Entertainment

“Justice League” ဗားရှင်းအသစ်ကို ၂၀၂၁ ခုနှစ်တွင် ပြသမည်

Want create site? Find Free WordPress Themes and plugins.

ဒါရိုက်တာ Zack Snyder ရဲ့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Justice League” ရုပ်ရှင်ရဲ့မဖြန့်ချိရသေးတဲ့ ဗားရှင်းကို ၂၀၂၁ ခုနှစ်မှာ HBO Max ဝန်ဆောင်မှုကနေ ပရိသတ်တွေရဲ့ တောင်းဆိုချက်အတိုင်း ပြသသွားမှာဖြစ်တယ်လို့ အမှုဆောင်အရာရှိတွေက မေလ ၂၀ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

DC Comics ရဲ့ ဟီးရိုးတွေဖြစ်တဲ့ Batman, Superman, Wonder Woman, Aquaman နဲ့ Flash တို့အတူ ပါဝင်ထားတဲ့ Justice League ရုပ်ရှင်ကို ဒါရိုက်တာ Snyder က ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

ဒါရိုက်တာကြီးက မိသားစုရေးရာ ပြဿနာတခုနဲ့ မကြုံရခင် အဲ့ဒီရုပ်ရှင်ရဲ့ တည်းဖြတ်ဗားရှင်းတခုကို ပြင်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။ Avengers ဒါရိုက်တာ Joss Whedon ကလည်း ရုပ်ရှင်ရဲ့ ပြန်လည်ရိုက်ကူးမှုတွေနဲ့ အပြီးသတ် တည်းဖြတ်မှုတွေကို ကြီးကြပ်ဖို့ Post-production အပိုင်းကို တာဝန်ယူခဲ့ပါတယ်။

ရုပ်ရှင်ရဲ့ ဖြန့်ချိလိုက်တဲ့ အပိုင်းကိုတော့ သုံးသပ်သူတွေက တော်တော်လေး ဆိုးဆိုးရွားရွား တုံ့ပြန်ခဲ့ကြပါတယ်။ Rotten Tomatoes ရုပ်ရှင်ဝက်ဘ်ဆိုက်ထဲက သုံးသပ်သူတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်သာ အဲ့ဒီရုပ်ရှင်ကို အကောင်းမြင် မှတ်ချက်ပေးခဲ့ကြပါတယ်။

ပရိသတ်တွေကတော့ ဒါရိုက်တာ Snyder ရဲ့ တည်းဖြတ်မှုကို ပိုကြိုက်ကောင်း ကြိုက်နိုင်တယ်လို့ ယူဆနေကြပါတယ်။ ၂၀၁၇ ခုနှစ်လောက်ကတည်းက #ReleaseTheSnyderCut ဆိုပြီး ဒါရိုက်တာကြီးရဲ့ တည်းဖြတ်ဗားရှင်းကို ထုတ်ပေးဖို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်း တောင်းဆိုမှုတွေက ကမ္ဘာတဝန်းကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့ပါတယ်။ ထောက်ခံသူတွေကတော့ အဲ့ဒီကိစ္စကို ပရိုမိုးရှင်းလုပ်ဖို့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှာ နယူးယောက်ရဲ့ Times Square မှာ ဘေလ်ဘုတ် တခုကို ဝယ်ယူခဲ့ပါသေးတတယ်။

Warner Media အင်တာတိန်းမန့်ရဲ့ Direct-To-Consumer ဌာနခွဲဥက္ကဋ္ဌ Robert Greenblatt က “ပရိသတ် တွေက မေးကြတယ်။ နောက်ဆုံးတော့ ကျနော်တို့ဟာ မျှဝေနိုင်ခဲ့ပြီဖြစ်လို့ ပျော်ရွှင်ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အွန်လိုင်းပရိသတ်တွေအတွက် အခုလိုမျိုးပြသခွင့်ကို HBO Max က Netflix Inc ၊ Walt Disney ကုမ္ပဏီရဲ့ Disney+ ၊တခြားဗီဒီယိုဝန်ဆောင်မှုတွေနဲ့အတူ ယှဉ်ပြိုင်ခဲ့ရမှာဖြစ်ပါတယ်။

Justice League ရုပ်ရှင်မှာတော့ Batman အဖြစ် မင်းသား Ben Affleck ၊ Superman အဖြစ် မင်းသား Henry Cavill နဲ့ Wonder Woman အဖြစ် မင်းသမီး Gal Gadot တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Ref: hindustantimes

You may also like these stories:

လာမယ့်နှစ် အော်စကာဆုပေးပွဲကို ရွှေ့ဆိုင်းဖွယ်ရှိန

၁ လတိတိ အချိုရည် မသောက်တဲ့ Challenge စတင်လိုက်တဲ့ ယွန်းယွန်း

Did you find apk for android? You can find new Free Android Games and apps.
Loading