Entertainment

ရာဇဝင်ထဲက "Chanakya ဂုရုကြီး" အဖြစ် မင်းသား Ajay Devgn သရုပ်ဆောင်မည်

Want create site? Find Free WordPress Themes and plugins.

ဘောလိဝုဒ်မင်းသား Ajay Devgn ဟာ “Chanakya” (စာဏကျအမတ်) လို့အမည်ရတဲ့ ရုပ်ရှင်မှာ သရုပ်ဆောင်မှာ ဖြစ်တယ်လို့ ဇူလိုင်လ ၁၁ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

မင်းသား Ajay က “ဒါရိုက်တာ Neeraj Pandey ရိုက်ကူးပြီး အိန္ဒိယသမိုင်းမှာ အကြီးကျယ်အမြင့်မြတ်ဆုံး အတွေးအခေါ် ပညာရှင်တဦးအကြောင်း ရိုက်ကူးမယ့် ရုပ်ရှင်တခု ဖြစ်တဲ့ Chanakya မှာ ပါဝင်ရမှာကို မျှော်လင့်နေပါတယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။

ဒါရိုက်တာ Neeraj Pandey ရိုက်ကူးမယ့် အဲဒီရုပ်ရှင်ဟာ အကြီးကျယ်ဆုံးနိုင်ငံရေး အတွေးအခေါ်ပညာရှင်၊ ဒဿနပညာရှင်၊ ဘောဂဗေဒပညာရှင်နဲ့ တော်ဝင်အကြံပေး Chanakya ရဲ့ ပို့ချမှုတွေနဲ့ ဘဝအကြောင်းအခြေခံ ရိုက်ကူးမှာဖြစ်ပါတယ်။

အဲဒီရုပ်ရှင်နဲ့ပတ်သက်လို့ မင်းသား Ajay က “Chanakya အဖြစ် သရုပ်ဆောင်ဖို့ တကယ့်ကိုပဲ မျှော်လင့်ထား ပါတယ်။ ဒါရိုက်တာ Neeraj Pandey ရဲ့လုပ်ဆောင်ချက်အတိုင်း နောက်ကနေ လိုက်လုပ်မှာဖြစ်ပြီး သူက ပြောဖို့လိုအပ်တာတွေကို ရှင်းရှင်းလင်းလင်းနဲ့ စိတ်ဝင်စားဖွယ် ပြောပြသွားမှာပါ” လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါရိုက်တာ Neeraj Pandey ဟာ “Special 26”, “A Wednesday”, “Baby” နဲ့ “Rustom” တို့လို ရုပ်ရှင်တွေကြောင့် ကျော်ကြားသူ တဦးလည်း ဖြစ်ပါတယ်။

အခုရုပ်ရှင်နဲ့ ပတ်သက်လို့ ပြောကြားရာမှာတော့ ဒါရိုက်တာ Pandey က “အခု Chanakya အကြောင်း ဒီရုပ်ရှင်ကို လုပ်နေပါပြီ။ ကျနော်တို့အတွက် စိတ်လှုပ်ရှားရတဲ့ စိတ်ဝင်စားဖွယ် အလုပ်တခုဖြစ်ပြီး တကယ်ကြီးမြတ်တဲ့ ပါရမီရှင်ကြီးအဖြစ် သရုပ်ဆောင်မယ့် မင်းသား Ajay ကိုလည်း ပရိသတ်တွေက ကျိန်းသေ ကြိုက်နှစ်သက်ဦးမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ရုပ်ရှင်ထုတ်လုပ်သူတွေက အခုအချိန်အထိတော့ ရုပ်ရှင်ရဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော် ပြောကြားတာ မရှိသေးပေမယ့် Reliance Entertainment ကနေ ဖြန့်ချိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ခရစ်တော် မပေါ်မီ ဘီစီ ၄ ရာစုလောက်မှာ မွေးဖွားခဲ့တဲ့ ဂုရုကြီး Chanakya ဟာ ကြီးမြတ်တဲ့ စစ်သည်တော်တဦး သာမက ဆရာ၊ ဘောဂဗေဒပညာရှင်နဲ့ နိုင်ငံရေးအကြံပေးတယောက်လည်း ဖြစ်ပါတယ်။

Chandragupta Maurya မင်းဆက်ကို ထူထောင်ခဲ့တဲ့နေရာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ သူ့ကို Kautilya နဲ့ Vishnugupta လို့လည်း လူသိများကြပါတယ်။ Chanakya နီတိ နဲ့ Arthshashtra တို့ကိုလည်း ရေးသားခဲ့သူ ဖြစ်ပါတယ်။

“Chanakya” မှာ အဓိကဇာတ်ဆောင်အဖြစ် ပါဝင်မယ့် မင်းသား Ajay Devgn ကို “Total Dhamaal”,”Sons of Sardaar: The Battle of Saragarhi” နဲ့ အခြားနာမည်မပေးရသေးတဲ့ ရုပ်ရှင်တခုမှာလည်း ပါဝင်မှာလည်း ဖြစ်ပါတယ်။

Ref:indiaexpress

Did you find apk for android? You can find new Free Android Games and apps.
Loading