ဂျင်းဘောင်းဘီဝတ်တာ၊ စကတ်ဝတ်တာတွေ အပြင် အခုနောက်ပိုင်းမှာ ပိုပြီးခေတ်စားလာတာကတော့ အသားကပ်ဘောင်းဘီ ဝတ်တာပါပဲ။ ပေါ့ပါးပြီး သက်သောင့်သက်သာဖြစ်တာကြောင့် မိန်းကလေးတွေတော်တော်များများက ပိုပြီး ကြိုက်နှစ်သက်ကြတာပါ။
အသားကပ်ဘောင်းဘီဟာ အဝတ်အစားတိုင်းနီးပါးနဲ့ တွဲပြီး ဝတ်လို့ အဆင်ပြေတယ်ဆိုပေမယ့် မလိုက်ဖက်တာ တွေလည်း ရှိပါတယ်။ ဒါကြောင့် အသားကပ်ဘောင်းဘီဝတ်တဲ့အခါ ရှောင်ကြဉ်ရမယ့် အချက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ခါးတိုအင်္ကျီ
အသားကပ် ဘောင်းဘီဟာ အသားမှာကပ်ပြီး ခန္ဓာကိုယ်ကို ပိုပေါ်လွင်စေတဲ့အတွက် ခါးတိုအင်္ကျီတွေနဲ့ မလိုက်ဖက်ပါဘူး။ အဲဒီအစား တီရှပ်ဝတ်သင့်ပါတယ်။
(၂) အရောင်တောက်တဲ့ အသားကပ်ဘောင်းဘီ
အရောင်တောက်တဲ့ အသားကပ်ဘောင်းဘီဟာ ခန္ဓာကိုယ် ရွေးပါတယ်။ တော်ရုံနေရာကို သွားတဲ့ အချိန်တွေမှာ အရောင်တောက်တဲ့ အသားကပ်တွေကို ဝတ်ခြင်းက သင့်ကို ရုပ်ဆိုးစေပါလိမ့်မယ်။
(၃) အတွင်းခံ ဘောင်းဘီ
အသားကပ်ဘောင်းဘီ ဝတ်တဲ့အခာ အရာထင်စေတဲ့ အတွင်းခံဘောင်းဘီတွေကို မဝတ်ဖို့ လိုပါတယ်။ အတွင်းခံဘောင်းဘီမှာ အရာထင်ပြီး အသားပိုတွေထွက်ခြင်းက ပိုပြီး ကြည့်ရဆိုးစေသလို ဆွဲဆောင်မှုအားကိုလည်း လျော့ကျစေပါတယ်။
(၄) ပုံတွေ ပါတဲ့ ဘောင်းဘီ
အရုပ်တွေ ပါပြီး အဆင်မျိုးစုံနဲ့ ဘောင်းဘီတွေ ခေတ်မစားတော့တာ ကြာပါပြီ။ ဒါကြောင့် အသားကပ်ဘောင်းဘီ ဝယ်မယ်ဆိုရင် အမည်းရောင်ကို သာ ဝယ်ဖို့ လိုအပ်ပါတယ်။ အရမ်းအပါးကြီး မဟုတ်တဲ့ ဘောင်းဘီကို ဝယ်ဖို့လည်း တိုက်တွန်းချင်ပါတယ်။
Ref; misskyra.com