ဒါရိုက်တာ Matt Reeves ရိုက်ကူးထားပြီး မင်းသား Robert Pattinson အဓိကပါဝင်ထားတဲ့ “The Batman” ရုပ်ရှင်ဟာဆိုရင် COVID-19 ကြောင့် ကြေညာထားခဲ့တဲ့ ရုံတင်ရက်ထက် ပိုပြီးအလှမ်းဝေးတဲ့ အချိန်ကာလတခုဆီ ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
တကမ္ဘာလုံး ကြုံတွေ့နေရတဲ့ COVID-19 ကြောင့်ပဲ ရုပ်ရှင်ထုတ်လုပ်ရေးတွေရော ရုပ်ရှင်နယ်ပယ်တခုလုံးပါ ရိုက်ကူးထုတ်လုပ်ရေးတွေ ရပ်ဆိုင်းထားရတာဖြစ်တဲ့အပြင် ပရိသတ်တွေ စောင့်မျှော်လျက်ရှိတဲ့ ရုပ်ရှင်တော်တော်များများဟာလည်း ရုံတင်ရက် ရွှေ့ဆိုင်းထားရဆဲ ဖြစ်ပါတယ်။
ပထမတကြိမ်တုန်းက The Batman ရုံတင်ရက်ဟာ ဇွန်လ ၂၅ရက်နေ့ ၂၀၂၁ခုနှစ်အဖြစ် လျာထားခဲ့ပေမယ့် အခုတကြိမ်မှာတော့ ၂၀၂၁ ၊ အောက်တိုဘာ ၁ ရက်နေ့အထိ ထပ်မံ ရွှေ့ဆိုင်းလိုက်ဖို့ အစီအစဉ် ရှိနေတာဖြစ်ကြောင်း Warner Bors. ကုမ္ပဏီရဲ့ နီးစပ်ရာအသိုင်းအဝိုင်းမှာ သတင်းတွေထွက်ပေါ်နေခဲ့တာပါ။
The Batman ရုပ်ရှင်ကို UK မှာရှိတဲ့ Pinewood Studio မှာ ရိုက်ကူး ဖို့ စီစဉ်ခဲ့ပေမယ့် စတူဒီယိုတည်ရှိတဲ့နေရာအနှံ့ဟာ Lockdown ပြုလုပ်ထားတာ အခုအချိန်ဆိုရင် တလကျော်ကျော် ကြာမြင့်နေပြီလည်း ဖြစ်ပါတယ်။ လှုပ်ရှားသွားလာမှု ကန့်သတ်ထားတဲ့ ဥပဒေအရ ရုပ်ရှင်ရိုက်ကူးရေး ဆက်လက်လုပ်ဆောင်ဖို့ နောက်ထပ် သုံးပတ်အထိ အနည်းဆုံး စောင့်ဆိုင်းရဖို့ ရှိနေခဲ့တာပါ။
ရိုက်ကူးထုတ်လုပ်ရေးအတွက် ရေးဆွဲထားတဲ့ အချိန်ဇယားထဲမှာတော့ နှစ်လတာကာလဟာ ကုန်ဆုံးခဲ့ပြီဖြစ်ပြီး ကမ္ဘာ့တဝှမ်း ကျန်းမာရေးအခြေအနေကြောင့် ယာယီ ဆိုင်းငံ့ထားရဆဲ ဖြစ်ပါတယ်။
The Batman ရုပ်ရှင်ဟာ Warner Bros. ကုမ္ပဏီအတွက် ပထမဆုံး ရုံတင်ရက် ရွှေ့ဆိုင်းရတဲ့ ရုပ်ရှင်တကားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး The Flash တကိုယ်တော်ရုပ်ရှင်ကိုလည်း ၂၀၂၂ခုနှစ် ဇွန်လ ၃ရက်နေ့မှာ ပြသဖို့ အစီအစဉ် ရေးဆွဲထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။
Ref. wegotthiscovered.com
You may also like these stories:
သရုပ်ဆောင်ကြေး ပြဿနာ ကြုံနေရတဲ့ Black Panther မင်းသား Chadwick Boseman
နာမည်ကျော် “Hunger Games” ဇာတ်ကားသစ် ဖြန့်ချိဖို့ ရှိနေ
သိပ္ပံစိတ်ကူးယဉ် ဒရာမာစီးရီးမှာ ပါဝင်လာမယ့် မင်းသား ဂေါင်ယိုး