Entertainment

ဖြစ်ရပ်မှန် “Raid 2” ရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသား Ajay Devgn

Want create site? Find Free WordPress Themes and plugins.

နာမည်ကျော် ဘောလိဝုဒ်မင်းသား Ajay Devgn ဟာ ဖြစ်ရပ်မှန် ဇာတ်လမ်းတခုကို ဇာတ်အိမ် တည်ထားမယ့် “Raid 2” ရုပ်ရှင်မှာ ပါဝင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

မူရင်းရုပ်ရှင်မှာတုန်းက မင်းသားဟာ IRS အရာရှိ Amay Patnaik အဖြစ် သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ Mumbai Mirror သတင်းတပုဒ်မှာတော့ Raid ရုပ်ရှင်တွေဟာ ပညာတတ်တွေ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ထောက်လှမ်းမယ့် အေဂျင်စီတွေ အပေါ် လူထုရဲ့ စိတ်ဝင်စားမှု မြင့်တက်လာအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မင်းသား Ajay သရုပ်ဆောင်ထားတဲ့ Amay ဇာတ်ကောင်ဟာ အပြင်လက်တွေ့ဘဝထဲ ဘယ်သူ့ကို အခြေခံပြီး ပုံဖော်ထားတယ်ဆိုတာကိုတော့ မသိရှိရပါဘူး။ အခု “Raid 2” ရုပ်ရှင်မှာတော့ ယူနီဖောင်း မဝတ်ကြတဲ့ အမျိုးသားတွေကို ဂုဏ်ပြုတင်ဆက်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

T-Series ကုမ္ပဏီရဲ့ ညွှန်ကြားမှုဆိုင်ရာ ဒါရိုက်တာ Bhushan Kumar က ‘Raid 2’ ရုပ်ရှင်အတွက် ဇာတ်ညွှန်းကိုလည်း ရေးသားနေပြီလို့ အတည်ပြုထားပါတယ်။

ပူးတွဲထုတ်လုပ်သူ Shushan က “စီးရီးနဲ့ရိုက်တဲ့ ရုပ်ရှင်ဖြစ်လာမှာဖြစ်ပြီး ကျနော်နဲ့ Ajay တို့ဟာ Raid ကိုရှေ့ဆက်လုပ်ဆောင်ဖို့ မျှော်လင့်နေပါတယ်။ အပိုင်း ၂ အတွက် ဇာတ်ညွှန်းကိုတော့ ရေးသားနေပါပြီ။ မူရင်းရုပ်ရှင်ကို ပရိသတ်တွေက သဘောကျနှစ်ခြိုက်တာကြောင့် နောက်ဆက်တွဲ ဇာတ်လမ်းက တော်တော်လေးကို တာဝန်ကြီးပါတယ်။

‘Tanhaji: The Unsung Warrior’ ရုပ်ရှင်အောင်မြင် ခဲ့ပြီးတဲ့နောက် ဒီပူးတွဲတင်ဆက်မှုဟာ မျှော်လင့်ထားတာကို ပြည့်မီစေဖို့အတွက် တော်တော်လေး ဖိအားရှိနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

မူရင်း Raid ရုပ်ရှင်မှာတော့ မင်းသမီး Ileana D’Cruz က မင်းသား Ajay ရဲ့ဇနီးအဖြစ် လည်းကောင်း၊ မင်းသား Saurabh Shukla က Tauji လို့အမည်ရတဲ့ အကျင့်ပျက်နိုင်ငံရေးသမားတဦးအဖြစ် ပါဝင်ထားပါတယ်။ အဲ့ဒီရုပ်ရှင်ကို ဝေဖန်သူတွေက တော်တော်လေးကို ချီးကျူးခဲ့ကြပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်နှောင်းပိုင်းမှာ အရှည်ကြာဆုံး စီးနင်းမှုတခုကို အခြေခံထားတာ ဖြစ်ပါတယ်။

အခုအချိန်မှတော့ မင်းသား Ajay ဟာ သူ့ရဲ့ ကား ၁၀၀ မြောက်ရုပ်ရှင်ဖြစ်တဲ့ ‘Tanhaji: The Unsung Warrior’ နဲ့အောင်ပွဲခံနေပါတယ်။ မင်းသားဟာ အဲ့ဒီရုပ်ရှင်ကို ပူးတွဲထုတ်လုပ်ထားပြီး လက်ရှိဇနီး Kajol နဲ့အတူ ပူးတွဲ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

အဲ့ဒီရုပ်ရှင်ဟာ အိန္ဒိယရုပ်ရှင်ရုံဝင်ငွေမှာ ရူပီး ၂၇၉ ကုဋေ ရရှိခဲ့ပြီး တနှစ်တာအတွက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ နောက် ၂ နှစ်လောက်အထိ မင်းသား Ajay ရဲ့ ရုပ်ရှင်အသစ်တွေ ပြသဖို့ တန်းစီစောင့်ဆိုင်းနေပါတယ်။ မင်းသားဟာ ‘Bhuj: The Pride of India’ ၊ ‘Thank God, Kaithi’ နဲ့ ‘Chanakya’ ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

Ref: hindustantimes

You may also like these stories:

ဆင်းရဲတဲ့ လယ်သမားတွေအတွက် ကိုဗစ် ရန်ပုံငွေ ထူထောင်လိုက်တဲ့ မင်းသား Idris Elba

လက်ရှိ COVID-19 အခြေအနေကြောင့် ရုံတင်ရက် ပိုအလှမ်းဝေးသွားတဲ့ The Batman

သရုပ်ဆောင်ကြေး ပြဿနာ ကြုံနေရတဲ့ Black Panther မင်းသား Chadwick Boseman

Did you find apk for android? You can find new Free Android Games and apps.
Loading