• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဇာတ်လမ်းတွဲ ရိုက်ဖို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ သရုပ်ဆောင် ဒေါင်း

by ချစ်ပိုး
23 December 2020
in Entertainment
A A
သရုပ်ဆောင် ဒေါင်း  / Daung's Facebook

သရုပ်ဆောင် ဒေါင်း / Daung's Facebook

3.1k
VIEWS
Share on FacebookShare on Twitter

သရုပ်ဆောင် ဒေါင်းက ထိုင်းအနုပညာရှင်တွေနဲ့အတူ“From Chaophraya to Ayeyarwaddy” (ကျောက်ဖယားမှ ဧရာဝတီသို့) ဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးဖို့ ထိုင်းနိုင်ငံကို ရောက်နေတယ်လို့ သူ့ရဲ့ Facebook စာမျက်နှာကတဆင့် ပရိသတ်တွေကို အသိပေးထားပါတယ်။

“ကျနော် “From Chaophraya to Ayeyarwaddy” ဇာတ်လမ်းတွဲ ရိုက်ကူးဖို့ ဘန်ကောက်ကို ရောက်နေပါတယ်။ ဒီနေ့နဲ့ဆို Quarantine ဝင်နေတာ ၄ ရက် ရှိသွားပါပြီ။ ဒီဇာတ်ကားက ထိုင်းက အနုပညာရှင်တွေရယ်၊ မြန်မာအနုပညာရှင်တွေရယ် အတူပူးပေါင်း ပါဝင် ရိုက်ကူးကြမယ့်ကားဖြစ်ပြီး ထိုင်းဒါရိုက်တာ Chartchai Ketnust ရိုက်ကူးမှာ ဖြစ်ပါတယ်”လို့ ဒေါင်းက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ Quarantine ဝင်နေရတဲ့ ဒေါင်းဟာ အချိန်အားရင် အားသလို စာဖတ်ပြတဲ့ Live လွှင့်ဖို့ ကြိုးစားပါ့မယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ဒေါင်း (ဓာတ်ပုံ – Daung’s Facebook)

“Quarantine ကာလပြီးသွားရင် Training လည်း ဝင်ရမှာဖြစ်တဲ့အတွက် ကျနော် အချိန်အားရင် အားသလို စာဖတ်ပြတဲ့ Live လွှင့်ဖို့ ကြိုးစားပါ့မယ်။ ပျက်ကွက်မှုများ ရှိခဲ့ရင်လည်း ခွင့်လွှတ် နားလည်ပေးကြဖို့ ကြိုတောင်းပန်ပါရစေ။ ဒီကြားထဲမှာ စာဖတ်ပြတာ နားထောင်ချင်ခဲ့ရင် Daung Reading Club Group ထဲမှာ ဝင်ရောက် နားဆင်နိုင်ကြပါတယ် ခင်ဗျ”လို့ ဒေါင်းက ပြောပါတယ်။

“From Chaophraya to Ayeyarwaddy” ဇာတ်လမ်းတွဲကို ထိုင်းဒါရိုက်တာ Chartchai Ketnust ရိုက်ကူးမှာဖြစ်ပြီး မြန်မာ အနုပညာရှင်တွေအဖြစ် ဒေါင်းနဲ့အတူ အလှမယ် နှင်းသွေးယုအောင်လည်း ပါဝင် သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ထိုင်းဒါရိုက်တာ Chartchai Ketnust ကတော့ ၂၀၁၆ ခုနှစ်က စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့ ပါဝင်တဲ့ “From Bankgok to Mandalay” ၊ ၂၀၁၉ ခုနှစ်အတွင်းက နိုင်းနိုင်း၊ ဒေါင်းနဲ့ ဝတ်မှုံရွှေရည်တို့ ပါဝင်တဲ့ “The Only Mom” (လိပ်ပြာစံအိမ်) တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
104
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
304
အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

အင်ဒိုနီးရှား မြို့တော် ဂျကာတာ ကမ္ဘာ့ အကြီးဆုံးမြို့ ဖြစ်လာ

4 January 2026
1.8k

“From Chaophraya to Ayeyarwaddy” ဇာတ်လမ်းတွဲကိုတော့ Thai PBS ရုပ်သံလိုင်းကနေ တီဗီ စီးရီးအဖြစ် ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်မှာတော့ ရုပ်ရှင်ဇာတ်ကားအဖြစ် ပြသသွားမှာ ဖြစ်ပါတယ်။

သရုပ်ဆောင် ဒေါင်း (ဓာတ်ပုံ – Daung’s Facebook)

သရုပ်ဆောင် ဒေါင်းဟာ ကိုဗစ်ကာလမှာ ပရိသတ်တွေကို သူ့ရဲ့ Facebook ကနေ Live လွှင့်ကာ ဝတ္ထုတိုများ၊ ကဗျာများ ဖတ်ပြနေတာ တွေ့ရပါတယ်။ ဒေါင်းက ဒီလို စာဖတ်ပြတဲ့ အစီအစဉ်ကို အပတ်စဉ် ပြုလုပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ Daung Reading Club Group မှာလည်း စာဖတ်ပြလျက် ရှိပါတယ်။

You may also like these stories:

စာဖတ်ခြင်း အလေ့အထ ပိုမိုပျံ့နှံ့စေရန် ရည်ရွယ်တဲ့ “Daung Reading Club”

Your Thoughts …
Tags: From Chaophraya to Ayeyarwaddyဇာတ်လမ်းတွဲဒေါင်း
ချစ်ပိုး

ချစ်ပိုး

ဧရာဝတီ

Similar Picks:

မှန်ရိပ်ကလေး

မှန်ရိပ်ကလေး

by အောင်သင်း
28 December 2025
185

မှန်ရိပ်ကို တကယ်ထင်မှားပြီး ဝမ်းမြူးစွာ အစာကောက်နေသည့် ဥဒေါင်းပျိုမလေးကို ကြည့်ရင်း ကာမဘုံသားတို့၏ သနားစရာ ဘဝကို တရားကျမိလျက် ကရုဏာ ပွားနေမည်...

သရုပ်ဆောင် နန်းစန္ဒာလှထွန်း  / Nan Sandar Hla Htun's Facebook

လယ်တွင်းသားစောချစ်ရဲ့ ဝတ္ထုကို ဖတ်ပြီး ၃ ခေါက် ငိုခဲ့ရတဲ့ နန်းစန္ဒာလှထွန်း

by ယုဖြူဟန်
6 October 2019
10.9k

ဒီဇာတ်လမ်းကို ဖတ်ပြီးတော့ ယောကျ်ားတွေ တယောက်မှ ကောင်းတယ်လို့ မမြင်ချင်တော့ဘူး ဖြစ်သွားတယ်”လို့ နန်းစန္ဒာလှထွန်းက ပြောပါတယ်။

ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်ကားရဲ့ သရုပ်ဆောင်အလှမယ်နှင်းသွေးယုအောင်နှင့် ထိုင်းမင်းသမီး ထိုင်းမင်းသမီး Tangtang Nattaruchi Witsawanaraph

ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်ကားရဲ့ ပရိတ်သတ်ပါလို့ဆိုတဲ့ အလှမယ်နှင်းသွေးယုအောင်

by ဧရာဝတီ
6 January 2022
10.2k

နှင်းသွေးလို လူမျိုးတောင် ဒီလောက်ထိ ဆုံးရှုံးရတယ်။ ငါ အနုပညာတွေ ဆက်လုပ်လို့ မရဘူးဆိုတဲ့ စိတ်ဖြစ်တယ်ဆိုတော့ အကုန်လုံးကတော့ ဒီထက်ပိုပြီး ဆုံးရှုံးရသူတွေအတွက် နှင်းသွေးက ပိုပြီး စိတ်ထိခိုက်ရပါတယ်။

ကလေးသရုပ်ဆောင် အားကိုးရာ / အားကိုးရာ Facebook

“မမှီဝဲနဲ့ ကင်းအောင်နေ” ဇာတ်လမ်းတွဲမှာ ပါဝင်တဲ့အကြောင်း ပြောပြတဲ့ အားကိုးရာ

by ချစ်ပိုး
5 December 2020
9k

"ဒေါင်းယာဉ်ပျံဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်" ဇာတ်ကား ရိုက်နေပါတယ်။ ဇာတ်ကားထဲမှာ ကိုကြီး ကျော်ထက်ဇော်ရယ်၊ မမ နန်းစန္ဒာလှထွန်းရယ်၊ မမ နန်းဒေဝီရယ် ပါပါတယ်။

သရုပ်ဆောင် ဒေါင်း  / ဧရာဝတီ

မင်းသိင်္ခရဲ့ ဝတ္ထုတွေနဲ့ ဇာတ်ကောင်တွေကို အလွတ်ရနေတဲ့ သရုပ်ဆောင် ဒေါင်း

by မန်းသူ
5 May 2019
11k

ကျနော်က ဘယ်နေရာက သရုပ်ဆောင်ရ၊ ဆောင်ရပါ။ သေချာတာကတော့ ဆရာ မင်းသိင်္ခ ဘယ်ဇာတ်လမ်းမှာ ဘာကိုပြောချင်လဲဆိုတာ ကျနော် ကောင်းကောင်းသိတယ်"လို့ ဒေါင်းက ပြောပါတယ်။

သရုပ်ဆောင် ဒေါင်း

အာဏာရှင် မပြုတ်မချင်း ပြည်သူတယောက်အနေနဲ့ ဆက်လုပ်နေမှာပဲ

by ဧရာဝတီ
4 October 2021
56.3k

ကျနော် အနုပညာ အလုပ်လုပ်တာ ဖြစ်တဲ့အတွက်၊ ပြည်သူအများနဲ့ သက်ဆိုင်တာ ဖြစ်တဲ့အတွက် ကျနော်တို့ အနုပညာသမားတွေ ကိုယ်တိုင်လည်း ဒီဟာကို လက်မခံဘူးဆိုတာ ပြည်သူတွေနဲ့အတူ ရပ်တည်တဲ့ သဘောပဲပေါ့။ အဲဒီလိုနဲ့ပဲ ကျနော် ဒီတော်လှန်ရေးထဲမှာ ပါဝင်ဖြစ်တာပဲ။ အစက...

Next Post
ကိုရိုနာဗိုင်းရပ်စ် ကင်းစင်ခဲ့တဲ့ အန္တာတိကတိုက်

အန္တာတိကတိုက်မှာ ပထမဆုံး COVID-19 ကူးစက်မှု တွေ့ရှိ

Stay Home နေလို့မရသူများ (ရုပ်/သံ)

Stay Home နေလို့မရသူများ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved