• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Coronavirus Update

ထိုင်ဝမ်မှာ ကိုဗစ် ပြည်တွင်းကူးစက်မှု ၈ လအတွင်း ပထမဆုံး ပြန်တွေ့ရှိ

by Aurora
23 December 2020
in Coronavirus Update
A A
ထိုင်ဝမ်နိုင်ငံဟာ COVID-19 ရောဂါကို ကောင်းစွာ ထိန်းချုပ်နိုင်တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံဟာ COVID-19 ရောဂါကို ကောင်းစွာ ထိန်းချုပ်နိုင်တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။

2.4k
VIEWS
Share on FacebookShare on Twitter

ထိုင်ဝမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ပြည်တွင်းကူးစက်မှုတွေ ဧပြီလကစလို့ မရှိခဲ့ရာက ပထမဆုံးအကြိမ် ကူးစက်မှု ပြန်လည် တွေ့ရှိလာပါတယ်။ ကမ္ဘာပေါ်မှာ COVID-19 ကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့တဲ့ နိုင်ငံဖြစ်ပြီး ပြည်တွင်း ကူးစက်မှု မရှိတာ ရက်ပေါင်း ၂၅၅ ရက် ရှိခဲ့တာပါ။

ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ခဲ့တဲ့ ထိုင်ဝမ်နိုင်ငံမှာ ပြည်တွင်းကူးစက်မှု ပြန်လည် တွေ့ရှိခဲ့ကြောင်းကို ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၂ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အသက် ၃၀ အရွယ် အမျိုးသမီး တဦးဟာ COVID-19 ကူးစက်ခံရတဲ့ နိုင်ငံခြားသား လေယာဉ်မှူးတဦးနဲ့ ဒီဇင်ဘာ ၈ ရက်ကနေ ၁၂ ရက်ကြား ထိတွေ့မှုရှိခဲ့ပြီးနောက် ကူးစက်ခံရကြောင်း ထွက်ပေါ်ခဲ့တာပါ။

ထိုင်ဝမ်ဟာ ဧပြီလ ၁၂ ရက်ကစလို့ ပြည်တွင်းကူးစက်မှု လုံးဝ မရှိဘဲ ပြည်က ပြန်လာသူတွေမှာသာ ဗိုင်းရပ်စ် ကူးစက်မှုတွေ ရှိခဲ့တာပါ။ နိုင်ငံကို ဝင်လာတဲ့ ပြည်ပက ပြန်လာသူတိုင်း မဖြစ်မနေ Quarantine ဝင်ရပြီး ဆေးစစ်ချိန်မှာ ပိုးကူးစက်ခံရကြောင်း သိရတာနဲ့ သီးခြားခွဲ နေစေပါတယ်။

ဒီဇင်ဘာ ၂၂ ရက်မှာ ပြည်တွင်း ကူးစက်မှုအပြင် ပြည်ပက ပြန်လာသူ ၃ ဦးလည်း ပိုးကူးစက်ခံထားရလို့ စုစုပေါင်း ထိုင်ဝမ်မှာ ကပ်ရောဂါ စတင်ချိန်ကစလို့ ကူးစက်ခံရသူ ၇၇၀ ဦး ရှိပါပြီ။

၂၃ သန်းသော ပြည်သူတွေနေထိုင်ရာ ထိုင်ဝမ်ကျွန်းဟာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးမှာတော့ ထိပ်တန်းနိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။ COVID-19 ပထမဆုံး အတည်ပြုလူနာ ထွက်ပေါ်ခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်တည်းက တရုတ်နိုင်ငံ၊ ဝူဟန်ကနေ လေကြောင်းနဲ့ ဝင်လာသူတိုင်းကို စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာကို ဇန်နဝါရီ ၂၁ ရက်က စတင်တွေ့ရှိပြီးနောက် ဝူဟန်ကနေ လာမယ့် ခရီးသည်တွေကို ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ ဒါ့အပြင် မတ်လကစလို့ သံတမန် မိသားစုနဲ့ အထူး ပြည်ဝင်ခွင့်ဗီဇာ ကိုင်ဆောင်ထားသူက လွဲလို့ နိုင်ငံခြား ခရီးသွား အားလုံးကို ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
124
သဇင်ပန်း

သဇင်ပန်း

10 January 2026
134
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
311

တချိန်တည်းမှာပဲ ထိုင်ဝမ်အစိုးရဟာ ဗိုင်းရပ်စ်ကူးစက်သူတွေကို ခြေရာခံလိုက်နိုင်မယ့် အစီအစဉ်တွေချမှတ်ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ခဲ့တာကြောင့် ပြည်တွင်း ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကျန်းမာရေးတာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၁ ရက်က ဗိုင်းရပ်စ် မျိုးဗီဇကွဲ ကူးစက်မှု မြင့်တက်နေတဲ့ ယူကေနိုင်ငံကို ကမ္ဘာ့ နိုင်ငံတွေက ပြည်ဝင်ခွင့် ပိတ်ပင်ထားပေမယ့် ထိုင်ဝမ်ကတော့ လုံလောက်တဲ့ ကာကွယ်ရေးအစီမံတွေ ရှိလို့ ပိတ်ပင်ဦးမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ်ဟာ ၈ လကျော်ကြာ ပြည်တွင်းကူးစက်မှု မရှိခဲ့တဲ့ နောက်ထပ် အကြောင်းရင်းက Quarantine ဝင်နေသူတွေကို ပြင်းထန်တဲ့ စည်းကမ်းတွေနဲ့ တင်းကျပ်ထားတာကြောင့် ဖြစ်ပါတယ်။ ဒီဇင်ဘာ အစောပိုင်းမှာ ဟိုတယ် Quarantine ဝင်နေတဲ့ ဖိလစ်ပိုင် ရွှေ့ပြောင်းလုပ်သားကို နေထိုင်ရာ အခန်းကနေ ၈ စက္ကန့်ကြာ အပြင်ထွက်ခဲ့လို့ အမေရိကန် ဒေါ်လာ ၃,၅၀၀ ဒဏ်ငွေ ချမှတ်ခဲ့ပါတယ်။

ကူးစက်မှု မရှိရာက ရုတ်တရက် ဆိုသလို ကူးစက်မှု ပြန်ရှိလာတာဟာ အာရှတိုက်မှာ ထိုင်ဝမ် တနိုင်ငံတည်း မဟုတ်ပါဘူး။ ဟောင်ကောင်၊ တောင်ကိုရီးယားနဲ့ ဂျပန်တို့မှာလည်း ထိန်းချုပ်ထားနိုင်ရာကနေ လက်ရှိမှာ ကူးစက်မှုနှုန်းတွေ မြင့်တက်နေပါတယ်။

ထိုင်းနိုင်ငံမှာလည်း ဘန်ကောက်မြို့ပြင်နားက ပင်လယ်စာဈေးနဲ့ ဆက်စပ်နေတဲ့ အစုလိုက် ကူးစက်မှုပေါင်း ၅၀၀ ကျော် တနေ့တည်း တွေ့ခဲ့ရပါတယ်။ အစုလိုက် ကူးစက်မှုကြောင့် ခရစ္စမတ်နဲ့ နှစ်သစ်ကူးပွဲတွေကိုပါ ဖျက်သိမ်းလိုက်ပြီး ဆေးစစ်နှုန်းကိုလည်း ထပ်မံတိုးမြင့် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ထိုင်ဝမ်ကတော့ တခြား အာရှနိုင်ငံတွေနဲ့ မတူဘဲ ပထဝီဝင် သဘောအရ သီးခြားဖြစ်တည်နေတဲ့ ကျွန်းနိုင်ငံဖြစ်လို့ ကူးစက်မှု ထိန်းချုပ်ရေးနဲ့ ခြေရာခံနိုင်ရေးမှာ အားသားချက်တွေ ရှိပါတယ်။

Ref: edition.cnn

Your Thoughts …
Tags: Quarantineထိုင်ဝမ်ပြည်တွင်းကူးစက်မှုပြည်ဝင်ခွင့်
Aurora

Aurora

Contributor

Similar Picks:

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

by မောင်ကဝိ
15 November 2024
6.1k

"အမေရိကန်က လုပ်နေနိုင်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တရုတ်က စိုးရိမ်တယ်။ CIA နဲ့ ထိုင်ဝမ် သူလျှိုတွေနဲ့ပတ်သက်ပြီး တရုတ်က သိချင်တယ်"

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

တရုတ်ကာကွယ်ရေးဝန်ကြီး ပျောက်ကွယ်နေသည့် ပဟေဠိ

by ဧရာဝတီ
19 September 2023
5.7k

ကာကွယ်ရေးဝန်ကြီးနှင့် တရုတ်အစိုးရတွင် အရေးပါသည့် နိုင်ငံတော်ကောင်စီဝင် ဗိုလ်ချုပ်ကြီး လီရှန်းဖုကို စုံစမ်းစစ်ဆေးရန် ဖမ်းဆီးထားသည်

ရှမ်းမြောက် ညီနောင်မဟာမိတ်များ၏ အောင်ပွဲတွင် တရုတ်၏အခန်းကဏ္ဍ

ရှမ်းမြောက် ညီနောင်မဟာမိတ်များ၏ အောင်ပွဲတွင် တရုတ်၏အခန်းကဏ္ဍ

by Song Danyang
18 January 2024
5.1k

တရုတ်၏ ခွင့်ပြုချက်မရဘဲ ထိုဒေသများကို ထိန်းချုပ်ရေး ခက်ခဲသည်ကို စစ်ကောင်စီတပ်များ သဘောပေါက်သောအခါ စိတ်ဓာတ်ကျဆင်းခဲ့မည်။

အဂတိ၊ ဖြုတ်ထုတ်မှုနှင့် သံသယကြား တရုတ်စစ်တပ် စစ်တိုက်နိုင်မည်လော

အဂတိ၊ ဖြုတ်ထုတ်မှုနှင့် သံသယကြား တရုတ်စစ်တပ် စစ်တိုက်နိုင်မည်လော

by Ankit K
11 March 2025
4.7k

ထိပ်ဆုံးမှ ထိုအပြောင်းအလဲများက သမ္မတ ရှီကျင့်ဖျင်သည် သူ ဆယ်စုနှစ်တခုကျော် ကွပ်ကဲခဲ့သောစစ်တပ်ကို ပြုပြင်ရန် မလုပ်နိုင်ကြောင်း ပြသနေသည်။

တရုတ်သြဇာ နယ်စပ်ဖြတ်ကျော် ကြီးထွားလာနေသည်

တရုတ်သြဇာ နယ်စပ်ဖြတ်ကျော် ကြီးထွားလာနေသည်

by Vaishali Basu Sharma
9 September 2024
3.2k

ပိုမိုအရှိန်အဝါ ကြီးမားလာပြီး သြဇာပြလာသည့် တရုတ်နိုင်ငံသည် နိုင်ငံရေးနှင့် စစ်ရေးအင်အားများကို ပိုမိုပြသလာကာ တင်းမာမှုများကို မြင့်လာစေသည်။

တရုတ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး စိန်ခေါ်

တရုတ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး စိန်ခေါ်

by ဧရာဝတီ
2 June 2025
2.4k

အရှေ့တောင်နှင့် အရှေ့အာရှကို လွှမ်းမိုးထိန်းချုပ်ရန် တရုတ်၏ အကြံအစည်များကို ခုခံရန် အမေရိကန် ပြည်ထောင်စု၏ အားထုတ်မှုကို အရှိန်မြှင့်တင်မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က စနေနေ့တွင်ပြောသည်။

Next Post
သရုပ်ဆောင် ဒေါင်း  / Daung's Facebook

ဇာတ်လမ်းတွဲ ရိုက်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ သရုပ်ဆောင် ဒေါင်း

ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ခဲ့တဲ့ အန္တာတိကတိုက်

အန္တာတိကတိုက်မှာ ပထမဆုံး COVID-19 ကူးစက်မှု တွေ့ရှိ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved