• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဆင်းရဲတဲ့ လယ်သမားတွေအတွက် ကိုဗစ် ရန်ပုံငွေ ထူထောင်လိုက်တဲ့ မင်းသား Idris Elba

by မစ်ကီ
23 April 2020
in Entertainment
A A
မင်းသား Idris Elba ဇနီးမောင်နှံ

မင်းသား Idris Elba ဇနီးမောင်နှံ

6.2k
VIEWS
Share on FacebookShare on Twitter

ဗြိတိသျှ ရုပ်ရှင်မင်းသား Idris Elba ဟာ ဆင်းရဲတဲ့ နိုင်ငံတွေမှာရှိတဲ့ လယ်သမားတွေကို ကူညီဖို့ ကုလသမဂ္ဂဆိုင်ရာ ရန်ပုံငွေတခုကို ထူထောင်လိုက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဆာလောင် မွတ်သိပ်မှုနဲ့ နာကျင်မှုတွေ ခံစားနေရတာကို ကာကွယ်ဖို့ အကူအညီတွေ ထောက်ပံ့ပေးဖို့ ချမ်းသာတဲ့နိုင်ငံတွေကို တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။

မင်းသား Elba နဲ့ ဇနီး မော်ဒယ် Sabrina Dhowre Elba တို့ဟာ COVID-19 ရောဂါကနေ ကမ္ဘာ့အစားအစာ အကျပ်အတည်း ဖြစ်သွားစေနိုင်တဲ့ စီးပွားရေးလှုပ်ခတ်မှုတွေကို ရပ်တန့်ရေးအတွက် ကူညီဖို့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဖွံ့ဖြိုးရေးနိုင်ငံတကာ ရန်ပုံငွေအဖွဲ့ (IFAD) ကနေ ထူထောင်ထားတဲ့ ရန်ပုံငွေကို ထောက်ခံ ထည့်ဝင်လိုက်တာလည်း ဖြစ်ပါတယ်။

IFAD ရဲ့ သံတမန်အဖြစ် ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့ကစလို့ တာဝန်ပေးအပ်ခံရတဲ့ သူတို့စုံတွဲ နှစ်ဦးဟာ ပြီးခဲ့တဲ့ မတ်လတုန်းက ကိုရိုနာအပျော့စား ရောဂါလက္ခဏာတွေကို ခံစားခဲ့ကြရသူတွေ ဖြစ်ပါတယ်။

အသက် ၄၇ နှစ်အရွယ် မင်းသားက “ကမ္ဘာ့ရဲ့ ကျယ်ပြန့်တဲ့ စီးပွားရေးဟာ အခုလို ကပ်ရောဂါကာလ အချိန်အလယ် တည့်တည့်ကို ရောက်နေတာပါ။ သူတို့ရဲ့လူတွေကို ကူညီနိုင်ဖို့ အရာရာတိုင်းကို သူတို့လုပ်ဆောင်ရပါမယ်။ ဒါပေမဲ့ အဓိက အချက်က ကမ္ဘာလုံးဆိုင်ရာ လုပ်ဆောင်ချက်ဟာလည်း ကိုယ်ပိုင်အကျိုးအမြတ် ရှိရပါမယ်။ ကပ်ရောဂါက နေရာတိုင်းမှာ အရှိန်ရှိနေသမျှ နေရာတိုင်းမှာ ခြိမ်းခြောက်မှုရှိနေဦးမှာ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။

ကျေးလက် အစားအသောက် စနစ် လည်ပတ်မှုကို ဆက်လက် ရှိနေစေဖို့ ငွေကြေးပိုင်းဆိုင်ရာ ထောက်ပံ့မှုတွေ အရှိန်မြှင့် လုပ်ဆောင်ရေးအတွက် အလှူရှင်တွေကို တိုက်တွန်းခဲ့ပါတယ်။

RelatedPosts

အနုပညာနယ်ပယ်စုံမှာ စစ်တပ်ထောက်ခံသူတွေ ကြီးစိုးလာ

အနုပညာနယ်ပယ်စုံမှာ စစ်တပ်ထောက်ခံသူတွေ ကြီးစိုးလာ

22 December 2025
8.1k
Nvidia က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၅ ထရီလီယံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

Nvidia က ကမ္ဘာ့ပထမဆုံး ဒေါ်လာ ၅ ထရီလီယံ တန်ကြေးရှိ နည်းပညာ ကုမ္ပဏီ ဖြစ်လာ

2 November 2025
359
ရုပ်ရှင်လောကကို အသုံးချပြီး စကမ ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေး လုပ်လာ

ရုပ်ရှင်လောကကို အသုံးချပြီး စကမ ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေး လုပ်လာ

1 November 2025
564

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက်လုပ်ဆောင်နေတဲ့ ကုလအေဂျင်စီ တခုဖြစ်တဲ့ IFAD က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အစားအစာထုတ်လုပ်ရေး၊ ဈေးကွက်ရရှိရေးနဲ့ လုပ်သားချထားရေးတို့အပေါ် ကပ်ရောဂါရဲ့ အကျိုးသက်ရောက်မှုကို တုံ့ပြန်ရေးအတွက် ရန်ပုံငွေအသစ်တခုထံကို ဒေါ်လာ သန်း ၄၀ ထည့်ဝင်ခဲ့တယ်လို့ ဆိုပါတယ်။ အစိုးရတွေ၊ ဖောင်ဒေးရှင်းတွေနဲ့ ပုဂ္ဂလိက ကဏ္ဍတွေကနေ အနည်းဆုံး ဒေါ်လာ ၂၀၀ ထပ်ဝင်လာဖို့ ရည်မှန်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စတင် ပျံ့နှံ့လာချိန်ကတည်းက IFAD ဟာ ဆင်းရဲတဲ့ လယ်သမားတွေရှိရာ ကျေးလက်ဒေသက မိသားစုတွေကို ကူညီဖို့ နည်းလမ်း ရှာဖွေနေခဲ့ပြီးလည်း ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ထားလို့ ဈေးဆိုင်တွေ ပိတ်ထားရပြီး ထုတ်ကုန်တွေနဲ့ မွေးမြူရေး ထုတ်ကုန်ရေ ရောင်းချဖို့ အခက်တွေ့နေရတဲ့ ဆီနီဂေါနိုင်ငံ အရှေ့ပိုင်းမှာ အေဂျင်စီဟာ စမတ်ဖုန်းတွေကနေ တဆင့် ငွေလွှဲပြောင်းတာနဲ့ စိုက်ပျိုးရေးချေးငွေ (အမတော်ကြေး) ထောက်ပံ့မှုတွေ၊ စိုက်ပျိုးရာသီ မတိုင်မီမှာ မျိုးစေ့တွေနဲ့ ဓာတ်မြေသြဇာတွေကို ဖြန့်ဖြူးပေးတာတွေကို လုပ်ဆောင်ပေးနေပါတယ်။

Ref:asiaone

Your Thoughts …
Tags: Idris Elbaရန်ပုံငွေ
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

တက်လာတဲ့စာရင်းနဲ့ အတိအကျပဲ ပြုံးပြုံးလေး Page ကနေ ဖော်ပြပြီး ရှင်းသွားမယ်

တက်လာတဲ့စာရင်းနဲ့ အတိအကျပဲ ပြုံးပြုံးလေး Page ကနေ ဖော်ပြပြီး ရှင်းသွားမယ်

by ဧရာဝတီ
7 August 2025
9.2k

အရေးကြီးတာက တော်လှန်ရေးအတွက်ဖြစ်သွားတော့ အနုပညာအတွက် အများကြီးမျှော်လင့်မထားဘူး။ နံပါတ်တစ်က ရန်ပုံငွေရှာပေးချင်တယ်။ တော်လှန်ရေးအတွက် လိုအပ်နေတာ ရန်ပုံငွေပဲ။ ဒီပိုက်ဆံတွေနဲ့ပဲ ကျန်းမာရေးအတွက်၊ စစ်ရှောင်တွေအတွက် ဗုံးကြဲလို့ပျက်စီးသွားတဲ့ ကျောင်းတွေ ဆောက်ပေးလို့ရတယ်။

ကုလ အကူအညီပေးရေး အကြီးအကဲ၏ မြန်မာပြည်ခရီးစဉ်အား အထုပ်ဖြေခြင်း

ကုလ အကူအညီပေးရေး အကြီးအကဲ၏ မြန်မာပြည်ခရီးစဉ်အား အထုပ်ဖြေခြင်း

by အီဂေါဗလာဇီဗစ်
18 August 2023
4.3k

စစ်တပ်ဟာ လူသားချင်းစာနာမှု အကူအညီကိစ္စကို ကိုယ်ကျိုးစီးပွားအတွက် အမြတ်ထုတ်တဲ့အပြင် သူ့ရဲ့ ရပ်တည်မှုအတွက်လည်း လက်နက်သဖွယ် အသုံးပြုနေပါတယ်။

WHO မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် အမိန့်ထုတ်

WHO မှ အမေရိကန် နုတ်ထွက်ရန် ထရမ့် အမိန့်ထုတ်

by ဧရာဝတီ
23 January 2025
3.4k

ထိပ်တန်း အလှူရှင်နိုင်ငံ၏ လုပ်ရပ်အတွက် စိတ်မကောင်းကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောသည်။

တော်လှန်ရေး ရန်ပုံငွေအတွက် “သူပုန် လက်ဖက်ခြောက်”

တော်လှန်ရေး ရန်ပုံငွေအတွက် “သူပုန် လက်ဖက်ခြောက်”

by Brian Wei
29 July 2024
3.2k

"အကျိုးအမြတ်တွေ အားလုံးက လွိုင်ကော် PDF နဲ့ ရွာငံ PDF ဆီကို စီးဆင်းမယ်"

နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

နွေဦးဘဏ်က ၁၀ ရက်အတွင်း ဒေါ်လာ ၁၀ သန်းဖိုး ရှယ်ယာရောင်းချနိုင်

by ဧရာဝတီ
29 November 2023
1.9k

မြန်မာအရပ်သား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တည်ထောင်ထားသည့် နွေဦး ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (SDB) သည် ၁၀ ရက်အတွင်း ရှယ်ယာ အမေရိကန် ဒေါ်လာ ၁၀ သန်းဖိုးရောင်းချရေး သတ်မှတ်ချက်ကို အကောင်အထည် ဖော်နိုင်ခဲ့သည်။

အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

by ဧရာဝတီ
26 September 2023
1.5k

အမေရိကန် ပြည်ထောင်စုတွင် အဝေးရောက်အုပ်စုများသည် Burma Act ဥပဒေ အတည်ပြုရေး လော်ဘီလုပ်ရာတွင်လည်း အရေးပါသောအခန်းမှ ပါဝင်ကြသည်။

Next Post
မြန်မာနိုင်ငံမှာ ပလိပ်ရောဂါကြောင့် ၁၉၀၆ ခုနှစ်မှာ သေဆုံးခဲ့သူပေါင်း ၈,၆၀၀ ကျော်တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။

မြန်မာနှင့် ကပ်ရောဂါ

မင်းသား Ajay Devgn

ဖြစ်ရပ်မှန် “Raid 2” ရုပ်ရှင်မှာ ပါဝင်လာမယ့် မင်းသား Ajay Devgn

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved