ကိုဗစ် ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံအများအပြားမှာ ကူးစက်ဖြစ်ပွားမှုနဲ့ သေဆုံးမှုတွေ မြင့်တက်နေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ကိုဗစ်ကူးစက်ခံရသူ ၁သိန်းကျော်ရှိလာနေပြီး ကာကွယ် ထိန်းချုပ်နိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းဆောက်ရွက်နေရဆဲပါ။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ရောဂါပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ Stay Home ကာလကို တိုးမြှင့်ထားပေမယ့် Stay Home နေလို့ မရနိုင်သူတွေလည်း ရှိနေပါတယ်။ ရန်ကုန်မြို့လယ်မှာ ဝမ်းစာရေးအတွက် ကုန်းရုန်းရှာဖွေ လှုပ်ရှားနေရတဲ့ အခြေခံလူတန်းစားတွေကို ဧရာဝတီက မှတ်တမ်းတင် ရိုက်ကူး တင်ဆက်ထားပါတယ်။
ရိုက်ကူး- အဲမလီ၊ ဇင်မိုးဝါ
တည်းဖြတ်- အဲမလီ
#IRWLabourRights
#အလုပ်သမားအခွင့်အရေး