Entertainment

Katy Perry နဲ့ Taylor Swift တို့ကြားက ဆက်ဆံရေး အဖုအထစ် ပြေလည်သွားပြီလား

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာကျော် အမေရိကန် အဆိုတော် Katy Perry ကတော့ American Idol အစီအစဉ်မှာ သူနဲ့ ပြဿနာဖြစ်ထားတဲ့ အဆိုတော် Taylor Swift နဲ့ ပတ်သက်လို့ ပြောကြားခဲ့ပါတယ်။

ဂီတဆုတွေ ကိုယ်စီရရှိထားကြတဲ့ Taylor Swift နဲ့ Katy Perry တို့ကြားက ပြဿနာ အရှုပ်အထွေးဟာ နှစ်တွေ အတော်ကြာ ပရိသတ် စိတ်ဝင်စားမှုကို ခံခဲ့ရပြီး လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစလို့ သူတို့နှစ်ယောက်ကြားမှာ ဆက်ဆံရေးက အေးစက်သွားခဲ့တာပါ။ ဒါပေမယ့် အခုတော့ သီချင်းဆိုပြိုင်ပွဲတခုဖြစ်တဲ့ American Idol အစီအစဉ်မှာ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်နေတဲ့ Katy က အဲဒီအေးစက်လွန်းတဲ့ ဆက်ဆံရေး အခြေအနေကို ဖြိုခွဲလိုက်ပါပြီ။

ပြိုင်ပွဲဝင် တယောက်က သူဟာ Taylor ရဲ့ ပရိသတ်တဦးဖြစ်တဲ့အတွက် တောင်းပန်ကြောင်း ပြောကြားတာကို “I Kissed A Girl” သီချင်းအဆိုတော် Katy က Taylot ရဲ့ သီချင်းရေးသားတဲ့ ကျွမ်းကျင်မှုကို ချီးမွမ်း ပြောဆိုခဲ့ပါတယ်။ ပြိုင်ပွဲဝင်ကို ကြိုက်နှစ်သက်တဲ့ ဂီတအဆိုတော် တယောက်ကို ပြောပါဆိုတော့ အဆိုပါ ပြိုင်ပွဲဝင်က “Katy ကိုတောင်းပန်ပါတယ်။ ကျနော် ကြိုက်တဲ့ အဆိုတော်က Taylor Swift ပါ” လို့ ဖြေခဲ့တာပါ။ Taylor Swift ကို ချစ်တဲ့အကြောင်း ပြောလာတဲ့ အဲဒီ လူငယ်လေးကို Katy က “မင်း တောင်းပန်ဖို့ မလိုပါဘူး” လို့ ပြောခဲ့ပါတယ်။

အဲဒီနောက် Katy က “ငါ သူ့ကို သီချင်းရေးဆရာ တဦးအနေနဲ့ ချစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။ Katy ဟာ Lionel Richie နဲ့ Luke Bryan တို့နဲ့အတူ ယခုနှစ် American Idol အစီအစဉ်မှာ ဒိုင်တယောက်အနေနဲ့ ပါဝင်လာတာ ဖြစ်ပါတယ်။ သူဟာ အစီအစဉ်မှာ ပါဝင်ခဲ့ရင်း ပါဝင်ယှဉ်ပြိုင်တဲ့ အမျိုးသား ပြိုင်ပွဲတယောက်ကို နမ်းရှုံ့တာမျိုး လုပ်ခဲ့လို့ မီဒီယာအချို့ရဲ့ ဝေဖန်မှုကိုလည်း ခံနေရပါတယ်။

Taylor Swift နဲ့ Katy Perry တို့ဟာ ၂၀၁၃ ခုနှစ်က Katy ရဲ့ Prismatic နယ်လှည့်ဖျော်ဖြေပွဲမှာ ပူးပေါင်းပါဝင်ဖို့ Taylor ရဲ့ The Red Tour ကနေ အကသမား ၃ဦး နုတ်ထွက်ရာကနေ ပြဿနာတက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းလင်ခ့် – American Idol အစီအစဉ်မှာ ပြိုင်ပွဲဝင်နဲ့အတူ ကနေရင်း ချော်လဲခဲ့လို့ အောက်စလွတ်ခဲ့ရတဲ့ Katy Perry

Ref ; contactmusic

Did you find apk for android? You can find new Free Android Games and apps.
Loading