• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်ကားရဲ့ ပရိတ်သတ်ပါလို့ဆိုတဲ့ အလှမယ်နှင်းသွေးယုအောင်

by ဧရာဝတီ
6 January 2022
in အင်တာဗျူး
A A
ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်ကားရဲ့ သရုပ်ဆောင်အလှမယ်နှင်းသွေးယုအောင်နှင့် ထိုင်းမင်းသမီး ထိုင်းမင်းသမီး Tangtang Nattaruchi Witsawanaraph

ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်ကားရဲ့ သရုပ်ဆောင်အလှမယ်နှင်းသွေးယုအောင်နှင့် ထိုင်းမင်းသမီး ထိုင်းမင်းသမီး Tangtang Nattaruchi Witsawanaraph

10.2k
VIEWS
Share on FacebookShare on Twitter

ထိုင်းရုပ်သံလိုင်းတခုဖြစ်သည့် Thai PBS တွင် ဒါရိုက်တာ ချတ်ချိုင်း ကတီနတ် ရိုက်ကူးသည့် “From Chao Phraya to Irawaddy” (ကျောက်ဖရားမှ ဧရာဝတီသို့) ဒရာမာ စီးရီး အပိုင်း (၁) နှင့် (၂) ကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ပြသသွားသည်။

ထိုင်း – မြန်မာ ချစ်ကြည်ရေးအတွက် ရည်ရွယ်သည့် အဆိုပါ ဇာတ်ကားတွင် ထိုင်းအနုပညာရှင်များနှင့်အတူ မြန်မာသရုပ်ဆောင် မင်းသား ဒေါင်းနှင့် အလှမယ် နှင်းသွေးယုအောင်တို့ ပါဝင်ကာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် စတင်ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။

ဇာတ်လမ်းမှာ ကုန်ဘောင်းခေတ်နှင့် အယုဒ္ဓယ ခေတ်နှောင်းပိုင်းကို အခြေခံထားခြင်းဖြစ်ပြီး ထိုင်းမိန်းလေး နုချနာ တယောက် ရန်ကုန်တွင် လက်ထောက် စားဖိုမှူး အလုပ်စခဲ့ရာ မိတ်ဆွေ မဇင်ဇင်၊ စားဖိုမှူးခေါင်းဆောင် ပါခွန်တို့နှင့် တွေ့ဆုံကာ မြန်မာဘာသာဖြင့် ရေးထားသည့် နန်းတွင်း အီနောင်ဇာတ်တော်ကြီးကို ရရှိခဲ့ပြီးနောက် သူ၏ စိတ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ ကျော် ကုန်းဘောင်ခေတ်ဦး ဆင်ဖြူရှင်မင်း လက်ထက် ယိုးဒယား စစ်သုံ့ပန်းဖြစ်ခဲ့ရသည့် အတိတ်ကို မျောလွင့်သွားခဲ့သည်။ ထိုကာလတွင် မောင်စ ခေါ် မြဝတီမင်းကြီးဦးစ (မင်းသားဒေါင်း) နှင့် တွေ့ဆုံရသည့် အကြောင်းအရာများ၊ အချစ်အလွမ်း သမိုင်းကြောင်း ရောယှက်ကာ ရိုက်ကူးထားခြင်း ဖြစ်သည်

ထို့အတွက် အဆိုပါ ဇာတ်လမ်းတွဲတွင် ပါဝင်သည့် အလှမယ် နွင်းသွေးယုအောင်ကို ဧရာဝတီ သတင်းဌာနက ဆက်သွယ်ကာ သူ၏ ဇာတ်ကောင်စရိုက်၊ ဇာတ်လမ်း ရိုက်ကူးစဉ် ကြုံတွေ့ရသော အခက်အခဲများနှင့် မျက်နှာသစ် သရုပ်ဆောင်တဦး၏ အေတွ့အကြုံများ၊ ပြင်ဆင်ခဲ့ရပုံများကို မေးမြန်းထားသည်။

အလှမယ် နှင်းသွေးယုအောင်သည် မြန်မာ မော်ဒယ်နှင့် အလှမယ် တဦးဖြစ်ပြီး (၆) ကြိမ်မြောက် မယ်စကြဝဠာ မြန်မာ (၂၀၁၈) ခုနှစ် ပြိုင်ပွဲတွင် သရဖူ ရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံတွင် ကျင်းပသော ၂၀၁၈ ခုနှစ်၊ မယ်စကြာဝဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ ဖြစ်သည်။

ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်ကား၏ ဇတ်ဝင်ခန်းတွင် တွေ့ရသည့် အလှမယ် နှင်းသွေးယုအောင်

မေး။ ။ ပထမဆုံး ဒီ “From Chao Phraya to Irrawaddy” ဇာတ်လမ်းတွဲမှာ ပါဝင်တဲ့ နှင်းသွေးရဲ့ ကာရိုက်တာ အကြောင်း မိတ်ဆက်ပေးပါဦး။

ဖြေ။ ။ အဓိကကတော့ ရိုးရိုးရှင်းရှင်းလေးပဲ ပြောရမယ်ဆိုရင် ထိုင်းမင်းသမီးလေး နုချနာနဲ့ အရင်းနှီးဆုံး သူငယ်ချင်း တယောက်အနေနဲ့ ဒီကားထဲမှာ ပါထားတယ်။ နောက်ထပ် စိတ်ဝင်စားစရာ ကာရိုက်တာ အချိုးအကွေ့လေး ကတော့ ဇာတ်ကားထဲမှာပဲ ကြည့်ပေးပါလို့။ အဓိက နှင်းသွေးရဲ့ သူငယ်ချင်း နုချနာကို အရိပ်တကြည့်ကြည့်နဲ့ သူ့ရဲ့ လိုအင်တွေ၊ သူဘာတွေများ လိုအပ်နေတယ်ဆိုတာကို ဖြည့်ဆည်းပေးချင်တဲ့ ကောင်မလေး တယောက်အနေနဲ့ ပထမတပိုင်းမှာ ပါဝင်ထားတယ်။ ခေတ်နှစ်ခေတ်စလုံးမှာ နှင်းသွေး ပါဝင်ထားတယ်။

မေး။ ။ ဒီဇာတ်လမ်းမှာ နှင်းသွေးက ထိုင်းလိုကော၊ အင်္ဂလိပ်လိုကော စကားပြောတဲ့အခန်းတွေ ပါတယ်။ ထိုင်းစကား ကော နဂိုတည်းက ပြောတတ်တာလား။ ဘယ်လို လေ့လာခဲ့ရလဲ။

ဖြေ။ ။ နှင်းသွေးက တာချီလိတ်မှာ ကြီးပြင်းလာတာ၊ တာချီလိတ်က ထိုင်း-မြန်မာ နယ်စပ် ဖြစ်တယ်။ ထိုင်းရိုးရာ နည်းနည်း လွှမ်းမိုးမှု ရှိတဲ့ မြို့တမြို့ပေါ့။ အဓိကကတော့ အစားအသောက်တွေ၊ ဝတ်ပုံစားပုံတွေ၊ ငွေကြေးကအစ ထိုင်းဘတ်ပဲ သုံးတဲ့မြို့ပေါ့။ အစကတည်းက နှင်းသွေးက ရှမ်းပြည်နယ်၊ လဲချားမြို့မှာ နေခဲ့တာဆိုတော့ ရှမ်းပြည်နယ် တောင်ပိုင်းဘက်က ရှမ်းစကား ပြောတတ်တယ်။

RelatedPosts

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
116
ပုံပျက်ပန်းပျက် ရွေးကောက်ပွဲ (ရုပ်/သံ)

ပုံပျက်ပန်းပျက် ရွေးကောက်ပွဲ (ရုပ်/သံ)

29 December 2025
108
လူငယ်တဦး ပြောပြတဲ့ ကမ္ဘောဒီးယား ကျားဖြန့် ငရဲခန်း အတွေ့အကြုံ

လူငယ်တဦး ပြောပြတဲ့ ကမ္ဘောဒီးယား ကျားဖြန့် ငရဲခန်း အတွေ့အကြုံ

25 December 2025
1.5k

အလယ်တန်းရောက်တော့ တာချီလိတ် ပြောင်းသွားတယ်။ ထိုင်းစကားနဲ့ ရှမ်းစကားက နည်းနည်းဆင်တော့ ထိုင်းစကားက သူငယ်ချင်းတွေနဲ့ စကားပြောရင်း၊ သီချင်းတွေ နားထောင်ရင်း၊ ဇာတ်ကားကြည့်ရင်း စကားပြောတတ်သွားတာ။ ဒီဇာတ် ကားမှာလည်း ရှမ်းစကား ပြောတဲ့အခန်းတွေ ပါမယ်။ နှင်းသွေးက ရှမ်းတိုင်းရင်းသူတော့ မဟုတ်ဘူး။ ဗမာ စစ်စစ်ပါ။ ရှမ်းပြည်မှာ ကြီးပြင်းတာဆိုတော့ ရှမ်းစကား တတ်သွားတာ။

မေး။ ။ ဇာတ်ကားရဲ့ အပိုင်း (၁) မှာ နှင်းသွေးကို မြန်မာအက ကတာလေး တွေ့လိုက်ရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ဖြေ။ ။ ဇာတ်ကားက ထိုင်း-မြန်မာ ချစ်ကြည်ရေးကားပေါ့။ မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှု အနုပညာရသတွေ အများကြီး ပါမယ့် ဇာတ်ကားပေါ့။ ဒီဇာတ်ကားမှာ ကိုဒေါင်းတို့ဆိုလည်း ကတဲ့ အခန်းတွေ အများကြီးပါမယ်။ နှင်းသွေးဆိုလည်း ပထမ ပိုင်းမှာ ကတဲ့ အခန်း ပါလိုက်ပြီး နောက် အရင်ဘဝ (ရှေးခေတ်ဘဝ) မှာလည်း နှင်းသွေးတို့ အကတွေ၊ အနုပညာ တွေ၊ ဂီတတွေ အများကြီး ပါမယ်ဆိုတော့ ဒါက အမြည်းပြောပြတဲ့သဘောပေါ့။

မေး။ ။ အကပညာနဲ့ ပတ်သက်ပြီးတော့ကော ဘာတွေ လေ့လာပြင်ဆင်ခဲ့ရလဲ။

ဖြေ။ ။ နှင်းသွေးက အက ဝါသနာပါတယ် ငယ်ငယ်ကတည်းက ကရတာကို ကြိုက်တယ်။ ဒီဘက် ခေတ်အကလည်း ကြိုက်သလို၊ မြန်မာအကကိုလည်း တကယ် ကြိုက်တယ်။ ဒါပေမယ့် ဒီကားမတိုင်ခင်က ဘာမှ မလေ့လာဖြစ်ဘူး။ ကိုယ့် ကိုယ်ကိုယ် ဒီမြန်မာအက ကရတာ ကြိုက်မှန်း မသိခဲ့ဘူး။ ဒီဇာတ်ကားမှာ ဒါရိုက်တာက ကရမယ့်အခန်း နည်းနည်းပါမယ်၊ ကနိုင်မလားလို့ မေးတော့ နှင်းသွေးက မြန်မာအကကို တခါမှ မကဖူးဘူးလို့ ပြောတော့ သေချာလေး နှင်းသွေးတို့ရဲ့ ဇာတ်ကားထဲမှာ Coach လုပ်ပေးတဲ့သူတွေ အများကြီး ပါတယ်။ နှင်းသွေး ကရမယ့် အခန်းမှာ ဒီဇာတ်ကားထဲက သရုပ်ဆောင်တဦးက တကယ့် Professional Dancer၊ သူသင်ပေးတာ။ သူသင်ပေးတဲ့အချိန်မှာ On set မတိုင်ခင် အကကျင့်ပြီး ကပြ သရုပ်ဆောင်ခဲ့တာပါ။

မေး။ ။ ဒီဇာတ်ကားထဲက ဇာတ်ကောင်စရိုက်အတွက်ကော ဘာတွေ ပြင်ဆင်ခဲ့ရလဲ။

ဖြေ။ ။ မျက်နှာသစ် သရုပ်ဆောင်အနေနဲ့ နှင်းသွေး ပြင်ဆင်ရတာက ဒီအတိုင်းဆို ကိုယ့်ကိုယ်ကိုယ် အရမ်းကြီးသိမှာ မဟုတ်ဘူး။ ဒါရိုက်တာကော၊ ထုတ်လုပ်ရေးကော အရမ်းကို Pre-production ကောင်းတော့ နှင်းသွေးတို့ကို Acting Coach တွေနဲ့ လေ့ကျင့်ပေးတယ်။ အဲဒီ Acting Coach တွေကလည်း နှင်းသွေးတို့ကို Method Acting ကျွမ်းကျွမ်း ကျင်ကျင် တတ်မြောက်အောင် သရုပ်ဆောင် ပညာကို သင်ပေးခဲ့တယ်။ သူတို့နဲ့ လေ့ကျင့်မှုတွေ ယူခဲ့ရတော့၊ နှင်းသွေးက ပြင်ဆင်မှု အပိုင်းအနေနဲ့ ဇာတ်ကား မရိုက်ခင် တရက်မှာ ဘာလုပ်ရမယ်ဆိုတာကအစ သင်ယူခဲ့ရတော့ အဲဒီ မတိုင်ခင် ပြင်ဆင်ခဲ့ရတယ်။ အဲဒီမတိုင်ခင်လည်း တလ၊ နှစ်လ၊ ၃၊ ၄ လ ပြင်ဆင်ခဲ့တာတွေလည်း ရှိတယ်။

အလှမယ်နှင်းသွေးယုအောင်၊ ဒါရိုက်တာ ချတ်ချိုင်း ကတီနတ်၊ မင်းသားဒေါင်း

မေး။ ။ ဒီဇာတ်ကားရိုက်ဖို့ ဒါရိုက်တာ ပီနတ် (ချတ်ချိုင်း ကတီနတ်) နဲ့ ဘယ်လို ချိတ်ဆက် မိသွားတာလဲ။

ဖြေ။ ။ ပီနတ်နဲ့က ဒီကားမတိုင်ခင် “From Bangkok to Mandalay” နဲ့ “The Only Mom” (လိပ်ပြာစံအိမ်) ဇာတ်ကား တွေမှာ အရမ်းပေါက်ထားတဲ့ ဒါရိုက်တာ၊ သူ့ဇာတ်ကားတွေ သွားကြည့်ရတဲ့ အချိန်မှာ သူ့ဇာတ်ကားအပေါ် ပြင်ဆင် အား ထုတ်မှုကို ဒါရိုက်တာ တယောက်အနေနဲ့ နှင်းသွေး အထင်ကြီးလေးစားထားတယ်။ ထိုင်းကုန်စည်ပြပွဲတခုမှာ သူက သူ့ရဲ့ ဇာတ်ကားအတွက် Audition လာလုပ်တယ်။ ဒီဒါရိုက်တာဆိုတာနဲ့ နှင်းသွေးက Audition သွားအရွေးခံတယ် လာလျှောက် တဲ့သူတွေက အများကြီးမှာမှ နှင်းသွေးက ထိုင်းစကားတတ်တော့ သူ့ကို ထိုင်းလို နှုတ်ဆက်တယ်၊ ထိုင်းလိုပဲ ပြောတော့ သူက ဟာ … ဒီအလှမယ်က ထိုင်းစကားကို ဒီလောက်တောင် တတ်တာလားဆိုပြီး သူကလည်း ကိုယ့်ကို အထင်ကြီးပြီး တော့ သူသေချာ Audition ပြီးသွားတော့ ထိုင်းဘက်ကိုသွားပြီးတော့ သူ့ရဲ့ ထုတ်လုပ်ရေးနဲ့ တိုင်ပင်ပြီး နှင်းသွေးကို ပါဝင်ဖို့ ရွေးဖြစ်သွားတာပေါ့။

မေး။ ။ ဒီကားက ထိုင်း-မြန်မာ ချစ်ကြည်ရေး ဇာတ်လမ်းတွဲဖြစ်တယ်။ ဒီကားမှာ ကိုယ့်ရဲ့ မြန်မာ့ အငွေ့အသက်တွေ၊ ယဉ်ကျေးမှုတွေ၊ အနုပညာတွေ အများကြီး ချပြခွင့်ရတယ်။ အဲဒီအပေါ်မှာ နှင်းသွေးရဲ့ အတွေ့အကြုံနဲ့ ခံစားချက်ကို ပြောပြပေးပါ။

ဖြေ။ ။ ကိုဗစ် မဖြစ်လို့ရှိရင် ဒီထက်ကို အများကြီး ကြီးကျယ် ခမ်းနားမယ့် ဇာတ်ကားပေါ့။ မြန်မာမှာ ရိုက်ရင် မြန်မာ့ အငွေ့အသက်တွေ ဒီထက်ကို အများကြီး ပါမှာ။ အခုလည်း သူတို့ အများကြီး ကြိုးစားပြီးတော့ ရအောင် လုပ်ထားတယ်။ သူတို့ ပြင်ဆင်မှုက အရမ်းကောင်းတော့လေ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ရိုက်ဖြစ်ရင် ဒီထက် ပိုကောင်းမယ်ဆိုတာ ယုံကြည် တယ်။ နှင်းသွေးအနေနဲ့ ဘာခံစားရလဲဆို ဒီဇာတ်ကားက ထိုင်းမှာကော၊ မြန်မာမှာကော ပြတဲ့အတွက် ထိုင်းလူမျိုးတွေ လည်း သိသွားမယ်။

နှင်းသွေးတို့ မြန်မာတွေလည်း၊ နှင်းသွေး ကိုယ်တိုင်လည်း တချို့ သမိုင်းတွေကို ဒီမတိုင်ခင်က မသိတာတွေကော၊ တချို့ ဇာတ်ဝင်ခန်းတွေမှာ နှင်းသွေး မပါတဲ့အခန်းတွေဆို ဘယ်လို လာမလဲဆိုတာကအစ စိတ်ဝင်စားစရာကောင်းတဲ့ သမိုင်း ကြောင်း တွေ အများကြီး၊ မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှု၊ အမွေအနှစ်၊ အနုပညာ၊ ဂီတ အကုန်လုံးကို မြင်ရမယ့် တကယ့် ရသမြောက်တဲ့ ဇာတ်ကား တခုပေါ့။ ဆိုတော့၊ နှင်းသွေးလည်း ဒီဇာတ်ကားရဲ့ ပရိသတ် ဖြစ်နေတယ်။ နှင်းသွေး မပါရတဲ့ ဇာတ်ဝင်ခန်းတွေမှာ သူတို့ ဘယ်လို ရိုက်ကူး ချပြမလဲဆိုတာ နှင်းသွေးကိုယ်တိုင်လည်း အရမ်း စိတ်ဝင်စားနေတယ်။

မေး။ ။ ဒီဇာတ်ကား ရိုက်ကူးစဉ်မှာ ကိုဗစ်ကာလလည်း ဖြစ်တယ်။ ဒါ့အပြင် ဇာတ်ကား ရိုက်ကူးစဉ် အာဏာသိမ်းမှုနဲ့ လည်း ကြုံလိုက်တော့ တချို့ ဇာတ်ဝင်ခန်းတွေ မြန်မာပြည်မှာ သွား မရိုက်လိုက်ရဘူးလို့ သိရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး တော့ ဘယ်လို အခက်အခဲ၊ နစ်နာမှုတွေ ကြုံခဲ့ရလဲ။

ဖြေ။ ။ ဒီဇာတ်ကား ရိုက်နေရင်းနဲ့ Coup (အာဏာသိမ်းမှု) ဖြစ်တယ်။ ဒီဇာတ်ကား ရိုက်မယ် လုပ်ကတည်းက ကိုဗစ်က စဖြစ်တော့ မြန်မာနိုင်ငံမှာ သူတို့ Crew တစုံလုံး အယောက် ၅၀ ကျော်၊ ၁၀၀ နီးပါးက မြန်မာနိုင်ငံကို အစက လာရိုက်ဖို့ အစီအစဉ် ရှိတယ်။ နောက်တော့ ကိုဗစ်ဖြစ်တယ်၊ Coup ဖြစ်တယ်ဆိုတော့ လာရိုက်လို့ မရတော့ နှင်းသွေးတို့ မြန်မာ သရုပ်ဆောင်တွေကို ထိုင်းဘက်ကို ခေါ်တယ်။

နှင်းသွေးအနေနဲ့ Coup ဖြစ်တာက တကြောင်း၊ ၅၀၅-က ထဲပါသွားတာက တကြောင်း၊ အမေရိကားဘက်ကို လာဖို့ အခြေအနေ ပေါ်လာတော့ နှင်းသွေးရဲ့ တချို့ ဇာတ်ဝင်ခန်းတွေကို မရိုက်ရဘဲ၊ ဖျက်ချလိုက်ရတာတွေ ရှိတယ်။ ဒါပေမဲ့ ဒါရိုက်တာရော၊ ထုတ်လုပ်ရေးကရော တကယ့်ကို ဒီဇာတ်ကားအတွက်ကော၊ နှင်းသွေးအတွက်ကော စဉ်းစားပြီးတော့ နှင်းသွေး တယောက်တည်း အခန်းတွေနဲ့ မင်းသမီးနဲ့ နှစ်ယောက်ခန်းတွေကို သူတို့ အားစိုက်ပြီး သီးသန့် ရိုက်ပေးတယ်။

အခက်အခဲတွေကတော့ အဲဒါတွေပေါ့။ တကယ်တမ်းတော့ အခုထက် ကြီးကျယ်ခမ်းနားတဲ့ အရာတွေ ပြလို့ရတယ်။ နှင်းသွေးရဲ့ ဇာတ်ဝင်ခန်းတွေလည်း ဖျက်ချခဲ့ရတယ်။ ဒါတွေကတော့ နှင်းသွေးအနေနဲ့ ဆုံးရှုံးမှုရော၊ ထုတ်လုပ်ရေး တခုလုံးရဲ့ ဆုံးရှုံးမှုပေါ့။ ကိုယ်မျှော်လင့်ထားသလောက် မဖြစ်ရပေမယ့် တော်တော်ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေ မြင်ရတော့ နှင်းသွေးအနေနဲ့ တော်တော် ဝမ်းသာပါတယ်။

မေး။ ။ ဒီလို အခက်အခဲတွေလည်း ကြုံခဲ့ရတော့ နှင်းသွေးအနေနဲ့ အနုပညာအလုပ်တွေကို ဘယ်လောက် ထိခိုက်သွားလဲ။

ဖြေ။ ။ အနုပညာ အလုပ်တွေကတော့ အခုအချိန်မှာ ဘာမှ လုပ်လို့မရဘူး။ တနိုင်ငံလုံး ထိခိုက်သွားတယ်။ နှင်းသွေး တယောက်တည်း ထိခိုက်တာ မဟုတ်ဘူး။ တကယ့်ကို အနုပညာမှ အနုပညာပဲ လုပ်မယ်ဆိုတဲ့သူတွေလည်း အများကြီး ထိခိုက်သွားတယ်။ နှင်းသွေး ဒီဇာတ်ကား မတိုင်ခင်က ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင်ရတာ ဝါသနာပါတဲ့ သွေးပါမှန်း မသိခဲ့ဘူး။ အခုမှ သိလိုက်ရတာ နှင်းသွေးသည် သရုပ်ဆောင်တာ ဝါသနာပါတယ်။ သရုပ်ဆောင်တာကို တကယ် ကြိုက်တယ်။ သရုပ်ဆောင်တာနဲ့ပဲ ဘဝကို အသက်မွေးသွားချင်တယ်။ နှင်းသွေးလို လူမျိုးတောင် ဒီလောက်ထိ ဆုံးရှုံးရတယ်။ ငါ အနုပညာတွေ ဆက်လုပ်လို့ မရဘူးဆိုတဲ့ စိတ်ဖြစ်တယ်ဆိုတော့ အကုန်လုံးကတော့ ဒီထက်ပိုပြီး ဆုံးရှုံးရသူတွေအတွက် နှင်းသွေးက ပိုပြီး စိတ်ထိခိုက်ရပါတယ်။

မေး။ ။ နှင်းသွေးကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က ထုတ်ထားတယ်။ အဲဒီအတွက် ဘာတွေ အခက်အခဲ ကြုံရလဲ။ အခုဆိုရင် ပြည်ပမှာ ပြောင်းရွှေ့ နေထိုင်နေတယ်။ အဲဒီအကြောင်းလည်း ပြောပြပေးပါဦး။ နှင်းသွေးရဲ့ အေတွ့အကြုံ၊ ခံစားချက်တွေပေါ့။

ဖြေ။ ။ နှင်းသွေးက အခု ပုဒ်မ ၅၀၅-က နဲ့ နောက်ထပ် ပုဒ်မတခု အတပ်ခံထားရတယ်။ နှင်းသွေးက တကယ်တမ်းတော့ တခြားအနုပညာရှင်တွေ၊ တကယ်ကို ဒီတိုက်ပွဲမှာ အသက်ပေးသွားရသူတွေ၊ ကိုယ့်အိုးအိမ် စွန့်ခွာရတဲ့သူတွေထဲမှာမှ တော်တော်လေး ကံကောင်းတဲ့အထဲမှာ ပါတယ်။ Coup (အာဏာသိမ်းမှု) စဖြစ်ကတည်းက မြန်မာမှာ မဟုတ်ဘဲ ထိုင်းမှာ ရောက်နေတယ်။ ထိုင်းကနေတဆင့် ဒီ အမေရိကားကို ရောက်လာတယ်။ အမေရိကားကို ရောက်လာတာလည်း အခက်အခဲတွေ အများကြီး ရှိတယ်။ အမေရိကားကို ရောက်တာနဲ့ အဆင်ပြေသွားတာ မဟုတ်ဘူး။

ဒါပေမယ့် နှင်းသွေးထက်ကို အများကြီး ဆင်းရဲဒုက္ခ ရောက်ပြီး တောထဲမှာ ပေးဆပ်နေတဲ့ သူတွေ၊ ပြီးတော့ ထောင်ထဲမှာ ဆင်းရဲဒုက္ခ ရောက်နေသူတွေ၊ အသက်ပေးသွားကြတဲ့ သူတွေထက်စာရင် နှင်းသွေးရဲ့ ဒုက္ခတွေ၊ နှင်းသွေးရဲ့ အခက်အခဲ တွေက တကယ်ကို ပြောရမှာ အားလည်း နာတယ်။ ရှက်လည်း ရှက်တယ်။ အဲဒီတော့ နှင်းသွေးက ဒီအခက်အခဲ တွေဆိုတာ ဘာမှ မဟုတ်ဘူးလို့ မှတ်ယူတယ်။ နှင်းသွေးတို့ အကုန်လုံး ဒီမိုကရေစီ ပြန်ရမှပဲ အားလုံး ငြိမ်းချမ်းတဲ့ အခြေအနေဖြစ်မှာ။ နှင်းသွေးရဲ့ အခြေအနေကို ခက်ခဲတယ်လို့ မပြောရက်ပါဘူး။

မေး။ ။ ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ကော ဘာများဖြည့်စွက် ပြောချင်ပါသေးလဲ။

ဖြေ။ ။ ထွေထွေထူးထူးတော့ မရှိပါဘူး။ ဒါပေမယ့် ဒီဇာတ်ကားက အားလုံး ပရိသတ်တွေ ကြည့်ရတာ ရသပိုင်းကော၊ ဗဟုသုတပိုင်းကော၊ ကိုယ့်ရဲ့ မြန်မာ့သမိုင်း အကုန်လုံးကို ဂီတ၊ အနုပညာတွေနဲ့ ပေါင်းစပ်ပြီး တွေ့ရမယ့် ဇာတ်ကားတကား ဖြစ်တဲ့အတွက် အားလုံး ကြည့်ရတာ တန်စေမယ့် ဇာတ်ကားတကားလို့ နှင်းသွေးအနေနဲ့ ညွှန်းပေးချင်ပါတယ်။

မေး။ ။ ၂၀၂၂ အတွက် နှစ်သစ် ဆုတောင်းစကားလေး ပြောပေးပါဦး။

ဖြေ။ ။ နှင်းသွေးတို့ နှစ်သစ်မှာ အားလုံး မြန်မာနိုင်ငံသားအားလုံး လိုချင်နေတဲ့ ဒီမိုကရေစီရယ်၊ တရားမျှတမှုရယ်၊ နှင်းသွေးတို့ဆီကို အမြန်ဆုံး ရောက်လာပြီး မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ နှင်းသွေး ဆုတောင်းပေးပါတယ်။ ။

You may also like these stories:

မြန်မာ့ရေမြေမှာ မရိုက်ကူးခဲ့ရလို့ အားမလို အားမရဖြစ်ခဲ့ရတဲ့ သရုပ်ဆောင်ဒေါင်း

ဒေါင်းနဲ့ နှင်းသွေးယုအောင် ပါဝင်တဲ့ ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်လမ်းတွဲ မကြာမီပြမည်

Your Thoughts …
Tags: ကျောက်ဖရားချတ်ချိုင်း ကတီနတ်ထိုင်း - မြန်မာ ချစ်ကြည်ရေးဒေါင်းနှင်းသွေးယုအောင်မြဝတီမင်းကြီးဦးစအနုပညာဧရာဝတီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါ်မာမာအေး/ / BBC

ဖက်ခွက်စား ရှင်းတမ်း

by ကိုရွှေအောင်
13 September 2022
29.9k

သဘင်ဂီတစတဲ့ အနုပညာရှင်တွေကို ဖက်ခွက်စားတွေလို့ မလိုတဲ့အခါ ခေါ်ဝေါ်သုံးစွဲကြပေမယ့် တကယ့် အနက်အမှန်က နှိမ့်ချလိုရင်း အလျဉ်းမရှိဘူး။

သူပုန်ဖြူကို လေ့လာခြင်း

သူပုန်ဖြူကို လေ့လာခြင်း

by အမောင်
30 May 2025
7.3k

ရခိုင်ဆရာဝန်လူငယ်တဦး၏ ရက္ခိတအိပ်မက်၊ ချေဂွေဗားရား အိပ်မက်သည် အကောင်အထည်ပေါ်လာခဲ့ပြီ ဖြစ်၏။

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

by ဧရာဝတီ
6 October 2023
7.2k

လက်ရှိဖွဲ့စည်းထားသော ပြည်သူ့စစ်များကို ယခင် စစ်တပ်က လုံခြုံရေးယူထားသည့် နေရာများတွင် အစားထိုး တာဝန်ပေးခြင်း၊ စစ်တပ်နှင့်အတူ ပူးတွဲတာဝန်ပေးခြင်း၊ နယ်မြေရှင်းလင်းရာတွင် ထည့်သွင်းအသုံးပြု၍ လုံခြုံရေး၊ ပိတ်ဆို့ စစ်ဆေးရှာဖွေရေးများတွင်လည်း ထည့်သွင်းအသုံးပြုနေကြောင်း

“ကမ္ဘာမကြေဘူး” ဆိုတဲ့ တေးရေး နိုင်မြန်မာနဲ့ …

တော်လှန်တေးရေးဆရာ နိုင်မြန်မာ၏ သူ့ဘဝ၊ သူ့သီချင်း၊ သူ့ကဗျာ (အပိုင်း ၂)

by ဖိုးစိုင်း
12 February 2025
6.8k

နိုင်မြန်မာသည် အသက်ဘေးမှ ပြန်လည် လွတ်မြောက်ခဲ့သော်လည်း သူ၏မိသားစုဝင်များက မြောက်ဥက္ကလာပ နေအိမ်တွင် သက်ပျောက်ဆွမ်း ကပ်ရန် စီစဉ်ချက်ပြုတ်နေကြချိန် ဖြစ်သည်။

တော်လှန်ရေးတပ်မှူး ကဗျာဆရာ

တော်လှန်ရေးတပ်မှူး ကဗျာဆရာ

by Hannah Beech
20 July 2024
6.7k

"မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ ကျနော်တို့ စစ်ကို အရင်တိုက်ရမယ်"

လူမှုကွန်ရက်ပေါ်ပြန့်လာတဲ့ ပြည်သူ့စစ်တွေရဲ့ အမျိုးသားချင်းမုဒိမ်းကျင့်မှု (ရုပ်/သံ)

လူမှုကွန်ရက်ပေါ်ပြန့်လာတဲ့ ပြည်သူ့စစ်တွေရဲ့ အမျိုးသားချင်းမုဒိမ်းကျင့်မှု (ရုပ်/သံ)

by ဧရာဝတီ
5 September 2025
6.6k

ပြောက်ကျားဝတ်စုံတွေကိုယ်စီနဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသားတစုက ဖမ်းဆီးထားတဲ့ အမျိုးသား ၂ ဦးထဲက တဦးကို မုဒိမ်းကျင့် နှိပ်စက်နေတဲ့ ရုပ်သံမှတ်တမ်းတခု အခုရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့လာခဲ့ပါတယ်။

Next Post
၂၀၂၁ ဇန်နဝါရီလက ထိုင်းနိုင်ငံ ဆမွတ်ဆခွန်ခရိုင်တွင် ကိုဗစ်စစ်ဆေးမှုကို ခံယူနေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ

အိုမီခရွန်ကြောင့် ထိုင်းအစိုးရ၏ အလုပ်သမား ခေါ်ယူရေးအစီအစဉ် အလှမ်းဝေးနေဆဲ

သရုပ်ဆောင် ရဲတိုက်  / ဧရာဝတီ

သက်သေခိုင်လုံမှုမရှိဘဲ ရဲတိုက်အား ထောင်ဒဏ် ချမှတ်ခဲ့ဟုဆို

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved