• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ကော်ဖီ မအေးခင် အတိတ်ကို ပြန်သွားခွင့်ရမယ့် “Café Funiculi Funicula”

by Aurora
15 May 2019
in Entertainment
A A
“Café Funiculi Funicula” ဇာတ်ကား

“Café Funiculi Funicula” ဇာတ်ကား

12.2k
VIEWS
Share on FacebookShare on Twitter

မင်းသမီး ကာဇုမိ အာရီမူရာနဲ့ မင်းသား ကန်တာရို အီတိုတို့ ခေါင်းဆောင် ပါဝင်ထားတဲ့ Fantasy ဆန်ဆန် “Before the Coffee Gets Cold (Café Funiculi Funicula)” ဂျပန်ဇာတ်ကားလေးက Time Travel အကြောင်းကို တင်ဆက်ပုံ ထူးခြားအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တကားပါ။ ၂၀၁၈ ခုနှစ်က ထွက်ရှိထားတဲ့ ဇာတ်ကားဖြစ်ပြီး Rating ကလည်း IMDB မှာ (7.1) ရထားပါတယ်။

“Café Funiculi Funicula” လို့ နာမည်ဆန်းဆန်းလေး ပေးထားတဲ့ ကော်ဖီဆိုင်လေးမှာ ပါးစပ်ရာဇဝင်လေးတခု ရှိနေပါတယ်။ ကော်ဖီဆိုင်ထဲက ခုံတခုံမှာ သွားထိုင်လိုက်ရင် ကိုယ်သွားချင်တဲ့ အတိတ်ကို ပြန်သွားနိုင်တယ်လို့ လူပြောများနေတဲ့ ဆိုင်လေးပေါ့။ ဒီလိုသွားဖို့ဆိုရင် လိုက်နာရမယ့် စည်းကမ်းချက်လေးတွေ ရှိနေပါတယ်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
169
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
554
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.6k

ပထမတချက်က အတိတ်ကိုပြန်သွားမယ်ဆိုရင် ဘာပဲလုပ်ခဲ့လုပ်ခဲ့ ပစ္စုပ္ပန်ကို ပြောင်းလဲသွားမှာ မဟုတ်ဘူး။ ဒုတိယအချက် အတိတ်ကို ပြန်သွားနေတုန်းမှာ ဒီကော်ဖီဆိုင်ထဲကနေ အပြင်ထွက်သွားလို့ မရပါဘူး။ တတိယတချက် ပြန်သွားမယ်ဆိုရင် ဖျော်ပေးတဲ့ကော်ဖီ ပူနေတုန်းအချိန်ပဲ အတိတ်မှာ နေခွင့်ရမှာဖြစ်ပါတယ်။ ကော်ဖီ ပြန်မအေးခင် ကုန်အောင် သောက်မှသာ ပစ္စုပ္ပန်ကို ပြန်ရောက်လာမှာပါ။

စတုတ္ထတချက်ကတော့ ထိုင်ခုံမှာ လူရှိနေရင် သူ မထမချင်း စောင့်ဆိုင်းပေးရမှာဖြစ်ပြီး သူထသွားမှပဲ အသုံးပြုနိုင်ပါမယ်။ နောက်ဆုံး တချက်ကတော့ အတိတ်ကို ပြန်သွားမယ်ဆိုရင် ကော်ဖီဆိုင်ကို လာခဲ့ဖူးသူတွေနဲ့ပဲ တွေ့ဆုံနိုင်မှာဖြစ်တယ်ဆိုတဲ့ အချက်လေးတွေကို သဘောတူမှ ပြန်သွားခွင့် ရမှာပါ။

ဒီရာဇဝင်လေးအကြောင်းကို ကြားပြီး တနေ့ တနေ့ ကော်ဖီဆိုင်ကို လာစောင့်နေကြတဲ့သူတွေလည်း မနည်းပါဘူး။ ဒါပေမယ့် ထူးခြားတဲ့တချက်က အတိတ်ကိုပြန်သွားလို့ရတဲ့ တခုတည်းသော ထိုင်ခုံလေးမှာ အမြဲတမ်းလိုလို လူလတ်ပိုင်း အမျိုးသမီးတယောက် စာအုပ်ဖတ်ရင်း ထိုင်နေတတ်ပါတယ်။ သူဘယ်အချိန် ထိုင်ခုံက ထမလဲဆိုတာ မသိသလို၊ ဘာလို့ ဒီလိုအကြာကြီး ထိုင်နေတယ် ဆိုတာကိုလည်း ဆိုင်ရှင်မောင်နှမ နှစ်ယောက်ကလွဲပြီး မသိကြပါဘူး။

ရည်စားက အမေရိကားထွက်သွားလို့ အတိတ်ကို ပြန်သွားချင်နေတဲ့သူရယ်၊ မမျှော်လင့်ဘဲ ညီမလေး ဆုံးရှုံးလိုက်ရလို့ သွားပြန် နှုတ်ဆက်ချင်သူရယ်၊ အတိတ်မေ့ရောဂါကြောင့် အမျိုးသားကို မေ့နေပြီး အရင်က မပေးလိုက်ရတဲ့ စာကိုပဲ ပြန်ပေးချင်နေတဲ့ အမျိုးသမီးတွေ သူတို့ တကယ်ပဲ အတိတ်ကိုပြန်သွားပြီး ဘယ်လို ခံစားခဲ့ရလဲ ဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

အတိတ်ကိုသွားတဲ့အခါ ကော်ဖီဖျော်ပေးရတဲ့ တာဝန်ကို မျိုးဆက် အဆက်ဆက် လက်ဆင့်ကမ်း ယူခဲ့ရတဲ့ နောက်ဆုံး မျိုးဆက် ကော်ဖီဆိုင်ပိုင်ရှင် ညီမ ခါဇုကရော အတိတ်ကို ပြန်သွားချင်ပေမယ့် မသွားနိုင်ဖြစ်နေတဲ့ အခက်အခဲကို ကော်ဖီဆိုင် အမြဲလာထိုင်နေကျ တက္ကသိုလ်ကျောင်းသားလေး ရူစုကီ သိသွားပြီး ဘယ်လို ဖြေရှင်းပေးမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

ထူးခြားတဲ့ ထိုင်ခုံလေးမှာထိုင်ရင် ကိုယ်သွားချင်တဲ့အချိန်ကို ပြန်သွားနိုင်ပေမယ့် အနာဂတ်ကို ပြောင်းလဲလို့ မရတဲ့ အချက်ကြောင့် ပြန်သွားခဲ့ကြသူတွေက ရလဒ်ကို တကယ်ပဲ လက်ခံနိုင်ရဲ့လား။ နောက်ထပ် ထူးခြားတာက အတိတ်ကို ပြန်သွားရုံတင် မဟုတ်ဘဲ အနာဂတ်ကိုပါ သွားလို့ရတယ်ဆိုတာ သိသွားကြတဲ့အခါမှာတော့ ဘာတွေ ပြောင်းလဲသွားမလဲ ဆိုတာ ဇာတ်လမ်းထဲမှာပဲ အဖြေရှာကြည့်ဖို့ ဒီဇာတ်ကားကို ညွှန်းဆိုပေးလိုက်ပါတယ်။ ။

You may also like these stories: 

မတူတဲ့ ရသ နှစ်ခုခံစားရမယ့် “Badhaai Ho” နဲ့ “Departures”

“Game of Thrones” သီးခြား ခွဲထွက်ဇာတ်လမ်း ၃ ခု ရိုက်ကူးရန် ပြင်ဆင်နေပြီလို့ သိရ

Samsung တီဗီ မော်ဒယ်အသစ်တွေမှာ Google Assistant ပါဝင်လာဖွယ်ရှိ

ဂျပန်လူမျိုးတွေရဲ့ အသက်ရှည်ခြင်း လျှို့ဝှက်ချက်

Your Thoughts …
Tags: “Café Funiculi Funicula” ဇာတ်ကား
Aurora

Aurora

Contributor

Similar Picks:

No Content Available
Next Post
ချင်းမိုင်တွင် ပြုလုပ်သော အပစ်ရပ် ၁၀ ဖွဲ့အစည်းအဝေး / NCAs,Eao

ငြိမ်းချမ်းရေး ထွက်ပေါက်ရှာမှု အမြင်မမှားရန် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး သတိပေး

ကျောကင်မရာ ၃ လုံးပါဝင်တဲ့ OnePlus 7 Pro စမတ်ဖုန်း

90Hz Screen နဲ့ ကျောကင်မရာ ၃ လုံးပါဝင်တဲ့ OnePlus 7 Pro ကို တရားဝင် မိတ်ဆက်

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

1 week ago
10.9k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate