ္တိကို ကာတွန်းဆရာကြီး ဦးတင်အောင်နီက ရေးဆွဲခဲ့ပြီး၊ အခု ဂျာနယ်ကျော် မမလေးကိုတော့ ဆရာ ဝလုံးက ရေးဆွဲပေးပါတယ်” ဟု Moving Forward Together ထူထောင်သူ ဒေါ်ကြည်ကြည်ငြိမ်းက ပြောသည်။

၎င်းသည် အာရှစွန့်ဦးတီထွင် စီးပွားရေး ဖွံ့ဖြိုးမှုကွန်ရက်- မြန်မာ ကုမ္ပဏီလိမိတက် (Entrepreneurship Development Network Asia – EDNA Myanmar Co., Ltd) တည်ထောင်သူနှင့် ဥက္ကဋ္ဌ တဦးဖြစ်ပြီး၊ Moving Forward Together (MFT) လူမှုကူညီရေး အဖွဲ့အစည်းကို ထူထောင်ကာ အမျိုးသမီးများနှင့် လူငယ်များ၏ လူမှုဘ၀ ကူညီမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

၁၉၆၂ ခုနှစ်က ထူထောင်ခဲ့သော ဂျပန်နိုင်ငံ အခြေစိုက် Nippon Foundation သည် အကျိုးအမြတ် မရည်ရွယ်ဘဲ ပညာရေး၊ ကျန်းမာရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် လှူဒါန်း အားပေး လုပ်ဆောင်နေသည့် အဖွဲ့အစည်း ဖြစ်ပြီး၊ မြန်မာနိုင်ငံ ဧရာဝတီတိုင်းအတွင်း မြို့နယ် ကျေးရွာများနှင့် တခြား ဒေသများရှိ အခြေခံပညာ ကျောင်းများ၊ စာကြည့်တိုက် နှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ အတွက် ငွေကြေးလှူဒါန်းလျက်သည်။

Your Thoughts …
Tags: ဂျာနယ်ကျော် မမလေး
နိုင်စွမ်း

နိုင်စွမ်း

ဧရာဝတီ

Similar Picks:

အာဂ အမျိုးသမီး

အာဂ အမျိုးသမီး

by လူထုဒေါ်အမာ
28 April 2024
1.6k

မတင်လှိုင်ဟာ သူယုံကြည်တာကို အစက အဆုံး ဘဝ နိဂုံးအထိ ရွပ်ရွပ်ချွံချွံ လုပ်သွားပေတာပဲ… မတင်လှိုင်ဟာ အာဂ အမျိုးသမီး လို့ ပြောစမှတ် ကျန်ရစ်စေနိုင်ခဲ့သူပါ ကလားလို့…

Next Post
ဥရောပကော်မရှင် ဆိုင်ရာ သံအမတ်အဖြစ် ဦးသောင်းထွန်းကို တွေ့ရစဉ် / ဥရောပ ကော်မရှင်

အမျိုးသား လုံခြုံရေး ဆိုင်ရာ အကြံပေး ဦးသောင်းထွန်း

/ ယုမွန်ကျော် / ဧရာဝတီ

၃ ကြိမ်မြောက် နိုဘယ်လ်-မြန်မာ ရသ စာပေပွဲတော် ကျင်းပမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved