• English
Tuesday, July 15, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ငြိမ်းချမ်းရေး ထွက်ပေါက်ရှာမှု အမြင်မမှားရန် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး သတိပေး

by ချစ်မင်းထွန်း
15 May 2019
in သတင်း
A A
ချင်းမိုင်တွင် ပြုလုပ်သော အပစ်ရပ် ၁၀ ဖွဲ့အစည်းအဝေး / NCAs,Eao

ချင်းမိုင်တွင် ပြုလုပ်သော အပစ်ရပ် ၁၀ ဖွဲ့အစည်းအဝေး / NCAs,Eao

13.4k
VIEWS
Share on FacebookShare on Twitter

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ဆို့မှုအပေါ် အဖွဲ့အစည်းတခု၊ နှစ်ခုကပဲ ထွက်ပေါက်ရှာနေသည်ဟု မမြင်ကြရန် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုးက ပြောသည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ်ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့မှ ကျင်းပနေသော ထိပ်သီးအစည်းအဝေး ဒုတိယနေ့ (မေလ ၁၅ ရက်)တွင် ၎င်းက ထိုသို့ အဖွင့်အမှာ စကားတွင် ထည့်သွင်း ပြောသွားခဲ့ခြင်းဖြစ်သည်။

RelatedPosts

NUG ဘာတွေပြင်သင့်သလဲ (ရုပ်/သံ)

NUG ဘာတွေပြင်သင့်သလဲ (ရုပ်/သံ)

15 July 2025
62
စစ်ကောင်စီ ရွေးကောက်ပွဲက ပြည်တွင်းငြိမ်းချမ်းရေးကို မသယ်ဆောင်လာနိုင်

ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

15 July 2025
992
ရန်ကုန်မှာ ရွှေကို တန်းစီ တိုးဝယ်

ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

15 July 2025
802

ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုးက “ဒီလိုနည်းလမ်းရှာတာဟာ အဖွဲ့အစည်းတခု၊ နှစ်ခုကပဲ ထွက်ပေါက်ရှာတာလို့ မမြင်ကြဖို့ လိုပါတယ်။ တစ်ဆို့မှု တချို့ဟာ အဖွဲ့အစည်း တချို့အတွက် ပမာဏအရ ကြီးမားပြီး တချို့အဖွဲ့တွေ အတွက် သိပ်ပြီး မပြောပလောက်တဲ့ အနေအထားမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။

၎င်းကဆက်၍ “ဒါကလည်း ကျနော်တို့ အဖွဲ့အစည်းတွေရဲ့ တဖွဲ့ချင်း ပကတိ အနေ အထားတွေအပေါ်မှာ အများကြီး မူတည်နေတာဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကို အနှစ်သာရရှိရှိ ဆက်လက် လျှောက်လှမ်းနိုင်ဖို့၊ ကျနော်တို့ရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်ဖို့ဆိုရင် ကျနော်တို့အားလုံး စုစည်းဖို့လိုပါတယ်” ဟု ၎င်းက ပြောသည်။

NCA-S EAO ၁၀ ဖွဲ့သည် ထိပ်သီး အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၂၀၁၉ ခုနှစ်၊ မေလ ၁၄ ရက်မှ ၁၈ ရက်ထိ ကျင်းပနေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) စုဖွဲ့မှု အခြေအနေအပေါ် ဆွေးနွေးကြ မည်ဖြစ် သကဲ့သို့ တစ်ဆို့နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကျော်လွှားနိုင်ရေး အဖြေရှာကြ မည်ဖြစ်သည်။

လက်ရှိတွင် NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့နှင့် အစိုးရ-တပ်မတော်ကြား ခွဲမထွက်ရေး ကတိပြုပေး ရန် အပါအဝင် တခုတည်းသော တပ်မတော်ကို လက်ခံပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး စသည့် အခြေ အနေများတွင် သဘောတူညီမှု ရယူနိုင်ခြင်းမရှိသည့်အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားရေး နှေးကွေး လျက်ရှိသည်။

ထိုသို့ သဘောထားကွဲလွဲနေစဉ် NCA လက်မှတ်ထိုးထားသည့် ၁၀ ဖွဲ့အနက် နိုင်ငံရေးအကဲခတ်များက ပြော လေ့ရှိသော အဖွဲ့ကြီး ၂ ခုဖြစ်သည့် KNU နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) က ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများက ရှေ့ဆင့်နောက်ဆင့်ပင် တရားဝင် ကျင်းပနေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အစည်းအဝေးများ တက်ရောက်နေခြင်းကို ယာယီရပ်ဆိုင်းကြောင်း၊ JMC အဆင့်ဆင့် အစည်း အဝေးများ တက်ရောက်ခြင်း ယာယီရပ်ဆိုင်းကြောင်း ထုတ်ပြန် ကြေညာခဲ့ကြသည်။

လက်ရှိ PPST တွင် ယာယီအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က NLD အစိုးရလက်ထက်မှာ ၂၁ ရာစု ပင်လုံကို (၃) ကြိမ် ကျင်းပနိုင်ခဲ့သော်လည်း ပြောပလောက်သည့် အောင်မြင်မှု မရရှိသေးတာသည် အစုအဖွဲ့အားလုံးက သူ့မူ ကိုယ့်မူကို မလျှော့တမ်း ဆုပ်ကိုင်ထားခြင်းကြောင့် ဖြစ်သည်ဟု မေလ ၁၄ ရက်က ထိပ်သီးအစည်းအဝေး အဖွင့်အမှာစကားမှာ ပြောသွားခဲ့သည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်က “တပ်မတော်က ခွဲမထွက်ရ၊ တခုတည်းသော တပ်မတော်၊ ငြိမ်းချမ်းရေးမူ (၆) ချက်တွေတင်မကဘဲ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ခိုင်ခိုင်မာမာ ကာကွယ်ထားပြီး အထိမခံတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဟာ အလှမ်းဝေးကွာဆဲ ဖြစ်နေပါတယ်။ ဒါကြောင့် သူ့မူကိုယ့်မူကို ခဏဘေးဖက်ထားပြီး သဘာဝအတိုင်း ဖြစ်သင့်ဖြစ်ထိုက်တာကို ဆွေးနွေးနိုင်ရင်တော့ နှစ်ဖက်စလုံးအရှုံးကို မရင်ဆိုင်ရဘဲ အောင်မြင် မှုကို နှစ်ဦးနှစ်ဖက် ရရှိမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

အဆိုပါ တစ်ဆို့နေခြင်း အခြေအနေအပေါ် NCA လက်မှတ်ထိုးထားသည့် ၁၀ အဖွဲ့အနက် တချို့သော အင်အားစုများသည် ခွဲမထွက်ရေး ကတိပြုပေးရန်နှင့် တခုတည်းသော တပ်မတော်ကို လက်ခံပေးရန် အစိုးရ- တပ်မတော်ဘက်က တောင်းဆိုမှုကို လက်ခံနိုင်သော အစုအဖွဲ့များ ရှိနေသကဲ့သို့ တချို့သော အင်အားစု အနည်းအငယ်မှာ လက်ခံရန် ခက်ခဲနေရကြောင်း NCA ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ထဲမှ ခေါင်းဆောင် တဦးက ပြောသည်။

ထို့ပြင် NCA လက်မှတ်ထိုးထားသည့် ၁၀ ဖွဲ့ထဲတွင် PPST ကို မူလအတိုင်း ၂၀၂၀ အထိထား၍ အစိုးရ- တပ်မတော်ဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် အဆိုပြုသူများရှိသကဲ့သို့ Peace Process Committee (PPC) အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် အဆိုပြုသူများလည်းရှိကြောင်း၊ အင်အားကြီး အဖွဲ့တချို့ကလည်း PPST ကို အဆင့်နိမ့်စေမည့် Peace Process Coordinating Meeting(PPCM)ဆိုသော စုဖွဲ့မှုကို သွားရန် တင်ပြနေ သည်အတွက် သဘောထားများ ကွဲလွဲနေကြကြောင်း သိရသည်။

ထို့ကြောင့် နိုင်ငံရေး အကဲခတ်သူများက NCA ထိုးထားသည့် လက်နက်ကိုင် ၁၀ ဖွဲ့ထဲမှာပင် အဖွဲ့ငယ်များ ၏ နိုင်ငံရေး ရည်မှန်းချက်နှင့် အဖွဲ့ကြီးများ၏ နိုင်ငံရေးရည်မှန်းချက်ကြား အနည်းငယ် ကွာဟမှုများရှိလာခဲ့ရာမှ တဆင့် သဘောထား ကွဲလွဲမှုများ အနည်းအငယ် ဖြစ်လာနေကြောင်း ဆိုကြသည်။

ဗိုလ်ချုပ်ကြီး စောမူးတူးစေးဖိုး က “ဒီကနေ့ ထိပ်သီး ညီလာခံဟာ မဟာဗျူဟာကျကျ စုစည်းမှုကို ဖော်ဆောင်နိုင်ဖို့ လိုပါတယ်၊ အဖွဲ့ကြီးတယ်၊ အဖွဲ့ငယ်တယ်ဆိုတာကို အခြေခံပြီး မစဉ်းစားစေချင်ပါဘူး၊ အဖွဲ့ ကြီးက အဖွဲ့ငယ်ကို ဒရွတ်တိုက်ဆွဲခေါ်တာမျိုး မဖြစ်သင့်သလို အဖွဲ့ငယ်ကမပါလို့ အဖွဲ့ကြီး မသွားနိုင်တာမျိုး လည်း မဖြစ်သင့်ပါဘူး၊ အဲဒါကြောင့် အားလုံးရဲ့ ဘုံအကျိုးကို ရှေ့ရှုပြီး ဘုံမျှော်မှန်းချက်အတွက် အလုပ် သဘော ယုံကြည်မှုကို အခြေခံပြီးတော့ ခိုင်မာပြီး မဟာဗျူဟာ ကျတဲ့ စုစည်းမှုကို စဉ်းစား ကြပါ”ဟု ပြောသည်။

NCA ကို KNU၊ RCSS ၊ ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ် မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုက ရက်တစ် အစည်းအရုံး(LDU)တို့ ဖြစ်ကြသည်။

You may also like these stories:

ငြိမ်းချမ်းရေး ပွဲတော်အတွက် UWSA က လူငယ် ၅၀၀ ခန့် ဆင့်ခေါ်

NCA ထိုးရန် UWSA ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

မြစ်ဆုံ စီမံကိန်းကို မဆန့်ကျင်ကြောင်း တရုတ် သံရုံး ထုတ်ပြန်ချက် မှားယွင်းနေ ဟုဆို

KNU ကြောင့် ငြိမ်းချမ်းရေးတွင် ရိုက်ခတ်မှု ရှိနေဟု NCA လက်မှတ်ထိုး အဖွဲ့များ ပြော

Your Thoughts …
Tags: NCAPPSTဗိုလ်ချုပ်ကြီး မူတူးစေးဖိုး
ချစ်မင်းထွန်း

ချစ်မင်းထွန်း

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.5k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.4k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

စစ်ကောင်စီတပ် အထိုင်ပျက်ပြီ

by ဝေမင်းထွန်း
28 November 2023
22.3k

စစ်ကောင်စီတပ်၏ အခြေအနေမှန်မှာ အင်နှင့်အားနှင့် ခပ်ပြင်းပြင်း ဆောင့်လိုက်ပါ ပြိုဆင်းသည်၊ တောင့်ခံနိုင်စွမ်းမရှိဟူသည့် အချက်ကို ရှမ်းပြည်နယ် မြောက်ပိုင်းစစ်ပွဲတွင် ထင်ထင်ရှားရှား တွေ့လိုက်ရသည်။

Next Post
ကျောကင်မရာ ၃ လုံးပါဝင်တဲ့ OnePlus 7 Pro စမတ်ဖုန်း

90Hz Screen နဲ့ ကျောကင်မရာ ၃ လုံးပါဝင်တဲ့ OnePlus 7 Pro ကို တရားဝင် မိတ်ဆက်

Maldives ကျွန်း

လာမယ့် နှစ်ပေါင်း ၈၀ အတွင်း ပျောက်ဆုံးသွားနိုင်တဲ့ ကျွန်းများ

No Result
View All Result

Recommended

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

1 day ago
5.1k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

4 days ago
4.3k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • အိန္ဒိယတိုက်ခိုက်မှု ရဲစွမ်းသတ္တိရှိသည့် စစ်သည်များ ဆုံးရှုံးရဟု နာဂအဖွဲ့ပြော

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate