အရက် အနည်းငယ်ကို နေ့စဉ်သောက်ပေးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ အရက်ဟာ လူတွေကို ပျော်ရွှင်မှုတွေ ပေးနိုင်ပါသေးတယ်။ ဒါကြောင့်သာ လူတွေဟာ အရက်ဆိုင်တွေကို သွားထိုင်ကြ၊ ပျော်ပါးကြတာ ဖြစ်ပါတယ်။
ဒါပေမယ့် အရက်နဲ့ ပတ်သက်ပြီး မှားယွင်းနေတဲ့ ယူဆချက်တွေ ရှိနေပါတယ်။ ဒါကြောင့် အရက်သောက်ခြင်းနဲ့ ပတ်သက်ပြီး လူတွေ ယူဆထားတဲ့ အယူအဆ အမှားတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အမျိုးအစား ရောရင် ပိုမူးတယ်
အရက်၊ ဘီယာနဲ့ ဝိုင်တွေကို ရောပြီး သောက်တဲ့ အခါ ပိုမူးတယ်လို့ ယူဆလေ့ ရှိကြပါတယ်။ ပိုမူးတဲ့အတွက် အရက်နာကျတဲ့အခါ ပိုခံရတယ်လို့လည်း ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ သင်သောက်တဲ့ အရက် အမျိုးအစားအလိုက် ပိုမူးတာ မဟုတ်ဘဲ သင်သောက်တဲ့ ပုံစံအရ ပိုမူးတာဖြစ်ပါတယ်။ အရက်သောက်တဲ့ နှုန်းနဲ့သာ ဆိုင်ပါတယ်။ ဘယ်လောက်မြန်မြန် သောက်သလဲ ဆိုတဲ့အပေါ် မူတည်ပြီး အစားစားထားတာနဲ့လည်း ဆိုင်ပါသေးတယ်။
(၂) အရက်က သင့်ကို နွေးထွေးစေတယ်
အေးတဲ့ ဒေသတွေမှာ နေထိုင်တဲ့သူတွေ တော်တော်များများဟာ ခန္ဓာကိုယ် နွေးအောင်ဆိုပြီး အရက်သောက်လေ့ ရှိကြပါတယ်။ ဒါဟာ လုံးဝမှားတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ အေးတဲ့အခါ ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ သွေးလည်ပတ် စီးဆင်းမှုပုံစံ ပြောင်းသွားပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က အလိုအလျောက် တုန်ပြီး အနွေးဓာတ်ပြန်ရအောင် ပြုလုပ်ပေးပါတယ်။ အရက်သောက်ခြင်းဟာ သွေးကြောတွေ ပွင့်သွားတယ်ဆိုပေမယ့် ခဏတာ နွေးထွေးမှုကိုပဲ ပေးပါတယ်။ အရက်အရှိန် ကုန်သွားတဲ့အခါ သွေးလည်ပတ်ရတာ ပိုပြီး ခက်သွားတဲ့အတွက် ပိုအေးစေပါတယ်။
(၃) အရက်သောက်ခြင်းက အိပ်ပျော်စေတယ်
အပေါ်မှာ ပြောခဲ့သလိုပါပဲ။ အရက်သောက်ခြင်းကြောင့် အိပ်ပျော်တယ်ဆိုတာ ခဏတာပဲ ဖြစ်ပါတယ်။ အားအင်ပြည့်ဝစေမယ့် အိပ်စက်ခြင်းကိုတော့ ရနိုင်မှာ မဟုတ်ပါဘူး။ နောက်တခုက အရက်မူးပြီး အိပ်ပျော်သွားတဲ့အခါ သာမန် အိပ်စက်တာထက် ပိုပြီး အိပ်မက်ဆိုးတွေကို မက်စေပါတယ်။ သွေးလည်ပတ်တဲ့ ပုံစံတွေ ပြောင်းလဲသွားတာကြောင့် စိတ်ကယောင်ချောက်ချား ဖြစ်ဖို့ ပိုလွယ်ကူပြီး တရေးနိုးလာတဲ့အခါ ပြန်လည်အိပ်စက်ဖို့ ခက်သွားတတ်ပါတယ်။
Ref; grunge
You may also like these stories:
အရက်နာကျခြင်းကို ကုသပေးနိုင်မယ့် အစားအသောက်များ
အမေများနေ့မှာ Skincare ထုတ်ကုန်ပစ္စည်း အသစ်တွေ မိတ်ဆက်လိုက်တဲ့ Kylie Jenner
ရုပ်ရှင်ကြည့်သူတွေ လဲလျောင်းအိပ်စက်ရင်း ကြည့်ရှုနိုင်တဲ့ ဆွစ်ဇာလန်နိုင်ငံက ရုပ်ရှင်ရုံ
အသားကပ်ဘောင်းဘီ ဝတ်တဲ့အခါ ရှောင်ကြဉ်ရမယ့် အချက်များ