• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

“The Batman” ရုပ်ရှင် ရိုက်ကူးရေး ပြန်စတင်ပြီ

by မစ်ကီ
18 September 2020
in Entertainment
A A
“The Batman” ရုပ်ရှင်

“The Batman” ရုပ်ရှင်

5.6k
VIEWS
Share on FacebookShare on Twitter

မင်းသား Robert Pattinson ပါဝင်သရုပ်ဆောင်နေတဲ့ “The Batman” ရုပ်ရှင်ရိုက်ကူးရေးတွေ ပြန်လည် စတင်ပြီလို့ သိရပါတယ်။ မင်းသား Pattinson ဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်လောက်တုန်းက COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီးတဲ့နောက် အခုတော့ ယူကေနိုင်ငံမှာ ဆက်တင် တည်ထားတဲ့ ရုပ်ရှင်ရိုက်ကွင်းဆီကို ပြန်လာပြီ ဖြစ်ကြောင်း Variety မီဒီယာက ဖော်ပြပါတယ်။

Warner Bros. မှ ပြောရေးဆိုခွင့်ရှိသူတဦးက “COVID-19 သီးခြား စောင့်ကြည့်နေထိုင်မှု ကြိုတင် လုပ်ဆောင်ဖွယ်ရာတွေအတွက် အချိန်အနည်းငယ် ရပ်နားခဲ့ရပြီးတဲ့နောက် ယူကေနိုင်ငံက The Batman ရုပ်ရှင်ရိုက်ကူးရေးကို ပြန်လည်စတင်ပြီ ဖြစ်ပါတယ်” လို့ အတည်ပြုခဲ့ပေမယ့် မင်းသားရဲ့ နာမည်ကို ဖော်ပြ ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

မင်းသား Pattinson ဟာ ရောဂါကူးစက်ခံခဲ့ရတာကြောင့် Quarantine ၁၄ ရက် ဝင်ဖို့ လိုအပ်တဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့ကစလို့ ရိုက်ကူးရေးကို ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132
သဇင်ပန်း

သဇင်ပန်း

10 January 2026
146
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

အခုလို သီတင်းနှစ်ပတ် နားခဲ့တဲ့ကာလအတွင်းမှာ ရိုက်ကူးရေး တာဝန်ရှိသူတွေဟာ ငွေကြေး အမြောက်အများ အကုန်ကျခံ ရိုက်ကူးနေတဲ့ အဲ့ဒီရုပ်ရှင်အတွက် လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်အချို့ရဲ့အဆိုအရ ဒါရိုက်တာ Matt Reeves ဟာ မင်းသားရဲ့ကိုယ်စား စတန့်သမား နဲ့အတူ တချို့ဇာတ်ဝင်ခန်းတွေကို ဆက်လက် ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။ Warner Bros. ကတော့ အဲ့ဒီသတင်းတွေကို ပယ်ချခဲ့ပြီး စက်တင်ဘာလ ၃ ရက် နောက်ပိုင်းမှာ ရိုက်ကူးရေးတွေကို ရပ်နားခဲ့တဲ့အပြင် သရုပ်ဆောင်တွေနဲ့ ဝန်ထမ်း တော်တော်များများကို Quarantine ဝင်စေခဲ့တယ်လို့ ဆိုပါတယ်။

မင်းသားရဲ့ သီးခြားခွဲနေထိုင်မှု ပြီးမြောက်ခဲ့တာကို သိရှိခဲ့ရတာကတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က မင်းသားဟာ ချစ်သူ Suki Waterhouse နဲ့အတူ လန်ဒန်မြို့ထဲမှာ သွားလာနေတာကို တွေ့ရှိခဲ့ရလို့ ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ သူတို့နှစ်ဦးလုံးဟာ Mask တွေကို တပ်ထားခဲ့ကြတယ်လို့ ဓာတ်ပုံဆရာတွေက ဆိုပါတယ်။

အဲ့ဒီရုပ်ရှင်ရဲ့ ၇၅ ရာခိုင်နှုန်းလောက်ကို ရိုက်ကူးဖို့ ရှိနေပြီး မင်းသားအတွက် Bruce Wayne ဇာတ်ကောင်အဖြစ် ပြီးမြောက်ဖို့ အချိန်တော်တော် လိုနေပါသေးတယ်။ “The Batman” ရုပ်ရှင်ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာ ပြသဖို့ စီစဉ်ထားပေမယ့် ထပ်တိုးရွှေ့ဆိုင်းရမှုတွေကြောင့် ပြသချိန်ကို နောက်ဆုတ်မလား၊ တခြားရုပ်သံလိုင်းတခုခုကနေ ပြသမလားဆိုတာ မသေချာသေးဘူးလို့ ဆိုပါတယ်။

Ref: yahoo

You may also like these stories:

မင်းသား Robert Pattinson ကိုဗစ် ကူးစက်ခံရပြီး “Batman” ရိုက်ကူးရေး ရပ်နား

“The Flash” ရုပ်ရှင်မှာ လင်းနို့လူသားအဖြစ် မင်းသား Michael Keaton သရုပ်ဆောင်ဖို့ရှိ

“Justice League” ဗားရှင်းအသစ်ကို ၂၀၂၁ ခုနှစ်တွင် ပြသမည်

Your Thoughts …
Tags: Robert PattinsonThe Batman
မစ်ကီ

မစ်ကီ

Contributor

Similar Picks:

Robert Pattinson နဲ့ Kristen Stewart / aceshowbiz

လမ်းခွဲလိုက်တာ ကြာပြီဖြစ်ပေမယ့် တပူးတွဲတွဲ ပြန်တွေ့နေရတဲ့ Robert Pattinson နဲ့ Kristen Stewart

by မစ်ကီ
14 February 2018
9.3k

သူတို့နှစ်ယောက် ပြန်တွဲနေကြတာကို ကြည့်ပြီး Robert ရဲ့ ရည်းစားဟောင်း FKA Twigs အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့သလား ဆိုတာကို ပရိသတ်တွေလည်း သိချင်နေကြပါတယ်။

မင်းသား Robert Pattinson

မင်းသား Robert Pattinson ကိုဗစ် ကူးစက်ခံရပြီး “Batman” ရိုက်ကူးရေး ရပ်နား

by မစ်ကီ
4 September 2020
5.4k

ဒါဟာ ကပ်ရောဂါကြောင့် လပေါင်းများစွာကြာ အနုပညာလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရပြီးနောက် နောက်ထပ်တကြိမ် နှောင့်နှေးမှုတွေနဲ့ ရုန်းကန်နေရတယ်ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။

Riddler အဖြစ် သရုပ်ဆောင်မယ့် မင်းသား Paul Dano

The Batman ရုပ်ရှင်မှာ Riddler အဖြစ် သရုပ်ဆောင်မယ့် မင်းသား Paul Dano

by ဟယ်လ်သင်
18 October 2019
4.7k

Gordon နေရာအတွက် Jeffrey Wright ၊ Catwoman နေရာအတွက် Zoe Kravitz တို့ကို အသီးသီးရွေးချယ်ခဲ့အပြီးမှာတော့ Riddler နေရာအတွက် Paul Dano ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာကျော် မင်းသား Robert Pattinson

ဟာသဆန်တဲ့ စိတ္တဇ ဝေဒနာရှင်အဖြစ် မြင်တွေ့ရဦးမယ့် မင်းသား Robert Pattinson

by မစ်ကီ
15 June 2018
4.1k

“ကျနော်ဟာ အစွန်းရောက် စိတ္တဇပုံစံ တော်တော်များများကို သရုပ်ဆောင်ခဲ့ပြီးပြီ ဖြစ်တဲ့အတွက် ဟာသဆန်တဲ့ စိတ္တဇ ဇာတ်ရုပ် ပုံစံမျိုး သရုပ်ဆောင်နိုင်မယ်လို့ ထင်ခဲ့ပါတယ်”

မင်းသား Robert Pattinson နဲ့ မင်းသမီး Kristen Stewar

Robert Pattinson နဲ့ လမ်းမခွဲခင် လက်ထပ်ဖို့အထိ စဉ်းစားခဲ့ဖူးတဲ့ မင်းသမီး Kristen Stewart

by မစ်ကီ
7 November 2019
5.8k

မင်းသမီး Kristen ကတော့ တကယ်လို့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ အဆုံးသတ်မသွားဘူးဆိုရင် လက်ထပ်ဖြစ်မလားလို့တောင် မသိဘူးလို့ ပြောဆိုလိုက်ပါတယ်။

မင်းသား Robert Pattinson

Robert Pattinson ကို Batman ဝတ်စုံနဲ့ ပထမဆုံး မြင်လိုက်ရလို့ ပရိသတ်များ အံ့အားသင့်ကြရ

by ဟယ်လ်သင်
14 February 2020
10.3k

Batman ဝတ်စုံတွေရဲ့ ထုံးစံအတိုင်း အခုဝတ်စုံမှာလည်း သူ့ရဲ့ မူရင်းပုံစံ လင်းနို့ပုံ Logo တခု ပါဝင်နေဆဲဖြစ်ပြီး တခြားစွမ်းအားမြင့် လုပ်ဆောင်မှုတွေနဲ့ ချိတ်ဆက်ထားနိုင်တယ်လို့လည်း ခန့်မှန်းပြောဆိုနေကြတာပါ။

Next Post
ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်မှုကြောင့် Stay at home အစီအစဉ်များက စီးပွားရေးကို အေးစက်သွားစေသည် / ဧရာဝတီ

မြန်မာ့စီးပွားရေး ထိုးကျနေသော်လည်း ပြန်ခေါင်းထောင်မည်ဟု ADB ဆို

ဆင်မကြီး မိုမိုကို မွေးစားထားတဲ့ ပိုင်တံခွန်

ဆင်မကြီး မိုမိုကို ၃ လ မွေးစားထားတဲ့ ပိုင်တံခွန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved