• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Culture

ထိုင်း ဆုမ်ခရမ်ပွဲတော်နဲ့ တုံယမ်း ဟင်းရည်ကို ယဉ်ကျေးမှု အမွေအနှစ် စာရင်းသွင်းဖို့ ကြိုးစားနေ

by ညီညီသူ
24 December 2019
in Culture
A A
ထိုင်းနိုင်ငံက ဆုမ်ခရမ်ပွဲတော်

ထိုင်းနိုင်ငံက ဆုမ်ခရမ်ပွဲတော်

4.9k
VIEWS
Share on FacebookShare on Twitter

အတာကူးတဲ့ နှစ်သစ်ကူး အချိန်အခါကို မြန်မာနိုင်ငံသားတွေ နည်းတူ ထိုင်းလူမျိုးတွေကလည်း ကျင်းပလေ့ ရှိကြပါတယ်။ မြန်မာက သင်္ကြန်လို့ခေါ်ပြီး ထိုင်းက ဆုမ်ခရမ်ပွဲတော်လို့ ခေါ်ပါတယ်။

ဘာသာစကားအရသာ ကွာခြားမှု ရှိပေမယ့် အတွင်းအနှစ်သာရအားဖြင့်ကတော့ ကွာခြားမှု သိပ်မရှိပါဘူး။ ဒါကြောင့်လည်း နှစ်သစ်ကူးတဲ့ အခါသမယမှာ မြန်မာရော ထိုင်းပါ ရေကစားပွဲတော်ကို စည်စည်ကားကားကျင်းပလေ့ ရှိပါတယ်။

နှစ်ကာလအားဖြင့် ကြည့်မယ်ဆိုရင်လည်း သင်္ကြန်နဲ့ ဆုမ်ခရမ်ပွဲတော်က ကာလကြာမြင့်ခဲ့ပါပြီ။ ဒါကြောင့်လည်း ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ ဆုမ်ခရမ်ပွဲတော်ကို ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုစာရင်းတင်သွင်းဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။

ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ တင်သွင်းစရာ ရိုးရာအစဉ်အလာ အများကြီးရှိတဲ့ထဲကမှ ဆုမ်ခရမ်ပွဲတော်ကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စာရင်း တင်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မကြာသေးခင် ရက်ပိုင်းကလည်း ထိုင်းရိုးရာ မာဆတ်ကို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်ဖြစ်အောင် ကြိုးစားလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ယဉ်ကျေးမှုအမွေအနှစ်များ မြှင့်တင်ရေးနှင့် ထိန်းသိမ်း စောင့်ရှောက်ရေးကော်မတီအနေနဲ့ ဆုမ်ခရမ်ပွဲတော်ကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်စာရင်းတင်သွင်းမယ့်အကြောင်း လာမယ့် ဖေဖော်ဝါရီလအတွင်း ထိုင်းအစိုးရအဖွဲ့ကို တင်ပြသွားဖို့ ရှိနေပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128
သဇင်ပန်း

သဇင်ပန်း

10 January 2026
140
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
315

အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ရပြီးသွားရင်တော့ ၂၀၂၀ ခုနှစ်၊ မတ်လအတွင်း ယူနက်စကို ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီကို အဆိုပြုလွှာ တင်သွင်းသွားမယ်လို့ ထိုင်းနိုင်ငံ ယဉ်ကျေးမှုဝန်ကြီးက ပြောပါတယ်။

ဒါ့အပြင် ထိုင်းရိုးရာဟင်းချိုတမျိုးဖြစ်တဲ့ Tom Yam (တုံယမ်း) ဟင်းရည်ကိုလည်း ယဉ်ကျေးမှု အမွေအနှစ် အဖြစ် တင်သွင်းသွားဖို့ ရှိနေပါတယ်။ ဆုမ်ခရမ်ပွဲတော်နဲ့ Tom Yam ဟင်းရည်တို့ကို ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ခံရဖို့ ဝန်ကြီးဌာနအနေနဲ့ မျှော်လင့်ထားပါတယ်။ ယူနက်စကိုရဲ့ ဆုံးဖြတ်ချက်ကိုတော့ ၂၀၂၂ ခုနှစ်မှာ ကြေညာပေးသွားပါလိမ့်မယ်။

Ref: Bangkokpost

You may also like these stories:
ထိုင်းရိုးရာအနှိပ်ပညာကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် UNESCO သတ်မှတ်
ထိုင်းဘုရင်ရဲ့ မင်္ဂလာလှေတော် စီးနင်းမှုကို နိုင်ငံသားထောင်ချီ လာရောက် ကြည့်ရှု
Your Thoughts …
Tags: ဆုမ်ခရမ်ပွဲတော်တုံယမ်းဟင်းရည်ယဉ်ကျေးမှု အမွေအနှစ်
ညီညီသူ

ညီညီသူ

Similar Picks:

ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ဆုမ်ခရမ်ပွဲတော်

ထိုင်းမှာ ဆုမ်ခရမ်ပွဲကို ဇူလိုင်လအတွင်း ပြန်ကျင်းပမည်

by ညီညီသူ
2 June 2020
7.3k

ထိုင်းရိုးရာ နှစ်သစ်ကူးပွဲတော်ဖြစ်တဲ့တဲ့ဆုမ်ခရမ်ပွဲတော်ဟာ ဧပြီ ၁၃ ရက်နေ့ကနေ ဧပြီ ၁၅ ရက်နေ့ အထိ ကျရောက်ခဲ့ပေမယ့် COVID-19 ကြောင့် ကျင်းပနိုင်ခြင်း မရှိခဲ့ပါဘူး။

Next Post
သရုပ်ဆောင်၊ ဒါရိုက်တာ ကျော်သူ / ယုဖြူဟန် / ဧရာဝတီ

ဘာသာရေးကားတွေ လူမကြည့်တာနဲ့ ပတ်သက်ပြီး ရင်လေးနေတဲ့ ကျော်သူ

အကြွေးဝယ်ကတ်နဲ့ အရုပ်တွေ ဝယ်ခဲ့တဲ့ ကလေး ၂ ယောက်

Alexa ကို အသုံးချပြီး မိခင်ရဲ့ အကြွေးဝယ်ကတ်နဲ့ အရုပ်တွေ ဝယ်ခဲ့တဲ့ ကလေး ၂ ယောက်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved