Travel

တရုတ်ခရီးသွား ကျဆင်းသော်လည်း အိန္ဒိယခရီးသွား ထိုင်းသို့ ပိုမိုလာရောက်

Want create site? Find Free WordPress Themes and plugins.

တရုတ်ပြည်မကြီးများမှ ခရီးသွားများ ရောက်ရှိမှုကျဆင်းနေခြင်းကြောင့် တရုတ်ခရီးသွားများ အစား အိန္ဒိယ ခရီးသည်များ ကို ဦးစားပေး၍ ဗီဇာကြေး ဘတ် ၂၀၀၀ ကင်းလွတ်ခွင့် ပြုခဲ့ရာ အိန္ဒိယသည် ထိုင်းဗီဇာကြေး ကင်းလွတ်ခွင့်ရသော ၂၁ နိုင်ငံ စာရင်းဝင် ဖြစ်လာသည်။

ယခုနှစ် ပထမသုံးလပတ်အတွင်း တရုတ်ခရီးသွားဧည့်သည်ရောက်ရှိမှု ၃ သန်းရှိခဲ့ရာမှ ၂ဒသမ၁ ရာခိုင်နှုန်းသို့ တဖြည်း ဖြည်းကျဆင်းခဲ့ရာ အိန္ဒိယခရီးသည်မှာမူ ဗီဇာကင်းလွတ်ခွင့် ပြုသည့် ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်မှ ယခုနှစ် အောက်တို ဘာလ ၃၁ ရက် အတွင်း လာရောက်မှုမှာ ၄၅၀,၀၀၀ လာရောက်သဖြင့် ၂၅ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

ထိုင်းခရီးသွား အေဂျင်စီများ အဖွဲ့ (ATTA )၏ အဆိုအရ တရုတ်ခရီးသွားမှာ ဇန်နဝါရီလ ၁ ရက်မှ ဧပြီလ ၂၀ ရက်အထိ ခရီးသည် ၁ဒသမ၀၅ သန်းသာရှိသဖြင့် ၁၃ဒသမ၆ ရာခိုင်နှုန်းသို့ တရှိန်ထိုးကျသွားခဲ့သည်။

သို့သော် အိန္ဒိိယမှ ခရီးသည် ၇၆,၀၀၀ တိုးလာခြင်းကြောင့် ၁၁ ရာခိုင်နှုန်းတက်လာခဲ့ကြောင်း (ATTA) က ဆိုသည်။

ATTA ကော်မတီဝင် တဦးဖြစ်သူ ချင်နာရတ် ချင်ဘူရီက“အိန္ဒိယ၏ များပြားလှသော လူဦးရေ၏ ၁ဒသမ၃ ဘီလီယံရှိခြင်း အကျိုးကျေးဇူးကြောင့် တနှစ်လျှင် ထိုင်းသို့ လာရောက် လည်ပတ်မှုနှုန်း ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းတိုးနေ၍ ပြီးခဲ့သည့် ဆယ်စုနှစ်ကျော် အတွင်း အိန္ဒိယ ခရီးသွား ဈေးကွက်မှာ မှန်မှန်တိုးတက်လာနေကြောင်း” ပြောသည်။

လူလတ်တန်းစား အင်အားများလာခြင်းနှင့် စီးပွားရေး ပြေလည်လာခြင်း တို့သည် အိန္ဒိယနိုင်ငံသားများအတွက် နိုင်ငံရပ်ခြား ခရီးသွား လည်ပတ်မှု အကျိုးပြုလျက်ရှိကြောင်း သူက ဆက်လက်ပြောကြားသည်။

ပထမဆုံးအကြိမ် ခရီးသွားတိုးတက်မှုမှာ ဗီဇာကြေးကင်းလွတ်ခွင့် အကြမ်းဖျင်း (အိန္ဒိယရူပီး) ၄၀၀၀ မှ ၅၀၀၀ သတ်မှတ် ပေးခြင်းသည် ထိုင်းသို့ အိန္ဒိယဧည့်သည်များ ပိုလာစေရေး ဆွဲဆောင်သည့် အရာတခု ဖြစ်လာပြီး၊ ထို့ထက်ပို၍ အိမ်နီးချင်း နိုင်ငံများနှင့် ယှဉ်လျှင် ထိုင်းက ခရီးသွားလာရောက်မှု ယှဉ်ပြိုင်စွမ်း တက်လာစေရေး အထောက်အကူပြုကြောင်း မစ္စတာချင်နာရတ်က ပြောသည်။

အိန္ဒိယခရီးသည်များသည် မြန်မာနှင့်ဗီယက်နမ်နိုင်ငံတို့သို့ သွားရောက်လည်ပတ်ရခြင်းကိုလည်း ကြိုက်နှစ်သက်ကြသည်။

အိန္ဒိယ ဈေးကွက် အတွေ့အကြုံ နှစ် ၃၀ ရှိသော မစ္စတာချင်နာရတ်က “အိန္ဒိယမှ ခရီးသည်များကို အုပ်စု ၃ စု ခွဲခြားနိုင် ကြောင်း၊ ဆွဲဆောင်မှုကြောင့် လာသူများ၊ အပန်းဖြေသူများနှင့် မင်္ဂလာရက်မြတ် လက်ထပ်ကြသူများ ဖြစ်ကြကြောင်း” ရှင်းပြသည်။

ဧပြီလ ၁၁ ရက်မှ မေလ ၁၉ ရက်အထိ အိန္ဒိယအထွေထွေရွေးကောက်ပွဲကျင်းပနေ၍ ဆွဲဆောင်မှုကြောင့် လာကြသည့် ခရီးသည် အင်အား ယခု ကာလ နည်းသွားကြောင်း၊ သို့သော် အိန္ဒိယနိုင်ငံတွင် မိုးကျချိန်ဖြစ်သည့် အောက်တိုဘာလဆို လျှင် ၎င်းတို့ ထပ်မံရောက်လာမည်ဟု မျှော်လင့်ရကြောင်း မစ္စတာချင်နာရတ်က သုံးသပ်သည်။

သို့ရာတွင် မေလသည် အိန္ဒိယနိုင်ငံတွင် ကျောင်းအများစု ပိတ်ကြ၍ အိန္ဒိယမှ အနားယူအပန်းဖြေလိုသူများ အများဆုံး လာသည့်ကာလဖြစ်သည်။

“အခုအချိန်ဆို မိသားစုလိုက် ရံဖန်ရံခါ ခရီးထွက်ကြပါတယ်။ ဖူးခက်နဲ့ ခရာဘီတို့လို နေရာမျိုးကို တိုက်ရိုက်လေကြောင်းနဲ့ သူတို့ လာကြတာပါ” ဟု သူက ဆက်ပြောသည်။

ထိုင်းနိုင်ငံသို့ လာရောက်သော ခရီးသွားများ ကြိုက်နှစ်သက်သည့် အစိတ်အပိုင်းတခုမှာ ထိမ်းမြားမင်္ဂလာကိစ္စလည်း ပါဝင်သည်။ နိုဝင်ဘာလမှ နောက်နှစ်ဇန်နဝါရီလအတွင်း မင်္ဂလာရက်မြတ် လက်ထပ်ကြခြင်းကို အများစုသဘော ကျကြသည်။

ယမန်နှစ်က အိန္ဒိယဈေးကွက်မှ ခရီးသွားလုပ်ငန်းဝင်ငွေ စုစုပေါင်း ဘတ် ၆၆ သန်းရှိခဲ့ရာ ယခင်ထက် ၁၆ ရာခိုင်နှုန်း တိုးလာခဲ့ရာ ခရီးသည်အများစုသည် တည်းခိုရေး၊ ဈေးဝယ်ထွက်ခြင်း၊ အစားအသောက်နှင့်အဖျော်ယမကာတို့အတွက် ငွေသုံးလေ့ရှိကြသည်။

ဈေးကွက်အတွင်း အိန္ဒိယခရီးသည်များထံမှ ဝင်ငွေပိုမိုရနိုင်ရန်အတွက် ထိုင်းခရီးသွားလုပ်ငန်းရှင်များအနေဖြင့် အိန္ဒိယ ဟင်းလျာနှင့် သက်သတ်လွတ် အစားအစာများကို ကျန်းမာရေးနှင့် အညီ ရောင်းချပေးရေး မစ္စတာချန်နာရတ်က အကြံပြု သည်။

အိန္ဒိယခရီးသည်များသည် မြို့တမြို့စီတွင် ရက်အနည်းငယ်သာ တည်းခိုနေထိုင်လေ့ရှိ၍ သူတို့အတွက် ခရီးတို အစီအစဉ် များလည်း ရေးဆွဲပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

You may also like these stories:

အိန္ဒိယ သမုဒ္ဒရာထဲက အမေရိကန် စစ်စခန်း

အနောက်နိုင်ငံများမှ လာရောက်မှု နိမ့်ကျသော်လည်း ကမ္ဘာလှည့်ခရီးသည် အရေအတွက် တိုးတက်

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ၃ ခုတွင် တိုက်ပွဲများ ဖြစ်ပွား ဟုဆို

နေပြည်တော် အိမ်ခြံမြေ ဈေးကွက် သွက်လာ

Did you find apk for android? You can find new Free Android Games and apps.
Loading