လူမျိုးတိုင်း၊ ဘာသာတိုင်းမှာ အဆောင်တွေကို ကံကောင်းစေဖို့ ရည်ရွယ်ချက်နဲ့ ဆောင်လေ့ ရှိကြပါတယ်။ လူမျိုးစု တခုနဲ့ တခု ပစ္စည်းတွေ မတူညီနိုင်ပေမယ့် လာဘ်ကောင်းဖို့ ထားကြတာချည်းသာ ဖြစ်ကြလို့ အိမ်မှာထားရင် ကံကောင်းစေမယ့် အဆောင်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ဖုန်းရွှေနည်းပညာ
အိမ်တွေကို ပြောင်းရွှေ့တဲ့အခါ ပစ္စည်းတွေကို ဖုန်းရွှေနည်းနဲ့ သင့်တင့်တဲ့ နေရာမှာ ထားရမယ်လို့ တရုတ်တွေက ယုံကြည်ပါတယ်။ ဓာတ်ကြီး ၄ ပါးကို သင့်တင့်မျှတအောင် ဖုန်းရွှေနည်းကို သုံးလေ့ရှိကြပြီး ဒီလို အသုံးပြုတာကြောင့် ငွေကြေးဝင်ရောက်မှု၊ ကျန်းမာရေး စတာတွေကို ကောင်းမွန်စေတယ်လို့ ယုံကြည်ကြပါတယ်။
(၂) ဆင်ရုပ်
ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာတွေဟာ ဆင်ရုပ်ကို ကံကောင်းစေတဲ့ အဆောင်အဖြစ် မှတ်ယူလေ့ ရှိပါတယ်။ ဆင်ဟာ အသိဉာဏ်ပညာ မြင့်မားတယ်လို့ ယူဆကြပြီး အိမ်မှာ အဆောင်အနေနဲ့ ထားကြတာ ဖြစ်ပါတယ်။ ဆင်ရုပ်ကို အဆောင်အဖြစ် ထားမယ်ဆိုရင်တော့ ဆင် နှာမောင်းထောင်နေတဲ့ ပုံကို ထားရမှာ ဖြစ်ပြီး ဒါမှသာ ကံကောင်းခြင်းတွေ ရောက်လာမယ်လို့ ယူဆကြပါတယ်။
(၃) မြင်းခွာ
အနောက်နိုင်ငံတွေမှာတော့ မြင်းခွာကို လာဘ်ကောင်းစေတဲ့ အဆောင်လို့ ယူဆကြပါတယ်။ မြင်းခွာဟာ နတ်ဆိုးတွေကို မောင်းထုတ်နိုင်တယ်လို့ သတ်မှတ်ကြပြီး အိမ်ရှေ့တံခါးမှာ မြင်းခွာတွေကို ချိတ်လေ့ ရှိပါတယ်။
(၄) ဝါး
တရုတ်လူမျိုးတွေဟာ ဝါးကို ကံကောင်းစေတဲ့ အဆောင်အဖြစ် စိုက်ပျိုးလေ့ရှိကြပါတယ်။ အိမ်ရဲ့ ကျက်သရေနဲ့ ပြည့်စုံဖို့အတွက် ဝါးပင်တွေကို အိမ်မှာ ထားလေ့ရှိပြီး မိတ်ဆွေတွေကို လက်ဆောင်ပေးတဲ့အခါမှာ အဆစ် ၄ခု ပါတဲ့ ဝါးကို မပေးကြပါဘူး။ ၄ ဂဏန်းဟာ တရုတ်စကားရဲ့ သေခြင်းဆိုတာနဲ့ အသံထွက်တူတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
Ref; rd.com
You may also like these stories:
ထိုင်းဘုရင် နန်းတက်ပွဲတွင် ကြောင်အစစ် သုံး၊ မသုံး ဒွိဟဖြစ်နေကြ
ထူးခြားတဲ့ စွမ်းအားတွေ ရှိနေတဲ့ ကလေးငယ်များ
အရက်သောက်ခြင်းနဲ့ ပတ်သက်ပြီး လူတွေ ယုံကြည်ထားတဲ့ အယူအဆအလွဲများ