Entertainment

Robert Pattinson နဲ့ လမ်းမခွဲခင် လက်ထပ်ဖို့အထိ စဉ်းစားခဲ့ဖူးတဲ့ မင်းသမီး Kristen Stewart

Want create site? Find Free WordPress Themes and plugins.

မင်းသမီး Kristen Stewart ဟာ မင်းသား Robert Pattinson နဲ့ လမ်းမခွဲခင် လက်ထပ်ဖို့ စဉ်းစားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ Twilight ရုပ်ရှင်မှာ Edward Cullen နဲ့ Bella Swan ဆိုတဲ့ချစ်သူတွေအဖြစ် သရုပ်ဆောင်ခဲ့ဖူးတဲ့ သူတု့ိနှစ်ဦးဟာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ တွဲခဲ့ကြဖူးပါတယ်။

မင်းသမီး Kristen ကတော့ တကယ်လို့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ အဆုံးသတ်မသွားဘူးဆိုရင် လက်ထပ်ဖြစ်မလားလို့တောင် မသိဘူးလို့ ပြောဆိုလိုက်ပါတယ်။

သူတို့နှစ်ဦးရဲ့ အချစ်ရေးပြိုကွဲခဲ့ရတာဟာ ပါပါရာဇီတွေကြောင့်လို့ မင်းသမီးက အပြစ်တင်ခဲ့ပြီး သူတို့နှစ်ဦးဟာ အချစ်ရေးကို ထိန်းသိမ်းလိုခဲ့ကြပေမယ့် ပြင်ပ ပရောဂတွေကြောင့် ကျဉ်းထဲကျပ်ထဲရောက်ခဲ့လို့ ရုန်းကန်ခဲ့ရတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

အစီအစဉ်တင်ဆက်သူ Howard Stern နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုအတွင်းမှာ သူ့အချစ်ရေးနဲ့ပတ်သက်လို့ မင်းသမီးက “အတွေ့အကြုံ တော်တော်များများကနေ ခံစားခွင့်တွေ ပျောက်ဆုံးခဲ့ရပါတယ်။ ပါပါရာဇီတွေကြောင့် လမ်းထဲမှာတောင် လက်ချင်းချိတ်ပြီး လမ်းမလျှောက်ခဲ့ရပါဘူး။ တော်တော်လေးကို ခံရခက်ခဲ့ပါတယ်”လို့ ဆိုပါတယ်။

မင်းသမီး Kristen က ချစ်သူဟောင်း Robert ကို သတိတရ ရှိနေဆဲ ဖြစ်ပြီး သူ့အတွက်တော့ မင်းသား Robert ဟာ အချစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ မင်းသမီးက “ကျမတို့က နှစ်တော်တော်များများ အတူတူ ရှိခဲ့ကြပါတယ်။ ကျမရဲ့ အချစ်ဦးဖြစ်ခဲ့ပါတယ်။ သူဟာ အကောင်းဆုံးပါ”လို့ ပြောပါတယ်။

အင်တာဗျူးနောက်ပိုင်းမှာတော့ အစီအစဉ်တင်ဆက်သူ Howard က Robert ကို လက်ထပ်မှာလားဆိုတဲ့ မေးခွန်း Kristen ကိုမေးတဲ့ အခါမှာတော့ အဲ့ဒီအချိန်တုန်းက လက်ထပ်ချင်ခဲ့တယ်လို့ ပြန်ဖြေခဲ့ပါတယ်။

Howard က “မင်းလက်ထပ်ဖို့ အခြေအနေ ရောက်ခဲ့သလား။ ဘယ်လို ထင်သလဲ” လို့ မေးပါတယ်။ မင်းသမီးက “ကျမ မသိပါဘူး။ ကျမ လက်ထပ်ချင်ခဲ့ပါတယ်။ ဒါပေမယ့် လက်မထပ်ဖြစ်ခဲ့ပါဘူး”လို့ ဆိုပါတယ်။

မင်းသား Robert နဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် မင်းသမီး Kristen ဟာ St. Vincent နဲ့ Stella Maxwell တို့လိုမျိုး ပုဂ္ဂိုလ်နဲ့ တွဲခဲ့သလို Batman မင်းသား Robert ကလည်း FKA Twigs နဲ့ စေ့စပ်ခဲ့ပါတယ်။ အခုတော့ Suki Waterhouse ဆိုသူနဲ့ တွဲနေတာ ဖြစ်ပါတယ်။

Ref: asiaone

Did you find apk for android? You can find new Free Android Games and apps.
Loading