• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“အိမ်ထောင်ဆိုတဲ့ ထောင်ထဲ နောက်တခါ ပြန်မဝင်ချင်တော့ဘူး”ဆိုတဲ့ မြတ်ကေသီအောင်

by ယုဖြူဟန်
28 May 2018
in Entertainment
A A
သရုပ်ဆောင် မြတ်ကေသီအောင် / ယုဖြူဟန် / ဧရာဝတီ

သရုပ်ဆောင် မြတ်ကေသီအောင် / ယုဖြူဟန် / ဧရာဝတီ

26.8k
VIEWS
Share on FacebookShare on Twitter

တလောက အချစ်ရေးနဲ့ အိမ်ထောင်ရေးများနဲ့ ပတ်သက်တဲ့ ကောလဟလများ ထွက်ပေါ်ခဲ့သူ သရုပ်ဆောင် မြတ်ကေသီအောင်က အိမ်ထောင်ဆိုတဲ့ ထောင်ထဲ နောက်တခါ ပြန်မဝင်ချင်တော့ဘူးလို့ ဆိုပါတယ်။

မြတ်ကေသီအောင်က အချစ်ရေးနဲ့ပတ်သတ်တဲ့ ခံစားချက်တချို့ကို Facebook ပေါ်မှာလည်း မကြာခဏ ဆိုသလို ရေးသားတင်လေ့ ရှိသူတဦးပါ။

ဒါနဲ့ ပတ်သက်လို့ “အစ်မမှာ ကုန်ကြမ်းတွေ အများရှိလို့လေ။ အစ်မက သွားရင်းလာရင်း သတိရရင် စာလေးတကြောင်း ကောက်ရေး အဲဒီလို ရေးထားထားပြီးတော့ အကြောင်းအရာလေးတွေ စုထားပြီး တင်ဖြစ်တာပါ။ စာအုပ်အထူကြီး ရှိပါတယ်။ ကြုံတိုင်း ရေးထားပါတယ်။ တင်မယ့်စာတွေ အများကြီး ရှိပါတယ်။ အစ်မ အသက်ပဲ ၅၀ ရှိနေပြီ။ အိမ်ထောင်ပြုဖို့ စိတ်ကူး မရှိတော့ဘူး။ အိမ်ထောင်ပြုခဲ့ပြီးသွားပြီ။ အိမ်ထောင်ဆိုတဲ့ အရသာကို သိခဲ့ပြီးသွားပြီ။ တကယ့် ထောင်ကျသလို ခံစားရပါတယ်။ နောက်တခါ ထောင်ထဲ မဝင်ချင်တော့ပါဘူး”လို့ မြတ်ကေသီအောင်က ပြောပါတယ်။

လက်ရှိမှာတော့ အနုပညာအလုပ်များကို သူမရဲ့ ကျန်းမာရေး အခြေအနေအရ ခဏနားထားပြီး မောင်ဖြစ်သူနဲ့ အတူ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်အလုပ်ကို လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။

“အစ်မ အိုက်တင်လုပ်တဲ့အခါမှာ အရမ်းစိတ်နှစ်ပြီး လုပ်ရင် အဆင်မပြေတော့ဘူး။ ကျန်းမာရေးကြောင့် ခဏ နားထားတာပါ။ စီးပွားရေးကတော့ မောင်လေးနဲ့တူတူ လုပ်တာဆိုတော့ ပင်ပင်ပန်းပန်းကြီးတော့ မဟုတ်ပါဘူး။ Cashier ထိုင်ပေးရုံပဲ။ ဒါပေမယ့် မထင်ထားဘဲနဲ့ ပရိသတ်က အရမ်းလာကြတယ်။ အဲဒါနဲ့ Cashier ထိုင်ရုံ မဟုတ်ဘဲနဲ့ စားပွဲလည်း ဝင်ထိုးရတယ်”လို့ မြတ်ကေသီအောင်က ပြောပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

Café Lu ဆိုတဲ့ စားသောက်ဆိုင်လေးကို မောင်ဖြစ်သူနဲ့အတူ ဖွင့်ထားပြီး မြတ်ကေသီအောင်ကိုယ်တိုင် ဆိုင်ထိုင်တဲ့ အတွက် ပရိသတ်တွေက လာရောက်အားပေးမှု များပြားပြီး အဆင်မပြေဖြစ်ရတာတွေလည်း ရှိခဲ့တယ်လို့ မြတ်ကေသီအောင်က ပြောပါတယ်။

“ဘာပဲဖြစ်ဖြစ် အနုပညာသမားက ပရိသတ်နဲ့ ကင်းကွာလို့ မရဘူးလေ။ ကိုယ့်ဘာသာ ဘာကြီးပဲ ဖြစ်နေဖြစ်နေ အစ်မဆိုင်မှာ လာစားတဲ့သူတွေဆို တွေ့မှာပါ။ အစ်မ ဖော်ဖော်ရွေရွေ နေတတ်တယ်။ ချိုချိုသာသာ ပြောတတ်တယ်။ သူတို့တွေ ဆိုင်ကိုလာတိုင်း ကျေးဇူးတင်ပါတယ် ပြောတယ်။ ပြန်သွားရင်လည်း ကျေးဇူးတင်ပါတယ် ပြောတယ်။ ဘာလိုအပ်လဲ ဆိုတာလည်း မေးတယ်။ လိုအပ်တာရှိရင် ပြင်ပေးပါမယ်လို့လည်း ပြောတယ်”

“ဒါမျိုးဆိုတာက မင်းသမီးတယောက်အနေနဲ့ ပြောဖို့ ခက်ခဲတဲ့ စကားလေ၊ ဒါပေမယ့် အစ်မအနေနဲ့ အဲဒီအချိန်မှာ မင်းသမီးလို့ မသတ်မှတ်ထားဘူး။ အဲဒီအချိန်မှာ အစ်မက ဒီဆိုင်ရဲ့ပိုင်ရှင် အဲဒီအတွက် ဆိုးတာတွေကောင်းတာတွေ အကုန်လုံးကို ရင်ဆိုင်ဖို့အတွက် တာဝန်ရှိတယ်”လို့ မြတ်ကေသီအောင်က ပြောပါတယ်။

အကယ်ဒမီ မြတ်ကေသီအောင်ကတော့ လက်ရှိအချိန်မှာ စီးပွားရေးဘက်ကို အာရုံစိုက်ကာ လုပ်ဖြစ်နေပြီး ဇာတ်ကား ရိုက်ကူးမှုများ အနေဖြင့် ကမ်းလှမ်းမှုများ ရှိသော်လည်း နယ်ဘက်မှာ သွားရောက်ရိုက်ကူးရမှာ ဖြစ်တဲ့အတွက် ငြင်းပယ်ခဲ့တယ်လို့ ဆိုပါတယ်။

Your Thoughts …
Tags: မြတ်ကေသီအောင်
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

သရုပ်ဆောင် မြတ်ကေသီအောင်  / ဝေဝေနှင်း / ဧရာဝတီ

ခန္ဓာကိုယ်ပေါ်မှာ ထိုးထားတဲ့ တက်တူးတွေအကြောင်း ပြောပြတဲ့ မြတ်ကေသီအောင်

by ယုဖြူဟန်
23 October 2019
14.2k

“တက်တူး ကြိုက်တယ်။ ကျမ ဘဝမှာ အဖေနဲ့ အမေက နံပါတ် ၁ ပဲ။ အဖေနဲ့ အမေရဲ့မွေးနေ့ သက္ကရာဇ်ရယ်၊ ဆုံးတဲ့ ခုနှစ်တွေရယ် ထိုးထားတာပါ။ တက်တူးက ၇ ခုလောက် ရှိတယ်။

သရုပ်ဆောင် မြတ်ကေသီအောင်  / ချစ်ပိုး / ဧရာဝတီ

“တယောက်တည်း နေလာတာ နေသားကျနေပြီ”လို့ ပြောတဲ့ မြတ်ကေသီအောင်

by ချစ်ပိုး
14 February 2019
8.5k

"အစ်မ ရိုတာ အရမ်းကြိုက်တယ်။ အစ်မ ဘဝမှာ မှတ်မှတ်ရရလေး တခု ရှိတယ်။ ရိုခံချင်တာ မရိုလို့လေ။ ဒီလိုနေ့မျိုးရောက်ရင် စိတ်တိုရမှာကို ပြန်သတိရတယ်။ အခုတော့ အသက်တွေကြီးပါပြီ"

သရုပ်ဆောင် မြတ်ကေသီအောင်  / ယုဖြူဟန် / ဧရာဝတီ

“အချစ်က ယုံစရာ ကောင်းတဲ့အရာ မဟုတ်ဘူး” လို့ ဆိုတဲ့ မြတ်ကေသီအောင်

by ယုဖြူဟန်
3 June 2018
12.3k

အနုပညာလောကမှာ အနုပညာရှင်တော်တော်များများကို  ကိုယ်ပိုင်စီးပွားရေးုလုပ်ငန်းများ လုပ်ကိုင်လာကြတာ တွေ့ရပါတယ်။ သရုပ်ဆောင် မြတ်ကေသီအောင်ကလည်း လတ်တလောမှာ  မောင်ဖြစ်သူနှင့်အတူ ဖွင့်လှစ်ထား တဲ့  “Coffee Lu” ဆိုတဲ့ စားသောက်ဆိုင်ကို ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ ဖွင့်လှစ်ထားပါတယ်။ သရုပ်ဆောင် မြတ်ကေသီအောင်ကို...

အကယ်ဒမီ မြတ်ကေသီအောင်  / ယုဖြူဟန် / ဧရာဝတီ

“Facebook မှာတင်တာတွေကို ယူမရေးစေချင်တဲ့” မြတ်ကေသီအောင်

by ယုဖြူဟန်
6 August 2018
19.3k

“ဘယ်နေရာမှာပဲဖြစ်ဖြစ် ကောင်းတာတွေရှိသလို ဆိုးတာတွေရှိပါတယ်။ တယောက်နဲ့တယောက် နားလည်မှုရှိဖို့လိုတယ်။ တခါတလေအစ်မတို့ အင်တာဗျူးထဲမှာ မပါချင်တဲ့စကားတွေရှိတယ်”

သရုပ်ဆောင် မြတ်ကေသီအောင် / ယုဖြူဟန် / ဧရာဝတီ

“ဘယ်သူ့ အထောက်အပံ့မှ မပါဘဲ ဖွင့်ထားတဲ့ဆိုင်” လို့ ပြောတဲ့ မြတ်ကေသီအောင်

by ယုဖြူဟန်
29 May 2018
115.9k

ဆိုင်လေးကို ဖွင့်လှစ်ထားတာ တလကျော်သာ ရှိသေးပေမယ့် လာရောက်စားသုံးသူတွေ များပြားပြီး မြတ်ကေသီအောင် ကိုယ်တိုင်လည်း ဝင်ရောက် လုပ်ကိုင်ပေးလျက်ရှိနေတာကို တွေ့ရပါတယ်။

သရုပ်ဆောင် မြတ်ကေသီအောင်  / ချစ်ပိုး / ဧရာဝတီ

“မီဒီယာတွေက အနုပညာရှင်တွေ အဆဲမခံရအောင် ရေးပေးသင့်တယ်”

by ချစ်ပိုး
13 August 2018
7k

“ကျမတို့နဲ့ မီဒီယာတွေဆိုတာ ကွဲကွာလို့ရတာမှ မဟုတ်တာ။ တယောက်နဲ့ တယောက်ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပဲ။ မီဒီယာဘာတွေသိချင်လဲ အကုန်ဖြေပေးတယ်။ မီဒီယာတွေကလည်း ကျမတို့ အဆဲမခံရအောင် ဘယ်လိုရေးပေး ရင်ကောင်းမလဲ”

Next Post
ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနပုံ / ရွှေလေး / ဧရာဝတီ

ဝင်ငွေခွန် ဥပဒေသစ် ၂၀၁၉ ခုနှစ်တွင် ပြဌာန်းမည်

မန္တလေးမြို့ ဘုရားကြီးအနောက်မုဒ် ကျောက်ဆစ်တန်းအနီးရှိ ရွှေဆိုင် အနုကြမ်းစီးခံရ (ရုပ်/သံ)

မန္တလေးမြို့ ဘုရားကြီးအနောက်မုဒ် ကျောက်ဆစ်တန်းအနီးရှိ ရွှေဆိုင် အနုကြမ်းစီးခံရ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved